Main menu

Background

Wednesday, 10 Nov 2010

 မန္တလေး ဝယ်လက်သွက်တဲ့ မုံရွာပဲတီစိမ်း              မုံရွာနယ်တစ်ဝိုက်မှာ ဈေးကွက်မျှော်လင့်ချက်နဲ့ စိုက်ခဲ့ကြတဲ့ ပဲတီစိမ်းတွေ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း မုံရွာ ကုန်စည်ဒိုင်မှာ နယ်စုံက တင်း ၂ သောင်းခန့်ဝင်ရောက်ခဲ့ပြီး မန္တလေးလက်အများဆုံးဝယ်ယူခဲ့ကာ တင်း တစ်သောင်းခန့် ရှိတယ်လို့ သိရှိရပါတယ်။ အောက်တိုဘာလ မုံရွာပဲတီစိမ်းဈေးကွက်မှာ တစ်တင်း အနိမ့်ဆုံးအောက်စ ၂ဝ၃ဝဝ ကျပ်မှ အမြင့်ဆုံး ၂၂၅ဝဝ ကျပ်ထိရရှိခဲ့ပြီး ၊ ထိပ်စတစ်တင်းအနိမ့်ဆုံး ၂၄ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၈ဝဝဝ ကျပ်ထိ ရရှိခဲ့တာတွေ့ရ ပါတယ်။ နိုဝင်ဘာလဆန်းမှာတော့ အောက်စတစ်တင်း ၂၂ဝဝဝ ကျပ်၊ ထိပ်စ တစ်တင်း ၂၆၅ဝဝ ကျပ်နဲ့ အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ ပဲတီစိမ်းကြီးဈေးကွက် ဈေးအတက်အကျဟာ မန္တလေးအဆွဲကို ဆက်လက်အားပြုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။                                                                                                                             ထွန်းလှိုင်

Wednesday, 10 Nov 2010

စစ်တွေနယ်စပ် ပဲတီစိမ်း စတင်ပို့ပြီ          ပုံမှန်တရုတ်ပြည်သို့ ပို့နေကျ မူဆယ်နယ်စပ်ပေါက်မှ သာမက ယခုအပတ်မှာစစ်တွေနယ်စပ်မှလည်း ပဲတီစိမ်း လုံးခြမ်း တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မူဆယ်နယ်စပ်မှ ပဲတီစိမ်း ၁၈၄၅ ဒသမ ၅ တန်၊ ကန်ဒေါ်လာ ၁ ဒသမ ၇၃ သန်း နီးပါးဖိုး၊ ပဲတီစိမ်းလုံးခြမ်း ၂၇၅ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၃၄ သန်းဖိုးနဲ့ စစ်တွေနယ်စပ်မှ ပဲတီစိမ်းလုံးခြမ်း ၁၅ တန် ကန်ဒေါ်လာ ဝ ဒသမ ဝဝ၉ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ စစ်တွေနယ်စပ် ကုန်သွယ်ရေးမှ တစ်ဆင့် တင်ပို့တဲ့ ပဲတီစိမ်းဟာ ကျောက်တော်နဲ့မြောက်ဦးဒေသထွက်ကုန်များဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပဲတီစိမ်းလုံး တင်ပို့နိုင်မှုဟာ တန်ချိန် ၁၅ဝဝ ကျော်လျော့နည်းခဲ့ပြီး ပဲတီစိမ်းလုံးခြမ်း တင်ပို့မှုကတော့ ၆၃ တန်ကျော် ပိုမိုခဲ့ပါတယ်။ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ရှိ ပဲတီစိမ်းပေါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ် -                                      မိမိဘက်(ကျပ်/တန်)                               တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု      ယခင်         ပြောင်းလဲမှု        ရာခိုင်နှုန်း         ယခု       ယခင်        ပြောင်းလဲမှု      ရာခိုင်နှုန်းပဲတီစိမ်း ၁ဝ၄ဝ၁၇၃     ၁ဝ၁၃၂၆၂        ၂၆၉၁၁          ၃                 ၁၁၆၈    ၁၂၄၄             ၇၆              ၇MIRT (DOBT)

