Background
လက်ကျန်ပဲများတင်ပို့နေတဲ့ ထောပတ်ပဲနဲ့ ပဲယင်း လက်ကျန်ပဲများ ကုန်သလောက်ဖြစ်နေပြီး ပဲအသစ်များမှာလည်း ယခုလ နှောင်းပိုင်းမှာ ထွက်မှာဆိုတော့ အနည်းအကျဉ်းသာကျန်တဲ့ လက်ကျန်ပဲများ ဆက်လက်တင်ပို့နေပါသေးတယ်။ ယခုတစ်ပတ်အတွင်းမှာတော့ နိုဝင်ဘာလ ၂၆ ရက်နဲ့ ၂၉ ရက်မှာ ထောပတ်ပဲတန်ချိန် ၆ဝ ကျော်နဲ့ ပဲယင်းတန် ၅ဝ ကိုရီးယားနဲ့ အရှေ့အလယ်ပိုင်းကို တင်ပို့ခဲ့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်ဈေးထက် အနည်းငယ်မြင့်ကာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၁၁ဝဝ- ၁၁၁ဝ ၊ ပဲယင်းတစ်တန်ကို ကန်ဒေါ်လာ ၆၇၅-၆၈၅ ဈေးဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ပုံမှန်အရောင်းအဝယ်ရှိပေမဲ့ ဈေးအေးတဲ့ ပြည်ကုလားပဲ ပြည်ဈေးကွက်ရဲ့ ကုလားပဲဈေးမှာ နိုဝင်ဘာနောက်ဆုံးပတ်က တစ်တင်း ၂၅၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ် ရှိပြီး ဒီဇင်ဘာလ ပထမပတ်မှာ တစ်တင်း ၂၃၂ဝဝ ကျပ်သို့ ဈေးအေးလာပါတယ်။ မိုျးသမားနဲ့ လိုင်းသမားတို့ အဝယ် မရှိတော့ဘဲ ပဲခွဲစက်သမားများသာ ပုံမှန်အဝယ်ရှိပြီး မန္တလေးမှ ပြည်သို့ ကုလားပဲများ ဝင်ရောက်လာတဲ့အတွက် ဈေးကျခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အခြားတိုင်း သို့ တင်ပို့ရောင်းချမှုမရှိပဲ ဒေသတွင်း ခွဲစက်သမားများသာ အဝယ်ရှိတဲ့အတွက် တစ်နေ့အိတ် ၁ဝဝ ခန့်သာ အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
မုံရွာကုန်စည်ဒိုင် နိုဝင်ဘာပဲဈေးကွက်မှာ အရောင်းသွက်တဲ့ကုလားပဲ မုံရွာကုန်စည်ဒိုင် နိုဝင်ဘာကုလားပဲဈေးကွက်ဟာ ဒီရာသီမှာ ကုလားပဲ မိုျးကွဲ အားလုံး ဈေးအမြင့်ဆုံးရခဲ့ကာ ကုလားပဲရိုးရိုးတစ်တင်း ၂၄ဝဝဝ ကျပ်၊ ကုလားပဲ တိုင်ပေတစ်တင်း ၂၅ဝဝဝ ကျပ်၊ ကုလားပဲ V2 တစ်တင်း ၂၆ဝဝဝ ကျပ် နဲ့ ၉၂၉ တစ်တင်း ၂၆၂ဝဝ ကျပ်ထိ အသီးသီးဈေးပေါက်ခဲ့တာတွေ့ရပါတယ်။ ဈေးကွက်အားဖြင့် Export ဝယ်လက်မရှိခဲ့ဘဲ ပြည်တွင်းစားသုံးမှုနဲ့ ဒေသတွင်း ပဲခွဲစက်၊ အမှုန့်ကြိတ်စက်၊ ကြာဇံစက်နဲ့ ပဲကြော်လုပ်ငန်း တွေက ဝယ်ယူမှု များပြားခဲ့တယ်လို့ဆိုပါတယ်။ မနှစ်က ပဲအထွက်လျော့ခဲ့ကာ ယခင်ပဲဟောင်း လက်ကျန်နည်းပြီး