Main menu

Background

Monday, 25 Feb 2013

ဖေဖော်ဝါရီ ဒုတိယသီတင်းပတ်အတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှု  လမ်းမှ ချင်း ၁၁၂ ဒသမ ၆၄ တန်တင်ပို့ခဲ့ပါတယ်။ ဝယ်ယူခဲ့တဲ့နိုင်ငံက ပါကစ္စတန် နိုင်ငံ ဖြစ်ပါ တယ်။ ယခင်တစ်ပတ်မှာ တန်ချိန် ရှစ်ဆယ်ကျော်တင်ပို့ခဲ့တာကြောင့်  ဒီတစ်ပတ်မှာ တန် ၃၀ ကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်ကာလတူ ကာလဖြစ်တဲ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ချင်းတင်ပို့မှုပျောက်ခဲ့ တာကြောင့် ဒီနှစ်မှာ ချင်းတင်ပို့မှုပိုခဲ့တယ်လို့ ဆိုရပါမယ်။ ယခုသီတင်းပတ်အတွင်း ချင်းတင်ပို့မှုမှ ကန်ဒေါ်လာ သုံးသောင်း တစ်ထောင်ကျော် ဝင်ငွေရရှိခဲ့ပါတယ်။MIRT (DOT)

Monday, 25 Feb 2013

မုံရွာကုန်စည်ဒိုင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီတတိယပတ် ဂျုံသစ်ပေါ်ချိန်မှာ ချင်းတွင်းမြစ်အနောက်ဖက်ကမ်း မြို့နယ် တွေဖြစ်ကြတဲ့ ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်တွေ က အစောဆုံးစိုက်ခဲ့ကြ လို့ ဈေးကွက်ထဲအဝင် စောခဲ့တာတွေ့ ရပါတယ်။ ပြီးခဲ့တဲ့ ဂျုံစိုက်ရာသီက မုံရွာတစ်ခရိုင်လုံး ဧက ၉၀၀၀၀ နီးပါးစိုက်ခဲ့ကြပြီး၊ ဘုတလင်၊ ချောင်းဦးနယ်တွေက ဧက ၂၀၀၀၀ ကျော်စီနဲ့ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲမြို့ နယ်တွေက ဧက ၁၀၀၀၀ ကျော်စီ အများဆုံးစိုက်ခဲ့ကြတယ် လို့ သိရပါတယ်။

Monday, 25 Feb 2013

ဖေဖော်ဝါရီလ တတိယပတ်အတွင်း ရော်ဘာဈေးနှုန်း များဟာ သိသိသာသာ ပြောင်းလဲမှုမ ရှိဘဲတည်ငြိမ် နေတာကို တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ထိုင်းရော်ဘာ  RSS-5 (မှိုင်းခံရာဘာအဆင့်-၅) က တစ်တန်ကို ၃၂၄၈ ဒေါ်လာဖြစ်ရာ ယခင်တစ်ပတ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဈေးနှုန်းဖြစ်တဲ့ ၃၂၅၀ ဒသမ ၅၀ ဒေါ်လာနဲ့ ယှဉ်ရင် မဆို စလောက်လေးသာ အားနည်းနေတယ်။

Monday, 25 Feb 2013

ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးခစန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၃၀၆ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၄၁ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၁၇၈၅ တန်ကျော်တင်ပို့နိုင်ခဲ့ တဲ့အတွက် ယခုအပတ်မှာ ၆၄၄ တန်ကျော် လျော့နည်းတင်ပို့ခဲ့တာကိုတွေ့ရပါတယ်။ စခန်းအလိုက်တင်ပို့နိုင်မှုတွေ ကတော့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၁ ဒသမ ၁၅၀ သန်းတန်ဖိုးရှိ RSS-3  ၃၉၂ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၂၈၇ သန်းတန်ဖိုးရှိ MSR-20 ၉၉ တန်ခန့်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၂၈၃ သန်းတန်ဖိုးရှိ RSS-3  တန် ၄၅၀ ခန့်၊  မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၄၃ သန်းတန်ဖိုးရှိ RSS-3  တန် ၅၀ ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၃၀၀ သန်းတန်ဖိုးရှိ RSS-3  ကွန်ပေါင်း တန် ၁၀၀  ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၁၄၃ သန်းတန်ဖိုးရှိ MSR-20 တန် ၅၀ ခန့်အသီးသီးဖြစ်ကြောင်းသိရှိရပါတယ်။  ယခုအပတ် ရော်ဘာဈေးနှုန်း များ ပြောင်းလဲမှု မရှိတာကို တွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများ ကို ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု            ယခင်    ပြောင်းလဲမှု    %     ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၅၀၉၆၅    ၂၅၅၀၉၆၅         -            -    ၂၉၇၀     ၂၉၇၀          -           -RSS - 5    ၂၅၀၂၄၀၀    ၂၅၀၂၄၀၀         -            -     ၂၇၂၉    ၂၇၂၉          -           -MIRT (DOBT)

