Main menu

Background

Monday, 15 Nov 2010

နယ်စပ်အပို့အနည်းငယ်နှင့် ပုံမှန်ရှိ     ယခုအပတ်မှာ မူဆယ်နယ်စပ်မှ မတ်ပဲ တန် ၁၅ဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၆၇၂ဝဝ ဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ယခင်အပတ်က တန်ချိန် ၃ဝဝ ကျော်တင်ပို့ခဲ့တာဖြစ်လို့ နည်းနည်းနဲ့ ပုံမှန်တင်ပို့နေတဲ့ သဘောတွေ့ရပါတယ်။နယ်စပ်စခန်းအနေနဲ့ ဧပြီလနဲ့မေလများမှာ တန်ချိန် ၈ဝဝဝ ကျော်တင်ပို့ခဲ့ပြီး ဇွန်မှ အောက်တိုဘာလထိ ကာလများမှာ တင်ပို့နိုင်ခဲ့ခြင်းမရှိဘဲ အောက်တိုဘာလ နောက်ဆုံးပတ်မှာ ပြန်လည်တင်ပို့လာတာ တွေ့ရပါတယ်။             တင်တင်ထွန်း (MIRT )

Monday, 15 Nov 2010

တစ်ပတ်အတွင်း တန် ၃ဝဝဝကျော်သာ ပင်လယ်ရေကြောင်းက တင်ပို့    ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းကနေ မတ်ပဲတန်ချိန် ၇ဝဝဝ ကျော်ထိ တင်ပို့မှုရှိခဲ့ပေမဲ့ ယခုတစ်ပတ် (နိုဝင်ဘာလ ၄ ရက်မှ ၁ဝ ရက်)အတွင်းမှာတော့တန်ချိန် ၃ဝဝဝကျော်ကို ဆက်လက်လျော့ကျခဲ့ပါတယ်။ ပြည်ပ အဝယ် အသင့်အတင့်ရှိပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး အပြောင်းအလဲကြောင့် ကုန်သည်များ ရောင်းချမှုနည်းတာကြောင့် တင်ပို့မှု လျော့ကျခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ယခုသီတင်းပတ်အတွင်းမှာတော့ ဈေးကွက်တွေမှာ အရောင်းအဝယ် ပြန်သွက်လာတာကြောင့်လာမယ့် သီတင်းပတ်မှာတော့ တင်ပို့မှု ပိုလာနိုင်တယ်လို့ ကုန်သည်တချို့က ခန့်မှန်းကြပါတယ်။  အရောင်းအဝယ် သွက်လာတာကြောင့် ရန်ကုန် FOB ဈေးမှာလည်း မြင့်တက်လာတာကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                    ဒေါ်လာ/တန်                     မတ်ပဲ(FAQ)             မတ်ပဲ(SQ)၁၂-၁၁-၁ဝ     ၉၈ဝ-၉၉ဝ               ၁၁၈ဝ-၁၁၉ဝ၄-၁၁-၁ဝ       ၉၃ဝ-၉၄ဝ               ၁၁၁ဝ-၁၁၂ဝ                                                                                                                                        MIRT(MAPT)

