Main menu

Background

Monday, 18 Feb 2013

မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ဒုတိယပတ် ပဲဈေးကွက်မှာ ပဲသစ်တွေ ဈေးကွက်ထဲဝင်လာခဲ့ပေမယ့် Export  ဝယ်လက် မရှိခဲ့လို့ အငြိမ်ဈေးနဲ့သာ ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ကုလားပဲမျိုးစုံဈေး ကွက်အနေနဲ့ ယခုအပတ် ထဲမှာ ပဲသစ်တွေ တစ်ရက်အိတ် ၁၅၀၀ ခန့် ဝင်လာခဲ့ပေမယ့် ပဲဟောင်းဈေးနဲ့သာ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ယခု တစ်ပတ်အတွင်း V2 တစ်တင်း ၁၆၃၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၁၆၇၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၅၈၀၀ ကျပ်ဈေး အသီးသီးအမြင့်ဆုံး ပေါက်ခဲ့ကာ Export  ဝယ်လက် မရှိဘဲ ဒေသလုပ်ငန်းသုံးသမားနဲ့ လှောင်လက်ဝယ်ယူမှုသာရှိခဲ့တယ် လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။

Monday, 18 Feb 2013

ပဲလွန်းဖြူကို နိုင်ငံများစွာမှာ စား သုံးမှုရှိပြီး၊ ကြိုက်နှစ်သက်မှုလည်း ရှိပါ တယ်။ နှစ်စဉ် မန္တလေးကုန်စည်ဒိုင် မှာ ပဲလွန်းဖြူတန်ချိန် ၁၅၀၀၀ ကျော် အရောင်းအဝယ်ရှိပါတယ်။ ဟုမ္မလင်း၊ မုံရွာ၊ကလေးဝ၊ ဗန်းမော်၊ ကသာ၊ ရွှေဘို စတဲ့ ဒေသများမှ ဝင်ရောက်မှုရှိပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှာ ပဲလွန်းဖြူ တစ်ပိဿာ ၁၀၀၀ ကျပ်၊ (တစ်တန် ၆၁၂၃၉၀)ကျပ်မှ ၁၁၁၇ ကျပ်(တစ်တန် ၆၈၄၀၄၀)ကျပ်နဲ့ နေ့စဉ် (၆၀ ပိဿာ ဝင်အိတ်) ၃၀၀ အိတ်မှ ၅၀၀ အိတ် (တန် ၃၀ ခန့်မှ တန် ၅၀ ခန့်)အရောင်း အဝယ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ယခုလ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ လယ်မှာ ပဲလွန်းဖြူတစ်ပိဿာ ၈၈၃ ကျပ် (တစ်တန် ၅၄၀၇၄၀)ကျပ်မှ ၉၃၃ ကျပ် (တစ်တန် ၅၇၁၃၆၀)ကျပ်ဖြင့် နေ့စဉ် (၆၀ ပိဿာဝင်အိတ်) ၃၀၀ အိတ်မှ ၄၀၀ အိတ်(တန် ၃၀ မှ တန် ၄၀ ခန့်) အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။

