Main menu

Background

Sunday, 19 Dec 2010

အဝင်လှိုင်ပေမဲ့ မန်းအဆွဲရှိလို့ ပဲတီဈေးမာနေ                မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာလ ဒုတိယပတ် ပဲတီစိမ်း ဈေးကွက်အနေနဲ့ နယ်စုံ ပဲသစ်တွေ လှိုင်လှိုင်ဝင်ခဲ့ပြီး ဒေသတွင်း ပဲခွဲစက်နဲ့ နယ်ဝယ်လက် သွက်ခဲ့လို့ အရောင်းအဝယ်နေ့စဉ် ကောင်းမွန်နေတယ်လို့ သိရပါတယ်။ မုံရွာဝန်းကျင်ဒေသများက သာမက ကလေး၊ ဂန့်ဂေါ၊ ယော၊ ဆောနယ်ဘက်က ပဲသစ်တွေ ဈေးကွက်ထဲ စီးဝင်လာလျက်ရှိပြီး ဒီရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်တင်း ၅ဝဝ ဝန်းကျင် နေ့စဉ်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲသစ်အရည်အသွေး အသင့်အတင့်ကောင်းမွန်ပြီး ပဲတီစိမ်းကြီးတစ်တင်း ၂၄၅ဝဝ ကျပ်မှ ၂၅ဝဝဝ ကျပ်၊ စိမ်းသေးတစ်တင်း ၂ဝ၅ဝဝ ကျပ်ဈေး အသီးသီးမာနေကာ ယခုရက်ပတ်အတွင်း မုံရွာ ကုန်စည်ဒိုင်ကနေ မန္တလေးကို တင်း ၂၅ဝဝ ခန့် စီးထွက်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။                                                                                                         ထွန်းလှိုင် 

Sunday, 19 Dec 2010

 ပြည်ပဲတီစိမ်းအဝင်များသလို အရောင်းအဝယ်သွက်နေ              ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအတွင်း ပဲတီစိမ်းစိုက်ဧက ၂၃၄၇၃ ဧကလျာထားပြီး ယခုဒီဇင်ဘာ လလယ်အထိ ၂၁၈၃ဝ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ ပဲတီစိမ်းဈေးနှုန်းကတော့ တစ်တင်းကို ၂၅၅ဝဝ ကျပ်ဈေးရှိခဲ့ပြီး ယခင်အပတ်ကထက် ၅ဝဝ ကျပ်ခန့် ဈေးမြင့်လာခဲ့ပါတယ်။ ပြည်ဈေးကွက်အတွင်းသို့ အောင်လံဖက်မှ အဝင်ရှိသလို တိုင်းဒေသကြီးအတွင်း ပေါက်ခေါင်း၊ ပန်းတောင်း၊ ပေါင်းတလည်တို့မှလည်း နေ့စဉ်အဝင်ရှိခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း အိတ် ၂ဝဝဝ ကျော် အဝင်ရှိခဲ့ပြီး ရန်ကုန်သို့ ၂၈၅ဝ အိတ်တင်ပို့နိုင်ခဲ့ကာ မြို့တွင်းရောင်းဝယ်မှုမှာတစ်ရက်ကို အိတ် ၁၅ဝဝ ခန့် အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။                                                                                                    ခင်ဆွေဝင်း 

Sunday, 19 Dec 2010

 လက်ကျန်နည်းလို့ အပို့လျော့တဲ့ ပဲတီစိမ်း                ဒီဇင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက် နိုင်ငံသို့   ပဲတီစိမ်းလုံး ၇၉၃ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၇၅၆ သန်းဖိုးနဲ့ ပဲတီစိမ်းအခြမ်း ၁၁၇ တန် ကန်ဒေါ်လာ ဝ ဒသမ ၁၄၄ သန်းဖိုးသာ   တင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းဈေးမြင့်တက်ခြင်းနဲ့ လက်ကျန်နည်းပါးတဲ့အတွက် ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် အလုံး ၃၈၇ တန်နဲ့ အခြမ်း တန် ၂ဝဝ ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီးကထွက်ရှိတဲ့ ပဲတီစိမ်းများကို မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်က တင်ပို့နေခြင်း ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံမြေပြင်ပေါက်ဈေးများ ယခင်အပတ်ကထက် မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။                                                       မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု                ယခင်       ပြောင်းလဲမှု   ရာခိုင်နှုန်း     ယခု         ယခင်   ပြောင်းလဲမှု    ရာခိုင်နှုန်းပဲတီစိမ်း         ၁ဝ၅ဝ၅၁၆          ၁ဝ၄ဝ၇၅၆        ၉၇၆ဝ        ၁          ၁၁၈၇         ၁၁၂၂         ၆၅            ၆MIRT (DOBT)