ဝယ်လိုအားများခဲ့ခြင်းကြောင့် ယခုလို ကုလားပဲချော ဈေးကောင်း ရရှိခြင်းဖြစ်တယ်လို့ ကုန်သည်ရပ်ကွက်က သုံးသပ်ကြပါတယ်။ နိုဝင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ တစ်နေ့ အိတ် ၅ဝဝ အထက် နေ့စဉ် အရောင်းအဝယ်သွက်ခဲ့ပြီး၊ မုံရွာနယ်မြေကနေ မန္တလေးကို တင်း ၆၅ဝဝ ကျော်၊ ရန်ကုန်ကို တင်း ၁ဝဝဝ ကျော်နဲ့ ပခုက္ကူကို တင်း ၁၃ဝဝ ခန့် အသီးသီး တင်ပို့ခဲ့ကြ တယ်လို့သိရပါတယ်။ ဒီဇင်ဘာလဆန်းမှာတော့ ကုလားပဲတိုင်ပေတစ်တင်း ၂၂ဝဝဝ ကျပ်၊ V2 တစ်တင်း ၂၃၈ဝဝ ကျပ်နဲ့ အရောင်းအဝယ် အသင့်အတင့်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
မိုးစိုက်ပဲတီစိမ်းများ မုံရွာဈေးကွက်အတွင်းဝင်ရောက်လာ စစ်ကိုင်းတိုင်းဒေသကြီးမှာ မိုးပဲတီစိမ်းကို လျာထားဧက ၄ ဒသမ ဝ၁ သိန်းမှ ဧက ၄ ဒသမ ၁၆ သိန်း စိုက်ပျိုး ခဲ့ကြောင်း သိရပါတယ်။ ဘုတလင်၊ ယင်းမာပင်၊ အရာတော်မြို့နယ်များမှ စိုက်ပျိုးခဲ့တဲ့ မိုးပဲတီစိမ်းများ မုံရွာဈေးကွက်သို့ ဝင်ရောက်လာပြီလို့သိရပါတယ်။ ပဲအရည်အသွေးကောင်းပြီး၊ အလုံးအရွယ်အစားသေးငယ်တဲ့အတွက် ပဲတီစိမ်းအသေးအဖြစ် တစ်တင်း ၂၂၅ဝဝ ကျပ် ဈေးနဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များကပြောပြပါတယ်။ အောင်မင်း
အရောင်းအဝယ်သွက်လာတဲ့ မကွေးတိုင်းဒေသကြီးထွက် ပဲတီစိမ်း မကွေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းများ နယ်စုံကဝင်ရောက်လျက်ရှိပါတယ်။ နိုဝင်ဘာနောက်ဆုံးပတ်က ပဲတီစိမ်း တစ်တင်း ၂၃ဝဝဝ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပြီး ယခုဒီဇင်ဘာလဆန်းမှ စပြီး ပဲတီစိမ်းတစ်တင်းကို ၂၄ဝဝဝ ကျပ်၊ ၂၅ဝဝဝ ကျပ်တို့ဖြင့် ဈေးပြန်လည်မြင့်တက်ခဲ့ပါတယ်။ တရုတ်ကြိုက်ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေး ဝယ်လက်များ အပြိုင် ဝယ်ယူမှုရှိခဲ့တာကြောင့် ကုန်စည်ဒိုင်များအတွင်း နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ရာ မကွေးကုန်စည်ဒိုင်တွင် တစ်ရက်ပျမ်းမျှအိတ် ၂ဝဝ မှ ၃ဝဝ ကြား၊ ပခုက္ကူကုန်စည်ဒိုင်တွင် အိတ် ၁ဝဝ-၂ဝဝ ကြား၊ အောင်လံကုန်စည်ဒိုင်တွင် အိတ် ၅ဝဝ မှ အိတ် ၁ဝဝဝ ကြား ရှိခဲ့ကြောင်း သိရပါတယ်။ တင်ပို့မှုများအနေနဲ့ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း အောင်လံမှ ရန်ကုန်သို့ ၁၃ဝဝ အိတ်၊ ချောက်မှ ရန်ကုန်သို့ ၅၃ဝဝ အိတ်၊ ချောက်မှ မန္တလေးသို့ ၁၄ဝဝ အိတ် ပခုက္ကူမှ မန္တလေးသို့ ၃၄၁ အိတ်၊ ပခုက္ကူမှ ရန်ကုန်သို့ အိတ် ၁၇၅ဝ ၊ မကွေးမှ ရန်ကုန်သို့ ၁၅ဝဝ အိတ်တို့ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ တင်တင်လှ
အဝင်များလို့ ဈေးကျသွားတဲ့ ပြည်ပဲတီစိမ်း ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲတီစိမ်း အဝင်များလာတာကို တွေ့ရပါတယ်။ ဒေသတွင်းမြို့နယ်များမှ အဝင်ရှိသလို ကံမဖက်မှလည်း နေ့စဉ်အဝင်ရှိနေတယ်လို့သိရပါတယ်။ ယခင်အပတ်က တစ်ရက်လျှင် အိတ် ၅ဝဝ ကျော်ထိ အဝင်ရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာတော့ အိတ် ၁ဝဝဝ ကျော်ထိ အဝင်များလာခဲ့ပြီး၊ တစ်တင်းလျှင် ၂၈ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ယခင်ပတ်က တစ်တင်း ၃ဝဝဝဝ ကျပ်ရှိခဲ့ရာမှာ ယခုတစ်ပတ်မှာ ပဲတီစိမ်းအဝင်များလို့ ဈေးကျသွားခဲ့ တယ်လို့သိရပါတယ်။ နိုဝင်ဘာလကုန်ထိ ပဲတီစိမ်းတင်ပို့မှုအနေဖြင့် ရန်ကုန်သို့ အိတ် ၂၅ဝဝ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပဲတီစိမ်းမှာ ပြည်တွင်းလက်ကျန်နည်းပါးလို့ တင်ပို့မှုလျော့ နိုဝင်ဘာလ ၂၄ ရက်မှ ၃ဝ ရက်ထိကာလအတွင်း မူဆယ်မှ ပဲတီစိမ်း ၄၇၉ တန်ကျော်နဲ့ စစ်တွေမှ ၅ တန် စုစုပေါင်း ၄၈၄ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၄၅ သန်းဖိုးနဲ့ ပဲတီစိမ်းလုံးခြမ်း တန် ၂၃၂ တန် ကျော်ကန်ဒေါ်လာ ဝ ဒသမ ၂၆၃ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းလက်ကျန်နည်းပါးပြီး ပြည်တွင်း ဈေးနှုန်းမြင့်တက်ခဲ့၍ တင်ပို့မှုလျော့နည်းခဲ့ တယ်လို့ သိရပါတယ်။ ယခင်အပတ်က မူဆယ်မှ ပဲတီစိမ်း တန် ၉၁ဝ ကျော်နဲ့ လုံးခြမ်း တန် ၃ဝဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မိမိဘက် နဲ့တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်းပဲတီစိမ်း ၁ဝ၄၃၂ဝ၆ ၁ဝ၅၇၁၉၆ ၁၃၉၉ဝ ၁ .၃ ၁၁၅၃ ၁၂၄၇ ၉၄ ၈MIRT (DOBT)