Wednesday, 10 Nov 2010

ဒီတစ်ပတ်ပဲတီစိမ်း တန် ၃ဝဝဝ ခန့်တင်ပို့မှုရှိ             ယခုတစ်ပတ် (အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်) အတွင်း ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန်ချိန် ၃ဝဝဝ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ အိန္ဒိယဝယ်လက်တချို့ရဲ့ အဝယ်အော်ဒါများအတွက် တင်ပို့မှုရှိနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာလ တစ်လလုံး ပဲတီစိမ်းတန်ချိန် ၁ဝဝဝဝ ကျော် တင်ပို့မှုရှိခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် ၁၁ဝဝဝ ကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ် အောက်တိုဘာလ တင်ပို့မှုနဲ့ နှိုင်းယှဉ်ရာမှာ တန်ချိန် ၂၅ဝဝဝ ခန့် ရှိခဲ့လို့ ထက်ဝက် ကျော် လျော့ကျတင်ပို့တာတွေ့ရပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အဝယ်နှေးတာကြောင့် ရန်ကုန် FOB ဈေးမှာလည်း နိုဝင်ဘာလ ၄ ရက်နေ့မှာ  FAQ (အညာ) တစ်တန်ကို ကန်ဒေါ်လာ ၉၃ဝ-၉၄ဝ ၊FAQ (ပခုက္ကူ) တစ်တန်ကို ကန်ဒေါ်လာ ၉၇ဝ-၉၈ဝ နဲ့ ပဲတီရွှေဝါအသေး တစ်တန်ကို ကန်ဒေါ်လာ ၁၂ဝဝ-၁၂၂ဝ ဖြစ်ကြောင်း သိရပါတယ်။                                                                                                                                                MIRT - MAPT 

Wednesday, 10 Nov 2010

မှန်မှန်လေး ရောင်းဝယ်နေတဲ့ မန်းမတ်ပဲ     မန်းဈေးကွက်မှာမတ်ပဲကို ပဲခွဲစက်လုပ်ငန်းရှင်များမှသာ ဝယ်ယူမှုရှိနေ သလို ဈေးနှုန်းမှာလည်း အတက်အကျ မရှိဘဲ ဈေးငြိမ်ပြီး မှန်မှန်လေး အရောင်းအဝယ် ဖြစ်နေတာကို တွေ့ရပါတယ်။ ဈေးကွက်အတွင်းမှာ ပစ္စည်းလက်ကျန် နည်းလာသော်လည်း ရန်ကုန်ဝယ်လက်မှ ဝယ်လိုအားနည်းခြင်း၊ စက်သမားများမှလည်း ဝယ်လိုအားအသင့်အတင့် လောက် သာ ဝယ်ယူနေတဲ့အတွက် ဈေးငြိမ်နေ ခြင်းဖြစ်တယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များက ဆိုပါတယ်။ ယခုတစ်ပတ် မှာလည်း အောက်တိုဘာလ နောက်ဆုံးပတ်အတိုင်း ဈေးနှုန်းသိသာစွာ ပြောင်းလဲမှု မရှိဘဲ မတ်ပဲတစ်ပိဿာ ၁၃၈၃ ကျပ်၊ တစ်တန် ၈၄၆၆၃၅ ကျပ်၊ ဈေးတို့နဲ့ ရောင်းဝယ်နေကြတာကို တွေ့ရပါတယ်။ ဈေးကွက်အတွင်း မတ်ပဲကို စက်သမားများ အဓိကထား ဝယ်ယူနေတဲ့အတွက် မှန်မှန်လေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။                                                                                                                                                    မိုးမိုးအေး

Wednesday, 10 Nov 2010

ဈေးပြန်လှုပ်လာတဲ့ ပြည်မတ်ပဲ         ပြည်မြို့ရဲ့ မတ်ပဲဈေးကွက်ကတော့ အနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ နိုဝင်ဘာလပထမပတ်မှာ မတ်ပဲ တစ်တင်းကို ၂၄၃ဝဝ ကျပ်မှ ၂၄၇ဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်လည်း အဝယ်ရှိခဲ့သလို မြို့ခံများလည်း အဝယ်ရှိနေပြီး တစ်နေ့ကို မတ်ပဲတစ်တင်းခွဲအိတ် ၂ဝဝ-၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်မှ ရန်ကုန်သို့ တစ်ရက်ကို တစ်တင်းခွဲအိတ် ၈ဝဝ ခန့်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                        မိမိအေး

Wednesday, 10 Nov 2010

ဟင်္သာတတောင်သူတို့ မတ်ပဲသစ်များ ပြန်လည်စိုက်ပျိုးပြီ        ဟင်္သာတခရိုင်အတွင်းမှာ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များပါဝင်ပြီး ပဲသီးနံှအုပ်စုရဲ့ အဓိကစိုက်ပျိုးရောင်းဝယ်မှု ပြုလုပ်ကြတဲ့ မတ်ပဲကို နှစ်စဉ်နိုဝင်ဘာလမှာ စတင်စိုက်ပျိုးကြပါတယ်။ ဖေဖော်ဝါရီ လမှာ ရောင်းဝယ်မှုများစလုပ်ကြပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် ဟင်္သာတ ခရိုင်အတွင်း မတ်ပဲ ဧက ၃၉၃၅၅၆ စိုက်ပျိုးခဲ့ပြီး တင်းသိန်း ၄၅ သိန်းခန့်ထွက် ခဲ့ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာတော့ ဟင်္သာတခရိုင်တွင် မတ်ပဲဧက ၃၉၇၃၉၂ စိုက်ပျိုးဘို့ လျာထား ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာပထမပတ်ထိ မတ်ပဲဧက ၄၅ဝဝ စိုက်ပျိုးပြီဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ရောင်းဝယ်နေတဲ့ မတ်ပဲဈေးက ယခင်အပတ်ထက် တစ်တင်းကို ၁ဝဝဝ ကျပ်ခန့် ဈေးမြင့်လာပြီး ၂၄၆ဝဝ ကျပ်ဖြစ်ခဲ့ကာ နေ့စဉ် ပျမ်းမျှအိတ် ၇၅ဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                                                                                                                                     အေးအေးခိုင်

Wednesday, 10 Nov 2010

မုံရွာ ပဲဈေးကွက်သို့ မိုးမတ်ပဲများ ဝင်ရောက်လာ        မုံရွာပဲဈေးကွက်ကို မိုးစိုက်မတ်ပဲများဝင်ရောက်နေပြီလို့ သိရပါတယ်။ တစ်တင်း ၂၆ဝဝဝ ကျပ်၊ ၂၇ဝဝဝ ကျပ်ရှိနေပြီး ပြည်ပဝယ်လက်က အဟောင်းစကို အကြိုက်များကြောင်း သိရပါတယ်။အသစ်ပေါ်တဲ့ မိုးမတ်ပဲမှာ စိုက်ပျိုးရာသီမှာ မိုးကြီးမှု ကြောင့် အရည်အသွေးအနည်းငယ်ညံ့ကြောင်း သိရပြီး နေ့စဉ် ချောင်းဦး၊ အရာတော် မြို့နယ်များမှ အိတ်ရေ ၅ဝဝ ခန့် ဝင်ရောက်နေပြီလို့ သိရပါတယ်။                                                                                                                                                  အောင်မင်း

Wednesday, 10 Nov 2010

ယခုအပတ်မူဆယ်ရော စစ်တွေကပါ မတ်ပဲတင်ပို့နိုင်      မေလမှ တန်ချိန် ၅၆၈ဝ နီးပါး တင်ပို့နိုင်ခဲ့ပြီးနောက်ပိုင်း တင်ပို့နိုင်ခဲ့ခြင်းမရှိတဲ့ မတ်ပဲကို ယခုအပတ်မှာ တန်ချိန် ၃၁ဝ ၊တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ဝ ဒသမ ၃၃၆၄သန်းဖိုး မူဆယ်နယ်စပ်မှပြန်လည်တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ် မှာ မူဆယ်အပြင်စစ်တွေနယ်စပ်ကလည်း ဒေသထွက် မတ်ပဲ ၅ တန် တင်ပို့နိုင် ပါသေးတယ်။ မူဆယ်နယ်စပ်မှာ မတ်ပဲ တစ်တန်ပေါက်ဈေးက မိမိဘက် မှာ ၁ဝ၁၇၉၂၇ ကျပ်ဖြစ်ပြီး တစ်ဘက်နိုင်ငံ ပေါက်ဈေးကတော့ ၁၁၂၃ ဒေါ်လာ ဝန်းကျင် ဖြစ်ပါတယ်။                                                                                                                           တင်တင်ထွန်း (MIRT )

