Background
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ် ကုန် သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၂ ရက်နေ့မှ ၈ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၂၄ သန်းတန်ဖိုးရှိ ကြံတန်ချိန် ၅၄၈၀ ကို တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်နဲ့ လွယ်ဂျယ်စခန်းမှ တန်ချိန် ၂၃၀၀ သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က လွယ်ဂျယ်စခန်းမှ ကြံအပို့ရှိသော်လည်း ယခုအပတ်မှာေ တာ့ တင်ပို့နိုင်မှုမရှိခဲ့ပါဘူး။ ချင်းရွှေဟော်စခန်းတစ်ခုတည်းမှ ယခင်အပတ် က တန်ချိန် ၁၇၀၀ တင်ပို့ခဲ့ပြီး ယခုအပတ်မှာ တန်ချိန် ၅၄၈၀ တင်ပို့ခဲ့တဲ့အတွက် တန်ချိန် ၃၇၈၀ ပိုမို တင်ပို့နိုင်လာခဲ့တာကြောင့် ကြံစိုက်တောင် သူများဝမ်းသာနေ ကြတယ်လို့ သိရပါတယ်။MIRT (DOBT)
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်စခန်းမှ ဇန်နဝါရီ ၂ ရက်မှ ၈ ရက်အထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၅၀၁ သန်းတန်ဖိုးရှိ သကြားညို ၆၉၀ တန်ကျော်နဲ့ သကြားဖြူ ၁၆၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှုထက်ယခုအပတ်မှာ ၇၁၁ တန်ကျော်လျော့နည်း တင် ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် စခန်းများမှ တင်ပို့ခဲ့ သော်လည်း ယခုအပတ်မှာ မူဆယ်နယ်စပ်တစ်ခုတည်းမှသာ တင်ပို့ခဲ့တယ် လို့ သတင်းရရှိပါတယ်။ MIRT (DOBT)
ဗီယက်နမ်စိုက်ပျိုးရေးနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့ ဝန်ကြီးချုပ် ထံသို့ သကြားတန်ချိန် ၃ သိန်း တရုတ်နိုင်ငံသို့တင်ပို့ရောင်းချခွင့်အဆို တင်သွင်း ထားပါတယ်။ ဝန်ကြီးရဲ့ ရှင်းလင်းပြောကြားချက်အရ ၂၀၁၂-၂၀၁၃ မှာ သကြား တန် ၁ ဒသမ ၅ သန်းထုတ်လုပ်နိုင်ပြီး လက်ကျန်သိုလှောင်ထားသော သကြားတန် ၁၈၀၀၀၀ ခန့်ရှိကြောင်း၊ ပြည်တွင်းစားသုံးမှုမှပိုလျှံသော သကြားတန် ၄ သိန်းခန့် ပိုလျှံဖွယ်ရှိတယ်လို့ သိရပါတယ်။ သကြားမှာ တရားမဝင်တင်သွင်းမှုများ ရှိနေတဲ့ အတွက် ပြည်တွင်းသကြားထုတ်လုပ်သူများအနေနဲ့ ၎င်း တို့ရဲ့သကြား များ ပြည်တွင်း ဈေးကွက်မှာ ရောင်းချရန် အခက်အခဲရှိနေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်စခန်းတစ်ခုဖြစ်တဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၉၂၂ သန်း တန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ ၂၈၃၀ တန်ကို