ပဲတီစိမ်းတင်ပို့မှု အနည်းငယ်ပြန်တက်လာ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၅ ရက်မှ ၃ဝ ရက်)အတွင်းမှာတော့ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၂၆ဝဝ ခန့်ကို တင်ပို့မှု တက်လာခဲ့ပါတယ်။ နယ်စပ်လမ်းကြောင်းကတစ်ဆင့် တရုတ်ဘက်က အဝယ်ရပ် နေတဲ့ အချိန် ပြည်တွင်းဈေးအေးနေတဲ့အတွက် အိန္ဒိယနဲ့ ပါကစ္စတန် ဝယ်လက်အချို့ အဝယ်ပြန်လိုက်လာခဲ့တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ အရောင်းအဝယ်ပြန်လိုက်လာပေမဲ့ ရန်ကုန် FOB ဈေးကတော့ ယခင် တစ်ပတ်လိုပဲ ဒီဇင်ဘာလ ၂ ရက်မှာလည်း ပဲတီစိမ်း (အညာ) တစ်တန်ကို ကန်ဒေါ်လာ ၉၅ဝ-၉၆ဝ နဲ့ ပခုက္ကူ တစ်တန်ကို ကန်ဒေါ်လာ ၉၇ဝ-၉၈ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
ပဲသစ်ဝင်လို့ ဈေးအေးသွားတဲ့ ပဲလွန်းဖြူ ပြည်ပဲဈေးကွက်မှာ ပဲလွန်းဖြူ အသစ်များ စဝင်စပြုနေပါပြီ။ ပဲတစ်တင်းကို ၃ဝဝဝဝ ကျပ်နဲ့ ဈေးပိတ်ခဲ့ပြီး ယခုပဲသစ်တစ်တင်းကို ၂၃ဝဝဝ ကျပ်နဲ့ ဈေးဖွင့်တယ်လို့ သိရပါတယ်။ ဟင်္သာတ မြို့နယ်၊ နတ်တလင်း (တာပွန်) မြို့ များမှ ပြည်မြို့ပွဲရုံများသို့ တစ်နေ့ကို အိတ် ၂ဝ-၃ဝ ခန့် လာရောက် ရောင်း ချကြတယ်လို့ သိရပါတယ်။ မိမိအေး
ပဲလွန်းဖြူ တန် ၁ဝဝ ကျော်နဲ့ တင်ပို့မှု ရှိနေဆဲ ပြည်တွင်း ပဲဈေးကွက်တွေမှာ အခြား ပဲအုပ်စု လက်ကျန်တွေ တော်တော်နည်းလာပြီဖြစ်ပါတယ်။ လက်ကျန် နည်းသွားပေမဲ့ ယခုတစ်ပတ်မှာ တော့ (နိုဝင်ဘာလ ၂၆ ရက်နဲ့ ၂၉ ရက်) တင်ပို့မှု ပဲလွန်းဖြူတန်ချိန် ၁၂ဝ ခန့်တင်ပို့မှုရှိနေဆဲဖြစ်တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်ကာပူ၊ ဖိလစ်ပိုင်၊ ကိုရီးယားတို့ဖြစ်ပါတယ်။ အချို့ ဒေသတွေမှာ ပဲလွန်ဖြူသစ်တွေ ထွက်နေပြီလို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဒီဇင်ဘာလ ၂ ရက် နေ့မှာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ၊ SQ တစ်တန်ကို ကန် ဒေါ်လာ ၈၉ဝ-၉ဝဝ နဲ့ ယခင်သီတင်း ပတ် ဈေးအတိုင်း ငြိမ်နေတာ တွေ့ရပါတယ်။ အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ နိုဝင်ဘာလ ၃ဝ ရက်က ပဲခူးစ တစ်တန်ကို ရူပီး ၄၅ဝဝဝ (ကန်ဒေါ်လာ ၉၈ဝ) ပဲလွန်းဖြူ (မြစ်ဝ) မှာ တစ်တန်ကို ရူပီး ၄၃ဝဝဝ (ကန်ဒေါ်လာ ၉၃၆) ဈေးဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT