Main menu

Background

Monday, 6 Dec 2010

အရောင်းအဝယ်သွက်လာတဲ့ မကွေးတိုင်းဒေသကြီးထွက် ပဲတီစိမ်း              မကွေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းများ နယ်စုံကဝင်ရောက်လျက်ရှိပါတယ်။ နိုဝင်ဘာနောက်ဆုံးပတ်က ပဲတီစိမ်း တစ်တင်း ၂၃ဝဝဝ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပြီး ယခုဒီဇင်ဘာလဆန်းမှ စပြီး ပဲတီစိမ်းတစ်တင်းကို ၂၄ဝဝဝ ကျပ်၊  ၂၅ဝဝဝ ကျပ်တို့ဖြင့် ဈေးပြန်လည်မြင့်တက်ခဲ့ပါတယ်။ တရုတ်ကြိုက်ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေး ဝယ်လက်များ အပြိုင် ဝယ်ယူမှုရှိခဲ့တာကြောင့် ကုန်စည်ဒိုင်များအတွင်း နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ရာ မကွေးကုန်စည်ဒိုင်တွင် တစ်ရက်ပျမ်းမျှအိတ် ၂ဝဝ မှ ၃ဝဝ ကြား၊ ပခုက္ကူကုန်စည်ဒိုင်တွင် အိတ် ၁ဝဝ-၂ဝဝ ကြား၊ အောင်လံကုန်စည်ဒိုင်တွင် အိတ် ၅ဝဝ မှ အိတ် ၁ဝဝဝ ကြား ရှိခဲ့ကြောင်း သိရပါတယ်။ တင်ပို့မှုများအနေနဲ့ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း အောင်လံမှ ရန်ကုန်သို့ ၁၃ဝဝ အိတ်၊ ချောက်မှ ရန်ကုန်သို့ ၅၃ဝဝ အိတ်၊ ချောက်မှ မန္တလေးသို့ ၁၄ဝဝ အိတ် ပခုက္ကူမှ မန္တလေးသို့ ၃၄၁ အိတ်၊ ပခုက္ကူမှ ရန်ကုန်သို့ အိတ် ၁၇၅ဝ ၊ မကွေးမှ ရန်ကုန်သို့ ၁၅ဝဝ အိတ်တို့ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ တင်တင်လှ 

Monday, 6 Dec 2010

အဝင်များလို့ ဈေးကျသွားတဲ့ ပြည်ပဲတီစိမ်း           ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲတီစိမ်း အဝင်များလာတာကို တွေ့ရပါတယ်။ ဒေသတွင်းမြို့နယ်များမှ အဝင်ရှိသလို ကံမဖက်မှလည်း နေ့စဉ်အဝင်ရှိနေတယ်လို့သိရပါတယ်။ ယခင်အပတ်က တစ်ရက်လျှင် အိတ် ၅ဝဝ ကျော်ထိ အဝင်ရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာတော့ အိတ် ၁ဝဝဝ ကျော်ထိ အဝင်များလာခဲ့ပြီး၊ တစ်တင်းလျှင် ၂၈ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ယခင်ပတ်က တစ်တင်း ၃ဝဝဝဝ ကျပ်ရှိခဲ့ရာမှာ ယခုတစ်ပတ်မှာ ပဲတီစိမ်းအဝင်များလို့ ဈေးကျသွားခဲ့ တယ်လို့သိရပါတယ်။ နိုဝင်ဘာလကုန်ထိ ပဲတီစိမ်းတင်ပို့မှုအနေဖြင့် ရန်ကုန်သို့ အိတ် ၂၅ဝဝ ကျော် တင်ပို့နိုင်ခဲ့ကြောင်း  သိရပါတယ်။                                                                                                                       ခင်ဆွေဝင်း 

