Background
ချောင်းကိုပစ်၍ မြစ်ကိုရှာ မြန်ပြည်သူမရွှေထားuို မျက်နှာမထောက် တစ်ပြည်သူမရွှေထိုင်းနောက် လိုက်နေသော ကြက်သွန်နီ ဒီနေ့ရန်ကုန်မှာ ကြက်သွန်နီအလတ်စ တစ်ပိဿာ လက်ကားမြင်းခြံစ ၇ဝဝ ကျပ်၊ မြစ်သားစ ၁၃၅ဝ ကျပ်နဲ့ လက်လီဈေး ၁၅ဝဝ ကျပ်လောက်ရှိတာတွေ့ရပါတယ်။ ကြက်သွန်နီဈေး ဘာကြောင့်အခုလိုထိုးတက် တာလဲ စဉ်းစားမရ ဖြစ်ခဲ့ပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ စိုက်ပိုျးရာသီမှာ ကြက်သွန်နီအထွက်နှုန်းကောင်းခဲ့တာ တောင်သူနဲ့ ကုန်သည်အားလုံးအသိပါ။ ပြည်တွင်းဈေးနှုန်းကြီးမှာစိုးလို့ ကြက်သွန်နီအသင်းက ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး ပြည်ပ မပို့သေးဘဲ ယာယီရပ်ခဲ့တာပေါ့။ အဟောင်းကုန်ပြီး အသစ်မထွက်လို့ လက်ကျန်ပြတ်လပ်တာလဲ မရှိဘဲနဲ့ ကြက်သွန်နီဈေးတက်တာဟာ ဘာကြောင့်လဲ။၊ အိန္ဒိယနိုင်ငံမှာ ပြည်တွင်းကြက်သွန်နီဈေးနှုန်းမြင့်တက်လို့ ၂ဝ.၁၂.၂ဝ၁ဝ ရက်ကစပြီး ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းခဲ့ လို့ အိန္ဒိယကတင်သွင်းတဲ့နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းတို့မှာ ကြက်သွန်နီလိုအပ် ချက်တွေ များလာခဲ့ပါတယ်။ အဲဒီအချက်ကို အခွင့်ကောင်းစောင့်နေတဲ့ ကုန်သည်အချို့ဟာ ထိုင်းနိုင်ငံဘက်ကို ကြက်သွန်နီတရားမဝင်စီးထွက်ခဲ့လို့ ပြည်တွင်း ကြက်သွန်နီဈေးနှုန်းဟာ မကြီးသင့်ဘဲ ကြီးခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာတစ်နှစ်ထိရန်ကုန်ကိုဝင်ရောက်မှုဟာ အနည်းဆုံးတစ်လ ပိဿာ ၁၄ သိန်းခွဲနဲ့ အများဆုံးပိဿာ သိန်း ၃ဝ ဖြစ်ပြီး ပျမ်းမျှပိဿာ ၁ ဒသမ ၈ သိန်းဖြစ်ပါတယ်။ ရန်ကုန်က ဧရာဝတီကို တစ်လ ပျမ်းမျှပိဿာ တစ်သိန်းကျော်၊ တနင်္သာရီကို ပိဿာ ၂ဝဝဝ ၊ မွန်ကို ပိဿာ ၁ ဒသမ ၉ သိန်း၊ ကရင်ကို ပိဿာ ၄ သောင်းကျော်နဲ့ အခြားတိုင်းများကို ပိဿ ၂ဝဝဝ ကျော် စီးထွက်ခဲ့ပါတယ်။ ရန်ကုန်တိုင်းရဲ့ တစ်လစားသုံးနှုန်းဟာ ၁၄ သိန်းဖြစ်လို့ လက်ကျန် ပျမ်းမျှ ၂ ဒသမ ၈ သိန်းဖြစ်ပါတယ်။ အလားတူ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလထိ မွန်ပြည်နယ်ကို ဝင်ရောက်မှုဟာ အနည်းဆုံး တစ်လပိဿာ ၇ သောင်းခွဲနဲ့ အများဆုံးပိဿာ ၁၅ သိန်းခွဲဖြစ်ပြီး ပျမ်းမျှပိဿာ ၁၂ သိန်းခွဲဖြစ်ပါတယ်။ မွန်မှ ကရင်ကို တစ်လပျမ်းမျှပိဿာ ၁ ဒသမ ၁ သိန်းကျော်နဲ့ တနင်္သာရီကို ပိဿာတစ်သိန်းကျော် စီးထွက်ခဲ့ပါတယ်။ မွန်ပြည်နယ်ရဲ့ တစ်လစားသုံးနှုန်းဟာ ပိဿာ ၆ သိန်းခွဲဖြစ်လို့ လက်ကျန်ပိဿာ ပျမ်းမျှ ၄ သိန်းဖြစ်ပါတယ်။ အဲဒီလက်ကျန်ပမာဏအတိုင်း ဈေးဆိုင်နဲ့ ကုန်သည်ထံမှာ မရှိရင် ဘယ်ပျောက်သွာလဲဆိုရင်တော့ တရားမဝင် မှောင်ခိုစီးထွက်သွားတာပေါ့လို့ ဖြေရမှာပဲ။ ကြက်သွန်နီစီးဆင်းတဲ့ ကိန်းဂဏန်းများဟာ မှောင်ခိုစီးထွက်မှုရှိတာကို ဖော်ပြနေပါတယ်။ ထိုင်းနိုင်ငံ မဲဆောက် ဘက်မှာ ကြက်သွန်နီတစ်ပိဿာ ၂ဝဝဝ ကျပ် (တစ်ကီလိုကို ၄၄ ဘတ်မှ ၄၉ ဘတ်) ဆိုတော့ ပြည်တွင်း ဈေးနှုန်းနဲ့ တစ်ပိဿာ ပျမ်းမျှ ကျပ် ၅ဝဝ မှ ကျပ် ၈ဝဝ အထိ ကွာခြားလို့ ဝိသမလောဘသမား ကုန်သည်အချို့ဟာ ပြည်တွင်းဈေး မြင့်လာမှာကို မကြည့်ဘဲ ငွေနောက်လိုက်ကာ တရားမဝင်မှောင်ခိုစီးထွက် နေတာကို တွေ့ရပါ တယ်။ မှောင်ခိုစီးထွက်မှု မရှိအောင် ဇန်နဝါရီလဆန်းပိုင်းက သံလွင်တံတား (ဘားအံ)မှာ ကြက်သွန်နီသယ်တဲ့ ကားတစ်စီးကို နောက်ကြောင်းပြန်လှည့် စေလွှတ်ပြီး၊ နောက်ကားတစ်စီးကို ဒေသအာဏာပိုင်အစီအစဉ်နဲ့ ဘားအံ မြို့ပေါ်မှာ ပြည်သူများ ဈေးနှုန်းသက်သာစေရေး အတွက် ပြန်လည်ရောင်းချ ပေးသလို မန္တလေးအထွက် (၁၆)မိုင် မှာလည်း လိုအပ်တာထက်ပိုတဲ့ အိတ်အရေအတွက်ထက်ပိုတဲ့ ကြက်သွန်နီ ကားတွေကို ပေးမဖြတ်တာတွေ့ရပါ တယ်။ ဒီလိုပညာပေးတားမြစ်နေတဲ့ထဲက မိမိကိုယ်ကျိုးတစ်ခုသာကြည့်ပြီး တရားမဝင်စီးထွက်မှုကို ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ ဘုရင့်နောင်ဈေးကွက်က ကြားသိရပါ တယ်။ ငရုတ်သီးနဲ့ပေါင်းမိမှ အထောင်းခံရတဲ့စကားပုံထဲက ကြက်သွန်နီဟာ ၅၇ သန်းသော မြန်မာပြည်သူတွေရဲ့မျက်နှာ ကိုမထောက်ထား ဦးရေသိန်းဂဏန်းမျှပင် မရှိတဲ့ ကြက်သွန်နီကုန်သည်ပွဲစား လောဘသားတို့ရဲ့ လောဘနဲ့ ပေါင်းမိပြီး တစ်ဖက်နိုင်ငံရဲ့ မျက်နှာကိုသာ ကြည့်နေရတဲ့အခြေအနေကြောင့် ''မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုတဲ့ စကားပုံထဲကလို မြန်မာ ပြည်သူအိမ်ရှင်မ မရွှေထားအတွက်တော့ မီးဖိုချောင်စရိတ်မြင့်တက်လို့ သောကပိုရတဲ့ အခြေအနေပါပဲခင်ဗျား။ T60
