Main menu

Background

Monday, 27 Dec 2010

မုံရွာပဲဈေးကွက်သို့ ပဲတီစိမ်း (အသေး) အဝင်များနေ              မုံရွာပဲဈေးကွက်သို့ မိုးပဲတီစိမ်းများ အဝင်လှိုင်နေကြောင်း သိရပါတယ်။ ဒီဇင်ဘာတတိယပတ်အတွင်း ပဲတီစိမ်းအကြီး ၂၅ဝဝဝ ကျပ်မှ ၂၃ဝဝဝ ကျပ်အထိ၊ အသေး ၂၂၅ဝဝ ကျပ်မှ ၁၉ဝဝဝ ကျပ်အထိ ဈေးအပြောင်း အလဲဖြစ်ခဲ့ပြီး၊ နေ့စဉ် ကုန်စည်ဒိုင်သို့ အိတ် ၇ဝဝ ခန့် ပုံမှန်ဝင်ရောက်နေကြောင်း သိရပါတယ်။ ဒေသအခေါ် ဗမာပဲ (အလုံးသေး) အဝင်များပြီး ကုန်သည်များ အဝယ်များကြောင်း သိရပါတယ်။ မန္တလေးသို့ တင်း ၁ဝဝဝ ခန့် စီးထွက်ခဲ့တယ်လို့ သိရပါတယ်။   အောင်မင်း 

Monday, 27 Dec 2010

 မန်းဝယ်လက်အဆွဲပိုတဲ့ မုံရွာပဲတီ              ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်အနေနဲ့ နယ်ပစ္စည်း အဝင်ပုံမှန်ရှိခဲ့သလို မန်းအဆွဲ အနည်းငယ် ပိုလာခဲ့ပေမဲ့ ဈေးအနည်းငယ် အေးသွားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ထက် တစ်တင်း ၁၅ဝဝ ကျပ်ခန့် လျော့နည်းခဲ့ပြီး ယခု ရက်ပတ်မှာ ပဲတီစိမ်းကြီးတစ်တင်း ၂၃ဝဝဝ ကျပ်နဲ့ ပဲတီစိမ်း သေးတစ်တင်း ၁၉ဝဝဝ ကျပ်ဈေးမှာ တန့်နေခဲ့ပါတယ်။ အရောင်း အဝယ်အားဖြင့် မုံရွာ ကုန်စည်ဒိုင်မှာ ဒေသခံခွဲစက်သမားပဲလက်လီသမားနဲ့ မန်းဝယ်လက်တွေက အဆွဲပိုလို့ တစ်နေ့ အိတ် ၅ဝဝ ခန့် ဖြစ်ခဲ့ပြီး ဒီရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင် နယ်မြေကနေ မန္တလေးဈေးကွက်ကို ပဲတီစိမ်းတင်း ၄ဝဝဝ နီးပါး စီးထွက် သွားခဲ့တယ်လို့ သိရပါတယ်။                                                                                                                         ထွန်းလှိုင်

Monday, 27 Dec 2010

 ပဲတီစိမ်းတန် ၁ဝဝဝ ကျော်မူဆယ်မှ ယခုအပတ်ပို့                ဒီဇင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့စစ်တွေနယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၉၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁ဝ၃၄ တန်တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ၁ဝ၂၈ တန်နဲ့စစ်တွေမှ ၆ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ မူဆယ်ကနေ ပဲတီစိမ်း လုံးပြည့် ၇၉၃ တန်နဲ့လုံးခြမ်း ၁၁၇ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ပဲတီစိမ်းလုံးပြည့် ၂၃၅ တန်ခန့်ပိုမို တင်ပို့ခဲ့သော်လည်း ပဲတီစိမ်းလုံးခြမ်းတင်ပို့နိုင်ခြင်းမရှိပါဘူး။ ပြည်တွင်းဈေးမြင့်သလို တစ်ဘက်နိုင်ငံရောင်းဈေးလည်းပိုမိုရရှိတဲ့အတွက် တင်ပို့မှု ပိုမိုခဲ့ရတာ လို့သိရပါတယ်။ အရောင်းအဝယ်သွက်တဲ့အပြင် တရုတ်ပြည်မကြီး အမှာစာ များတယ်လို့ ပဲပြောင်းနှမ်းအသင်း အတွင်းရေးမှူးထံက သိရပါတယ်။ ယခုအပတ်နဲ့ယခင် အပတ်ပဲတီစိမ်းဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ပါတယ                                  မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)              ယခု           ယခင်        ပြောင်းလဲမှု        ရာခိုင်နှုန်း        ယခု        ယခင်        ပြောင်းလဲမှု     ရာခိုင်နှုန်းပဲတီစိမ်း   ၁ဝ၃ဝ၅၁၄   ၁ဝ၂၈၇၄၂       ၁၇၇၂              ဝ .၂          ၁၂၁၉        ၁၁၈၇           ၃၂             ၃MIRT (DOBT)

