Main menu

Background

Sunday, 2 Jan 2011

 တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက တန် ၄ဝဝဝ ကျော် တင်ပို့              ယခင်တစ်ပတ်က ပင်လယ်ရေကြောင်း တင်ပို့မှုအနေနဲ့ ပဲစင်းငုံတန် ၃ဝဝဝ ခန့်တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (ဒီဇင်ဘာလနောက်ဆုံးပတ်) မှာ တန်ချိန် ၄ဝဝဝ ကျော်ထိ တင်ပို့မှု တက်လာပါတယ်။ အိန္ဒိယနိုင်ငံမှာ ပဲစင်းငုံအထွက်ပိုလို့ ပြည်ပက တင်သွင်းမှု လျော့ကျမယ်လို့ သတင်းတွေ ထွက်နေပေမဲ့ အရည်အသွေး ကောင်းပဲတွေ မရနိုင်တာကြောင့် မြန်မာနိုင်ငံမှာ အဝယ်တွေတက်လာပါတယ်။ ယခင် သီတင်းပတ်တွေထက် ယခုတစ်ပတ်မှာ အိန္ဒိယဝယ်လက်တွေ စုပြုံဝယ်ယူ ခဲ့တာကြောင့် ယခုတစ်ပတ် ပြည်တွင်းပဲစင်းငုံများသိသိသာသာ မြင့်တက်လာ ခဲ့ပါတယ်။ ရန်ကုန်  FOB ဈေးများ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်                                                                                                                            ဒေါ်လာ/တန်                 ပဲစင်းငုံနီ               ပဲစင်းငုံဖြူနီ၊ အဖြူ၃၁-၁၂-၁ဝ    ၆၅ဝ-၆၆ဝ                ၅၉ဝ-၆ဝဝ၂၄-၁၂-၁ဝ    ၅၄ဝ-၅၅ဝ                ၅ဝဝ-၅၁ဝMIRT(MAPT)

Sunday, 2 Jan 2011

လက်ပံတန်းနယ်မှာ ရေလိုက်ပဲတွေ ဈေးကွက်ဝင်                    ပဲခူးတိုင်းဒေသကြီးအနောက်၊ လက်ပံတန်းမြို့နယ်မှာ ရေလိုက်မတ်ပဲနဲ့ ပဲလွန်းဖြူများ ပေါ်စပြုနေပြီဖြစ်ပါတယ်။ ရေလိုက်မတ်ပဲများကို လက်ပံတန်းမြို့နယ် အတွင်းရှိ မြစ်ဘေးချောင်းဘေးကျေးရွာများဖြစ်တဲ့ အသရော်၊ ဘီးလင်း၊ ဇိုင်းသွယ်၊ ချောင်းသုံးခွနဲ့ တော်လဿကျေးရွာများမှာ စိုက်ပျိုးကြပါတယ်။ ရေလိုက် မတ်ပဲများ ကို အများအားဖြင့် ရာသီဥတုအခြေအနေပေါ်မူတည်ပြီး မြစ်ရေ၊ ချောင်းရေကျချိန် အောက်တိုဘာလဆန်းတွင်းမှာ ရေလိုက်ကြဲပက်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလ လယ်လောက်မှာ ပေါ်စပြုလာခြင်းဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက် မတ်ပဲပေါက် ဈေးမှာ တစ်တင်းလျှင် ၂၁၃ဝဝ ကျပ်ဖြစ်ပြီး၊ ပဲလွန်းဖြူတစ်တင်းလျှင် ၁၇ဝဝဝ ကျပ်ဖြင့် ပဲအဝယ်ဒိုင်များက ဈေးဖွင့်ဝယ်ယူလျက်ရှိကြောင်းသိရှိရပါတယ်။              ခင်ခင်ထိုက်

Sunday, 2 Jan 2011

၂ဝ၁ဝ ခုနှစ်အတွက် ဟင်္သာတရဲ့ မတ်ပဲဈေးကွက်မှတ်တမ်း                 ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလမှာ မတ်ပဲသစ်များ စပေါ်ပြီး ပိဿာ ၂ဝ ဝင်တစ်တင်းကို ၂၅ဝဝဝ ကျပ်နဲ့ စတင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာတော့ ၂၄၃ဝဝ ကျပ်နဲ့ ဈေးပြန်ငြိမ်သွားပါတယ်။ မတ်လ မတ်ပဲလှိုင်လာချိန် ဈေးမှာ ငွေဈေးကွက် ပေါ် မူတည်ပြီး အတက်အကျဖြစ်နေပါတယ်။ ဧပြီနဲ့ မေလများမှာ မတ်ပဲ အရောင်းအဝယ်များ သွက်လာခဲ့ပြီး တစ်တင်းကို ၃၇၅ဝဝ ကျပ်ဈေးသို့ မြင့်တက် ခဲ့ပါတယ်။ ဇွန်၊ ဇူလိုင်လများမှာ အရောင်းအဝယ် ပုံမှန်ရှိနေပေမဲ့ မတ်ပဲဈေးမှာ ၃၃ဝဝဝ ကျပ်ဈေးကို ပြန်လည်ကျဆင်းသွားပါတယ်။ သြဂုတ်၊ စက်တင်ဘာလများမှစ၍ မတ်ပဲဈေးမှာ တဖြည်းဖြည်းဆက်တက်လာကာ လက်ကျန်လည်း နည်းပါးသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများမှာ မတ်ပဲတစ်တင်းကို ၂၆ဝဝဝ ကျပ်မှ ၂ဝ၅ဝဝ ကျပ်ကို ကျဆင်းသွားပေမဲ့ လက်ကျန်ပေါ်မူတည်ပြီး ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါတယ်။ အေးအေးခိုင်