Sunday, 19 Dec 2010

ဒီဇင်ဘာဒုတိယပတ် ပဲတီစိမ်းတန် ၂ဝဝဝ ကျော်အတင်ရှိ                 ဒီဇင်ဘာလ ဒုတိယပတ်မှာ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန်ချိန် ၂၂ဝဝ ကျော် တင်ပို့မှုရှိခဲ့လို့ ယခင်သီတင်း ပတ်ထက် အနည်းငယ်ပိုတင်လာတာတွေ့ရပါတယ်။ နယ်စပ်ဘက်က တရုတ်အဆွဲနည်းပေမဲ့ အိန္ဒိယဘက် ကတော့ ခရမ်း၊ သုံးခွဘက်မှာ မတ်လထွက်မယ့် ပဲတီရွှေဝါတွေကို ဝယ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါကြောင့် အခြားပဲဈေးတွေ ကျဆင်းပေမဲ့ ပဲတီရွှေဝါဈေးက ငြိမ်နေတာတွေ့ရပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ်ရန်ကုန် FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-                                                                                                                               ဒေါ်လာ/ တန်                    ပဲတီစိမ်း(အညာ)    (ပခုက္ကူ)                ပဲတီရွှေဝါ၁၇-၁၂-၁ဝ        ၉၄ဝ-၉၅ဝ           ၉၄ဝ-၉၅ဝ          ၁၂၅ဝ-၁၂၆ဝ၉-၁၂-၁ဝ          ၉၅ဝ-၉၆ဝ           ၉၇ဝ-၉၈ဝ          ၁၂၅ဝ-၁၂၆ဝMIRT (MAPT)

Sunday, 19 Dec 2010

ပဲလွန်းဖြူ၊ ပဲလွန်းပြာ အသစ်များ မုံရွာဈေးကွက်ဝင်ပြီ            စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဘုတလင်၊ ချောင်းဦး၊ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲ၊ ဝက်လက်၊ ရေဦး၊ ဒီပဲယင်း၊ စစ်ကိုင်း၊ မြောင်မြို့နယ်များမှာ ပဲလွန်း အများဆုံး စိုက်ပျိုးပါတယ်။ ယခုအချိန်က ဆောင်းပဲလွန်း စိုက်ချိန် ဖြစ်သလို မိုးပဲလွန်းပေါ်ချိန်ဖြစ်ပါတယ်။ ပဲလွန်းပြာကို အများဆုံးစိုက်ပျိုးကြောင်း သိရပါတယ်။ ချောင်းဦးမြို့နယ် ကျောက်ရစ်ရွာနဲ့ အလွေရွာများမှ ပဲလွန်းဖြူများ၊ ကနီမြို့နယ် ယာကြီး၊ တောင်ပေါက်ရွာများမှ ပဲလွန်းပြာများ၊ မုံရွာမြို့ကို တစ်ရက် ပျမ်းမျှတင်း ၅ဝဝ ကျော် ဝင်ရောက်ပါတယ်။ ရန်ကုန် လက်လီသမား ဝယ်လက်များ အဆွဲ များတယ်လို့ သိရပါတယ်။ ပေါက် ဈေး နှုန်းများအနေနဲ့ ပဲလွန်းဖြူ၊ ပြာ တစ်ပိဿာ ဈေး ဒီဇင်ဘာ ၁ ရက်နေ့မှာ ၁၂၃၇ ကျပ်မှ ၉ ရက်နေ့မှာ ၁၂၈ဝ ကျပ်သို့ တက်သွားပြီး ၁၃ ရက်နေ့မှာ ပဲလွန်းဖြူ ၁၁၅၈ ကျပ်၊ ပဲလွန်းပြာ ၈၉၅ ကျပ်သို့ ကျသွားကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ တင်း ၇ဝဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။                                                                   သန်းးသန်းးတင်

