Background
ပြည်တွင်းစားမကုန်နိုင်တဲ့ ကြက်သွန်နီကို စားသုံးသူတွေ ဈေးအမြင့်နဲ့ ဝယ်စားနေရ မြန်မာနိုင်ငံရဲ့ ကြက်သွန်နီ စိုက်ပျိုး မှုသဘာဝအရ မိုးမှာလည်း စိုက်ပျိုး သလို ဆောင်းမှာလည်း ချောင်းဘေး သဲသောင်တွေမှာ စိုက်ပျိုးကြပါတယ်။ ဆောင်းစိုက်ကြက်သွန်ကို စနစ်တကျ သိုလှောင်ထားနိုင်ရင် တစ်နှစ်လုံးစားသုံး လို့ရပေမယ့်မိုးစိုက်ကတော့ ရာသီဥတု အပေါ် တည်မီစိုက်ရတာဖြစ်ပြီး၊ နှစ်လ၊ သုံးလပဲ ထားပါတယ်။ နှစ်စဉ် ဒီဇင်ဘာလမှာ မိုးကြက်သွန်တွေဖြိုင်ဖြိုင်ပေါ်လေ့ရှိပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာမုန်တိုင်းနဲ့ရွာခဲ့တဲ့မိုးကြောင့် မိုးကြက်သွန်စိုက်ချိန်နောက်ကျခဲ့ပါတယ်။ ဒါကြောင့် ဒီအချိန်က အဟောင်းလည်း ကုန် အသစ်လည်းပေါ်စ စပ်ကူးမတ် ကူးကာလဖြစ်နေပါတယ်။ ကြက်သွန်နီ အဓိကစိုက်တဲ့ ပခုက္ကူ၊ ရေနံချောင်းနဲ့ မြင်းခြံနယ်တွေမှာ ကြက်သွန်နီပေါ်ဖို့ လိုသေးပေမယ့် မြစ်သားနယ်ဘက်မှာ တော့ အပင်လေးစိုက်ကြက်သွန်တွေ ထွက်ပေါ်နေပါပြီ။ ဒီလိုထွက်လာတဲ့ မိုးကြက်သွန်နီတွေ ပြည်တွင်းစားသုံးလို့ ရနိုင်တဲ့ အခြေအနေရှိနေတာကို ကိုယ့်တိုင်းပြည်က စားသုံးသူတွေက အမြင့်ဈေးနဲ့ဝယ်စားစေပြီး၊ တစ်ဖက် နိုင်ငံ စားသုံးသူတွေ စားဖို့အတွက် တရားမဝင်နည်းလမ်းတွေနဲ့ ပို့နေတာ သိရပါတယ်။ ဒါကြောင့်မြဝတီဘက်ကို ဦးတည်နေတဲ့ ကြက်သွန်နီကားတွေကို တာဝန်ရှိသူတွေက ပြန်လှည့်မောင်းခိုင်း နေရပါတယ်။ တကယ်တမ်းကျတော့ ကိုယ့်ပြည်တွင်းက ထွက်တာကို ဖူဖူလုံလုံ စားနိုင်ပေမယ့် ပြည်ပကို တရားမဝင်ထွက်နေတာတွေကြောင့် ဈေးနှုန်းအတက်အကျတွေ ဖြစ်နေရ တာပါ။ မနှစ်က ကြက်သွန်နီအထွက် က ဖူလုံမှုရှိရုံတင်မကဘဲ ပိုလံျှမှုရှိနေ တာကို မှောင်ခိုတွေထွက်ခဲ့ကြပါတယ်။ ကြက်သွန်ကုန်သည်များထဲက ဝိသမ လောဘသားအချို့က ကြက်သွန်နီကို ဈေးတက်အောင် ဈေးကျလာအောင် မီဒီယာတွေကို အသုံးချပြီး နည်းအမျိုးမျိုးနဲ့ ဈေးကစား နေကြတာလည်း မကြာခဏတွေ့ရပါတယ်။ ဒါကြောင့် မီဒီယာကို အသုံးချပြီး၊ ဈေးကစား နေ ကြသူတွေ၊ တရားမဝင် တင်ပို့နေသူ တွေကို ထိထိရောက် ရောက် ထိန်းသိမ်း အရေးယူသွားဖို့ လိုအပ်နေပြီဖြစ် ကြောင်း ပြောပြချင်ပါတယ်။ မောင်သစ္စာ