Monday, 15 Nov 2010

 အဝယ်ရှိလို့ ဈေးလှုပ်လာတဲ့ မန်းပဲစင်းငုံဈေးကွက်     မန်းဈေးကွက်အတွင်းမှာ ပဲစင်းငုံကို ရန်ကုန်ဝယ်လက်နဲ့ ပဲခွဲစက် လုပ်ငန်းရှင်များ အဝယ်ရှိတာကြောင့် ယခုတစ်ပတ်အတွင်းမှာ ဈေးအနည်းငယ် မြင့်လာ တာ တွေ့ရပါတယ်။ နိုဝင်ဘာလ ပထမပတ်မှာ ပဲစင်းငုံနီ တစ်ပိဿာ ၈၁၇ ကျပ်၊ တစ်တန် ၅ဝ၃၂၃ ကျပ်၊ ပဲစင်းငုံဖြူ တစ်ပိဿာ ၇၅၈ ကျပ်၊ တစ်တန် ၄၆၄၁၉၂ ကျပ် ဈေးတို့ဖြင့်သာ အရောင်းအဝယ်ရှိခဲ့ရာမှ ယခုတစ်ပတ်မှာတော့ ပဲစင်းငုံနီ တစ်ပိဿာ ၈၈၂ ကျပ်၊ တစ်တန် ၅၄ဝ၁၂၈ ကျပ်၊ ပဲစင်းငုံဖြူ တစ်ပိဿာ ၈ဝ၃ ကျပ်၊ တစ်တန် ၄၉၁၇၄၉ ကျပ်သို့ ဈေးမြင့်လာပြီး ရောင်းဝယ်နေကြပါတယ်။ အောက်တိုဘာလအတွင်းက အရောင်းအဝယ်အေးနေတဲ့ ပဲစင်းငုံဟာ ယခုနိုဝင်ဘာ လမှာတော့ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များအပြင် ရန်ကုန်ဝယ်လက်တို့ပါ ဝယ်ယူမှု ရှိလာတာကြောင့် အရောင်းအဝယ်လှုပ်လာပြီး ဈေးအနည်းငယ်မာလာတာ ဖြစ်တယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များက ပြောကြကြောင်း သိရပါတယ်။                                                    ကျော်ကျော်မိုး

Monday, 15 Nov 2010

 ပြည်ပဲစင်းငုံဈေးငြိမ် အရောင်းအဝယ်မဖြစ်     ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေးထက် ပိဿာ ၂ဝ တစ်တင်းကို ၁ဝဝဝ ကျပ်ဈေးလျော့နည်းတယ်လို့ သိရပါတယ်။ ယခုနိုဝင်ဘာလ ဒုတိယပတ်မှာတော့ အခြားတိုင်းမှ အဝင်မရှိသလို အခြားတိုင်းသို့လည်း တင်ပို့မှု မရှိသေးကြောင်း သိရပါတယ်။ ယခုတစ်ပတ်တွင် ပိဿာ ၂ဝ တစ်တင်းကို ၁၇ဝဝဝ ကျပ်ဈေးရှိကာ ဝယ်လိုအားရှိသော်လည်း အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။                                                                                        ဆုမွန်ဆွေ

Monday, 15 Nov 2010

်ဆွတ်ခူး ချိန် နောက်ကျနိုင်တဲ့ ကယားပြည်ရဲ့ ပဲစင်းငုံ     ကယားပြည်နယ်ရဲ့ ပဲစင်းငုံကို ယခုနှစ်မှာ ဧက ၁ဝ၁ဝဝ ခန့် စိုက်ပျို းခဲ့ကြောင်းသိရပါတယ်။ ပဲစင်းငုံကို ယခင်နှစ်များက ဧပြီ၊ မေလများမှာ စိုက်ပျိုးကြ ပေမဲ့ ယခုနှစ်မှာ ရာသီတု အခြေအနေအရ ဇွန်၊ ဇူလိုင်လ များမှသာ စိုက်ပျိျုးနိုင်ခဲ့တဲ့ အတွက် ပုံမှန်ဆွတ်ခူးချိန် ဒီဇင်ဘာ၊ ဇန်နဝါရီလများမှာ ဆွတ်ခူးနိုင်ခြင်းမရှိဘဲ ဖေဖော်ဝါရီလမှသာ ဆွတ်ခူးနိုင်မယ်လို့ စိုက်ပျိုးတဲ့ တောင်သူတွေကဆိုပါတယ်။ ယမန်နှစ်က လွိုင်ကော်မြို့မှ ဝယ်လက်ရှိရာ မြို့ကြီးများသို့ တန်ချိန် ၃ဝဝဝ ခန့် တင်ပို့နိုင်ပြီး ယခုနှစ်မှာလည်း ယမန်နှစ်ကထက် မလျော့နည်းဘဲ တင်ပို့နိုင်မယ်လို့ ပဲစင်းငုံအပွင့်များ '' ပန်းပြ'' နေပုံကို ကြည့်ပြီးစိုက်ပျိုးသူ တောင်သူတို့က ပြောကြ ကြောင်း သိရပါတယ်။                                                                                        TKO

