Background
၂၀၁၂ ခုနှစ် နိုဝင်ဘာတစ်လလုံး နယ်ကနေ ပခုက္ကူကို ကြက်သွန်နီအဝင်ဟာ ၄၂၉၂၅၀ ပိဿာဝင်ပါတယ်။ ပခုက္ကူ ကနေ ရန်ကုန်ကို အထွက် ၃၂၉၅၅၀ ပိဿာ၊ မန္တလေးကို ၅၅၁၂၅ ပိဿာ အထွက်ရှိတော့ အထွက်စုစုပေါင်း ၃၈၄၆၇၅ ပိဿာ၊ ပခုက္ကူမှာ နိုဝင်ဘာလကုန် အကျန်ပိဿာ ၄၄၅၇၅ ပိဿာကျန်ပါတယ်။ ဝါဆို၊ ကထိန်အလှူ မင်္ဂလာဆောင်တွေ မှာ စားကြအသုံးပြုကြမှာဆိုတော့ ဒီလက်ကျန်လည်းကုန်မှာ ပါ။ ဆိုလိုချင်တာက ကြက်သွန်နီ အဟောင်းလက်ကျန် မရှိ သလောက်လို့ပြောရမှာပါ။ ရှိနေတဲ့ ကြက်သွန်နီအဟောင်းက လည်း အညှောင့်ထွက်၊ အူချောင်၊ အရည်ပျော်ဆိုတာ ဖြစ် နေပါပြီ။ သဲသောင်တွေမှာစိုက်တဲ့၊ လှောင်လို့ရတဲ့ကြက် သွန်နီတွေ သက်တမ်း ကုန်ဆုံးသွားချိန်မှာ အဟောင်းကုန် အသစ်ဝင်တဲ့ သဘောတရားအရ မိုးတွင်းမှာစိုက်တဲ့ ဥစိုက် ကြက်သွန်တွေ အစားထိုး ဝင်ရောက်လာပါတယ်။ ဒါက သဘာ၀ တရားပါ။ ဆောင်း စိုက်ကြက်သွန် လက်ကျန်အနည်း၊ အသစ်ဝင်လာတဲ့ မိုးစိုက်ကြက်သွန်တွေဟာ ခေါင်းမော့ရင် ကော့ လက်မထောင်ဝင်လာတယ်လို့ ပြောရမှာပါ။
နယ်စပ်စခန်းများမှ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အတွင်း ကန်ဒေါ်လာသုညဒသမ ၅၉၃ သန်းဖိုးရှိ ငရုတ်သီးခြောက် တန် ၃၀၀ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှ မူဆယ်၁၀၅ မိုင်မှ တန် ၂၄၀ ကျော်နဲ့ မြန်မာ-ထိုင်း နယ်စပ်မြဝတီစခန်း တန် ၆၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှ ငရုတ်သီးခြောက်များကို တစ်ဖက်နိုင်ငံ မဲဆောက်မှ တစ်ဆင့် ဘန်ကောက်မြို့ထိတင်ပို့ပြီး ဟင်းချက်ရာမှာ အများဆုံး သုံးကြတယ်လို့သိရပါတယ်။MIRT (DOBT)
နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၃၉ သန်းကျော် တန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၆၃၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခုအပတ် မူဆယ်နယ်စပ်မှသာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်ကထက် ဇီးဆံ၊ တော ဂျူးမြစ်၊ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက်၊ ဝဥခြောက်နဲ့ ကြောင်လျာစေ့ စတဲ့ပရဆေးကုန်ကြမ်းတို့ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကန်ဒေါ်လာသုညဒသမ ၀၀၀၂ သန်းတန်ဖိုးရှိ တောင်လုံးကျော် ၁ တန်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၀၂ သန်း တန်ဖိုးရှိ ဟင်းရိုင်း ဖြူ တန်ဝက်နီးပါး တင်သွင်းရှိခဲ့ ပါတယ်။ နိုဝင်ဘာလအတွင်း ပရဆေးကုန်ကြမ်း ၃၈၅၇ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး ၄ တန်နီးပါး တင်သွင်းမှုရှိခဲ့ပါတယ်။ MIRT(DOBT)