Monday, 18 Feb 2013

ဟိုပုံးမြို့နယ်တောင်ဖက် ကျေးရွာအချို့က နနွင်းအသစ် တွေလည်း စပြီးဖော်နေပြီဖြစ်တာကြောင့် ဈေးကွက် ကို နနွင်းသစ် အနည်းငယ်ဝင်လာနေပါပြီ။ နနွင်းကလည်း ချင်း လိုပါပဲ။ သိပ်ပြီး မဥနိုင်ဘူးလို့ဆိုပါတယ်။ အခြားသီးနှံတွေ ကလည်းအရောင်းအဝယ်မဖြစ်တာကြောင့် တောင်သူတွေက လည်း နနွင်းကိုသာပြန်စိုက်ကြ တာကြောင့် စိုက်သမားလည်း များတယ်လို့ သိရပါတယ်။ ဈေးကလည်း နနွင်းအသစ် ၆၀၀ ကျပ်၊ အဟောင်းကလည်း ၆၀၀ ကျပ်နဲ့ ဈေးနှုန်းကအတူတူ ဖြစ်နေတာကြောင့် အသစ်/အဟောင်းနှစ်မျိုးစလုံး အရောင်း ပါးနေတယ်လို့သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ နနွင်းက အရောင်း အဝယ်ဖြစ်နေပါတယ်။ဒါပေမဲ့ အောက်စ နနွင်းကသာ အရောင်းအဝယ်ဖြစ်နေပြီး၊ ထိပ်စနနွင်းတွေကတော့ အရောင်း အဝယ် သိပ်မဖြစ်ပါဘူး။ ဝယ်လက်တွေကတော့ ပင်လောင်း နနွင်းကိုသာ အဓိကထားပြီး ဝယ်ယူနေပါတယ်။ ပြီးခဲ့တဲ့ အပတ်မှာတော့ ပြည်ပတင်ပို့ဖို့အတွက် နနွင်း ၅ တန်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ် အောင်ပန်း ဈေး ကွက်မှာ နနွင်းဈေးတွေကတော့ ပင်လောင်း နနွင်းက တစ် ပိဿာ ၄၀၀ကျပ်၊ ၅၀၀ ကျပ်၊ ရိုးရိုး (တောင်ပို့လ) က ၅၀၀ ကျပ်၊ ၅၅၀ ကျပ်၊ ၆၀၀ ကျပ်ဈေးရှိပြီး၊ ဆင်တောင် နနွင်းက တော့ ၁၀၀၀ ကျပ်၊ ၁၁၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင်-တောင်ကြီး

Monday, 18 Feb 2013

ပြည်ပကို ဖေဖော်ဝါရီ ၂ ရက်မှ ၉ ရက်နေ့တာကာလအတွင်း ပါကစ္စတန် နိုင်ငံကို တန်ချိန် ၃၅၀ ၊ မလေးရှားနိုင်ငံကို ၇၉ တန်၊ စင်ကာပူနိုင်ငံကို တန် ၁၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို အများဆုံး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် နှစ်ရာကျော်သာတင်ပို့နိုင်ခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးရာကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကာလတူ ကာလဖြစ်တဲ့ ၂၀၁၂ ဖေဖော်ဝါရီ ပထမပတ်အတွင်းမှာ မန်ကျည်းတန်ချိန် ရှစ်ရာ ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ယခုနှစ်မှာတန်ချိန် သုံးရာကျော်လျော့နည်းပြီး တင် ပို့ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၃၉၅ ဒေါ်လာ ရရှိခဲ့တယ်လို့ သိရပါတယ်။                              MIRT (DOT)

