Main menu

Background

Monday, 1 Jul 2013

 
မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက် ပိုင်များ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်)ကို ယခုလပိုင်းမှာ အနယ် နယ် အရပ်ရပ်ဒေသထွက် ပဲတီစိမ်းကြီး ဝင်ရောက်မှုများသလို အရောင်းအဝယ် ဖြစ်မှုလည်း မြန်ဆန် သွက်လက် နေပါ တယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ငါန်းဇွန်ဒေသများသာမက ပခုက္ကူ၊ မုံရွာ၊ ချောင်းဦးဒေသများမှ လည်း ဝင်ရောက်လျက် ရှိပါတယ်။မြင်းခြံ၊ တောင်သာဒေသမှ ဝင်ရောက်မှု ရှိသော်လည်း နည်းပါးပြီး၂၀၁၃ ခုနှစ်၊ မေလနောက်ဆုံးအပတ်မှာ ပဲတီစိမ်းကြီး တစ်ပိဿာ ၁၃၈၇ ကျပ်(တစ်တန် ၈၄၉၃၈၅ ကျပ်) နဲ့ နေ့စဉ်သုံးတင်းအိတ် ၁၀၀၀ မှ ၁၄၀၀ ကြား အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။

Monday, 1 Jul 2013

စစ်ကိုင်းတိုင်းဒေသကြီးမှာ ပဲစင်းငုံကို ဧက ၅ ဒသမ ၅၅ သိန်းလျာထားပြီး၊ ဇွန်လ ၂၃ ရက်ထိ ဧက ၂ ဒသမ ၉၆ သိန်းစိုက်ပျိုးနိုင်ခဲ့ပြီး၊ ရာခိုင်နှုန်းအားဖြင့် ၅၃ ဒသမ ၃၄ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ကြောင်း သိရပါတယ်။

Monday, 1 Jul 2013

မုံရွာကုန်စည်ဒိုင်ရှိ ဒေသခံကုန်သည်တွေအနေနဲ့ သူ့ ဒေသ သူ့နယ်နဲ့သူ၊ ပဲအမျိုးအစားအလိုက် ဦးစားပေး ဝယ်ယူ သိုလှောင်ရောင်းဝယ်လျက်ရှိရာ ပဲကြီးလိုင်းမှာ အဓိကရောင်း ဝယ်တဲ့ ကုန်သည် ၁၀ ဦးခန့်ရှိတယ်လို့ သိရပါ တယ်။ မုံရွာ ကုန်စည်ဒိုင်ကို အဓိကပဲကြီးစီးဝင်ရာ ချောင်းဦး၊ ဘုတလင်၊ ယင်းမာပင်နဲ့ ကနီ၊ မင်းကင်းစတဲ့ဒေသ တွေက ဝင်လာသမျှ ပဲတွေဟာ သူ့ပွဲရုံနဲ့သူ ရောင်းကြဝယ်ကြသိုလှောင်ကြလျက် ရှိပါတယ်။

Monday, 1 Jul 2013

 
မုံရွာကုန်စည်ဒိုင် ဇွန်လလကုန်ပတ်၊ ပဲဈေးကွက်မှာ ကုလားပဲအုပ်စု ပဲစင်းငုံနီနဲ့ မတ်ပဲတို့ ကျဈေးဖြစ်ပေါ်ခဲ့ပြီး၊ ပဲတီစိမ်းကြီး၊ စွန်တာနီ၊ ကသည်း ပဲပုပ်စေ့နဲ့ ပဲကြီးတို့ တက်ဈေး အသီးသီးဖြစ်ပေါ်ခဲ့ကာ ဝယ်လိုအားကောင်းခဲ့ ကြတယ်လို့ ကုန်သည်ရပ်ကွက်ကသိရပါတယ်။ ဇွန်လ လကုန်ပတ်ကုလားပဲအုပ်စု ဈေးကွက်မှာ Export ဝယ်လက်မရှိခြင်း၊ ပဲခွဲခြမ်းအရောင်းပါးခြင်းနဲ့ ပစ္စည်း လက် ကျန်ရှိသေးခြင်းတို့ကြောင့် ကုလာပဲမျိုးစုံတစ်ရက်အိတ် ၅၀၀ မှ ၁၀၀၀ ကြားသာ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဈေး အသီးသီး အေးသွားခဲ့ပါတယ်။

