Main menu

Background

Tuesday, 25 Jan 2011

မတ်ပဲအသစ်များ ပြည်ဈေးကွက်ကို စဝင်                   ပြည်မတ်ပဲဈေး ကွက် ဇန်နဝါရီဒုတိယပတ်မှာ ပဲဈေးနှုန်းတစ်တင်းကို ကျပ် ၂၁၅ဝဝ သာရှိခဲ့ရာက ဇန်နဝါရီတတိယပတ်အစမှာ ပဲတစ်တင်းကို ကျပ် ၂၃ဝဝဝ အထိ ဈေးမြင့်လာခဲ့ပြီးနောက် ကျပ် ၂၂၅ဝဝကို ဈေးပြန် လျော့နည်းသွား တာကို တွေ့ရပါတယ်။ ဈေးကွက်ကို မတ်ပဲအသစ်များ ဝင်ရောက်စပြုလာပြီဖြစ်ပြီး တစ်နေ့ကို အိတ် ၂ဝဝ-၃ဝဝခန့် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ယခင်လတွေမှာ အခြားတိုင်းမှပြည်သို့ မတ်ပဲဝင်ရောက်မှုမရှိသော်လည်း ဇန်နဝါရီ တတိယ ပတ်မှာတော့ မကွေးတိုင်း ဒေသကြီး၊ အောင်လံမြို့မှ ပဲအိတ် ၁၂ဝ ခန့် ဝင်ရောက် လာတာကိုတွေ့ရပါတယ်။ ပြည်မှရန်ကုန်သို့ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို ပဲအိတ် ၃ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး 

Tuesday, 25 Jan 2011

 မုံရွာမတ်ပဲ အိတ်စပို့အတွက် ဆွဲပြီ                    မုံရွာကုန်စည်ဒိုင် ဇန်နဝါရီ မတ်ပဲဈေးကွက်ထဲကို မုံရွာအနောက်ဘက် ပုလဲ နယ်ဘက်က ပစ္စည်းအဝင်သွက် လာခဲ့ပါတယ်။ ပဲသစ်ပေါ်ချိန်က မုံရွာဈေးကွက်မှာ တစ်တင်း ၁၉ဝဝဝ ကျပ်နဲ့ ဈေးစဖွင့်ခဲ့ပြီး၊ ရန်ကုန်ဝယ်လက် နထစသမအ အတွက် ဆွဲယူချိန်မှာ ပစ္စည်းအဝင်နည်းခဲ့လို့ တဖြည်းဖြည်းဈေးကောင်းရလာခဲ့ကာ ယခု အပတ်မှာ တစ်တင်း ၂၂၈ဝဝ ကျပ်ထိ တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်ပဲ ဈေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့ တစ်တင်း အမြင့်ဆုံးဈေး ကျပ် ၃၆၅ဝဝ ထက်စာရင် ဈေးကောင်းရတယ်လို့ မဆိုနိုင်ပေမဲ့ မနှစ်ကကာလတူ ဇန်နဝါရီလ ပဲသစ်ပေါ်ချိန်မှာ တစ်တင်း ကျပ် ၂၂၇ဝဝ ပေါက်ခဲ့လို့ တောင်သူတွေအနေနဲ့ ထိခိုက်နစ်နာမှုမရှိဘဲ အကျိုးအမြတ် အသင့်အတင့် ရှိခဲ့တယ်လို့သိရပါတယ်။ ယခုနှစ် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ခဲ့ကြတဲ့အတွက် တစ်ဧက တင်း ၂ဝ နီးပါးထိ အထွက်ပိုခဲ့ရာ တစ်ဧက အကိုျးအမြတ်အနေနဲ့ ၂ ဒသမ ၅ သိန်းကျော် ရရှိခဲ့တယ်လို့ မတ်ပဲတောင်သူ တစ်ဦးက ပြောပါတယ်။ မုံရွာဈေးကွက်ကနေ ဇန်နဝါရီလ ၂ဝ ရက်နေ့ထိ ထပ်ဆင့် တင်ပို့မှုအနေနဲ့ မန္တလေးကို တင်း ၂ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၂၅ဝဝ ခန့်ရှိခဲ့ ကြောင်း ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်

