Background
ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၃၀-၁၁-၂၀၁၂ ကျပ်/ပိဿာ
စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး
23/11
30/11
ပြောင်းလဲမှု
23/11
30/11
ပြောင်းလဲမှု
23/11
30/11
ပြောင်းလဲမှု
23/11
30/11
ပြောင်းလဲမှု
1
မတ်ပဲ
735
727
600
583
660
625
725
-
2
ပဲစင်းငုံ
857
833
808
775
810
775
810
815
3
ပဲတီစိမ်း
1165
1130
747
800
1053
1000
1026
1015
4
ကုလားပဲရိုးရိုး
1240
1240
960
960
895
832
958
963
5
ပဲလွန်းဖြူ
950
950
950
967
-
1053
763
-
6
ထောပတ်ပဲ
865
865
978
978
-
-
-
-
* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။
နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၄၃၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၁၆၀၀ ကျော်ကို တင်ပို့ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၇၁ သန်းတန်ဖိုးရှိ RSS -3 တန်ချိန် ၆၀ ကိုသာတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ ရော်ဘာအဆင့်စုံ တန် ၁၀၆၈ တန်ကျော်တင်ပို့ခဲ့သဖြင့် ယခင်အပတ်ထက် ၂ ဆနီးပါးပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်စခန်းမှ ယခင်အပတ်က တင်ပို့နိုင်ခဲ့ခြင်းမရှိသော်လည်း ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၈၉ သန်းတန်ဖိုးရှိ ရော်ဘာ ၃၂ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၈၂၃ သန်းတန်ဖိုးရှိ RSS -3 ၂၉၆ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၅၆၀ သန်းတန်ဖိုးရှိ MSR-20 ၂၀၃ တန်ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုအပတ်မိမိဘက်နဲ့ တစ်ဖက်နိုင်ငံရော်ဘာ မြေပြင် ပေါက်ဈေးများ မှာ ပြောင်းလဲမှုမရှိတာကို တွေ့ရှိရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၇၂၈၀၀ ၂၅၇၂၈၀၀ - - ၃၀၈၁ ၃၀၈၁ - -RSS - 5 ၂၅၀၅၈၀၀ ၂၅၀၅၈၀၀ - - ၃၀၀၁ ၃၀၀၁ - -MIRT (DOBT)
နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်စခန်းမှ ယခုအပတ်သကြားတင်ပို့မှုဟာ ယခင် အပတ် တင်ပို့မှုထက် ၅၁၁ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာသုညဒသမ ၆၅၈ သန်းတန်ဖိုးရှိ သကြားညို ၅၆၁ တန်ကျော်နဲ့ သကြားဖြူ ၅၅၄ တန် တင်ပို့နိုင်ခဲ့ တာဖြစ်ပြီးယခုအပတ်မူဆယ်မှ သကြားပို့အားကောင်းလျက်ရှိပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမူဆယ်မှ နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အတွင်း တစ်ဖက် နိုင်ငံသို့ ပြောင်းဖူးစေ့ ၁၄၃၀၅ တန်ကို ကန်ဒေါ်လာ ၄ ဒသမ ၈၁၈ သန်းဖိုးနဲ့ လွယ်ဂျယ်မှ ၄၁၉ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၁၆၀ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နေ့စဉ်ပြောင်းကားစီးေ ရပျမ်းမျှ ၁၀၅ စီး ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ နိုဝင်ဘာလတစ်လလုံးတင်ပို့ခဲ့တဲ့ပြောင်း တန်ချိန်ကတော့ ၆၆၄၁၁ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာ ၂၂ ဒသမ ၁၁၂ သန်း ဖြစ်ပါတယ်။ နှစ်ဖက်မြေပြင်ပြောင်းဈေးများ ကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ပါတယ်-