Monday, 1 Jul 2013

 
ယခုဇွန်လနောက်ဆုံးပတ်အတွင်း ပြည်ပဲဈေးကွက် မှာ ပဲဈေးနှုန်းများ ဈေးဆက်လက်ကျဆင်းလျက် ရှိနေတာ ကိုတွေ့ရပါတယ်။ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံဈေးနှုန်းများ ဈေး လျော့လာခဲ့ပြီး ပဲကြီးသီးနှံတစ်မျိုးသာ ဈေးအမြင့် ရခဲ့ပေမဲ့ ဈေးငြိမ်နေခဲ့ပါတယ်။

Thursday, 27 Jun 2013

ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော် ကူးသန်း ရောင်းဝယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၃၉၀ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၄၅၃တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက်  ၄၈၇ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင်မှ ကြက်ဆူစေ့၊ မိကျောင်းကွမ်း ဖတ်စေ့၊ ဆီးသီးခြောက်၊ နေလဲစေ့၊ ကွမ်းသီးခွံ၊ ဒရင်ကောက် မြစ်နဲ့ မာလာဥတို့ကို ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ ဆီးဆံ၊ ကွမ်းစားဂမုန်း၊ ဝဥခြောက်၊ စကားပန်းပွင့်ခြောက်၊ မာလာဥခေါင်းနဲ့ တောင် လုံးကျော်တို့မှာ ယခင်အပတ်ကထက် တင်ပို့မှု လျော့နည်းခဲ့ ပါတယ်။ ချင်းရွှေဟော် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ယခင်အပတ်က ပရဆေးကုန်ကြမ်း တင်ပို့မှုမရှိခဲ့ပေမယ့် ယခုအပတ်မှာတော့ ဒရင်ကောက်မြစ်နဲ့ ဝဥခြောက်တို့ကို တင်ပို့ နိုင်ခဲ့ကြောင်း သိရှိရပါတယ်။  ယခုအပတ်မှာ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၀၀၀ တန်ဖိုးရှိ တောင်လုံးကျော် ၅ တန်ကျော် ကိုလည်း တင်သွင်းမှုရှိခဲ့ပါတယ်။ခင်ကလျာဦး MIRT ( DCCA )
 

Thursday, 27 Jun 2013

ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်တွေကထွက်တဲ့ နနွင်း တွေက၊ အောင်ပန်းဈေးကွက်မှာ အများဆုံး စုပါတယ်။ အောင်ပန်း၊ ကလော၊ နမ့်စန်၊ အင်းလေးစတဲ့ ဒေသတွေက ထွက်တဲ့နနွင်းအတော်များများက ဒေသမှာ အရောင်း အဝယ် ဖြစ်တာထက် ရှမ်းတောင်ရဲ့ လမ်းဆုံဖြစ်တဲ့ အောင်ပန်း ဈေး ကွက်ကိုသာ အဓိကဝင်ေ ရာင်းကြပါ တယ်။ ဟိုပုံးချင်းကတော့ များသောအားဖြင့် သူ့နေရာမှာသူ အရောင်းအဝယ်ဖြစ်ပါ တယ်။