Tuesday, 25 Jan 2011

တစ်ပတ်အတွင်း မတ်ပဲတန် ၁၅ဝဝဝ ကျော်ထိ တင်ပို့လာ              မတ်ပဲတင်ပို့မှုက တစ်ပတ်ထက်တစ်ပတ် ပိုမိုလာခဲ့ရာ ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်အတွင်းမှာတော့ တန်ချိန် ၁၅ဝဝဝ ကျော်ထိ တိုးတက်တင်ပို့ လာခဲ့ပါတယ်။ ဈေးကွက်တွေကို ပဲအသစ်လှိုင်လှိုင်ဝင်လာပြီဖြစ်သလို ပြည်ပဝယ် လက်တွေကလည်း ဝယ်လိုအားကောင်းလာတာကြောင့် ယခုတစ်ပတ်အတွင်း အရောင်းအဝယ် များလာသလို ပြည်ပတင်ပို့မှုလည်း တိုးတက်လာခြင်းဖြစ်ပါတယ်။ ဒီဇင်ဘာလ တစ်လလုံး မတ်ပဲတင်ပို့မှုအနေနဲ့ တန်ချိန် ၃၂ဝဝဝ ခန့်ရှိလို့ နိုဝင်ဘာလ တင်ပို့ခဲ့တဲ့ တန်ချိန် ၂၄ဝဝဝ ခန့်ထက် သိသိသာသာ မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတင်ပို့ခဲ့တဲ့ တန်ချိန် ၃၈ဝဝဝ ခန့်နဲ့ နှိုင်းယှဉ်ရင်တော့ ၂ဝ၁ဝ ကာလတူမှာ လျော့ကျ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ အရောင်းအဝယ်သွက် လို့ ပြည်တွင်းဈေးမြင့်တက်သလို ရန်ကုန် FOB ဈေးလည်း အပြောင်းအလဲ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။                                                                                                                                  ဒေါ်လာ/တန်                            မတ်ပဲ(FAQ)                            မတ်ပဲ(SQ) ၂၁-၁-၁၁                ၈၈ဝ-၈၉ဝ                          ၁ဝ၅ဝ-၁ဝ၆ဝ ၁၄-၁-၁၁                ၈၅ဝ-၈၆ဝ                          ၁ဝ၅ဝ-၁ဝ၆ဝ                                                                                                                              MIRT(MAPT)

Sunday, 16 Jan 2011

 အဝင်သွက် အရောင်းအဝယ်သွက်လျက် ပြည်ငရုတ်ခြောက်ဈေးကွက်               ပြည်ငရုတ်ခြောက်ဈေးကွက်မှာ ယခင်အပတ်ဈေးအတိုင်းရှိနေပြီး အောင်လံဘက်မှ ငရုတ်ခြောက်များ ယခု တစ်ပတ်တွင် ပိဿာ ၂ဝ ဝင်အိတ် ၁၈ဝဝ ခန့်နဲ့ အဝင်သွက်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အားဖြင့် လည်း မှာယူတင်သွင်းသလောက်ကို ငရုတ်သီးမှုန့်လုပ်ငန်းများ လက်လီ၊ လက်ကားရောင်းဝယ်သူများမှ အဆွဲများသဖြင့် အရောင်း အဝယ်မှာ သွက်လျက်ရှိနေပါတယ်။ ပြည်ဈေးကွက်ရှိ ယခုတစ်ပတ် ငရုတ်ခြောက်ဈေးမှာ တစ်ပိဿာ (အရှည်) ၂၅ဝဝ ကျပ်၊ (မိုးထောင်) ၂ဝဝဝ ကျပ်၊ (အပွ) ၃၅ဝဝ ကျပ်တို့နဲ့ ရောင်းဝယ်နေကြပြီး ရခိုင်ဘက်သို့လည်း ပြည်ဈေးကွက်မှ တစ်ရက်ကို အိတ် ၃ဝ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။                                                                                     ဝင်းးလဲ့ဝါ

Sunday, 16 Jan 2011

 ဈေးကွက်ကိုတစိမ့်စိမ့်ဝင်တဲ့ ရှမ်းနနွင်းသစ်                 အောင်ပန်းဈေးကွက်မှာ နနွင်းအသစ်က ဈေးကွက်ကို တစိမ့်စိမ့်ဝင်နေပါတယ်။ ပင်လောင်းကထွက်တဲ့ နနွင်း၊ ဆင်တောင်ကနနွင်းစသဖြင့် ဈေးကွက်ကို ဝင်လာနေတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်တဲ့ နနွင်းတွေမှာ ဟိုပုံးနနွင်း၊ ဆင်တောင်နနွင်းက နာမည်ကြီးပါတယ်။ နနွင်းဈေးကွက်မှာတော့ ကျောက်ဆည်နနွင်းက အကောင်းဆုံးဖြစ်ပြီး၊ ဒုတိယက ဆင်တောင်နနွင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆင်တောင်နနွင်းက အထွက်နှုန်းနည်းပါတယ်။ တစ်နှစ်ကို ပိဿာချိန် ၂ သိန်း ၊ ၃ သိန်းခန့်သာ ထွက်တယ်လို့ သိရပါတယ်။ ယခုလတ်တလောအောင်ပန်းဈေးကွက်မှာ ဆင်တောင် နနွင်းက လက်လီဈေးတစ်ပိဿာ ၄ဝဝဝ ကျပ်ရှိပြီး လက်ကားဈေးကတော့ တစ်ပိဿာ ကျပ် ၃ဝဝဝ မှ ၃၂ဝဝ ဈေးရှိပါ တယ်။ နနွင်းသစ်(ခြောက်) က တစ်ပိဿာ ကျပ် ၂ဝဝဝ မှ ၂၂ဝဝ ဈေးရှိပြီး၊ နနွင်းခြောက် (ဟောင်း) က တစ်ပိဿာ ၂၈ဝဝ ကျပ်ဈေးရှိပါတယ်။                 တောင်ကြီးဈေးကွက်မှာ ဟိုပုံးနနွင်းက (အစို) တစ်ပိဿာ ၃၅ဝ ကျပ်ဈေးရှိပြီး နနွင်းခြောက်ကိုတော့ ကြိုတင်ဝယ်၊ ရောင်းစနစ်နဲ့ တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ရန်ကုန်၊ မန္တလေး ဝယ်လက်တွေ ဝယ်ယူနေတာကြောင့် တစ်ပတ် အတွင်း နနွင်းပိဿာချိန်ပေါင်း ၁ ဒသမ ၂ သိန်း အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                ဧဧခိုင် 