ပြည်ဈေးကွက်အတွင်းသို့ မန်ကျည်းမှည့် အသစ်များဝင် ပြည်ဈေးကွက်အတွင်းသို့ မန်ကျည်းမှည့်အသစ်များ ဇန်နဝါရီ လလယ်ပိုင်းမှစ၍ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ အထွက်မလှိုင်သေးတာ ကြောင့် လက်ကားရောင်းချမှု မရှိသေးဘဲလက်လီသမားများသာ ရောင်းချနေတာတွေ့ရပါတယ်။ မန်ကျည်းမှည့် အဟောင်းမှာလည်း လက်ကျန်နည်းပါး နေပြီလို့ သိရပါတယ်။ မန်ကျည်းမှည့် အဟောင်း (အစေ့မပါ)မှာလက်လီ တစ်ပိဿာ ၂၃ဝဝ ကျပ်၊ လက်ကား တစ်ပိဿာ ၂ဝဝဝ ကျပ်နဲ့ မန်ကျည်း မှည့်အသစ် (အခွံပါ၊ အစေ့ပါ) တစ် ပိဿာ ၂ဝဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ အိရွှေစင်
မန်ကျည်း ပြန်လည်တင်ပို့နိုင် မန်ကျည်း တင်ပို့နိုင်မှုအနေနဲ့ ဇန်နဝါရီလ ၁ဝ ရက်မှ ၁၆ ရက်တာ ကာလအတွင်း မန်ကျည်းသီးတန်ချိန် ၄ဝ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံကတော့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံပဲဖြစ်ပါတယ်။ တစ်တန်ကို FOB ဈေး ကန်ဒေါ်လာ ၄၅ဝ ခန့်နဲ့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၈ဝဝဝ ရရှိခဲ့ပါတယ်။ ဒီဇင်ဘာ တစ်လလုံး တင်ပို့မှုမရှိတဲ့ မန်ကျည်းသီးဟာ ဒီသီတင်းပတ်မှ ပြန် လည် ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ MIRT(DOT)
ချင်းအစိုဈေးရလို့ ချင်းအခြောက်မလုပ်သေးတဲ့ ရှမ်းချင်းဈေးကွက် ဒီတစ်ပတ် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းဈေးကငြိမ်နေပါတယ်။ နမ့်စန်မြို့နယ်ကထွက်တဲ့ ချင်းစိုက တစ်ပိဿာ ၄ဝဝ ကျပ်ဈေးရှိပါတယ်။ ချင်း ခြောက်ကတော့ ပစ္စည်းမရှိသေးတဲ့အတွက် ဈေးမဖွင့်သေးဘူးလို့ သိရပါတယ်။ အစပိုင်းမှာ ချင်းစိုဈေးကောင်းနေတော့ ချင်းစိုအဖြစ်နဲ့သာရောင်းကြလို့ ချင်းခြောက် တွေ သိပ်မလုပ်ဖြစ်ကြပါဘူး။ တန်ခူးပြီးမှသာ ချင်းခြောက်တွေက ဈေးကွက်ကို လှိုင်လှိုင်ဝင်လာမှာဖြစ်ပါတယ်။ လောလောဆယ် ချင်းစိုတွေသာ ဈေးကွက်ကိုဝင်နေ ပြီး အဲဒီအနီးပတ်ဝန်းကျင်ရွာတွေမှ တစ်ရက်ကို ပျမ်းမျှပိဿာချိန် ၅ဝဝဝ ခန့် ဝင်နေပါတယ်။ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ မန္တလေးမြို့တွေကို တိုက်ရိုက်တင်ပို့ကြတယ်လို့ သိရပါတယ်။ ဟိုပုံးချင်းခြောက်ဈေးကတော့ တစ်ပိဿာ ကျပ် ၁၈ဝဝ - ၂ဝဝဝ ဈေးရှိပါတယ်။ ဟိုပုံးချင်းကတော့ ရာသီဥတု ဒဏ်ကြောင့် အခက်ကြီး၊ အခက်လှတွေ သိပ်မထွက်ပါဘူး၊ ဝယ်လက်တွေကလည်း ချင်းတက်တွေအစား