Wednesday, 10 Nov 2010

်အောက်တိုဘာလဆန်း မှ နိုဝင်ဘာလဆန်းအတွင်း အိန္ဒိယမတ်ပဲဈေး ကန်ဒေါ်လာ ၈ဝ ခန့်ကွာခြား     အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲအသစ်တွေဝင်ရောက်လာတာရယ်၊ အရောင်းအဝယ်ပါးတာရယ်ကြောင့် အောက်တိုဘာ လဆန်းကနေ နိုဝင်ဘာလဆန်းအတွင်း မတ်ပဲဈေးတစ်တန်ကို ကန်ဒေါ်လာ ၈ဝ ဝန်းကျင် လျော့ကျ ကွာခြား ခဲ့ပါတယ်။ လက်ရှိရာသီအတွင်း ပဲအထွက်မြင့်တက်မယ့် ခန့်မှန်းချက်တွေကြောင့် ဈေးထပ်ကျမယ်လို့ ဈေးကွက်က မျှော်လင့် နေကြပါတယ်။ ဒါပေမဲ့ ကာနာတာကာနဲ့ အတ္တရာပရာဒေ့ရှ်မှာ မိုးရွာသွန်းနေတာကြောင့် မတ်ပဲများ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်လဆန်းနဲ့ ယခုလဆန်း မွန်ဘိုင်းဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                     ဒေါ်လာ/တန်                  မွန်ဘိုင်းဈေးကွက်              မွန်ဘိုင်း(C&F)၃-၁၁-၁ဝ       ၉၂၄-၉၃ဝ                  ၉၃၅(အညာရွှေဝါ)၄-၁ဝ-၁ဝ         ၁ဝ၁၈                     ၁၄ဝဝ(ပဲတီရွှေဝါ)                                                                                                                                   MIRT(MAPT)

Wednesday, 10 Nov 2010

မတ်ပဲတင်ပို့မှုလည်း အားလျော့လာ        ယခင်သီတင်းပတ်များက အပတ်စဉ်မတ်ပဲတန်ချိန် ၁ဝဝဝဝ အထက်မှာ ရှိနေခဲ့ရာမှ ယခုတစ်ပတ်မှာ တန်ချိန် ၇ဝဝဝ ကျော်ကို တင်ပို့မှု အားပျော့လာတာတွေ့ရပါတယ်။ အောက်တိုဘာလ တစ်လအတွင်း တင်ပို့မှုကို လေ့လာရာမှာ တန်ချိန် ၃၅ဝဝဝ ခန့်ရှိပြီး စက်တင်ဘာလမှာ တန်ချိန် ၅ဝဝဝဝ နီးပါးတင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ မှာတော့ တန်ချိန် ၈ဝဝဝဝ ကျော်ရှိခဲ့တာကြောင့် ယခုနှစ် တစ်လချင်းတင်ပို့မှု လျော့ကျတာတွေ့ရပါတယ်။ အဓိက ကတော့ အိန္ဒိယမှာ ယခုနှစ် ပဲမျိုးစုံအထွက်ပိုတာကြောင့်  ၎င်းတို့ဈေးကွက်တွေမှာ ပဲတွေရရှိနိုင်သေးတဲ့အတွက် ပြည်ပက အဝယ်နှေးကွေးနေတာဖြစ် ပါတယ်။ ရန်ကုန် FOB  ဈေးများကို ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ပြောင်းလဲမှုများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။                                                                                                           ဒေါ်လာ/တန်                   မတ်ပဲ(FAQ)          မတ်ပဲ(SQ)၄-၁၁-၁ဝ        ၉၃ဝ-၉၄ဝ            ၁၁၁ဝ-၁၁၂ဝ၂၉-၁ဝ-၁ဝ      ၉၄ဝ-၉၅ဝ            ၁၁၁ဝ-၁၁၂ဝ                                                                                                                       MIRT(MAPT)

Pages