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၂၆၂၆၃၇ ၂၇၅၆၇၀ ၁၃၀၃၃ ၅ ၃၂၁ ၃၃၇ ၁၆ ၅MIRT (DOBT)
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေစခန်းမှ နိုဝင် ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၁၉ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိခဲ့ဘဲ ယခုအပတ် မှာ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မန်ကျည်းစေ့ဟာ ပင်လယ်ဆား ငန်ရေဒဏ်ခံနိုင်စွမ်းရည်ရှိသဖြင့် ဘိလပ်မြေ နဲ့ရောပြီး ဆောက် လုပ်ရေးလုပ်ငန်းများမှာ အသုံးပြုတယ်လို့ သတင်းရရှိပါတယ်။မြင့်မြင့်မာ MIRT(DOBT)
အိန္ဒိယနိုင်ငံအထက်ပိုင်းမှ အဝယ်အော်ဒါလျော့ကျ တာ ကြောင့် အိန္ဒိယနနွင်းဈေးက ဆက်ပြီးကျဆင်း နေပါတယ်။ ပြည်ပတင်ပို့သူတွေက ဈေးအနိမ့်နဲ့ အရည်အသွေးကောင်း နနွင်းအကန့်အသတ်သာ ဝယ်ယူကြတယ်လို့ ဆိုပါတယ်။ ဝယ် လိုအားနည်းတာကြောင့် ပြည်တွင်းကုန်သည်များက တင်ဒါ များကို ပမာဏနည်းနည်းသာ တင်သွင်း ကြတယ်လို့ အီရော့ နနွင်း ကုန်သည်များအသင်း ဥက္ကဌမစ္စတာအာကေ ဗွီရာ ဗီရှန်ကာမှ ပြောကြားပါတယ်။ လက်ငင်းဈေးလျော့နည်းတာ ကြောင့် ဒီဇင်ဘာလအတွက်နနွင်း ကြိုပွိုင့်ဈေးမှာလည်း ဆက်ပြီး အေးနေတယ်လို့ သိရပါတယ်။
ဝယ်လိုအားနည်းပြီး၊ မှာယူမှုလျော့တဲ့အတွက် ကုန်သည် တွေက ဈေးအနိမ့်နဲ့ အကန့်အသတ်သာဝယ်ယူတယ်လို့ ဆိုပါ တယ်။ တောင်သူတွေကလည်း အိတ်အနည်းငယ်အတွက် သာ ဈေးနှုန်းအတည်ပြုပြီး၊ အလယ်အလတ်အဆင့် နနွင်းကို သယ်ယူလာကြတယ်လို့ ဆိုပါတယ်။ ၎င်းတို့အနေနဲ့ မြောက် ပိုင်းက အော်ဒါတွေ စောင့်နေခြင်းဖြစ်ပြီး၊ တကယ်လို့ ဒီဇင် ဘာလ၁၀ ရက်မတိုင်မီအဝယ်အော်ဒါမရှိရင်ဇန်နဝါရီ နောက် ဆုံးပတ်မှသာ အဝယ်သွက်လာနိုင်တယ်လို့လည်း ရာဗီရှန်ကာ မှ ဆိုပါတယ်။ တောင်သူတွေကတော့ ဈေးမြင့်တက်မယ်မှန်းပြီး၊ သို လှောင် ထားကြတယ်။ ပြည်ထောင်စုအစိုးရက အနိမ့်ဆုံး ထောက်ပံ့ဈေး တစ်တန် ရူပီး ၉၀၀၀၀ (ကန်ဒေါ်လာ ၁၆၃၆) သတ်မှတ်လိမ့်မယ်လို့ ဆိုပါတယ်။ လက်ရှိ တောင်သူ တွေ လက်ထဲမှာ နနွင်းအိတ် သိန်း ၂၀ ကျော် ကျန်သေးတယ်လို့ ဆိုပါတယ်။ တချို့ကတော့အိမ်အသုံးစရိတ် ကာမိစေဖို့ လက် ရှိဈေးနဲ့ပဲ ရောင်းချနေရတယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲကို အရည်အသွေးကောင်းစပ်မျိုးနနွင်း ဝင် ရောက်ပေမယ့် ဝယ်လိုအားမရှိလို့ တစ်တန် ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၉၁)ကျဆင်းခဲ့ပါတယ်။ အီရော့နနွင်းကုန်သည် များ ဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန် ရူပီး ၃၈၀၉၀-၅၃၉၈၀ (ကန်ဒေါ်လာ ၆၉၂-၉၈၁)ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၃၆၉၆၀-၄၈၃၅၀(ကန်ဒေါ်လာ ၆၇၂-၈၇၉)ရှိကြောင်း business Line သတင်းအရ သိရပါတယ်။ ယမင်းခင်