ချင်းကိုဒါးလှီး (ဆလိုက်ပြား)အဖြစ်သာလိုချင်ကြတယ်လို့ သိရပါတယ်။ ဟိုပုံးချင်း (စို)ဈေးက တစ်ပိဿာ ၄ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်း ဈေးကွက်မှာ ချင်း (စို)တစ်ပိဿာ ၃၅ဝ ကျပ်မှ ၆ဝဝ ကျပ်ဈေးရှိပြီး ချင်းခြောက်က တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်
ချင်းတန်ချိန် ခုနှစ်ဆယ်ကျော် ပြန်တင်ပို့နိုင်ခဲ့ ဇန်နဝါရီလ ၁ဝ ရက်မှ၁၆ ရက်တာ ကာလအတွင်း ချင်းတန်ချိန် ၇၈ တန် တင်ပို့ခဲ့ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံကတော့ စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ တစ်တန်ကို ၤဥြ ကန်ဒေါ်လာ ၁၄၂၅ ခန့်နဲ့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁၁၁၁၅ဝ ရရှိခဲ့ပါတယ်။ ခြောက်ပတ်ကြာ အပို့ပျောက်ခဲ့တဲ့ ချင်းဒီသီတင်းပတ်မှပြန် လည်တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ MIRT(DOT)
ဈေးငြိမ်နေတဲ့ ရှမ်းနနွင်းသစ် ဟိုပုံးနဲ့ နမ့်စန်မြို့ နယ်က ထွက်တဲ့ နနွင်း(စို) တွေသာ ဈေးကွက်ကို ဝင်နေပါသေးတယ်။ ဒီတစ်ပတ်နနွင်း (စို) ဈေးကလည်း ငြိမ်နေပြီ တစ်ပိဿာ ၃ဝဝ ကျပ်-၃၅ဝ ကျပ်ဈေးသာရှိပါတယ်။ ဟိုပုံးနနွင်းက ကျောက်ဆည် နနွင်းလိုပဲ၊ သေးပြီးကျစ်လို့ ရောင်းပန်းပိုလှပါတယ်။ အဝင်မလှိုင်သေးပေမဲ့ တစ်နေရာ နည်းနည်းစီ ဝင်နေတာကြောင့် အဝင်ကလည်း သိပ်တော့ မနည်းပါဘူး။ နမ့်စန်မှာ ဒီနှစ်ထွက်နနွင်းခြောက်သစ်က တစ်ပိဿာ ၁၄ဝဝ ကျပ်-၁၅ဝဝ ကျပ်သာရှိပြီး၊ တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်ပဝယ်လက်တွေ ဝယ်လိုအား မရှိသေးတာကြောင့် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ အောင်ပန်း ဈေးကွက်မှာတော့ နနွင်းခြောက် ဈေးကပစ္စည်းကောင်းရင် ကောင်းသလို ဈေးဖြတ်ပြီး ဝယ်နေတာကြောင့် တစ်ပိဿာ ၂၅ဝဝ ကျပ်မှ ၂၈ဝဝ ကျပ်ဈေး ရှိပါတယ်။ လှောင်လက်တွေကတော့ နနွင်းအခြောက်ခံဖို့အတွက် ဝယ်ယူနေကြပြီး အခြောက်ပြုလုပ်ပြီး ဈေးကောင်းရမှသာ ဈေးကွက်ကိုပို့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဧဧခိုင်