အရည်အသွေးေ ကာင်းတာကြောင့် ဈေးကလည်း အောင်ပန်း၊ ပင်လောင်းနနွင်းထက်ဈေး ပိုရလေ့ရှိပါတယ်။ ဒီနှစ်မူဆယ်ဝယ် လက်တွေကတော့ ဟိုပုံးနနွင်းကို အများဆုံး ဝယ်ယူကြပါတယ်။ အောင်ပန်းဈေးကွက်က နနွင်းကိုတော့ တမူး၊ စစ်တွေကတစ်ဆင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့မှု များပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း တမူးဝယ်လက်တွေက ပိဿာချိန် ၁၅၀၀၀ ခန့် ဝယ်ယူခဲ့တယ်လို့လည်း ဈေးကွက် သတင်းအရ သိရှိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ် နနွင်းပေါက်ဈေး တွေက ပင်လောင်းနနွင်း၄၀၀ ကျပ် - ၅၀၀ ကျပ်၊ အောင်ပန်း နနွင်း ၆၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက ၁၁၅၀ ကျပ်ဈေး ရှိပါတယ်။ဧဧခိုင် - တောင်ကြီး
 

Thursday, 27 Jun 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကူးသန်း ရောင်းဝယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၅၅၀ သန်း တန်ဖိုးရှိတဲ့ နနွင်းတက် ၃၅၅ တန်ကျော်ကို ဇွန်လ ၁၂ ရက်မှ ၁၈ ရက်အတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၂၀၂ တန်သာ တင်ပို့ခဲ့တာမို့ ယခုအပတ်နနွင်းတက်တင်ပို့မှု ၁၅၃ တန်ကျော်ပိုမိုလာတာ တွေ့ရပါတယ်။ နနွင်းကိုတစ်နှစ်ပတ်လုံး စိုက်ပျိုးပြီးသီးညှပ်အနေနဲ့ နနွင်းဘောင်ပေါ်နှမ်းကိုကြဲ စိုက် တာကြောင့် တောင်သူတွေ တွက်ခြေကိုက်တယ်လို့ သိရပါ တယ်။ နနွင်းတက်ကိုတစ်ဖက်နိုင်ငံမှာ တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာမှာနဲ့ ဟင်းခတ်အမွှေးအကြိုင် ကုန်ကြမ်းအနေနဲ့ အသုံးပြုကြတယ်လို့သိရပါတယ်။မော်မော်အောင်၊ MIRT (DCCA)

Thursday, 27 Jun 2013

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန်လ ၉ ရက်မှ ၁၅ ရက်တာ ကာလအတွင်း နနွင်း ၄၂၁ ဒသမ ၃၃ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံကို ၁၉၇ ဒသမ ၀၇ တန်၊ ပါကစ္စတန်နိုင်ငံကို ၃၀ ဒသမ ၀၃ တန်၊ မလေးရှားနိုင်ငံကို ၁၉၄ ဒသမ ၂၃ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် တင်ပို့မှုမှာ စင်ကာပူနိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ပြီး မလေးရှားနိုင်ငံကို ဒုတိယအ များဆုံး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နနွင်းတင်ပို့ခဲ့တဲ့ တန်ချိန်မှာတစ်ရာ့ ခုနှစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ တန်ချိန် နှစ်ရာ့ကိုးဆယ်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ လေးရာ့ကိုးဆယ် ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ နှစ် သိန်းကျော်ဝင်ငွေရရှိခဲ့ပါတယ်။MIRT (DOT)

Thursday, 27 Jun 2013

သီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန်လ ၉ ရက်မှ ၁၅ ရက်နေ့တာကာလအတွင်း မန်ကျည်း ၉၁ ဒသမ ၉၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် တင်ပို့မှုမှာ စင်ကာပူနိုင်ငံကို ၂၃ ဒသမ ၉၆ တန်၊ ဂျပန်နိုင်ငံကို ၁၈ တန်နဲ့ ပါကစ္စတန်နိုင်ငံကို တန် ၅၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်ရေ ကြောင်းလမ်းမှ မန်ကျည်းတင်ပို့မှုမှာ ၂၅ တန်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ  တန်ချိန် ခြောက်ဆယ်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇွန်လ ဒုတိယသီတင်းပတ်အ တွင်းမန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေမှာ ကန်ဒေါ်လာ သုံးသောင်း ကိုးထောင် ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။               MIRT (DOT)

Pages