Background
အရောင်းအဝယ်သွက်တဲ့ မုံရွာပဲစင်းငုံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အရောင်းအဝယ်အသွက်ဆုံး သီးနံှမှာ ပဲစင်းငုံသီးနံှဖြစ်ပါတယ်။ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ရွှေဘိုခရိုင်နဲ့ နယ်စုံမှ ပဲစင်းငုံများ မုံရွာမြို့သို့ ဝင်ရောက်ပါတယ်။ စီးထွက်မှုအနေနဲ့ ဇန်နဝါရီလအတွင်း ရန်ကုန်ကို တင်း ၂၃ဝဝဝ ကျော်၊ မန္တလေးကို တင်း ၂ဝဝဝဝ ကျော်၊ ပခုက္ကူကို တင်း ၂၃ဝဝ ကျော်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း မန္တလေးကို တင်း ၁ဝဝဝဝ ကျော်စီးထွက်ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်နဲ့ လှောင်လက်သမားများရဲ့ ဝယ်ယူမှုသွက်လို့ မုံရွာ ကုန်စည်ဒိုင်မှာတစ်ရက်ပျမ်းမျှ ပဲစင်းငုံအသစ် တင်း ၇၅ဝဝ ကျော်နဲ့ အဟောင်း တင်း ၇ဝဝ ကျော်အရောင်း အဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ ယခုအပတ်အတွင်း ကုန်စည်ဒိုင်ပေါက်ဈေး ပဲစင်းငုံ တစ်ပိဿာ အနိမ့်၊ အမြင့်ဈေးမှာ အဟောင်း ၉၅ဝ ကျပ်-၁ဝဝဝ ကျပ်၊ အသစ် ၁၁၁ဝ ကျပ်-၁၁၄ဝ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
ဈေးနှုန်းကျတဲ့အတွက် ပဲကြီး (ကမ်းနား)သာ အရောင်းအဝယ်ဖြစ် ပြည်ဈေးကွက်မှာ ပဲကြီးလက်ကျန်များရှိသော်လည်း ပဲကြီးဈေးနှုန်း ကတော့ တဖြည်းဖြည်းကျဆင်းလျက် ရှိပါတယ်။ ပဲကြီး (ရွှေကျွန်း) မှာ နေ့စဉ် အရောင်းအဝယ်မဖြစ်ဘဲ ပဲကြီး (ကမ်းနား) သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဇန်နဝါရီလအတွင်း ပဲကြီးတစ်တင်း ၃၂ဝဝဝ ကျပ်မှ ၃၃၅ဝဝ ကျပ်ထိ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ဖေဖော်ဝါရီလဆန်းမှစ၍ ပဲကြီးဈေးမှာ ဆက်တိုက် ကျဆင်းလာခဲ့ကာ ယခုဖေဖော်ဝါရီ ဒုတိယပတ်မှာတော့ ပဲကြီး (ကမ်းနား) အသန့်မှာ တစ်တင်း ၂၈ဝဝဝ ကျပ်ဖြင့် တစ်ရက်လျှင် အိတ် ၂ဝဝ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ဈေးအေးလာတဲ့ စစ်ကိုင်းက စွန်တာနီ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဇန်နဝါရီလဆန်းမှာ စွန်တာနီ (ပဲနီလုံးရိုး) တစ်ပိဿာ ၁၁၇၅ ကျပ်မှ လကုန်ပိုင်းမှာ ၉၇၅ ကျပ်၊ ဖေဖော်ဝါရီလ ပထမပတ်မှာ ၈၅ဝ ကျပ်သို့ဈေးအေးသွားကြောင်း သိရပါတယ်။ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦး၊ မြောင်မြို့နယ်များမှ စွန်တာနီအသစ်မပေါ်ခင် အဟောင်းများကို ထုတ်ရောင်းလို့ မုံရွာမြို့ကိုအဝင်လှိုင်၍ ဈေးအနည်းငယ် အေးသွားကြောင်း ကုန်သည်တစ်ဦးမှ ပြောပါတယ်။ တိုင်းဒေသကြီးအတွင်းမှ ဇန်နဝါရီလအတွင်း ရန်ကုန်သို့ စွန်တာနီ တင်း ၆ဝဝ ကျော်၊ မန္တလေးသို့ တင်း ၂၃ဝဝ ကျော်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ရန်ကုန်သို့ တင်း ၂ဝဝ ကျော်စီးထွက်ခဲ့ပြီး မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှတင်း ၃ဝဝ ခန့်အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