ရှမ်းနနွင်းလည်း ဈေးကွက်စဝင် ရှမ်းပြည်နယ် တောင်ပိုင်း နနွင်းဈေးကွက်ကတော့ ဟိုပုံး၊ ရွာငံ၊ ပင်လောင်းဘက်က နနွင်းများအနည်းငယ် စဝင်နေပြီ ဖြစ်ပါတယ်။ တစ်ပိဿာ ကျပ်၃၅ဝ ရှိပြီး၊ ဟိုပုံးမြို့နယ်တစ်ဝိုက် နနွင်းတွေကတော့ နနွင်းခြောက် ပြုလုပ်ရန် အတွက် အဓိကထား ဝယ်ယူကြတယ်လို့သိရပါတယ်။ နနွင်းခြောက်အသစ် တစ် ပိဿာကို ကျပ် ၂၅ဝဝ မှ ၃ဝဝဝ ဈေးရှိပါတယ်။ နမ့်ဆန် ဘက်မှာတော့ နနွင်း အစိုများ စပေါ်ပြီး ဈေးကွက်အတွင်းသို့ ကွန်ဟိန်း၊ ခိုလန်၊ ကာလိ၊ မိုင်းဆီ၊ နောင် မော် စတဲ့ ရွာများဘက်က ထွက်တဲ့ နနွင်းများစဝင်လာပါတယ်။ နနွင်းအစိုတစ်ပိဿာ ကျပ် ၂ဝဝ မှ ၃ဝဝ ဝန်းကျင်ရှိပါတယ်။ မနှစ်က နနွင်းခြောက် ဈေးကောင်းရလို့ ဒီနှစ်မှာလည်း ဈေးပိုကောင်းနိုင်မယ်လို့ မျှော်လင့်နေကြပြီး၊ နနွင်းခြောက်ပြုလုပ် ရန်အတွက် ဝယ်လိုအားကောင်းနေတယ်လို့ သိရပါတယ်။ တစ်ပတ်အတွင်း ပိဿာချိန် ၁ သိန်းခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံများက သိရပါတယ်။ စောယုထွေး
နနွင်းတက် ဒီဇင်ဘာလ ၂၉ ရက်မှ ဇန်နဝါရီလ ၄ ရက်ထိကာလအတွင်း စစ်တွေနယ်စပ်မှ နနွင်းတက် တစ်တန် ကန်ဒေါ်လာ ၁၆ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိဘဲ ဒီဇင်ဘာ တစ်လလုံးမူဆယ်နဲ့ စစ်တွေနယ်စပ် များမှ နနွင်းတက် ၁၄ တန်ခွဲ၊ ဧပြီလမှ ဒီဇင်ဘာလထိ တန်ချိန် ၁ဝဝဝ ကျော်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်မြေပြင် ပေါက်ဈေး ကျပ် ၁၅၂၆၉၄ဝ ရှိပြီး တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးက တာကာ ၁၄ဝဝဝဝ ရှိပါတယ်။ တင်တင်ထွန်း(MIRT)
စင်ကာပူကို ၉ တန် တင်ပို့ ပင်လယ်ရေကြောင်းလမ်းကနေ ဒီဇင်ဘာနောက်ဆုံးပတ်မှာ နနွင်းတန်ချိန် ၉ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံတွေကတော့ စင်ကာပူနိုင်ငံဖြစ် ပြီး ပို့ကုန်ဝင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၁၆၄၇ဝ ကျော်ရရှိခဲ့ပါတယ်။ တစ်တန်ကို FOB ကန်ဒေါ်လာ ၁၇ဝဝ ကျော်နဲ့ တင်ပို့ခဲ့တာဖြစ်ပြီး ဒီဇင်ဘာတစ်လလုံး နနွင်း တန်ချိန် ၇၇ တန်ကျော်တင်ပို့နိုင်ခဲ့ကာ ယခင်က နိုဝင်ဘာလမှာ နနွင်းတန်ချိန် ၁၂ဝ ကျော် တင်ပို့နိုင်ခဲ့တာကြောင့် ယခုလမှာ တန်ချိန် ငါးဆယ်ကျော်လျော့နည်း ပြီး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)
အဝင်နည်းပေမယ့် ဈေးပုံမှန်ရှိနေတဲ့ ပြည်ချင်းဈေးကွက် ပြည်ချင်းဈေးကွက်တွင် အောင်ပန်းချင်းများ ယခုတစ်ပတ် ပိဿာ ၃ဝ ဝင် အိတ် ၁၅ဝ ခန့်သာဝင်ရောက်၍ အဝင်ဆက်လက်နည်းနေပါတယ်။ အဝင်နည်း ပေမဲ့ အရောင်းအဝယ်မှာ ပုံမှန်ရှိနေပြီး တစ်နေ့ကိုပိဿာချိန် ၅၆ဝ ခန့်ရှိနေ တယ်လို့ သိရပါတယ်။ ဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးအတိုင်း တစ်ပိဿာလျှင် ချင်း (ရှယ်) ၁၂ဝဝ ကျပ်၊ (ဂျွန်) ၁ဝဝဝ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိနေပါတယ်။ ဝင်းလဲ့ဝါ