နနွင်းတက် တင်ပို့မှု နှစ်တန်သာရှိ ဇန်နဝါရီလ ၁၂ ရက်မှ ၁၈ ရက်အထိ ကာလအတွင်း စစ်တွေ နယ်စပ် ကုန်သွယ်ရေးစခန်းမှ နနွင်းတက် ၂ တန် ကန်ဒေါ်လာ ၃၂ဝဝ ဖိုး တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ ဧပြီလမှ ဒီဇင်ဘာလ ကုန်အထိ နနွင်းတက်တန် ၁ဝဝဝ ကျော်ကို မူဆယ်၊ မြဝတီနဲ့စစ်တွေ နယ်စပ်စခန်းများမှ တစ်ဆင့် အိမ်နီးချင်းနိုင်ငံများကို တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။ တင်တင်ထွန်း (MIRT)
နနွင်းအပို့လျော ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ နနွင်းတန်ချိန် ၁၄ တန်ကို ဇန်နဝါရီ ဒုတိယပတ်အတွင်း တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်။ တစ်တန်ကို ၤဥြ ဈေးကန်ဒေါ်လာ ၁၅၈ဝ ခန့်နဲ့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂၂၁၂ဝ ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ၇၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ MIRT(DOT)
ဈေးကောင်းရတဲ့ စွန်တာနီပြာ တောင်သူတို့ ပိုစိုက်လာ စစ်ကိုင်းတိုင်းဒေသကြီးမှာ စွန်တာနီပြာကို ယခုနှစ်မှာ ဧကသိန်း ၁ ဒသမ ၃၇ဝ လျာထားပြီး ဧကသိန်း ၁ ဒသမ ၃၇၉ စိုက်ပြီးလို့ ၁ဝဝ ဒသမ ၆၂ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရပါတယ်။ ၂ဝဝ၉ ခုနှစ်က တစ်တင်း ၈၅ဝဝ ကျပ်သာဈေးရှိခဲ့ပြီး၊ ၂ဝ၁ဝ ခုနှစ်မှာ ဒေသတွင်း စားသုံးမှုအားကောင်းပြီး၊ အရောင်းအဝယ်သွက်ခဲ့တဲ့အတွက် တစ်တင်းကို ကျပ်နှစ်သောင်းကျော်အောက်ဈေးမဆင်းခဲ့တာကြောင့် ယခုနှစ်မှာ ပိုမိုစိုက်ပျိုး လာကြကြောင်း ကုန်သည်များက သုံးသပ်ကြပါတယ်။ အောင်မင်း
ဝယ်လက်အပေါ်မူတည်ပြီး အရောင်းသွက်တဲ့ ပဲနောက် ပြည်ဈေးကွက်အတွင်း ပဲတီစိမ်းဈေးနှုန်းနဲ့အတူ ဈေးပြိုင်ရနေတဲ့ ပဲတစ်မျိုးကတော့ ပဲနောက်သီးနံှဖြစ်ပါတယ်။ ပြည်ဈေးကွက်သို့ ပဲနောက်သီးနံှများ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ဝက်ထီးကန်နှင့်ရွှေတောင်၊ ပန်းတောင်း မြို့နယ်များမှ ဝင်ရောက်မှုရှိပြီး၊ ဒေသတွင်း ရောင်းဝယ်မှုရှိကြသလိုတစ်ခါတရံမှာ ရန်ကုန်၊ မန္တလေးဖက်မှလည်း အဝယ်ရှိတယ်လို့သိရပါတယ်။ ပဲနောက်သီးနံှမှာ အခြားပဲများကဲ့သို့ နေ့စဉ်အရောင်းအဝယ်မရှိပေမဲ့ ရန်ကုန်၊ မန္တလေးဝယ်လက်များအပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခုလအတွင်း တစ်တင်းလျှင် ၂၈ဝဝဝ ကျပ်နှုန်းဖြင့် အိတ် ၁ဝဝ မှ ၁၅ဝ ထိ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း