Monday, 18 Feb 2013

ရှမ်းချင်းက ဒီတစ်ပတ်လည်း ပြည်ပဝယ်လိုအားမရှိသေးပါဘူး။ ပြည်ပဝယ် လက်တွေက ထပ်ပြီးဝယ်ယူမှု မရှိတာကြောင့် ဈေးကလည်း ၂၀၀ ကျပ်နဲ့ ၃၀၀ ကျပ်မှာသာ ပတ်ချာလည်နေပါ တယ်။ ပြည်ပဝယ်လက် မရှိပေမဲ့ ပြည်တွင်းသုံးတွေ ကတော့ ပုံမှန်ဝယ်ယူနေတာကြောင့် အရောင်းအဝယ်ကတော့ ပုံမှန်ဖြစ်နေတယ်လို့ လည်းသိရ ပါတယ်။ ချင်း (စို)ကလည်း အတော်များများ ကျန်နေပါသေးတယ်။ ချင်း (စို) ဈေးကောင်းနေလို့ ချင်းခြောက်အဖြစ် မလုပ်တာကြောင့်လည်း ချင်းစိုတွေ က လက်ကျန်များနေတာလို့လည်း သိရပါတယ်။ အောင် ပန်းဈေးကွက်မှာ ချင်း (စို) ဈေးကအညံ့စဆိုရင် ၂၀၀ ကျပ်၊ ၂၂၀ ကျပ်၊၂၅၀ ကျပ်၊ချင်းကောင်းကတော့ တစ် ပိဿာ ၂၈၀ ကျပ်၊ ၃၀၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၁၀၀ ကျပ်၊ ၁၂၀၀ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ဟိုပုံးဈေးကွက်ကိုတော့ ချင်း (စို) က အဝင်များလာတယ်လို့သိရပါတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၄၀၀၀ ခန့် အဝင်ရှိနေပါတယ်။ ဒီနှစ်ဟိုပုံးချင်းက အထွက်နှုန်းအတော်လျော့သွားတယ်လို့သိရပါတယ်။ မိုးမရွာ တာရယ်၊ မြေ ငလျင် လှုပ်တာရယ်ကြောင့် ချင်းအခြေတွေ ပြတ်ထွက်ကုန်ပြီး ဥတွေလည်း မကြီးနိုင်တော့ တာကြောင့် အထွက်နည်းသွားတာလို့ ဒေသခံတွေထံကသိရပါတယ်။ ဟိုပုံးမှာ ဒီတစ်ပတ်ချင်းဈေးက ပယ်ချင်းဆိုရင် တစ်ပိဿာ ၁၆၀ ကျပ်၊ ချင်းကောင်းက ၂၂၀ ကျပ်၊ ၂၃၀ ကျပ်နဲ့ ချင်းခြောက်က ၁၁၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်-တောင်ကြီး

Monday, 18 Feb 2013

ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ ယခုတစ်ပတ်မှာလည်း ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့်နဲ့ အဝင်ပုံမှန် ရှိနေပါတယ်။ ယခုအချိန်ဟာ တပို့တွဲလ၊ ထမင်းနဲ ပွဲတော်အချိန်ဖြစ်လို့ တစ်နေ့ကို ပိဿာချိန် ၅၀၀ ခန့် အရောင်းအဝယ်ပုံမှန် ရောင်း ဝယ်လျက်ရှိနေပါတယ်။ ဈေးနှုန်းမှာလည်း ယခင်အပတ်ဈေးအတိုင်း၊ တစ်ပိဿာကို ချင်း(ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၅၀၀ ကျပ်တို့ရှိနေပြီ၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် တို့ကို စားသုံးမှုအဖြစ်တစ်နေ့ ပိဿာချိန် ၅၀၀ ခန့် တင်ပို့မှုရှိတယ်လို့လည်း သိရပါ တယ်။                                       ဝင်းဝင်းခိုင် - ပြည်

Monday, 4 Feb 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်တာကာလ အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၉၅၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၂၁၆၁ တန်ကျော်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးမှ ကန် ဒေါ်လာ၂ ဒသမ ၇၆၅ သန်းတန်ဖိုးရှိ ပြောင်း တန် ၈၀၀၀ ကျော်ကိုလည်း တင်ပို့ ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ချင်းရွှေဟော်မှ ၁၆၈၈၁ တန်ကျော် တင်ပို့ ခဲ့တာကြောင့် ယခုအပတ်မှာ တန်ချိန် ၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ နှစ်သစ်ကူးချိန်နီးပြီမို့ ဝယ်လိုအားတက်နေပါတယ်။ လားရှိုး၊ သိန္နီထိ ကုန်သည်များကဆင်းဝယ်ကြပြီး ကူမင်းထိတင်ပို့ရောင်းချကြတယ်လု့ိ သိရပါတယ်။ ပြောင်းဖူးစေ့ကို တစ်ဖက်နိုင်ငံမှာ တိရစ္ဆာန်အစားအစာနဲ့ မုန့်လုပ်တဲ့နေရာမှာ အသုံးပြုကြတာပါ။ ဇန်နဝါရီလအတွင်း နယ်စပ်စခန်း များမှ ပြောင်းဖူးစေ့ တန်ချိန် ၇၅၀၀၀ ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ နှစ်ဖက်မြေပြင်ပြောင်းဈေးများကိုကြည့် လျှင်လည်း ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက မြင့်တက်နေတာတွေ့ရပါတယ်-