Sunday, 16 Jan 2011

ပုံမှန်တင်ပို့နေတဲ့ နနွင်းတက်                   ဇန်နဝါရီလ ၅ ရက်မှ ၁၁ ရက်ထိ ကာလမှာလည်း ယခင်အပတ်ကလိုပဲ နနွင်းတက်တစ်တန် စစ်တွေ နယ်စပ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ကန်ဒေါ်လာ ၁၆ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ ဧပြီလမှ ဒီဇင်ဘာလကုန်ထိ နနွင်းတက် တန် ၁ဝဝဝ ကျော်ကို မူဆယ်၊ မြဝတီနဲ့ စစ်တွေနယ်စပ်စခန်းများကတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ တင်တင်ထွန်း၊MIRT 

Sunday, 16 Jan 2011

နနွင်းတန်ချိန် ၇ဝ ကျော်တင်ပို့နိုင်ခဲ့              ပင်လယ်ရေကြောင်းလမ်းကနေ ဇန်နဝါရီလ ၃ ရက်မှ ၉ ရက်တာကာလအ တွင်းတန်ချိန် ၇၃ ဒသမ ၉၈ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက် နိုင်ငံတွေကတော့ စင်ကာပူနိုင်ငံကို ၄၅ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၂၈ ဒသမ ၉၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် နနွင်းတန်ချိန် ၉ တန်ကျော်သာ တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ တစ်တန်ကို FOB ကန်ဒေါ်လာ ၁၇ဝဝ ကျော်နဲ့ တင်ပို့ခဲ့တာဖြစ်ပြီး စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၂၆၉၆၃ ရရှိခဲ့ပါတယ်။                                                                                                          MIRT (DOT) 

Sunday, 16 Jan 2011

ဈေးမာတဲ့ ရှမ်းကြက်သွန်ဖြူ                  ဒီတစ်ပတ်ရှမ်းကြက်သွန်ဖြူ ဈေးတက်နေပါတယ်။ ကြက်သွန်ဖြူ စိုက် တောင်သူတွေမှာ ပစ္စည်းလက်ကျန် မရှိတော့ဘဲ၊ လှောင်လက်တွေဆီမှာသာ ကျန် တော့တာကြောင့် ပစ္စည်းတွေကဈေးတက်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ သီတင်းကျွတ်မှာ စိုက်တဲ့ကြက်သွန်တွေကို ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှာ စပြီးဖော်မှာဖြစ်ပြီး၊ တန်ဆောင်မုန်းမှာ စိုက်တဲ့ကြက်သွန်ကတော့ မတ်လကုန် ဧပြီလမှာ စပြီးဖော်မှာဖြစ်ပါတယ်။ ဒီနှစ်ကြက်သွန်ဖြူ ကတော့ တောင်သူတွေ ကြိုက်ဈေးရတာကြောင့် စောစောပိုင်းမှာတင် ပစ္စည်းကုန်သွားသလောက်ကို အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ လှောင်လက်တွေကသာ ဈေးကောင်းရအောင် စောင့်ပြီး ရောင်းဖို့အတွက်ချန်ထားတဲ့ လက်ကျန်တွေက ဈေးကွက်မှာ ဈေးတက်လာ ပါတယ်။ ဒီတစ်ပတ်ကြက်သွန်ဖြူဈေးက တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ဈေးတွေက (လတ်ခြား) ၃၂ဝဝ ကျပ်၊ (ထူး-၁) ၃၄ဝဝ ကျပ်၊ (ထူး -၂) ၃၇ဝဝ ကျပ်၊ (ထူး -၃) ၄ဝဝဝ ကျပ်၊ (ထူး- ၄) ၄၂ဝဝ ကျပ်ဈေးရှိပါတယ်။ အောင် ပန်းဈေးကွက်မှာတော့ (လတ်ခြား) ၃ဝဝဝ ကျပ်၊ (ရှယ်) ၃၂ဝဝ ကျပ်၊ (ထူး -၁) ၃၄ဝဝ ကျပ်၊ (ထူး -၂) ၃၆ဝဝ ကျပ်၊ (ထူး -၃) ၃၈ဝဝ ကျပ်၊ (ထူး -၄) ၄ဝဝဝ ကျပ်ဈေးရှိပါတယ်။ ကြက်သွန်ကြော်လုပ်ရန်၊ အစိမ်းစားအဖြစ် အသုံးပြုရန်၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မိတ္ထီလာစတဲ့ မြို့တွေက ဝယ်ယူနေကြလို့ ဒီဇင်ဘာ တစ်လအတွင်းမှာ ပိဿာချိန် ၅ ဒသမ ၅ သိန်း စီးဆင်းသွားတယ်လို့ ကြက်သွန်ဖြူ ပဲွဲရုံတွေက သိရပါတယ်။ ဧဧခိုင်

