Background
ယခုတစ်ပတ်အတွင်း ပခုက္ကူ ပဲစင်းငုံနီဈေးက တစ်တင်းကို ၂၈ဝဝဝ ကျပ်ပတ်ဝန်းကျင်မှာဘဲ တက်နဲနဲ၊ ကျနဲနဲနဲ့သွားနေခဲ့ပါတယ်။ အဝင်လည်းများလာသလို ဒိုင်မှာအရောင်းအဝယ်ဖြစ်မှုလည်းတိုးလာပါတယ်။ အနယ်နယ်အရပ်ရပ်တောင်သူအများစုကို မေးကြည့် တော့ ဒီနှစ်ပဲစင်းငုံအထွက် နှစ်တိုင်းနဲ့ယှဉ်ရင် တော်တော်နည်းတယ်လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီးလည်း အသစ်စဝင်လာပါပြီ၊ ၁၉ဝဝဝ ကျပ်ဈေးဖြစ်ပြီး လှောင်လက် V2 အဟောင်းက ၁၈၉ဝဝ ကျပ်ဈေးရှိပါတယ်။
ဂျပန်နိုင်ငံအခြေစိုက် ဆာတာကေး ကော်ပိုရေးရှင်းမှ ဝယ်ယူထားသော မြန်မာနိုင်ငံဆန်စက်များ ခေတ်မီဖွံ့ဖြိုးရေးအတွက် စက်ယူနစ် များတပ်ဆင်ပေးရန်ရောက်ရှိနေတဲ့ ပညာရှင် ၃ ဦးဟာ မြန်မာနိုင်ငံဆန်စပ်လုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့က လာရောက်ပြီး ခေတ်မီဆန်ယူနစ်သစ်များ ထပ်မံရောင်းချပေးမယ့် အစီအစဉ်များကို တာဝန်ရှိသူများနဲ့ လာရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
ဆန်စပါးလုပ်ငန်းကို အခြေခံမှစ၍ စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ မြို့နယ်အဆင့် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းခွဲများကို ၂ဝ.၁.၂ဝ၁ဝ နေ့က ဧရာဝတီတိုင်း၊ ကုံျပျော်မြို့နယ်နဲ့ ဓနုဖြူမြို့နယ်မှာလည်းကောင်း၊ ၂၁.၁.၂ဝ၁ဝ နေ့က မအူပင်မြို့နယ် ပန်းတနော် မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်တို့မှာလည်းကောင်း အောင်မြင်စွာဖွဲ့စည်းပြီးဖြစ်တယ်လို့ သတင်းရရှိပါ တယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ၂ဝ၁ဝ အတွက် ဆန်အလုံအလောက်ဝယ်ယူပြီးဖြစ်လို့ ကမ္ဘာ့အကြီးဆုံး ဆန်ဝယ်လက်ဟာ ယခုနှစ် အတွက် ဆန်ဈေးကွက်ကနေ ထွက်ခွာဖွယ်ရှိတယ်လို့
ဗန်းမော်-လွယ်ဂျယ်ကားလမ်းပိုင်း စိန်လုံမရောက်မီ မိုင်(၂ဝ)ခန့်အကွာ လော့ဒန်ရွာအနီးမှာ တရားမဝင်ဆန်မှောင်ခိုသယ် ဆောင်သည်ဟု ယူဆရသော ဆန်ကားများအား ဒေသအာဏာပိုင်၊
တစ်ပတ်အတွင်း နိုင်ငံတကာဆန်ဈေးနှုန်းများ လေ့လာကြည့်ရာတွင် တောင်အမေရိကဆန်းဈေး အနည်းငယ်မြင့်တက်ခဲ့ပေမယ့် အာရှနိုင်ငံများမှာတော့ ဆန်ဈေးဆက်လက်
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ယုဇနကုမ္ပဏီလီမိတက်နှင့် မိတ်ဖက်ကုမ္ပဏီလီမိတက်များအပါအဝင် အစုအဖွဲ့ တာဝန်ခံများ၊ မြို့နယ်ဒေသခံဆန်စက်ပိုင်ရှင်များ ဆန်ကုန်သည်များ၊ တောင်သူများနှင့်ပူးပေါင်း၍တွေ့ဆုံညှိနှိုင်းခဲ့ပြီး ''ဧရာဝတီ စိမ်းလန်းမြေဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ'' အား ၂ဝဝ၉ ခုနှစ် ဇွန်လတွင်စတင်
မုံရွာနယ်အတွင်းရှိ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးဒေသများမှ စက်တင်ဘာလကစိုက်ခဲ့တဲ့ ဆောင်း နေကြာများလှိုင်လှိုင်ပေါ်နေပြီး အရောင်းအဝယ်ဖြစ်နေပါတယ်။ ယမန်နှစ်ကထက် စိုက်ဧကများပေမယ့် နောက်မိုးမသိမ်းလို့ အထွက်အနည်းငယ်လျော့ခဲ့ပါတယ်။ နေကြာအပွင့်သေးလို့ အထွက်နှုန်း အနည်းငယ်လျော့ခဲ့ပေမယ့် နှစ်တိုင်းထက် အအောင်ပိုတဲ့ အတွက် ဆီစက်သမားများ အကြိုက်ဖြစ်တယ်လို့ဆိုပါတယ်။ ဆောင်းနေကြာရဲ့
ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ပဲပုပ်ဈေးကွက်ကတော့ အရောင်း အဝယ်ပုံမှန်ဖြစ်နေပါတယ်။ ဒီတစ်ပတ် မှာ ပဲပုပ် (လုံးကြီးသန့်)က တစ်ပိဿာ ၇ဝဝ ကျပ်၊ ဒုတိယတန်းစား ပဲပုပ်သန့် က ၆၅ဝ ကျပ်ဈေးရှိပါတယ်။ ပဲပုပ်အညံ့ကတော့
ဂန့်ဂေါ၊ ထီးလင်းစတဲ့ မြောက်ယောနယ်ဘက်က မိုးအကုန်မှာစိုက်တဲ့ ဆောင်းမြေပဲတွေ ပခုက္ကူကို တစ်နေ့ပိဿာ တစ်သောင်းခွဲမှ နှစ်သောင်းအတွင်း ဝင်လာနေပါတယ်။ အစို၊ အခြောက်၊ အတောင့်လှတဲ့အပေါ်မူတည်ပြီး တစ်ပိဿာကို ၉ဝဝ ကျပ်၊ ၁ဝဝဝ ကျပ်၊ ၁ဝ၅ဝ ကျပ်ထိရှိပါတယ်။ လုံးဆံရောင်းဈေးကတော့