နိုဝင်ဘာလနောက်ဆုံးပတ်မှာတော့ မန်ကျည်းတင်ပို့မှုပါ ပျောက်ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းမှာ စင်ကာပူနိုင်ငံကိုသာ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အောက် တိုဘာလအတွင်း မန်ကျည်းတင်ပို့မှုက ၁၃၃ တန်ရှိခဲ့ပြီး နိုဝင်ဘာလတင်ပို့မှုက တန်ချိန် ၂၀၀ ရှိခဲ့တာကြောင့် နိုဝင်ဘာလမှာ မန်ကျည်း တင်ပို့မှုပိုခဲ့ပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ မန်ကျည်းတင်ပို့မှုပျောက်ခဲ့တာ ကြောင့် ဒီနှစ်နိုဝင်ဘာလမှာ မန်ကျည်းတင်ပို့မှု ပိုခဲ့ပါတယ်။ MIRT (DOT)
ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်းအဝင်တွေပြန်များလာပါတယ်။ အဝင် လည်းများ၊ အထွက်ကလည်း များနေပါတယ်။ ပွဲတော်ရက်ဖြစ်တဲ့ ရက်သတ္တ နှစ်ပတ် ကတော့ အရောင်းအဝယ်က ခပ်အေးအေးသာဖြစ်ခဲ့ပြီး၊ ဒီတစ်ပတ်မှာ အရောင်း၊ အဝယ်ပြန်သွက်လာပါတယ်။ ချင်းထိုးသမားတွေနဲ့ ဈေးပတ်သမားတွေကလည်း အတော်များများ ဝယ်ယူမှုရှိနေပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းအဝင်များနေ ပေမယ့် ဟိုပုံးဈေးကွက်မှာတော့ ချင်းအဝင်ကလုံးဝမရှိသေးပါဘူး။ အောင်ပန်းထက် ချင်းစိုက်တာ တစ်လ၊ နှစ်လနောက်ကျတာကြောင့် ဇန်နဝါရီလ မှာသာ ချင်းတက် သစ်တွေ ဈေးကွက်ကို ရောက်လာမှာဖြစ်တယ်လို့ သိရပါတယ်။
ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ ယခုတစ်ပတ်မှာ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်နဲ့ အဝင်နည်းသွားပြီး အရောင်းအဝယ်မှာလည်း တစ်နေ့ကို ပိဿာချိန် ၂၀၀ ခန့်နဲ့ အရောင်းအဝယ်အေးနေပါတယ်။ ဈေးနှုန်းမှာ ယခင် အပတ်ဈေးအတိုင်း တစ်ပိဿာကို ချင်း(ရှယ်) ၆၀၀ ကျပ် (ဂျွန်) ၃၅၀-၄၀၀ ကျပ်တို့ဖြစ်ပြီး၊ ရခိုင်ပြည်နယ် ကို ပြည်ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၁၈၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင် - ပြည်
အောင်ပန်း ကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ ဒေသထွက်ကုန်များ ဝင်သလောက် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စုစုပေါင်း ကုန်ချိန် ၁၄၇၁၆၉၅ ပိဿာ (၂၄၀၃ ဒသမ ၂၀ ) တန် ရောင်းဝယ်နိုင်ခဲ့ တာကြောင့် အောက်တိုဘာလကထက် ၅၈၈ ဒသမ ၈၀ တန် ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ရောင်းချခဲ့တဲ့ ကုန်ပစ္စည်းများကတော့ ကြက်သွန်ဖြူ ၅၅၆ ဒသမ ၃၄ တန်၊ အစေ့ ထုတ်ပြောင်း ၄၂၂ ဒသမ ၇၇ တန်၊ ပဲပုပ်စေ့ ၉၆ ဒသမ ၂၄ တန်၊ ပန်းနှမ်း ၅၉ ဒသမ ၅၅ တန်၊ ချင်းအစို ၄၄၁ ဒသမ ၈၇ တန်၊ နနွင်း ၃၆ ဒသမ ၇၄ တန်၊ ချင်း ခြောက် ၅၁ ဒသမ ၇၆ တန်နဲ့ အာလူး ၇၃၇ ဒသမ ၉၃ တန်တို့ဖြစ်ကြောင်း သိရ ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ မတ်ပဲ ၁၀ တန်ကျော်ကို ကန် ဒေါ်လာ သုည ဒသမ ၀၀၇ သန်းဖိုး၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းဖိုးရှိတဲ့ မတ်ပဲ ၁၁ တန်ခွဲကို နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အတွင်း တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခင်အပတ်က တမူး စခန်းတစ်ခုတည်းမှသာ မတ်ပဲ ၅ တန်ကျော်တင်ပို့ခဲ့တာမို့ ယခုအပတ် မတ်ပဲ တင်ပို့မှုအားကောင်းနေတာေ တွ့ရပါတယ်။ နှစ်ဖက်မြေပြင် ပေါက်ဈေးများကို ယှဉ် ကြည့်တဲ့အခါ မိမိဘက်ဈေးမြင့်လာတာ တွေ့ရပါတယ်-
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုညဒသမ ၀၈၂ သန်းတန်ဖိုး ရှိ ပဲတီစိမ်းလုံးပြည့် ၉၈ တန်ခန့်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၈၈ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း တန် ၈၀ ကျော်ကို တစ်ဖက်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က ပဲတီစိမ်းတင်ပို့မှု လုံးပြည့်ရောလုံးခြမ်းပါ ၇၃ တန်ကျော်သာ ရှိခဲ့တဲ့ အတွက် ယခုအပတ်မှာ ၂ ဆကျော် ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ နှစ်ဖက် မြေပြင်ပေါက်ဈေးများကိုကြည့်တဲ့အခါ မိမိဘက်ဈေးမှာ ယခင်အပတ်ကထက် အနည်းငယ် ဈေးမြင့်နေတာ တွေ့ရပါတယ်-
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပခုက္ကူကနေ ရန်ကုန် ကို နှမ်း ၂၀၆၀ အိတ်၊ ပဲတီစိမ်း ၂၂၇၉ အိတ် စွန်တာပြာ ၃၃၈ အိတ်၊ ကုလားပဲဖြူလုံးကြီး ၅၃၉ အိတ် ကုလားပဲဝါ ၃၀၀ အိတ်၊ ပဲယင်း ၂၀၀ အိတ်၊ စားတော်ပဲ ၇၀ အိတ်၊ မန္တလေးကိုနှမ်း ၁၃၃ အိတ်၊ ထောပတ်ပဲ ၆၄ အိတ်၊ ပြောင်း ဖူးစေ့ ၁၃၁ အိတ်၊ စွန်တာပြာ ၇၀ အိတ်အထွက်ရှိတာ တွေ့ ရပါတယ်။ သယ်ယူခနှုန်းထားတွေအနေနဲ့ ရန်ကုန်ကို တစ် ပိဿာ ၃၄ ကျပ်မှ ၄၅ ကျပ်ထိ အမျိုးမျိုးရှိပါတယ်။ မန္တလေး ကို သယ်ယူခတစ်ပိဿာ ၁၄ ကျပ်ပါ။ ဘာကြောင့်ဒီလို ဖြစ် ရလဲဆိုတော့ ကားဂိတ်တွေ အပြောအရ ပခုက္ကူမြို့ကို အကြောင်းအမျိုးမျိုးနဲ့ ပစ္စည်းလာပို့ရင် ပြန်ကြမဲ့ကားတွေဟာ အခွံပဲ ပြန်ရမယ့်အတူတူ ရမယ့်ပစ္စည်းကို ဖြစ်ပေါ်နေတဲ့ ကုန်သယ်ခထက်လျော့ပြီး၊ လမ်းသင့်သလို တင်သွားကြတဲ့ အတွက် ဖြစ်ရတာပါလို့ သိရပါတယ်။ ကုန်ပစ္စည်းသယ်ယူမှု လျင်မြန်သွက်လက်လာတာကို မုဒိတာပွားစရာဖြစ်ပေမယ့် အခြေချလိုင်းဝင် ထားတဲ့ ကားပိုင်ရှင်တွေအဖို့ မတည်ငြိမ်တဲ့ သယ်ယူခနှုန်းထားကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရ တယ်လို့ဆိုတာ လည်းကြားသိရပါတယ်။ပခုက္ကူကနေ ရန်ကုန်၊ မန္တလေးကို ကုန်စည်စီးဆင်းမှု ထိုက်သင့်လျှောက်ပတ် စွာရှိ နေပေမယ့် ဒိုင်မှာတော့ အရောင်းအဝယ်ပါးတာကိုလည်း တွေ့ရှိရပါတယ်။