Monday, 25 Feb 2013

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီနှစ်ရာသီဥတုအခြေေနေကြောင့် သီးနှံတွေ အတော်များများက အရင်နှစ်တွေကထက် အထွက်နှုန်းလျော့သွားတယ်လို့ သိရပါ တယ်။ ရှမ်းပြောင်းကလည်း မနှစ်ကထက် အထွက်နှုန်း နည်းနည်း လျော့သွားတယ် လို့ သိရပါတယ်။ အထွက်နှုန်းလျော့ပြီး၊ ဝယ်လိုအားကောင်းတာကြောင့် ဈေး ကလည်း ကောင်းနေပါတယ်။ တစ်ပတ်ထက် တစ်ပတ်ဈေးကလည်း တက်လာပါ တယ်။ ပြောင်းကဒီနှစ်မှာ အဟောင်းရော၊ အသစ်ပါ ဈေးကောင်းပါတယ်။ မူဆယ် ဝယ်လက်တွေ ဝယ်နေ တာကြောင့် ပြောင်းအဟောင်းတွေ ကလည်း ကုန်ခါနီးမှသာ တစ်ပိဿာကို ၅၀၀ ကျပ် - ၅၀၅ ကျပ်ကျော် ဈေးရခဲ့ ပါတယ်။ အဟောင်းတွေဈေး ကြီးမိနေတဲ့အချိန်မှာ အသစ်တွေ ဈေးကွက်ကို ဝင်လာတော့ အသစ်တွေကလည်း ဖော်ကာစမှာကို တစ်ပိဿာ ၃၅၀ ကျပ်ကျော်နဲ့ဈေးစဖွင့်ခဲ့ပါတယ်။ ၁၀ လပိုင်း၊ ၁၁ လပိုင်း၊ ၁၂ လပိုင်းတွေမှာတော့ ၃၀၀ ကျပ်မှ ၃၅၀ ကျပ်ပတ်ချာလည်မှာဘဲ ဈေးအီနေပါတယ်။ ၁ လပိုင်းမှာတော့ ဈေးနည်းနည်းပြန်တက်လာ ပြီး၊ တစ်ပိဿာ ၃၅၀ ကျပ် မှ ၃၇၀ ကျပ်ဈေးရှိလာပါတယ်။     တိရစ္ဆာန်အစာအတွက် ဝယ်ယူနေတဲ့အစာစပ် စက်ရုံတွေနဲ့ မူဆယ်ဝယ်လက် တွေ အပြိုင်ဝယ်ယူနေတာကြောင့် အဝင်ရှိသလောက် ရောင်းနေရတယ်လို့လည်း သိရပါတယ်။ အစာစပ်တွေကတော့ လိုချင်သလောက် မရလို့ လောလောဆယ် တော့ ထိုင်နေရတယ်လို့ ဆိုပါတယ်။ ဆောင်းပြောင်းလို့ခေါ်တဲ့ ဇလွန်၊ ဟင်္သာတ ပြောင်းအထွက်ကို ပဲစောင့်ပြီး ဝယ်ရတော့မယ်လို့လည်း ဆိုပါတယ်။  ၂ လပိုင်းမှာ တော့ ပြောင်းဈေးက ဆက်တိုက်ဆိုသလို တက်လာတာကို တွေ့ရပါတယ်။ လဆန်း ပိုင်းမှာ တစ်ပိဿာ ၃၅၅ ကျပ်မှ ၃၇၅ ကျပ်၊ ဒုတိယအပတ်မှာ ၃၉၀ ကျပ် - ၄၀၀ ကျပ်ဈေးရှိပြီး၊ ယခုတစ်ပတ်မှာ ၄၀၅ ကျပ်မှ ၄၂၀ ကျပ်ဈေးရှိပါတယ်။ ရှမ်းပြောင်းက လိုသလောက် မရနိုင်တော့တာကြောင့် အစာစပ်တွေကတော့ ဗမာပြောင်းတွေကို  ဆင်းပြီး၊ ဝယ်ကြမယ်လို့လည်း ဈေးကွက် သတင်းရရှိပါတယ်။ဧဧခိုင် - တောင်ကြီး

Monday, 25 Feb 2013

မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှ ဝင်လာ တဲ့ ပြောင်းဖူးစေ့များကို မန္တလေးပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း) မှ တစ်ဆင့် ဝယ်ယူ၊ ဖြန့်ဖြူး၊ ရောင်းချလျက်ရှိရာ မှာ ရန်ကုန်ဝယ်လက်နဲ့ပြည်ပ (တရုတ်)ဝယ်လက် အဓိကကျပြီး၊ ဒေသတွင်း အစာ စပ် လုပ်ငန်းများမှလည်း ပုံမှန်ဝယ်ယူလျက်ရှိပါတယ်။