Monday, 15 Nov 2010

 ပဲစင်းငုံ တင်ပို့မှု ဆက်လက်လျော့ကျ၊ ပြည်တွင်း ကြာဇံသမားဝယ    နိုဝင်ဘာလ ၃ ရက်မှ ၁ဝ ရက်ထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း က ပဲစင်းငုံတန်ချိန် ၃ဝဝ ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ချိန် ၁ဝဝဝ ဝန်းကျင်ကို လျော့ကျခဲ့ရာမှ ယခုတစ်ပတ်မှာ အနည်းဆုံး ပမာဏကို လျော့ကျခဲ့ပါတယ်။ အိန္ဒိယဝယ်လက်များက ဈေးလျှော့အဝယ်ရှိပေမဲ့ ပြည်တွင်း ကုန်သည်များ ဈေးမကိုက်လို့ ထုတ်ရောင်းမှုနည်းတာကြောင့်လို့ သိရပါတယ်။     ပြည်ပတင်ပို့မှု လျော့ကျပေမဲ့ ပြည်တွင်းဈေးကွက် ကြာဇံစက်များကတော့ အခြားပဲ ဈေးတွေထက် ဈေးသက်သာတဲ့ ပဲစင်းငုံကြားကို ဝယ်လိုအားကောင်းနေတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်ဈေးဖြစ်တဲ့ ပဲစင်းငုံနီ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ နဲ့ ပဲစင်းငုံဖြူနီ၊ အဖြူ တစ်တန်ကို ကန်ဒေါ်လာ ၅၇ဝ-၅၈ဝ ဖြစ်တယ်လို့ သိရပါတယ်။                                                                                                                                 MIRT - MAPT

Wednesday, 10 Nov 2010

လက်ကျန်နည်းလာပြီး ဈေးတက်လာတဲ့ ပြည်ပဲနီပြား           ပြည်ဈေးကွက်အတွင်း ပဲမျိုးစုံ လက်ကျန်နည်းလာပြီဖြစ်လို့ ပဲနီပြားမှာ လည်းလက်ကျန်နည်းလာပြီဖြစ်ပါတယ်။ အောက်တိုဘာလအတွင်း လက်လီလက်ကားသမားများဖြင့် အရောင်းသွက်ခဲ့သလို ယခုနိုဝင်ဘာ လဆန်းပိုင်းမှာလည်း လက်ကားထက် လက်လီ ဝယ်ယူသူများဖြင့် အရောင်းအဝယ် ဖြစ်နေကြပါတယ်။ အောက်တိုဘာ နောက်ဆုံးပတ်က တစ်တင်းလျှင် ၂၆ဝဝဝ ကျပ်ဈေးဖြင့် ရောင်းဝယ်ခဲ့ကြပြီး၊ ယခုနိုဝင်ဘာပထမပတ်မှာ တစ်တင်းလျှင် ၂၇ဝဝဝ ကျပ်ဈေးရှိခဲ့လို့ တစ်တင်းကို ၁ဝဝဝ ကျပ်ဈေး မြင့်တက်လာကာ တစ်ရက်လျှင် ၁၅ အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။  ခင်ဆွေဝင်း 