Sunday, 2 Jan 2011

လှောင်လက်ဝယ်တဲ့ စစ်ကိုင်းက မတ်ပဲ                 ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ အရာတော်၊ ကနီ၊ ပုလဲမြို့နယ်များမှ မတ်ပဲများ မုံရွာမြို့သို့ အဝင်လှိုင်နေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲတစ်ပိဿာ ပေါက်ဈေး ၂ဝ၁ဝ ခု ဒီဇင်ဘာလဆန်းမှာ ၁၁၂၅ ကျပ်မှ ဒီဇင်ဘာလကုန်မှာ ၉၅ဝ ကျပ်ကို ဈေးအေးသွားကြောင်းသိရပါတယ်။ ဈေးအေးသွားတဲ့အတွက် လှောင်လက်သမားတွေက အဝယ် များကြောင်း ကုန်သည်တစ်ဦးမှပြောပါတယ်။Export  ဝယ်လက်ကတော့ အရည်အသွေးကောင်းတာကိုစစ်ဝယ်ပြီး၊ ဒေသတွင်း ပဲခွဲစက်နဲ့ ကြာဇံစက်သမားများကတော့ အရည်အသွေးသိပ်မစစ်ကြောင်း သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှတင်း ၃ဝဝ ကျော် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။                                                                        သန်းသန်းတင်

Sunday, 2 Jan 2011

မတ်ပဲတင်ပို့မှု ဆက်လက်တိုးတက်               ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုဟာ ယခင်တစ်ပတ်က တန်ချိန် တစ်သောင်းရှိသလို ယခုတစ်ပတ် (ဒီဇင်ဘာနောက်ဆုံးပတ်) မှာလည်း တန်ချိန် တစ်သောင်းနဲ့ ဆက်လက်တိုးတက်တင်ပို့နေပါတယ်။ ဒီဇင်ဘာ ဒုတိယပတ်၊ တတိယပတ်မှာ အိန္ဒိယဝယ်လက်ပုံမှန်ရှိနေခဲ့ရာမှ ယခုတစ်ပတ်မှာ အဝယ်တက် လာတာကြောင့် ဈေးလည်း အနည်းငယ်တက်လာသလို တင်ပို့မှုလည်း အားကောင်း နေတာဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                                 ဒေါ်လာ/တန်                   မတ်ပဲ(FAQ)                   မတ်ပဲ(SQ) ၃၁-၁၂-၁ဝ      ၇၉ဝ-၈ဝဝ                     ၉၉ဝ-၁ဝဝဝ ၂၄-၁၂-၁ဝ      ၇၇ဝ-၇၈ဝ                     ၉၆ဝ-၉၇ဝ                                                                                                                              MIRT(MAPT)

Tuesday, 28 Dec 2010

အရောင်းအဝယ်အေးနေတဲ့ မန်းငရုတ် ဈေးကွက်                       ယခုနောက်ပိုင်း မန္တလေး ဈေးကွက်ရှိ ငရုတ်ဈေးမှာ အရောင်း အဝယ်အေး ဈေးအေးနေကြောင်း သိရပါတယ်။ ဈေးကွက်သို့ ကျောက်ဆည်နယ်မှ (မိုးထောင်၊ ဒီမွန်၊ သာမွန်)မိုျးများလည်းကောင်း၊ ငရုတ်ပုမှာ သဲတော ဝမ်းတွင်းနယ်မှ လည်းကောင်း ဝင်ရောက်လျက်ရှိပါတယ်။ အရောင်း အဝယ်အေးနေတဲ့အတွက် ဒီဇင်ဘာလ လဆန်းပိုင်းမှ စပြီး ငရုတ်ရှည် (မိုး ထောင်) တစ်ပိဿာကို ၁၆ဝဝ ကျပ်၊ ၁၅ဝဝ ကျပ်ဝန်းကျင် ငရုတ်ပွ တစ် ပိဿာကို ၃၅ဝဝ ကျပ်၊ ၃၆ဝဝ ကျပ် ဝန်းကျင်နဲ့ ဈေးငြိမ်နေပါတယ်။ အရောင်းအဝယ်အနေနဲ့ ဒေသတွင်း ရောင်းဝယ်မှု သာရှိတဲ့အတွက် ဈေး အေးအရောင်းအေးကြောင်း ပွဲရုံ ဈေး ကွက်က သိရပါတယ်။                                                          ကျော်ဇင်သန်း