Sunday, 19 Dec 2010

ပဲလွန်းဖြူ၊ နီသစ်များ စတင်တင်ပို့                ပဲလွန်းဖြူ၊ နီ သစ်များဈေးကွက်ထဲ ဒီဇင်ဘာလဆန်းမှာ စတင်ဝင်ရောက် လာပြီဖြစ်လို့ လက်ရှိမှာ မုံရွာဈေးကွက်၊ ဟင်္သာတဈေးကွက်တွေကို အဝင်စိပ် လာပါပြီ။ဒါကြောင့်လည်း ပဲအဟောင်း ရော အသစ်ပါ ယခုတစ်ပတ် ဒီဇင်ဘာ လ ၉ ရက်မှ ၁၅ ရက်အတွင်း ပဲလွန်းဖြူ တန်ချိန် ၂၃ဝ ကျော်၊ ပဲလွန်းနီ တန်ချိန် ၇ဝ ခန့် စုစုပေါင်း တန်ချိန် ၃ဝဝ ခန့် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ တင်ပို့ တဲ့ နိုင်ငံတွေကတော့ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကို ဖြစ်ပါတယ်။ ရန်ကုန်FOB  ဈေးမှာ ဒီဇင်ဘာလ ၁၇ ရက်မှာလည်း ယခင်တစ်ပတ်လိုပဲFAQ တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ၊ SQ တစ်တန် ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ အသီးသီး ရှိကြောင်း သိရပါတယ်။                                                    MIRT - MAPT

Sunday, 19 Dec 2010

ပဲစင်းငုံ အလှည့်အပြောင်း                    ပဲစင်းငုံအသစ်တွေ နှစ်စဉ် ဒီဇင်ဘာ ၁ဝ ရက်အတွင်းမှာ အပြိုင်အဆိုင် ပေါ်ထွက်ကြပေမဲ့ ဒီနှစ်တော့ ပခုက္ကူဈေးကွက်မှာ ထွက်လာတာမတွေ့ရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ဒီဇင်ဘာ ၁ဝ ရက် ကျော်ကျော်မှာ အညာတစ်ခွင်လုံး ဆောင်းမိုးလေး ၂ ရက်လောက် စွေလိုက်သေးတော့ ပဲတောင့်တွေ အစိုဓါတ်ဝင်ပြီး ညခြောက်သွေ့ အောင်ပြန်စောင့်နေရလို့ပါ။ အခုတော့ ခြောက်ပါပြီ၊ သွေ့ ပါပြီ၊ တူးဆွခုတ်ပိုင်းပြီး ရိုက်ပုတ်ေြွခလှေ့ နေကြပါပြီ။ သိပ်မကြာခင်မှာဘဲ ပဲစင်းငုံသစ်တွော ဈေးကွက်မှာ စတင်ပေါ်ကြပါလိမ့်မယ်။ ပဲစင်းငုံအဟောင်း ဈေးကွက်ကလည်း တစ်တင်းကို ၁၄ဝဝဝ ကျပ်အောက်ရောက်သွားပါတယ်။ ပဲအဟောင်းကျန်သူတွေ ပဲအသစ်ရလိုရင် တစ်တင်းကို ၁ဝဝဝ ကျပ်နှုန်း အလိုက်ပေးပြီး အဟောင်းကနေ အသစ်ဖြစ်နိုင်တဲ့ ဈေးကွက်တစ်ခု ပေါ်ထွန်းနေကြောင်းပါ။  မောင်မောင်အေး