တင်ပို့ခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးုဇုန်မှ ကန်ဒေါ်လာ ၅ ဒသမ ၀၂၃ သန်းဖိုးရှိ ပြောင်းတန်ချိန် ၁၅၆၈၁ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးမှလည်း တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၉၈ သန်းဖိုးရှိ ပြောင်း တန် ၃၀၀ တင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ်-ရွှေလီနှစ်ဖက် မြေပြင်ပြောင်းဈေး များကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၂၅၈၅၉၄ ၂၆၁၂၈၈ ၂၆၉၄ ၁ ၃၁၅ ၃၁၈ ၃ ၁MIRT (DOBT)
အဟောင်းကုန်လို့ အသစ်မပေါ်မီစပ်ကြား နိုဝင်ဘာလ ကုန် ဒီဇင်ဘာလဆန်းပိုင်းမှာ ဈေးမြင့်ခဲ့တဲ့ ကြက်သွန်နီ က အခုတော့ ဈေးသင့်တဲ့ အခြေအနေဖြစ်လာတာတွေ့ရပါ တယ်။ လက်ရှိမြစ်သားကြက်သွန် ကွင်းဈေး (ဂျွန်) တစ်ပိဿာ ၇၀၀ ကျပ်နှုန်းနဲ့ မန္တလေးတက်ရောင်းတဲ့ ရှယ်စက တစ်ပိဿာ ၉၀၀ ကျပ် - ၁၀၀၀ ကျပ်ဈေးရတယ်လို့ သိရပါတယ်။
ရန်ကုန်ဝယ်လက်တွေက လှောင်ဖို့အတွက် ဝယ်ယူမှုရှိ နေတာကြောင့် ဟိုပုံးနနွင်းကလည်း ဒီတစ်ပတ်မှာ အဝယ် လိုက်နေတယ်လို့သိရပါတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ်က ပြည်ပ ဝယ်ယူမှုရှိခဲ့တာကြောင့် တစ်ပိဿာ ၃၅၀၀ ကျပ်၊ ၄၀၀၀ ကျပ်ဈေးထိရခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာတော့ ဈေးက တဖြည်း ဖြည်းနဲ့ကျလာလိုက်တာ ၂၀၁၂ ခုနှစ်ထိပါပဲ။ ၂၀၁၃ နှစ်ဆန်း မှာတော့ ရန်ကုန်ဝယ်လက်တွေက လှောင်ဖို့အတွက် ဝယ်ယူ နေကြပါတယ်။ တစ်ပတ်အတွင်း ပိဿာချိန် သုံးသောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ နနွင်းခြောက်က တစ်ပိဿာ ၆၇၀ ကျပ်၊ ၆၈၀ ကျပ်ဈေးရှိပြီး၊ နနွင်း (အစို) အသစ်ကတော့ တစ်ပိဿာ ၂၀၀ ကျပ် ဈေးရှိပါတယ်။
မြန်မာ-တရုတ်နယ်စပ်စခန်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးုဇုန်မှ ကန်ဒေါ်လာသုည ဒသမ ၀၃၆ သန်းတန်ဖိုးရှိ နနွင်း တက် ၂၂ တန်ကျော်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလပထမပတ်မှာ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှ နနွင်းတက် ၁၂ တန်ခွဲနဲ့ မြဝတီမှ ၁၅ တန်တင်ပို့ခဲ့တာမို့ နနွင်းတက်တင်ပို့မှုပုံမှန် ရှိနေတယ်လို့ ဆိုရပါမယ်။ MIRT (DOBT)