Wednesday, 10 Nov 2010

ပဲခူးတိုင်းဒေသကြီးအနောက်မှာ ဘိုကိတ်ပဲစိုက်ပျိုးနေပြီ        ပဲခူးတိုင်းဒေသကြီးအနောက်မှာ ဘိုကိတ်ပဲဧက ၂၅ဝဝ ကျော် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။ ပြည်ဈေးကွက်မှာ ဘိုကိတ်ပဲလက်ကျန်များ မရှိသလောက်ဖြစ်ခဲ့ပေမယ့် မျိုးသမားအချို့အဝယ်ရှိခဲ့တာကြောင့် တစ်ရက်ကို ၅ အိတ်ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ဈေးနှုန်းကတော့ တစ်တင်း ၃ဝဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေတယ်လို့ သိရပါတယ်။      ဆုမွန်ဆွေ 

Wednesday, 10 Nov 2010

ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေတဲ့ ပြည် (ကမ်းနား) ပဲကြီး           ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွက် ပဲခူးတိုင်းဒေသကြီးအနောက်မှာ ပဲကြီး စိုက်ဧက ၂၉ဝဝဝ ခန့် စိုက်ပျိုးရန် လျာ ထားပြီး ယခုနိုဝင်ဘာလဆန်းထိ ဧက ၅ဝဝ ကျော် စိုက်ပိုျးပြီးဖြစ်တယ်လို့ သိရပါတယ်။ ပဲကြီးမှာ လက်ကျန်များ သေးသော်လည်း၊ ပဲကြီး (ကမ်းနား)သာ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ပြီး၊ ပဲကြီး (ရွှေကျွန်း)မှာ တစ်ခါတစ်ရံမှအရောင်းအဝယ်ဖြစ်ပါတယ်။ ပဲကြီး (ကမ်းနား) မှာတစ်တင်းလျှင် ၃ဝဝဝဝ ကျပ်မှ ၃ဝ၅ဝဝ ကျပ်ရှိခြဲ့ပီး၊ ပဲကြော်လုပ်ငန်းသမားများ ပုံမှန်အဝယ်ရှိတာ ကြောင့် တစ်ရက်လျှင် အိတ် ၂ဝဝ ခန့် ရောင်းဝယ်ခဲ့ကြပြီး တင်ပို့မှုအနေနဲ့ အောက်တိုဘာလအတွင်း ရန်ကုန်သို့ အိတ် ၃ဝဝ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။                                                                                                                   ခင်ဆွေဝင်း 

Wednesday, 10 Nov 2010

ပဲလွန်းဖြူ အတင် တန် ၂ဝဝ သာ ရှိ       ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းတင်ပို့မှု တန် ၁ဝဝ အောက်ကျခဲ့တဲ့ ပဲလွန်းဖြူဟာ ယခုတစ်ပတ် (အောက်တို ဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်)အတွင်းမှာ တန်ချိန် ၂ဝဝခန့်တင်ပို့မှုရှိခဲ့ပါတယ်။ အဓိကတင်ပို့တာကတော့ အိန္ဒိယ၊ ထိုင်းနဲ့ ကိုရီးယားတို့ဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၈၅ဝ ခန့်သာရှိပြီး စက်တင်ဘာလ တင်ပို့မှုတန်ချိန် ၁၃၆ဝ ထက် လျော့ကျခဲ့သလို ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာလတင်ပို့မှု တန်ချိန် ၁၃ဝဝ ကျော်ထက်လည်း လျော့ကျတာတွေ့ရပါတယ်။ ယခင်နှစ်ထက် အထွက်လျော့ကျတာကြောင့် တင်ပို့မှု လျော့ကျခြင်းဖြစ်တယ်လို့ ကုန်သည် အသိုင်းအဝိုင်းရဲ့ သတင်းများအရ သိရပါတယ်။       ရန်ကုန် FOB ဈေးမှာယခင်တစ်ပတ်အတိုင်း တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၈၉ဝ ရှိပြီး အိန္ဒိယမွန်ဘိုင်း ဈေးကွက် မှာလည်း ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို ရူပီး ၄၈၅ဝဝ (ကန်ဒေဝ၉၃)မှာ ငြိမ်နေတယ်လို့ သိရပါတယ်။                                                                                                                         MIRT - MAPT 

Pages