Tuesday, 28 Dec 2010

မန်ကျည်းသီးမှည့်ပြည်မန်ကျည်းမှည့် ဈေးမာ                  ပြည်ဈေးကွက်အတွင်း မန်ကျည်းမှည့်များ ဈေးမာလာပါတယ်။ လက်ကျန်နည်းပြီး မန်ကျည်းမှည့် အသစ် မဝင်သေးတာကြောင့် ဈေးမာ လာတယ်လို့ သိရပါတယ်။ ယခင်လက မန်ကျည်းမှည့် တစ်ပိဿာလျှင် လက် လီ ၁၅ဝဝ ကျပ်၊ လက်ကား ၁၂ဝဝ ကျပ်မှ ယခုလက်လီတစ်ပိဿာ ၂ဝဝဝ ကျပ်၊ လက်ကားတစ်ပိဿာ ၁၈ဝဝ ကျပ် အထိ ဈေးမြင့်ခဲ့တယ်လို့ သိရပါ တယ်။                                                                                               အိရွှေစင်

Tuesday, 28 Dec 2010

မန်ကျည်းသီးမှည့်               စစ်တွေနယ်စပ်ကနေ ယခု အပတ်မှာ မန်ကျည်းသီးမှည့် အစေ့ပါ တင်ပို့မှုမရှိခဲ့ပေမဲ့ ယခင်အပတ်က ၂ တန် ကန်ဒေါ်လာ ၇၂ဝ ဖိုး စစ်တွေ နယ်စပ်က တင်ပို့နိုင်ခဲ့ပါတယ်။ မကွေး၊ မန္တလေး၊ ပြည်ဒေသထွက် မန်ကျည်း သီးမှည့်များကို စစ်တွေနယ်စပ် က ပုံမှန်လေး တင်ပို့လျက်ရှိပြီး ဧပြီလမှ ဒီဇင်ဘာလလယ်အထိ နယ်စပ်မှ မန် ကျည်းသီးမှည့် ၂၂၄ တန် တင်ပို့ထား ပြီးဖြစ်ပါတယ်။စစ်တွေနယ်စပ်မှ မန်ကျည်းသီးတစ်တန်ကို မိမိဘက်မြေ ပြင် ပေါက်ဈေး ၃၇၉၄၄ဝ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံဈေးက ၃၅ဝဝဝ တာကာ ရှိတယ်လို့ သိရပါတယ်။ တင်တင်ထွန်း(MIRT)

Tuesday, 28 Dec 2010

ဘဏ္ဍာနှစ်အတွင်း နယ်စပ်က တန်ချိန် ၁ဝဝဝကျော် တင်             ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ နနွင်းတက် ၆ တန် ကန်ဒေါ်လာ ၁၁ဝဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကလည်း ၆ တန်ခွဲတင်ပို့ခဲ့တာမို့နနွင်းတက်တင်ပို့မှုမှာ ပုံမှန်လေးပဲ ရှိနေပါတယ်။ ဧပြီလမှ ဒီဇင်ဘာလလယ်အထိ နယ်စပ်မှ နနွင်းတက်တင်ပို့မှုမှာ တန်ချိန်၁ဝ၁၇တန် ကျော်ပြီဖြစ်ပါတယ်။     MIRT(DOBT) 

Tuesday, 28 Dec 2010

နနွင်းတန်ချိန်ပိုမိုတင်ပို့နိုင်ခဲ့                              ပင်လယ်ရေကြောင်း ကုန်သွယ်လမ်းကနေ ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာ ကာလအတွင်း နနွင်းတန်ချိန် ၃ဝ တန် ၊ တန်ဖိုး ကန်ဒေါ်လာ ၄၅၉ဝဝ ဖိုးကိုတင်ပို့ ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံကတော့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံကိုပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ နနွင်းတန်ချိန် ၈ တန်သာ တင်ပို့နိုင်ခဲ့ပြီး ယခုသီတင်းပတ်မှသာ ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ကန်ဒေါ်လာ ၁၅ဝဝ ခန့်နဲ့ တင်ပို့ခဲ့ပြီး စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ ၄၅၉ဝဝ ရရှိခဲ့ပါတယ်။ MIRT (DOT) 

Pages