Monday, 6 Dec 2010

 ပဲတီစိမ်းမှာ ပြည်တွင်းလက်ကျန်နည်းပါးလို့ တင်ပို့မှုလျော့             နိုဝင်ဘာလ ၂၄ ရက်မှ ၃ဝ ရက်ထိကာလအတွင်း မူဆယ်မှ ပဲတီစိမ်း ၄၇၉ တန်ကျော်နဲ့ စစ်တွေမှ ၅ တန် စုစုပေါင်း ၄၈၄ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၄၅ သန်းဖိုးနဲ့ ပဲတီစိမ်းလုံးခြမ်း တန် ၂၃၂ တန် ကျော်ကန်ဒေါ်လာ ဝ ဒသမ ၂၆၃ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းလက်ကျန်နည်းပါးပြီး ပြည်တွင်း ဈေးနှုန်းမြင့်တက်ခဲ့၍ တင်ပို့မှုလျော့နည်းခဲ့ တယ်လို့ သိရပါတယ်။ ယခင်အပတ်က မူဆယ်မှ ပဲတီစိမ်း တန် ၉၁ဝ ကျော်နဲ့ လုံးခြမ်း တန် ၃ဝဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မိမိဘက် နဲ့တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် -                                               မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု            ယခင်         ပြောင်းလဲမှု    ရာခိုင်နှုန်း       ယခု          ယခင်  ပြောင်းလဲမှု   ရာခိုင်နှုန်းပဲတီစိမ်း         ၁ဝ၄၃၂ဝ၆      ၁ဝ၅၇၁၉၆       ၁၃၉၉ဝ       ၁ .၃         ၁၁၅၃       ၁၂၄၇          ၉၄         ၈MIRT (DOBT)  

Monday, 6 Dec 2010

ပဲတီစိမ်းတင်ပို့မှု အနည်းငယ်ပြန်တက်လာ             ယခုတစ်ပတ် (နိုဝင်ဘာလ ၂၅ ရက်မှ ၃ဝ ရက်)အတွင်းမှာတော့ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၂၆ဝဝ ခန့်ကို တင်ပို့မှု တက်လာခဲ့ပါတယ်။ နယ်စပ်လမ်းကြောင်းကတစ်ဆင့် တရုတ်ဘက်က အဝယ်ရပ် နေတဲ့ အချိန် ပြည်တွင်းဈေးအေးနေတဲ့အတွက် အိန္ဒိယနဲ့ ပါကစ္စတန် ဝယ်လက်အချို့ အဝယ်ပြန်လိုက်လာခဲ့တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ အရောင်းအဝယ်ပြန်လိုက်လာပေမဲ့ ရန်ကုန် FOB ဈေးကတော့ ယခင် တစ်ပတ်လိုပဲ ဒီဇင်ဘာလ ၂ ရက်မှာလည်း ပဲတီစိမ်း (အညာ) တစ်တန်ကို ကန်ဒေါ်လာ ၉၅ဝ-၉၆ဝ နဲ့ ပခုက္ကူ တစ်တန်ကို ကန်ဒေါ်လာ ၉၇ဝ-၉၈ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။                                                                             MIRT - MAPT  

Monday, 6 Dec 2010

ပဲသစ်ဝင်လို့ ဈေးအေးသွားတဲ့ ပဲလွန်းဖြူ       ပြည်ပဲဈေးကွက်မှာ ပဲလွန်းဖြူ အသစ်များ စဝင်စပြုနေပါပြီ။ ပဲတစ်တင်းကို ၃ဝဝဝဝ ကျပ်နဲ့ ဈေးပိတ်ခဲ့ပြီး ယခုပဲသစ်တစ်တင်းကို ၂၃ဝဝဝ ကျပ်နဲ့ ဈေးဖွင့်တယ်လို့ သိရပါတယ်။ ဟင်္သာတ မြို့နယ်၊ နတ်တလင်း (တာပွန်) မြို့ များမှ ပြည်မြို့ပွဲရုံများသို့ တစ်နေ့ကို အိတ် ၂ဝ-၃ဝ ခန့် လာရောက် ရောင်း ချကြတယ်လို့ သိရပါတယ်။                          မိမိအေး 