Monday, 27 Dec 2010

ဒီဇင်ဘာတတိယပတ် ပဲတီစိမ်းတန် ၃ဝဝဝ ကျော်ထိ တိုးတင်             ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့ရာမှာ ယခင်သီတင်းပတ်တွေက တန်ချိန် ၂ဝဝဝ ကျော်သာ တင်ပို့မှုရှိရာက ယခု သီတင်းပတ် ဒီဇင်ဘာတတိယပတ်မှာတော့ တန်ချိန် ၃ဝဝဝ ကျော်ထိ တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယအဝယ်ရှိသလို ပါကစ္စတန်ဘက်ကိုလည်း တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပဲတီစိမ်းအရည်အသွေးနိမ့်တွေများပြီး အရည်အသွေးကောင်းရှားပါးနေလို့ မြန်မာပဲတီစိမ်းတွေ အဝယ်ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယခုတစ်ပတ်မှာတော့ အခြား ပဲဈေးတွေ လျော့သလို ပဲတီစိမ်းဈေးလည်းလိုက်ပါ လျော့ကျလာတာတွေ့ရပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ်ရန်ကုန် FOB  ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                          ဒေါ်လာ/ တန်                     ပဲတီစိမ်း(အညာ)    (ပခုက္ကူ)         ပဲတီရွှေဝါ ၂၄-၁၂-၁ဝ     ၈၈ဝ-၉ဝဝ            ၈၈ဝ-၉ဝဝ    ၁၂ဝဝ-၁၂၂ဝ ၁၇-၁၂-၁ဝ     ၉၄ဝ-၉၅ဝ            ၉၄ဝ-၉၅ဝ    ၁၂၅ဝ-၁၂၆ဝ MIRT (MAPT)

Monday, 27 Dec 2010

 MSP ဈေးနှုန်းတိုးမြင့်တက်ခြင်းနဲ့ မြေအစိုဓါတ် ကောင်းမွန်ခြင်းတို့ကြောင့် ဆောင်းပဲစိုက်ဧရိယာတိုးတက်             အိန္ဒိယနိုင်ငံ ပဲအများဆုံးစိုက်ပျိုးတဲ့ အတ္တရာပရာဒေ့ရှ်၊ ရာဂျက်စသန်၊ မဒ္ဒရာပရာဒေ့ရှ်၊ မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့မှာ မြေအစိုဓါတ် တိုးတက် ကောင်းမွန်နေခြင်းက ပဲစိုက်ဖို့ ပိုမိုအားသန်စေတာကြောင့် အိန္ဒိယပဲဈေးကွက်များမှာ အလားအလာကောင်းတဲ့ အရိပ်အရောင်တွေရှိနေတယ်လို့ အိန္ဒိယပြည်တွင်းသတင်းမှာ ဖော်ပြထားပါတယ်။ ကုလားပဲအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP)ကိုလည်း ယခင်ရာသီမှာ တစ်တန်ကို ရူပီး ၁၇၆ဝဝ (ကန်ဒေါ်လာ ၄၃၄) ရှိခဲ့ရာက ၂ဝ၁ဝ-၁၁ ရာသီအတွင်း ရူပီး ၂၁ဝဝဝ (ကန်ဒေါ်လာ ၄၆၅) ထိ ၂ဝ ရာခိုင်နှုန်းတိုးမြင့်ပေးခြင်းက စိုက်ဧရိယာကို တိုးတက်စေသလို ဈေးနှုန်းအတွက်လည်း အထောက်အပံ့ ဖြစ်စေပါတယ်။ အလားတူပဲစင်းငုံနဲ့ မတ်ပဲစိုက်ဧရိယာလည်း မနှစ်ကထက် မြင့်တက်တယ်လို့ ဆိုပါတယ်။ ၂ဝ၁ဝ- ၁၁ အတွက် မိုးပဲမျိုးစုံထုတ်လုပ်မှုကို တန်ချိန် ၆ သန်းရှိမယ်လို့ ခန့်မှန်းထားလို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ၄ ဒသမ ၃ သန်းထက် ၄ဝ ရာခိုင်နှုန်း ပိုမို တယ်လို့လည်း ဆိုပါတယ်။                                                                                   ယမင်းခင်၊Sources: commodityonline 

Monday, 27 Dec 2010

ယခုတစ်ပတ် ဟင်္သာတ ပဲလွန်းဖြူဈေးအေး              ဟင်္သာတဈေးကွက်သို့ ပဲလွန်းဖြူ သစ်များစ၍ ရောက်လာရာ ယခင် အပတ်က ပဲလွန်းဖြူပိဿာ ၂ဝ တစ် တင်းကို ၂ဝဝဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုအပတ် ပဲလွန်းဖြူ ဈေးမှာ တစ်တင်း ၁၉ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒေသ တွင်း အရောင်းအဝယ်လည်းရှိနေပြီး နေ့စဉ်ဖြစ်ပေါ်နေတဲ့ ဈေးများနဲ့ ရန်ကုန် ဈေးကွက်သို့ တစ်တင်းခွဲဝင်အိတ် ၁၅ဝ ခန့် တင်ပို့နေတယ်လို့ သိရပါတယ်။ အေးအေးခိုင် 

Monday, 27 Dec 2010

ပဲလွန်းဖြူ ပြန်တင်ပို့လာ           မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် မှ ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း ပဲလွန်းဖြူ ကန်ဒေါ်လာ ၇၂ဝဝဝ တန်ဖိုးရှိ တန် ၉ဝ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလ ကစပြီး တင်ပို့နိုင်ခြင်းမရှိဘဲ ဒီဇင်ဘာလ တတိယပတ်မှာပြန်လည် တင်ပို့နိုင်တာ ဖြစ်ပါတယ်။ ဧပြီလမှ သြဂုတ်လအထိ ငါးလတာကာလ အတွင်း ပဲလွန်းဖြူ ၃၂၂၅ တန်ခန့်တင်ပို့ထားနိုင်ပြီး ဖြစ်ပါတယ်။ ပဲလွန်းဖြူတစ်တန်ကို ၇၉၅ ဒေါ်လာ ဈေးနှုန်းနဲ့ ရောင်းချရတာ ဖြစ်ပါတယ်။ MIRT(DOBT) 

Monday, 27 Dec 2010

ပင်လယ်ရေကြောင်းက ပဲလွန်းဖြူနဲ့ မြေထောက်ပဲ ဆက်လက်တင်ပို့          ပြည်တွင်းဈေးကွက်တွေကို ပဲလွန်းဖြူ အသစ် အချို့ဝင်ရောက်လာ ပြီဖြစ်လို့ ပင်လယ်ရေကြောင်းက အဆက် မပြတ် တင်ပို့မှုရှိနေသလို မြေထောက်ပဲ မှာလည်း လက်ကျန်အနည်းငယ် တင်ပို့မှု ရှိနေသေးတာ တွေ့ရပါတယ်။ ယခု တစ်ပတ် ဒီဇင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အတွင်း ပဲလွန်းဖြူ တန် ၁၅ဝ ခန့်နဲ့ မြေထောက်ပဲ တန် ၅ဝ ကျော်တင်ပို့မှု ရှိခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ အိန္ဒိယ တို့ဖြစ်ပါတယ်။ ပဲလွန်းဖြူအနေနဲ့ ဝယ်လိုအား ကောင်းနေပေမဲ့ အသစ် တွေ ဝင်လာပြီဖြစ်လို့ ဈေးအနည်းငယ် ကျ လာတာ တွေ့ရပါတယ်။          ရန်ကုန် FOB ဈေးအနေနဲ့ ပဲလွန်းဖြူဈေးမှာ ယခင်တစ်ပတ်ထက် အနည်းငယ်လျော့ပြီး FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၇ဝ-၇၈ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၇ဝ-၈၈ဝ နဲ့ မြေထောက်ပဲ ဈေးမှာ ယခင်တစ်ပတ် ဈေးအတိုင်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ ဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT

Monday, 27 Dec 2010

ပြည်ပဲစင်းငုံ ဈေးကျနေခြင်းကြောင့် အရောင်းအဝယ်အေးနေ          ပြည်ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေးထက် လျော့နည်းသွားကြောင်း သိရပါတယ်။ ပဲစင်းငုံအဟောင်းမှာ ပိဿာ ၂ဝ တစ်တင်းလျှင် ၁၂၅ဝဝ-၁၃ဝဝဝ ကျပ်၊ အသစ်မှာတစ်တင်းလျှင် ၁၄၅ဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ ဒီဇင်ဘာ တတိယပတ် အထိ အခြားတိုင်းမှ အဝင်မရှိခဲ့သော်လည်း၊ ယခုစတုတ္ထပတ်မှာတော့ မကွေး၊ အောင်လံ မြို့နယ်များမှ နေ့စဉ်အဝင်ရှိကြောင်း သိရပါတယ်။ ယခု စတုတ္ထပတ်အတွင်းမှာ အိတ် ၁၈ဝဝ ခန့်အဝင်ရှိခဲ့ပြီးစုစုပေါင်း အိတ် ၂၅ဝဝ နီးပါး အဝင်ရှိထားတယ်လို့သိရပါတယ်။ ရောင်းဝယ်မှု အနေဖြင့် တိုင်းအတွင်းမှာ ပဲစင်းငုံ ဈေးကျနေတဲ့အတွက် အရောင်းအဝယ်အေးနေကြောင်းလည်းသိရပါတယ်။                                                                             ဆုမွန်ဆွေ

Monday, 27 Dec 2010

 မုံရွာပဲဈေးကွက်သို့ ပဲစင်းငုံနီအသစ်စတင်ဝင်           မုံရွာပဲဈေးကွက်သို့ ဒီဇင်ဘာ ၂ဝ-၂၂ ရက်များတွင် ပဲစင်းငုံနီအသစ်များ စတင်ဝင်ရောက်လာပြီလို့ သိရပါတယ်။ စိုက်ပျိုးသက်ကာလစောခဲ့ပြီး ကုန်တွင်းပိုင်း ကျတဲ့ ပုလဲမြို့နယ်နှင့် မုံရွာမြို့နယ်ဒေသများမှာ ကွက်ကြားဝင်ရောက်ခြင်းဖြစ်ပြီး အဝင် မလှိုင်သေးလဲ တစ်ရက်ကို အိတ် ၂ဝ ခန့်သာ ဝင်ရောက်သေးကြောင်း သိရပါတယ်။           ပဲများမှာ မျောက်ခေါင်း၊လုံးပိန်လုံးညှပ်၊ဗထက်ချိုင့်ကင်းပြီးအရည်အသွေး ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဈေးမှာအဟောင်းတစ်တင်း ၁၃ဝဝဝ ကျပ်၊ အသစ် တစ်တင်း ၁၄၅ဝဝ ကျပ်ဈေးပေါက်နေတယ်လို့ သိရပါတယ်။ ယခင်နှစ်က ဒီဇင်ဘာ ၁၆ ရက် (ကရင်နှစ်သစ်ကူးနေ့)မှာ ပဲအသစ် စတင်ဝင်ရောက်ခဲ့ပြီး ယခုနှစ်မှာတော့ ဒီဇင်ဘာလကုန် ဇန်နဝါရီလ ပထမပတ် ခန့်မှသာ ပဲအဝင်လှိုင်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ကြပါတယ်။                              အောင်မင်း

Pages