Monday, 18 Feb 2013

မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)ကို ကုလားပဲဖြူလုံးကြီး တန်ချိန် ၇၀၀၀၀ ကျော်နှစ်စဉ် ဝယ်ယူသိုလှောင်ဖြန့်ဖြူး ရောင်း ချရာမှ မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာ၊ မင်းဘူး၊ တောင်တွင်းကြီး၊ ရေနံချောင်းစတဲ့ ဒေသများမှ ဝင်ရောက်လျက် ရှိပါတယ်။ ဇန်နဝါရီလအတွင်းမှာ ကုလားပဲဖြူကြီး တစ်ပိဿာ ၈၄၇ ကျပ်မှ ၈၆၄ ကျပ်၊ (တစ်တန် ၅၁၈၆၉၄ ကျပ်မှ ၅၂၉၁၀၅ ကျပ်)နဲ့ နေ့စဉ်အရောင်းအဝယ်ခပ်ပါးပါးသာဖြစ်ခဲ့ပြီး၊ယခုလလည်း ၈၄၇ ကျပ်မှ ၈၇၃ ကျပ် နဲ့ နေ့စဉ် (၅၇ ဒသမ ၂၅ ပိဿာ) အိတ် ၈၀၀ မှ ၁၀၀၀ အထိ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။

Monday, 18 Feb 2013

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ မကွေးတိုင်းဒေသ ကြီးအတွင်းရှိတဲ့ မတ္တရာ၊ စဉ့်ကူး၊ တံတားဦး၊ မြို့သာ၊ ငါန်းဇွန်၊ ချောင်းဦး၊ မုံရွာ၊ ပခုက္ကူ၊ မကွေး၊ ချောက်၊ ရေနံချောင်း စတဲ့ ဒေသများက မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)ကို နှစ်စဉ် ပဲယင်းတန်ချိန် တစ်သောင်းခွဲကျော် ဝယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချလျက် ရှိနေပါတယ်။

Monday, 18 Feb 2013

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ပဲစင်းငုံအဖြူလုံးကြီးတစ်ပိဿာ ၆၀၀ ကျပ်၊ ပဲစင်းငုံ အနီ တစ်ပိဿာ ၇၅၀ ကျပ်နဲ့ဈေးအေးသွား ခဲ့ပေမယ့် နေ့စဉ်ပဲစင်းငုံအိတ် ၈၀ မှ ၁၀၀ ဝန်းကျင်ပုံမှန်ဝင်ရောက်မှုရှိနေပါတယ်။ ဇန်နဝါရီ ပထမပတ်က ပဲစင်းငုံအဖြူလုံးကြီး တစ်ပိဿာ ၇၅၀ ကျပ်နဲ့ အနီတစ်ပိဿာကို ၈၀၀ ကျပ်ဈေးရှိခဲ့တာကြောင့် အဖြူ တစ်ပိဿာကို ၁၅၀ ကျပ်နဲ့ အနီတစ်ပိဿာကို ၅၀ ကျပ်အထိ ဈေးလျော့နည်း သွားခဲ့ပေမယ့်လည်း အရောင်းအဝယ်ကတော့ ပုံမှန်ဖြစ်နေပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ၂၀၁၂-၁၃ ခုနှစ်၊ ပဲစင်းငုံစိုက်ဧက ၆၀၀၀၀ ခန့်ရှိပြီး၊ တန်ချိန် ၂၄၀၀၀ ခန့် ထွက်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် ပဲစင်းငုံစိုက်တောင်သူအချို့နဲ့ တွေ့ဆုံဆွေးနွေးမှုများအရ အအေးလွန်ကဲခြင်းနဲ့ ပိုးမွှားအန္တရာယ် ကျရောက် ပျက်စီးခြင်းများကြောင့် ခန့်မှန်းထားတာထက် အထွက်နှုန်းလျော့ နည်းနိုင်ကြောင်း သိရပါတယ်။                           မင်းအောင် - တောင်ကြီး

Monday, 18 Feb 2013

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မတ်ပဲကို အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့ နယ်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နယ်(ခွဲ)၊ မြင်းခြံမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ ရမည်သင်းမြို့ နယ်နဲ့ ပျော်ဘွယ် မြို့နယ်များမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ဧက ၉၀၀၀ ကျော်စိုက်ပျိုးပြီး၊ တစ်ဧကပျမ်းမျှအ ထွက်နှုန်း ၁၁ ဒသမ ၈၆ တင်းထွက်ရှိကြောင်း သိရပါတယ်။ အဲဒီလိုထွက်ရှိတဲ့အတွက် မန္တလေးတိုင်းဒေသကြီးမှာ ယခင်နှစ်က တန် ၃၅၀၀ ကျော်ထွက်ပြီး၊ အများဆုံး စိုက်ပျိုးတဲ့ ခရိုင်ကပြင်ဦးလွင်ခရိုင်ဖြစ်ပြီး၊ အများဆုံးစိုက်ပျိုးတဲ့ မြို့နယ်က စဉ့်ကူးမြို့နယ် ဖြစ်ပါတယ်။

Pages