အရင်ကတည်းကအရောင်းပါးနေတဲ့နနွင်းကပွဲတော်ရက်ကြောင့် ပိုပြီးပါးနေပါတယ်။ ပြီးခဲ့တဲ့အပတ်တွေ ကတော့ ခပ်ပါး ပါးဝင်နေပေမဲ့ ဒီတစ်ပတ်မှာတော့ အဝင်မရှိသလောက်ဖြစ်နေတယ်လို့ သိရပါတယ်။ ဝယ်လက်တွေကသာ အမှုန့်ကြိတ်ဖို့၊ ပရဆေးဖော်ဖို့အတွက် အနည်းအကျဉ်းနဲ့ တစိမ့်စိမ့်ဝယ်ယူမှုရှိပေမဲ့ ပြည်ပဝယ်လက်ကတော့ လွန်ခဲ့တဲ့ ၂ လ၊ ၃ လခန့်ကသာ မူဆယ်ဝယ်လက်တွေက ဟိုပုံးနနွင်းကို အနည်းအကျဉ်းဝယ်ယူခဲ့တာ ရှိခဲ့ပြီး၊ နောက်ထပ်ဝယ် တာတော့ မရှိသေးပါဘူး။ ဒီတစ်ပတ် နနွင်းဈေးကတော့ ပင်လောင်းနနွင်းက ၄၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ရိုးရိုးနနွင်းက ၇၀၀ ကျပ်၊ ၈၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက တစ်ပိဿာ ၁၁၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်-တောင်ကြီး
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာသုညဒသမ ၀၉၅ သန်းတန်ဖိုးရှိတဲ့ နနွင်းတက် ၆၁ တန်ကျော်၊ ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာသုညဒသမ ၀၁၇ သန်းတန်ဖိုးရှိ နနွင်းတက် ၁၀ တန်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီမှ ကန်ဒေါ်လာသုညဒသမ ၀၄၆ သန်းတန်ဖိုးရှိ နနွင်းတက် ၂၆ တန်တို့ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း အပို့ရှိခဲ့တာမို့ ယခင်အပတ်တင်ပို့မှုထက် ၃၆ တန်နီးပါးပိုမိုခဲ့တာတွေ့ ရပါတယ်။ နိုဝင်ဘာလအတွင်း နယ်စပ်စခန်းများမှ နနွင်းတက် ၂၀၂ တန်ကျော်ကို တန်ဖိုးသုညဒသမ ၃၄၅ ဒေါ်လာ သန်းဖိုးတင်ပို့ထားပြီးဖြစ်ပါတယ်။မော်မော်အောင်၊ MIRT (DOBT)
တန်ဆောင်တိုင်ပွဲတော်ရက်ဖြစ်တာကြောင့် ချင်းအဝင်ကလည်း ပါးနေပါ တယ်။ အောင်ပန်းအနီးတစ်ဝိုက် ကသာအဝင်ရှိနေတာကြောင့်အဝင်ကလည်း ခပ်ပါး ပါးသာရှိတယ်လို့ သိရပါတယ်။ ပွဲတော်ရ က်ကြောင့် တောင်သူေ တွ၊ ကုန်သည်တွေ ပွဲရုံတွေကလည်း အရောင်းအဝယ်မလုပ်ကြတော့ ဘဲ ခေတ္တနားနေတယ်လို့ ဆိုပါ တယ်။ အဝင်ပါးနေပေမယ့် အရောင်းကတော့ ခပ်သွက်သွက်ရှိနေတာပါ။ ဈေးပတ် သမားတွေကပုံမှန်အဝယ် ရှိနေတာကြောင့် တစ်ပတ်အတွင်း ပိဿာချိန် ၅၁၀၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်ပန်းချင်း ဈေးကွက်မှာ ချင်ဈေးက ထပ်တက်နေပါတယ်။ ချင်းသစ်မှာ မြေနီချင်းတက် (အလှ)ဆိုရင် တစ်ပိဿာ ၂၈၀ ကျပ် - ၃၁၀ ကျပ်ဈေးရှိပြီး၊ ချင်းဥမကတစ်ပိဿာ၂၀၀ ကျပ် - ၂၅၀ ကျပ်ရှိပါတယ်။ ချင်းခြောက်တော့ တစ် ပိဿာ ၇၀၀ မှ ၁၁၀၀ ကျပ်ရှိပါတယ်။ ဟိုပုန်းမှာတော့ ချင်းနုတွေက အဝင်ရှိပြီး တစ်ပိဿာ ၂၀၀ ကျပ်နဲ့ လက်လီရောင်းနေပါတယ်။ ချင်းတက်တွေကတော့ ပွဲတော် ရက်အပြီး ဒီဇင်ဘာ ဒုတိယပတ်လောက်မှ အဝင်ရှိနိုင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဧဧခိုင် - တောင်ကြီး
ယခင် ၂၀၁၁ ခုနှစ် နိုဝင်ဘာနောက်ဆုံးပတ် ပဲစင်းငုံဈေးမှာ ၁၃၀၀၀ ကျပ် ဈေးရှိပြီး၊ အရောင်းအဝယ်မှာ ရက်ခြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ စိုက်ဧကများလည်း တိုးချဲ့စိုက်ပျိုးခဲ့ကာ၊ တောင်သူအများစု မှာ ဈေးကောင်းကောင်း နဲ့၊ အရောင်းသွက်နိုင်ရေးကို မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပဲစင်းငုံဈေးမှာ ယခင် နှစ်ထက် ဈေးပိုရခဲ့သော်လည်းကာလတူဈေးနှုန်းမှာကွာဟမှုသိပ်မရှိဘဲ တစ်တင်းကို ၁၅၇၀၀ ကျပ်ဈေးရှိပါ တယ်။ ယခင်နှစ် နိုဝင်ဘာလက ရက်ခြား အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ပဲစင်းငုံဟာ ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်မှာတော့ အရောင်းအဝယ် မဖြစ်သလောက်အေးနေကြောင်း သိရပါတယ်။ ဆုမွန်ဆွေ-ပြည်