ပဲသစ်ပေါ်လို့ ပြည်ဘိုကိတ်ဈေးကျလာ ပြည်ဈေးကွက်သို့ ဘိုကိတ်ပဲများ အဝင်နည်းလာတာကြောင့် ယခုတစ်ပတ်မှာတော့ ယခင်တစ်ပတ် ဈေးထက် လျော့နည်းသွားကြောင်းသိရပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို ၂၁ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဘိုကိတ်ပဲသစ်များပေါ်နေပြီဖြစ်သော်လည်းပြည်ဈေးကွက်သို့ ဝင်ရောက်မှု မရှိသေးတဲ့ အတွက် ပဲဟောင်းများသာ အရောင်းအဝယ်ဖြစ်ပြီး တစ်နေ့ လျှင် အိတ် ၃ဝ-၄ဝ ဝန်းကျင်သာ အရောင်းအဝယ် ဖြစ်ကြောင်းသိရပါတယ်။ ဆုမွန်ဆွေ
မြေထောက်ပဲ ပုံမှန်တင်ပြီး ထောပတ်ပဲတင်ပို့မှုတက်လာ ပင်လယ်ရေကြောင်းက မြေထောက်ပဲက ပုံမှန်ပမာဏအတိုင်း ယခု တစ်ပတ် (ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်) အတွင်းမှာလည်း တန်ချိန် ၁ဝဝ တင်ပို့မှု ရှိခဲ့ပြီး ထောပတ်ပဲကတော့ ယခင်သီတင်းပတ်ထက် တန် ၁ဝဝ ကျော်ပိုပြီး တန်ချိန် ၁၇ဝ ခန့် တင်ပို့လာနိုင်တာတွေ့ရပါတယ်။ မြေထောက်ပဲရော ထောပတ်ပဲ ပါ ဈေးကွက်တွေကို တိုးတက်ဝင်ရောက်နေပြီဖြစ်သလို ဒီပဲတွေက ပြည်ပ အဝယ်အမြဲရှိနေတာမို့ ရှေ့ဆက်ပိုမိုတင်ပို့လာနိုင်မယ့် အလားအလာရှိနေပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ မြေထောက်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၄ဝ-၆၆ဝ ရှိပြီး ထောပတ်ပဲတစ်တန်ကို ကန်ဒေါ်လာ ၉၃ဝ-၉၅ဝ ရှိကြောင်း သိရပါတယ်။ အိန္ဒိယမွန်ဘိုင်း ဈေးကွက်မှာ မြေထောက်ပဲ (polished ) တစ်တန်ကို ကန်ဒေါ်လာ ၈၁၇-၈၃၉ ရှိပြီး (unpolished) တစ်တန်ကို ကန်ဒေါ်လာ ၈ဝ၆ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
အဝင်သွက်လာတဲ့ မုံရွာ ဠ၂ ဈေးကွက် မုံရွာပဲဈေးကွက်မှာ ဖေဖော်ဝါရီ ပထမပတ်အတွင်း မုံရွာ၊ ယင်းမာပင်၊ ပုလဲနယ်ထွက် V 2 ကုလားပဲများ အဝင်လှိုင်လာတဲ့အတွက် နေ့စဉ် အိတ် ၅ဝဝ ခန့် ဝင်ရောက်လာပြီလို့သိရပါတယ်။ အသစ်ပေါ်လာတဲ့အတွက် V 2 ဈေးအနည်း ငယ် အေးလာပြီး၊ ယခုပထမပတ်အတွင်း အမြင့်တစ်တင်း ၂၂၅ဝဝ ကျပ်၊ အနိမ့် တစ်တင်း ၂၁၅ဝဝ ကျပ်ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။ ယခင်နှစ် ကာလတူက V 2 တစ်တင်းပေါက်ဈေးမှာ တစ်တင်း ၁၇ဝဝဝ ကျပ်သာရှိခဲ့လို့ ယခုနှစ် ပေါက်ဈေးဟာ တောင်သူများအတွက် သင့်တင့်တဲ့ဈေး၊ ရောင်းပျော်တဲ့ ဈေးဖြစ်ကြောင်း ကုန်သည်များက ပြောပြပါတယ်။ အောင်မင်း
ပဲသစ်ပေါ်ချိန် ဈေးအေးလာတဲ့ မုံရွာကုလားပဲ မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်ရဲ့ ဖေဖော်ဝါရီပထမ ၁ဝ ရက်ပတ်အတွင်းမှာ အသစ်ပေါ် V 2နဲ့ 929 တချို့ ဈေးကွက်ထဲစတင် ဝင်ရောက် လာခဲ့ပြီး၊ ဈေးအနည်းငယ်အေးသွားခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ယခုရက်အတွင်း မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ပဲမျိုးကွဲအားလုံး ကျဈေးဖြစ်ခဲ့ရာ တိုင်ပေအဟောင်းတစ်တင်း ၂၄၅ဝဝ ကျပ်မှ ၁၉၅ဝဝ ကျပ်၊ V 2 အသစ်တစ်တင်း ၂၃ဝဝဝ ကျပ်မှ ၁၉၄ဝဝ ကျပ်နဲ့ 929 တစ်တင်း ၂၅ဝဝဝ ကျပ်မှ ၁၉၅ဝဝ ကျပ်သို့ အသီးသီးဈေးအေးသွားခဲ့တာတွေ့ရပါတယ်။ ယခုနှစ် ဈေးကွက် ဝယ်လိုအား ကောင်းမွန်နိုင်မှုမျှော်လင့်ချက်နဲ့ မုံရွာဒေသဝန်းကျင်မှာ ကုလားပဲတွေ တိုးခဲျ့စိုက်ပျိုးခဲ့ကြရာ အထွက်များနိုင်လို့ ဝယ်လက်တွေ ဈေးထိန်း နေတာဖြစ်နိုင်တယ်လို့ ကုန်သည်အခိုျ့က သုံးသပ်ကြပါတယ်။ မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာတော့ ဒေသတွင်းစက်မှုလုပ်ငန်းသမားများ ဝယ်မှုရှိခဲ့လို့ ယခုရက်ပတ်အတွင်း တစ်ရက် တင်း ၅ဝဝ မှ ၁ဝဝဝ ကြား အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ နယ်ထပ်ဆင့်တင်ပို့မှု မရှိသလောက် နည်းခဲ့ကာ မန္တလေးကို တင်း ၃ဝဝ ခန့်သာ တင်ပို့စီးဆင်းနိုင်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုင်
အရောင်းအဝယ်အေး ဈေးအေးသွားတဲ့ ပြည်ကုလားပဲ ပြည်ဈေးကွက်မှာ ကုလားပဲသီးနံှဈေးဟာ ယခင်တစ်ပတ်က ၂၇၅ဝဝ ကျပ်မှ ယခုတစ်ပတ်မှာ ၂၅ဝဝဝ ကျပ်နဲ့ ဈေးပြန်ကျခဲ့ပြီး အရောင်းအဝယ် အေးပါတယ်။ အခြားတိုင်းများမှာ အဝင်မရှိသလို၊ အခြားတိုင်းသို့လည်း တင်ပို့ရောင်းချ မှု မရှိဘဲ၊ တိုင်းအတွင်းမှသာ လက်ကျန်ပဲများမှ ထုတ်ရောင်းသူရှိပြီး၊ အရောင်း အဝယ်ဖြစ်တဲ့နေ့မှာ တစ်ရက်အိတ် ၁၅ဝ၊ ၂ဝဝ အထိ အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ လွင်လွင်ဆန်း
ဝယ်လက်အပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ပဲတီစိမ်း ပြည်ပဲဈေးကွက်တွင် ပဲတီစိမ်းသီးနံှမှာ ၂ဝ၁၁ နှစ်စမှစ၍ အဝင်ပါးလာသလို အရောင်းအဝယ်လည်း အေးနေခဲ့ပါတယ်။ နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ ရန်ကုန်၊ မန္တလေးဝယ်လက်ရှိတဲ့ရက်မှသာ အိတ် ၁၅ဝ မှ အိတ် ၃ဝဝ-၄ဝဝ အထိ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ဈေးနှုန်းကတော့ တစ်တင်း ၂၈ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ကဈေးအတိုင်း ဈေးငြိမ်လျက် ရှိကြောင်းသိရပါတယ်။ ပဲတီစိမ်းသီးနံှရဲ့ ယခင်နှစ် ဇန်နဝါရီလဈေးနှုန်းမှာ တစ်တင်း ၃၆ဝဝဝ ကျပ်ထိ ဈေးမြင့် ခဲ့ကာ ယခုနှစ်မှာတော့ တစ်တင်း ၂၈ဝဝဝ ကျပ်သာရရှိခဲ့တဲ့အတွက် ပဲစိုက် တောင်သူများ ယခင်နှစ်လောက် အကျိုးအမြတ် မရဘူးလို့သိရပါတယ်။ ခင်ဆွေဝင်း
မန်းအဝယ်ရှိပေမယ့် မုံရွာပဲတီစိမ်းဈေးအေးလာ မုံရွာကုန်ဝယ်ဒိုင်ရဲ့ ဖေဖော်ဝါရီပထမ ၁ဝ ရက်ပတ် ပဲတီစိမ်းဈေးကွက်အတွင်း နယ်ပစ္စည်းအဝင်ပုံမှန်ရှိခဲ့ပြီး၊ မန္တလေး- ရန်ကုန်အဝယ်လည်း ပုံမှန်ရှိခဲ့တယ်လို့သိရပါတယ်။ ယခုရက်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးကွက်ရဲ့ ပေါက်ဈေး များအနေနဲ့ စိမ်းကြီးတစ်တင်း အမြင့်ဆုံး ၃ဝဝဝဝ ကျပ်မှ အနိမ့်ဆုံး ၂၅ဝဝဝ ကျပ်သို့ ကျဈေးဖြစ်ပေါ်ခဲ့ပြီး၊ စိမ်းသေး ကတော့ တစ်တင်း ၂၃၅ဝဝ ကျပ်မှာ ငြိမ်နေတယ်လို့သိရပါတယ်။ အရောင်းအဝယ်အားဖြင့် မန္တလေးနဲ့ ရန်ကုန်ဝယ်လက် ပုံမှန်ရှိခဲ့တာမို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကိုတင်း ၁ဝဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ကာ ယခုရက်ပတ်အတွင်း မန္တလေးကို တင်း ၃ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၂၅ဝဝ ခန့် စီးဆင်းတင်ပို့ခဲ့ကြတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်