ပြည်ဈေးကွက်ကို မန်ကျည်းမှည့်အသစ်များ ဇန်နဝါရီ ပထမပတ်မှစပြီး ဝင် ရောက်လာပြီဖြစ်ပါတယ်။ အထွက်မလှို င်သေးတာကြောင့် လက်ကားရောင်းချမှုမျိုး မရှိသေးဘဲ လက်လီသမားများသာ အရောင်းအ ဝယ် ဖြစ်နေတာ ကို တွေ့ရပါတယ်။ မန်ကျည်းမှည့်အဟောင်းများမှာ လည်း ဈေးကွက်မှာမရှိသေ လာက်ဖြစ်နေပါ တယ်။ မန်ကျည်းမှည့်အသစ်ဈေးမှာ အခွံမပါ၊ အစေ့မပါ တစ်ပိဿာကို ၂၃၀၀ ကျပ်နဲ့ ဈေးဖွင့်ရောင်း ချနေတာ ကို တွေ့ရပါတယ်။အိဆွေဇင် - ပြည်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေစခန်းမှ ဇန်နဝါရီလ ၂ ရက်နေ့မှ ၈ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ မန် ကျည်းစေ့ ၂၈ တန်ကိုတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၂၃ တန်တင်ပို့ခဲ့တဲ့ အတွက် ယခုအပတ်မှာ ၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ပင်လယ်ဆားငန်ရေဒဏ်ခံနိုင်စွမ်းရည် ရှိသဖြင့် ဘိလပ်မြေနဲ့ရောပြီးဆောက်လုပ်ရေးလုပ်ငန်းများမှာ အသုံးပြုတယ်လို့ သတင်း ရရှိပါတယ်။ MIRT (DOBT)
ဒီတစ်ပတ်မှာလည်း ဟိုပုံးချင်းက အဝင်နည်းနေပါသေးတယ်။ လှောင်လက် ကတော့ ဈေးနေ့တွေမှာ တစ်ပိဿာ ၂၀၀ ကျပ်နဲ့ လက်လီလိုက်ဝယ်နေရပါတယ်။ တောင်သူတွေကတော့ ပန်းနှမ်း၊ ပြောင်းနဲ့ စပါးတွေကိုသာ သိမ်းနေကြလို့ အလုပ် မအားတဲ့အတွက် မဖော်ဖြစ်ကြသေးဘူးလို့သိရပါတယ်။ ချင်းကမြေကြီးထဲမှာ အတော်ကြာ ကြာအထားခံတဲ့အတွက် ကျန်သီးနှံတွေရိတ်သိမ်းပြီးမှသာ ဖော်ကြ တော့မှာဖြစ်ပါတယ်။ ဈေးကွက်မှာ အဝင်နည်း တာကြောင့် အဝယ်သာရှိနေပြီး၊ အရောင်းကတော့ မရှိသေးဘူးလို့လည်းသိရပါတယ်။ ဟိုပုံးချင်းခြောက် ကတော့ တစ်ပိဿာ ၁၀၀၀ ကျပ်၊ ၁၁၀၀ ကျပ်၊ ဈေးပေါက်ပေမဲ့ ဈေးသာရှိပြီး၊ ပစ္စည်းလက် ကျန်ကတော့ သိပ်မရှိတော့ဘူး လို့လည်း သိရပါတယ်။
အောင်ပန်းဈေးကွက်မှာတော့ ချင်းကအဝယ်လှိုင်နေတုံးပါပဲ။ အဝင်များသလို ပုံမှန်ရောင်းနေရတယ် လို့လည်းသိရ ပါတယ်။ ပြည်တွင်းသုံးအတွက်သာ ဝယ်ယူမှု ရှိနေပြီး၊ ပြည်ပဝယ်လိုအား ကတော့မရှိသေး ပါဘူး။ တောင်သူေ တွကတော့ ချင်း (စို) တွေကို ပြည်ပဝယ်ယူရင် ဒီထက်ဈေးကောင်းရမှာမို့၊ ပြည်ပဝယ်လိုအား ရှိစေချင်ကြပါတယ်။ မနှစ်ကလည်း မူဆယ်ဝယ်လက်တွေကသာ အနည်းအကျဉ်း ဝယ်ယူခဲ့ပြီး ရပ်သွားတာကြောင့် တစ်နှစ်ပတ် လုံး ပြည်တွင်းသုံးအနေနဲ့သာ ရောင်း ခဲ့ရပါတယ်။ ဒီနှစ်တော့ ပြည်ပတင်ပို့နိုင်ခဲ့ရင် မနှစ်ကထက်တော့ အကျိုးအမြတ် ရနိုင်တယ်လို့လည်း တောင်သူတွေကမျှော်လင့်နေကြပါတယ်။ ချင်း (စို) ကတော့ အကြီး၊ အသေးပေါ် မူတည်ပြီး တစ်ပိဿာကို ၂၅၀ ကျပ်၊ ၃၀၀ ကျပ်ဈေးရှိနေပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်-တောင်ကြီး