Monday, 4 Feb 2013

ယခုရက်ပိုင်းမှာ ဈေးကွက်အသီးသီးသို့ ကြက်သွန်နီ အဝင် နည်းလာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ လယ်လောက်ကစပြီး၊ အဝင်လှိုင်သလောက် ဈေးကောင်းခဲ့တဲ့ ကြက်သွန်နီဟာ မန္တလေးဈေးကွက်မှာ တစ်ပိဿာကကို၁၀၀၀ ကျပ် - ၁၂၀၀ ကျပ်၊မြင်းခြံမှာဆို ၈၀၀ ကျပ် - ၁၀၀၀ ကျပ် ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ထွက်ရှိမှုပိုလာလို့ အဝင်လှိုင်ကာ ဈေးအေးလာရာ မန္တလေးဈေးကွက်မှာတော့ မြစ်သားစက တစ်ပိဿာကို ၅၀ ကျပ် ဈေးပိုလာတာကို တွေ့ရပါတယ်။

Monday, 4 Feb 2013

မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၈၅၈ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃၈၈ တန်ခန့် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၃၆၄ တန်ကျော်သာတင်ပို့ နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ ၂၄ တန်ကျော်ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ ယခုအပတ်မှာ ဝဥခြောက်၊ တောဂျူးမြစ်၊ ကြောင် လျှာစေ့နဲ့ ဆီးဆံတို့ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ နေလဲစေ့၊ ကြက်ဆူ စေ့နဲ့ တောချင်းတို့ကတော့ ယခင်အပတ်က ထက်တင်ပို့ မှု လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်ကတင်ပို့မှုမရှိတဲ့ ကွမ်းစား ဂမုန်း၊ ချဉ်ပေါင်ဖာလာ (အခွံမပါ) နဲ့ တောင်လုံးကျော် တို့ကိုလည်း ယခုအပတ်မှာ အပို့ရှိခဲ့ပါတယ်။ ယခုအပတ် မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၇ သန်းတန်ဖိုးရှိ ဟင်းရိုင်းဖြူ ၁ တန်ခန့်၊ကန်ဒေါ်လာသုည ဒသမ ၀၀၁သန်းတန်ဖိုးရှိ ဆူး ပန်း ၁ တန်ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုး ရှိ ဇာတိပ္ဖိုလ်သီး ၁ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၉ သန်းတန်ဖိုးရှိ ဆောင်းမေခါး ၂ တန်ခန့်ကိုလည်း တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ် ကုန်သွယ်ရေး စခန်းမူဆယ် အနေနဲ့ ဇန်နဝါရီတစ်လလုံးမှာတော့ ကန်ဒေါ်လာ ၃ ဒသမ ၅၂၇ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၁၆၀၉ ကျော် တင်ပို့နိုင်ခဲ့ပြီး တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၂၁ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၄ တန်ကျော်တင်သွင်းနိုင်ခဲ့ပါတယ်။MIRT (DOBT)

Monday, 4 Feb 2013

လက်ငင်းဈေးကွက်မှာ ဝယ်လိုအားမြင့်တက်လာတဲ့ အတွက် ဇန်နဝါရီ ၃၁ ရက်နေ့ လက်ငင်းဈေးကွက်မှာ နနွင်း ဈေးဟာ ၁၁၂ ရူပီးမြင့်တက်ပြီး တစ်ကွမ်တယ်ကို ၆၄၇၂ ရူပီးနှုန်းရှိခဲ့ပါတယ်။ ယခုနှစ်မှာ အထွက်နည်းမယ့် အခြေ အနေကြောင့် ဈေးနှုန်းအတက်ဘက်ကို ဦးတည်စေခဲ့ပါတယ်။

Pages