Monday, 6 Dec 2010

 ပဲလွန်းဖြူ တန် ၁ဝဝ ကျော်နဲ့ တင်ပို့မှု ရှိနေဆဲ                  ပြည်တွင်း ပဲဈေးကွက်တွေမှာ အခြား ပဲအုပ်စု လက်ကျန်တွေ တော်တော်နည်းလာပြီဖြစ်ပါတယ်။ လက်ကျန် နည်းသွားပေမဲ့ ယခုတစ်ပတ်မှာ တော့ (နိုဝင်ဘာလ ၂၆ ရက်နဲ့ ၂၉ ရက်) တင်ပို့မှု ပဲလွန်းဖြူတန်ချိန် ၁၂ဝ ခန့်တင်ပို့မှုရှိနေဆဲဖြစ်တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်ကာပူ၊ ဖိလစ်ပိုင်၊ ကိုရီးယားတို့ဖြစ်ပါတယ်။ အချို့ ဒေသတွေမှာ ပဲလွန်ဖြူသစ်တွေ ထွက်နေပြီလို့ သိရပါတယ်။ ရန်ကုန်  FOB ဈေးအနေနဲ့ ဒီဇင်ဘာလ ၂ ရက် နေ့မှာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ၊ SQ တစ်တန်ကို ကန် ဒေါ်လာ ၈၉ဝ-၉ဝဝ နဲ့ ယခင်သီတင်း ပတ် ဈေးအတိုင်း ငြိမ်နေတာ တွေ့ရပါတယ်။ အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ နိုဝင်ဘာလ ၃ဝ ရက်က ပဲခူးစ တစ်တန်ကို ရူပီး ၄၅ဝဝဝ (ကန်ဒေါ်လာ ၉၈ဝ) ပဲလွန်းဖြူ (မြစ်ဝ) မှာ တစ်တန်ကို ရူပီး ၄၃ဝဝဝ (ကန်ဒေါ်လာ ၉၃၆) ဈေးဖြစ်ကြောင်း သိရပါတယ်။         MIRT - MAPT

Monday, 6 Dec 2010

 နတ်တော်လပြည့်အမီ ဆောင်းသီးနံှ မတ်ပဲနဲ့ ပဲတီစိမ်းကိုအပြီးစိုက်ကြမယ်          ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းမှာ ဆောင်းသီးနံှအဖြစ် မတ်ပဲဧက ၅ ဒသမ ၁ သိန်းနဲ့ ပဲတီစိမ်း (ရွှေဝါ) ဧက ၃ ဒသမ ၆ သိန်းစိုက်ပျိုးမှာ ဖြစ်ပါတယ်။ ပဲစိုက်တောင်သူကြီးများက နောင်လာနောက်သား ပဲစိုက်တောင်သူများကို လက်ဆင့်ကမ်းမှာကြားထားတာကတော့ ပဲစိုက်တဲ့သူများအတွက် ''နတ်တော်ဆိုတာ နင်တော်လို့မှတ်ရမှာ ဖြစ်ပါတယ်'' လို့ ဆိုပါတယ်။         စိုက်ပျိုးရေးပညာကို စနစ်တကျသင်ကြားထားတာမဟုတ်ပေမဲ့ တောင်သူကြီးများရဲ့ သတိပေးချက်ဟာ သဘာဝကျပါတယ်။ အောက်မြန်မာပြည်မှာ မိုးရာသီကုန်ဆုံးပြီး မြေကြီအစိုဓါတ်ကို ထိန်းထားနိုင်တာ ဒီဇင်ဘာလလယ်ခန့်အထိ ဖြစ်ပြီး ညအပူချိန်ဟာလည်း နိုဝင်ဘာလမှာ ၂ဝ ဒီဂရီစင်တီဂရိတ်ခန့်နဲ့ ဒီဇင်ဘာလထဲမှာ တဖြည်းဖြည်း ကျဆင်းလာပါတယ်။ အောက်ပိုင်းဒေသဖြစ်တဲ့ ပဲခူးခရိုင်အတွင်းမှာ ပင်လယ်နဲ့ နီးတဲ့အတွက် အအေးဓါတ် လျော့ပါတယ်။ ဆောင်းသီးနံှမတ်ပဲရော ပဲတီစိမ်းပါမြေအစိုဓါတ်မီအောင် စပါးရိတ်သိမ်းပြီး၊ အမြန်ပြန်လည် ထွန်ယက်စိုက်ပျိုးရတာဖြစ်ပါတယ်။ ပဲတီစိမ်းဟာ အအေးဓါတ်ကြောက်တဲ့အတွက် အအေးဓါတ် နေ့နဲ့ည ကွာခြားချက်နည်းတဲ့ ဒေသများ၊ ကာလများမှာသာ အပင်ပေါက်နှုန်းကောင်းတဲ့အပြင် အသီးထွက်နှုန်းလည်း ကောင်းတဲ့အတွက် ရှေးတောင်သူကြီးများ မှာကြားခဲ့တဲ့ နတ်တော်လပြည့်မကျော်ရအောင် ဆောင်းသီးနံှမတ်ပဲနှင့် ပဲတီစိမ်းကို အားသွန် ခွန်စိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ွှွှ