Sunday, 16 Jan 2011

ရှမ်းပြည်နယ်တောင်ပိုင်းထွက် ချင်းဈေးကွက်                        အောင်ပန်းချင်းဈေးကွက်မှာ ချင်းဈေးက ဈေးနှုန်းအမျိုးမျိုးနဲ့ ဝင်နေပါ တယ်။ ချင်း (သစ်) ထိပ်စတစ်ပိဿာ ၇ဝဝ ကျပ်၊ (လတ်စ) ၆ဝဝ ကျပ်၊ (ညံ့စ) က ၅ဝဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်က တစ်ပိဿာ ကျပ် ၂ဝဝဝ မှ ၂၅ဝဝ ဈေး ရှိတယ်လို့ သိရပါတယ်။ ချင်းသစ်တွေကတော့ ဈေးကွက်သို့ ပုံမှန်လောက်သာ ဝင်နေပြီး ၅ ရက်တစ်ဈေးကို ပိဿာချိန် ၁ ဒသမ ၅ သောင်းခန့် အဝင်ရှိတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်ကို အဓိကဝင်နေတဲ့ ရွာတွေကတော့ ပဲယင်းတောင်၊ သရက်ပု၊ ရေချို၊ ပင်မှီစတဲ့ရွာတွေကဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ် ချင်းက အိတ်စပို့မထွက်သေးဘဲ ပြည်တွင်းသုံးအဖြစ်သာ ဝယ်ယူနေတာ ကြောင့် ငွေမလိုတဲ့ တောင်သူတွေက မဖော်သေးပဲ မြေကြီးထဲမှာသာ လှောင်ထား ကြပါတယ်။ အဲဒီလိုမဖော်ပဲထားရင် မိုးဦးကျမှာ မိုးမိပါက အချိန်ထပ်တိုးတာကြောင့် မဖော်သေးဘဲထားကြတယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ဟိုပုံးချင်းက တစ်ပိဿာ ၄ဝဝ ကျပ်- ၄၅ဝ ကျပ်၊ နမ့်စန်ချင်းက တစ်ပိဿာ ၄၅ဝ ကျပ်ဈေး ရှိတယ်လို့ ချင်းပွဲရုံတွေက သိရှိရပါတယ်။                                                                        ဧဧခိုင် 

Sunday, 16 Jan 2011

ဈေးကျပြီး အရောင်းအဝယ်အေးနေတဲ့ ပြည်ချင်းဈေးကွက်                   ယခုတစ်ပတ် ပြည်ချင်းဈေးမှာ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် လျော့နည်းသွားကြောင်း သိရပါတယ်။ ဝင်ရောက်မှုမှာလည်း အောင်ပန်းချင်းများ တစ်ပတ်ကို ပိဿာ ၃ဝ ဝင်အိတ် ၁ဝဝ ခန့် နဲ့ ဆက်လက်အဝင်နည်းနေ ပါတယ်။ ဈေးကျသွားပေမဲ့ အရောင်းအဝယ်သွက်မနေဘဲ တစ်နေ့ကို ပိဿာချိန် ၁၈ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး ချင်း (ရှယ်) တစ်ပိဿာ ၁၁ဝဝ ကျပ်၊ (ဂျွန်) ၉၅ဝ ကျပ် တို့နဲ့ အရောင်းအဝယ်အေးလျက် ရှိနေပါတယ်။                          ဝင်းးလဲ့ဝါ 

Pages