ရှမ်းချင်းသစ် ဈေးကွက်စဝင်ပြီ ရှမ်းပြည်နယ်တောင်ပိုင်း ဈေးကွက်ထဲသို့ ချင်းသစ်များ ပုံမှန်စဝင်နေပါပြီ။ ဟိုပုံးမြို့နယ်တစ်ဝိုက်က ချင်းတွေကတော့ ရာသီဥတုကြောင့် အထွက်အနည်းငယ် လျော့ခဲ့ပြီး၊ အတက်လည်း အနည်းငယ် ညံ့ခဲ့တယ်လို့ သိရပါတယ်။ ဈေးက တစ်ပိဿာကို ကျပ် ၄ဝဝ ရှိတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ အောင်ပန်း၊ ဟဲဟိုးတစ်ဝိုက်က ချင်းများ ပုံမှန်အဝင်ရှိပြီး ဈေးကတော့တစ်ပိဿာ ကျပ် ၄၅ဝ မှ ၇ဝဝ ထိ ဈေးရှိကာ တစ်ပတ်အတွင်း ပြည်တွင်းသုံးရန်အတွက် ပိဿာချိန် ၂ သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မနှစ်ကထွက်တဲ့ ချင်း ခြောက်က တစ်ပိဿာ ကျပ် ၂၅ဝဝ၊ ၂၆ဝဝ ရှိတယ်လို့သိရပါတယ်။ နမ့်ဆန် ဈေးကွက်မှာတော့ ချင်းအဓိက စိုက်တဲ့ လွိုက်ကြံ၊ နမ့်ဆွယ်၊ အမှတ်ကိုး၊ လွိုက်ဖွေး စတဲ့ရွာများမှ ချင်းများ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာ ပါတယ်။ အခုမှ စဝင်တာဖြစ်လို့ ဈေးကတော့ တစ်ပိဿာကို ကျပ် ၃၅ဝ၊ ၄ဝဝ နဲ့ ဈေးစဖွင့်ပြီး လက်လီ အရောင်းသာ ရှိသေးတယ်လို့ ဈေးကွက်က သိရပါတယ်။ စောယုထွေး
နှစ်ကုန်ပိုင်းမှာ ချင်းခြောက် အပို့မရှိ ဒီဇင်ဘာလတွင်း ပင်လယ်ရေကြောင်းလမ်းနဲ့ ချင်းခြောက်အပို့လျော့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက တန်ချိန် ၂ဝ၄ တန်ကျော်ကို တင်ပို့နိုင်ခဲ့သော်လည်း ယခု လမှာ အရည်အသွေးကောင်းချင်းကို စုဆောင်းခြင်း၊ ရှမ်းချင်းစို ချင်းခြောက်တွေ ဒေသတွင်းသုံးအတွက် အဝယ်ပိုသွက်ခြင်းများသာရှိပြီး ပြည်ပအပို့ မရှိပါဘူး။ MIRT (DOT)
ဈေးအေးသော်လည်း အရောင်းအဝယ်သွက်တဲ့ စီပီပြောင်း မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလကုန်မှာ စီပီပြောင်း တစ်ပိဿာ ၂၇၈ ကျပ်မှ ၂ဝ၁၁ ခု ဇန်နဝါရီလပထမအတွင်း ၂၆၇ ကျပ်သို့ ဈေးအေးခဲ့ပါတယ်။ မုံရွာမြို့ကို ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ အရာတော်၊ မြင်းမူ၊ မြောင်မြို့နယ်များမှ ပြောင်းအများအပြားဝင်ရောက်လို့ ဈေးအေးခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဈေးအေးသော်လည်း တိုင်းအတွင်းတိရစ္ဆာန်အစာနဲ့ တိုင်းပြင်ပ ဝယ်လက်ရှိနေတာကြောင့် မုံရွာကုန်စည်ဒိုင်မှာ စီပီပြောင်း တစ်ရက်ကို ပျမ်းမျှတင်း ၅ဝဝ ကျော်အရောင်းအဝယ်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ မန္တလေးမြို့သို့ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း စီပီပြောင်း တင်း ၅ဝဝဝ ကျော်၊ ၂ဝ၁၁ ခု ဇန်နဝါရီလ ပထမအတွင်း စီပီပြောင်း တင်း ၈ဝဝ ကျော်စီး ထွက်ခဲ့ ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
အရေအတွက် များများ တင်ပို့နိုင်ရေး ဦးစားပေးနေတဲ့ နယ်စပ်ပြောင်းဈေးကွက် ဒီဇင်ဘာလ ၂၉ မှ ဇန်နဝါရီလ ၄ ရက်အထိ ကာလအတွင်း မူဆယ်မှ ပြောင်းဖူးစေ့ ၁၄၁၃၆ တန်ကျော်၊ နံှစားပြောင်း ၅၁၃ တန်ကျော်နဲ့ ချင်းရွှေဟော် နယ်စပ်မှ ပြောင်းဖူးစေ့ တန် ၁ဝဝ၊ စုစုပေါင်း ၁၄၇၅ဝ တန်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၈၄၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကပြောင်းဖူးစေ့ ၁၂၆၇၇ တန်သာတင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၂ဝဝဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ဖက် နိုင်ငံဝယ်ဈေးဟာ ယခင်အပတ်ထက်ကျဆင်းလျက်ရှိပါတယ်။ကုန်သယ်ယူ စရိတ် နှုန်းထားများမှာ ယခင် တစ်ပိသာ ၂၅-၂၆ ကျပ်မှ လက်ရှိ တစ်ပိသာ ၈၂ ကျပ်သို့ မြင့်တက်လာသော်လည်း တစ်ဖက်နိုင်ငံဝယ်ဈေးမှာ ပြောင်းလဲမှုမရှိကြောင်း သိရ ပါတယ်။ လက်ရှိပြောင်းရာသီအတွင်း ထွက်ရှိမှုများပြီး စိုက်ပျိုးထုတ်လုပ်သူများ အနေနဲ့ သိုလှောင်ထား နိုင်ခြင်းမရှိတဲ့အတွက် အနိမ့်ဆုံးဈေးနှုန်းဖြင့်ရောင်းချခြင်း၊ ပြောင်း တင်ပို့သူများကလည်း အကျိုးအမြတ် အနည်းငယ်နဲ့အရေအတွက် များများ တင်ပို့နေကြတယ်လို့ မူဆယ်ပဲပြောင်းနှမ်းကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ပြောင်းဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၂၅၄၂၉ ၂၃၈၅၄၇ ၁၃၁၁၈ ၆ ၂၇၃ ၂၇၅ ၂ ဝ .၈နံှစားပြောင်း ၂၅၈၂၉၅ ၂၆၂၁၅ဝ ၃၈၅၆ ၂ ၃၃၂ ၃၃၁ ၁ ဝ .၃MIRT (DOBT)
နှစ်သစ်ကူးကာလ ပင်လယ်ရေကြောင်းမှ ပြောင်း တင်ပို့မှု သုံးဆကျော် ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၃ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းမှ ပြောင်းတန်ချိန် ၂၄ဝ၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ မလေးရှား တစ်နိုင်ငံတည်းကို တင်ပို့ခဲ့တာဖြစ်ကြောင်း သတင်း ရရှိပါတယ်။ၤFOB (ရန်ကုန်) ဈေးကတော့ တစ်တန်ကို ၂၅ဝ ဒေါ်လာ ဖြစ်ကြောင်းသိရပါတယ်။ KZW