Monday, 6 Dec 2010

ပြည်ဈေးကွက်သို့ ပဲစင်းငုံသစ်များ အနည်းငယ်ဝင်လာပြီ              ပြည်ဈေးကွက်အတွင်းသို့ ယခင်နိုဝင်ဘာလက အခြားတိုင်းမှ အိတ် ၅၅ဝ အဝင်ရှိခဲ့သော်လည်း ယခု ဒီဇင်ဘာလဆန်းပိုင်းတွင် ဈေးကွက်အတွင်းသို့ အခြားတိုင်းမှ အဝင်မရှိသေးကြောင်းသိရပြီး ယခုရက်ပိုင်း ဈေးကွက်အတွင်းသို့ ပဲစင်းငုံအသစ်များ တိုင်းအတွင်းဒေသများမှ အနည်းငယ်ဝင်လာ တယ်လို့သိရပါတယ်။ ပြည်ဈေးကွက်တွင် ပဲစင်းငုံအဟောင်းမှာ ပိဿာ ၂ဝ တစ်တင်းလျှင် ၁၄ဝဝဝ ကျပ်၊ အသစ်မှာ ၁၇၅ဝဝ ကျပ်ဈေးဖြင့် ပဲစင်းငုံအသစ်များသာ အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။ တစ်နေ့လျှင် အိတ် ၂ဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်းသိရပါတယ်။             ဆုမွန်မွန်လှိုင်

Monday, 6 Dec 2010

အသစ်ထွက်ပေါ်ချိန်နီးလို့ ပဲဟောင်းထုတ်နေတဲ့ မုံရွာပဲစင်းငုံနီဈေးကွက်               ယခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးမှာ ပဲစင်းငုံနီကို လျာထားဧက ၅ ဒသမ ၂၄ သိန်းမှာ ဧက ၅ ဒသမ ၄၅ သိန်းဧက စိုက်ခဲ့ပြီး ယခင်နှစ်ထက် စိုက်ဧက ၃ သောင်းကျော် ပိုစိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။                 ယခုနှစ်နောက်ပိုင်း မိုး (မိုးနှောင်း) ကောင်းခဲ့တဲ့အတွက် ပဲစင်းငုံ စိုက်ခင်း အားလုံး ကောင်းမွန်ကြောင်းသိရပြီး အပွင့်၊ အသီး ဝေဆာစွာဖြင့် ဒီဇင်ဘာလကုန်၊ နိုဝင်ဘာလဆန်းမှာ ပဲစင်းငုံအသစ်များ ဈေးကွက်ရောက် တော့မှာဖြစ်ပါတယ်။ ပဲအသစ်ပေါ်တော့မှာဖြစ်တဲ့အတွက် ပဲစင်းငုံ လှောင်လက်သမားများ ကတော့ အောက်ဈေးဖြစ်တဲ့ တစ်တင်း ၁၅၅ဝဝ ကျပ်၊ ၁၆ဝဝဝ ကျပ်ဝန်းကျင် ဈေးများနဲ့ နေ့စဉ်အိတ်ရေ ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။      အောင်မင်း

Monday, 6 Dec 2010

ပဲစင်းငုံတင်ပို့မှု တန် ၂ဝဝဝ နီးပါးရှိ           ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း ပဲစင်းငုံတင်ပို့မှု တန်ချိန် ၁၅ဝဝ ရှိခဲ့ရာမှ ယခုသီတင်းပတ် (နိုဝင်ဘာလ ၂၅ ရက်မှ ၃ဝ ရက်) အတွင်းမှာတော့ တန်ချိန် ၂ဝဝဝ နီးပါးကို တိုးတက်တင်ပို့လာတာတွေ့ရပါတယ်။ ယခုတစ်ပတ် အတွင်း အိန္ဒိယတင်ဒါအောင်သူအချို့ အဝယ်ရှိလို့ အရောင်းအဝယ် အနည်းငယ် ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးအချို့မှာ ပဲစင်းငုံအသစ်များ ပေါ်စပြုပြီ ဖြစ်ပြီး ဒီဇင်ဘာနှောင်းပိုင်းမှာတော့ လှိုင်လှိုင်ဝင်ရောက်လာဖွယ်ရှိပါတယ်။ ရန်ကုန် FOB  ဈေးကတော့ ယခင်တစ်ပတ်အတိုင်း ဒီဇင်ဘာ ၂ ရက်နေ့မှာလည်း ပဲစင်းငုံနီ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ၊ ပဲစင်းငုံဖြူနီ၊ အဖြူ တစ်တန်ကို ကန်ဒေါ်လာ ၅၇ဝ-၅၈ဝ ဖြစ်ကြောင်း သိရပါတယ်။                                 MIRT - MAPT

Pages