Sunday, 19 Dec 2010

ပဲစင်းငုံသစ်မပေါ်ခင် လက်ကျန်ပဲများ ထုတ်ရောင်းနေ               မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခုနိုဝင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံတစ်ပိဿာ အနိမ့်အမြင့်ဈေး ၇၆၅ ကျပ်၊ ၈၅ဝ ကျပ်ဟာ ဒီဇင်ဘာလရဲ့ ၁၃ ရက်အတွင်း မှာ ၇ဝ၅ ကျပ်၊ ၇၄ဝ ကျပ်သို့ ကျသွားကြောင်း သိရပါတယ်။ ဈေးကျပေမဲ့ ပဲစင်းငုံအသစ်မပေါ်ခင် လက်ကျန်ပဲများထုတ်ရောင်းနေလို့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ခု ဒီဇင်ဘာလ ပထမပတ်အတွင်း မုံရွာမှ မန္တလေးသို့ ပဲစင်းငုံ တင်း ၆ဝဝ ကျော် စီးထွက်ခဲ့ပါတယ်။ မုံရွာစက်မှုဇုန်ရှိ ကြာဇံစက်များက ပဲစင်းငုံဝယ်လက်ရှိသလို တိုင်းပြင်ပမှ ဝယ်လက်အဆွဲရှိလို့ မုံရွာ ကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှ တင်း ၁၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ သန်းသန်းတင်

Sunday, 19 Dec 2010

အဟောင်းရောအသစ်ပါ အရောင်းအဝယ်အေးနေတဲ့ ပြည်ပဲစင်းငုံ             ပြည်ပဲစင်းငုံမှာ ယခုဒီဇင်ဘာလ တတိယပတ် ဈေးကွက်တွင်း သို့ဝင်ရောက်မှု အေးနေတယ်လို့ သိရပါတယ်။ အခြားတိုင်းသို့လည်း တင်ပို့မှုမရှိကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မှာ ပဲစင်းငုံအသစ်များ ဝင်လာပေမဲ့ လက်ကျန် ပဲ ဟောင်းများ ရှိနေသေးတဲ့အတွက် ပိဿာချိန် ၂ဝ တစ်တင်းကို ပဲဟောင်းမှာ ၁၄ဝဝဝ ကျပ်၊ ပဲသစ်မှာ ၁၇ဝဝဝ ကျပ်ဈေး ရှိကြောင်း သိရပါတယ်။ ဈေးရှိပေမဲ့ မြို့တွင်း အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ

Sunday, 19 Dec 2010

ယခုတစ်ပတ်လည်း ပဲစင်းငုံတန်ချိန် ၂၆ဝဝ ကျော် အတင်ရှိ                   ဒီဇင်ဘာလ ဒုတိယပတ် ပင်လယ်ရေကြောင်းကနေ ပဲစင်းငုံတန်ချိန် ၂၆ဝဝ ကျော် အတင်ရှိလို့ ယခင် တစ်ပတ်တင်ပို့မှု ပမာဏလိုဘဲ တိုးတက်တင်ပို့လာ တာတွေ့ရပါတယ်။ ဒါပေမဲ့ ပြည်တွင်းဈေးကွက်တွေမှာတာ့ ပဲအသစ်အနည်းငယ် ဝင်ရောက်စပြုလာပြီဖြစ်လို့ ဈေးအနည်းငယ်ကျဆင်းလာပါတယ်။ အိန္ဒိယမှာလည်း ပဲစင်းငုံအသစ်တွေ ထွက်ပေါ်လာပြီဖြစ်လို့ မြန်မာနိုင်ငံမှာ ယခုတစ်ပတ် အိန္ဒိယ ဝယ်လက် အဝယ်မရှိသလောက် နည်းတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန်FOB  ဈေးများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                                                                                                     ဒေါ်လာ/တန်                      ပဲစင်းငုံနီ ပဲစင်းငုံဖြုနီ၊                  အဖြု၁၇-၁၂-၁ဝ            ၅၇ဝ-၅၈ဝ                        ၅၂ဝ-၅၃ဝ၉-၁၂-၁ဝ            ၆၂ဝ-၆၃ဝ                          ၅၅ဝ-၅၆ဝMIRT(MAPT) 

Pages