Main menu

Background

Monday, 19 Nov 2012

ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၁၆-၁၁-၂၀၁၂                                   ကျပ်/ပိဿာ

စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး

9/11
16/11
ပြောင်းလဲမှု
9/11
16/11
ပြောင်းလဲမှု
9/11
16/11
ပြောင်းလဲမှု
9/11
16/11
ပြောင်းလဲမှု

1
မတ်ပဲ
776
767

633
617

690
690

-
725

2
ပဲစင်းငုံ

882

887

842
833

-
825

840

845

3
ပဲတီစိမ်း
1215
1230

800
800

1079
1079

1074
1079

4
ကုလားပဲရိုးရိုး
1200
1250

960
960

921
895

974
974

5
ပဲလွန်းဖြူ
950
950

1167
1167

-
-

800
789

6
ထောပတ်ပဲ
950
800

978
978

-
-

-
-

* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။

Monday, 19 Nov 2012

ပြည်အာလူးဈေးကွက်သို့ ယခုတစ်ပတ်မှာ အောင်ပန်းဘက်မှ အာလူးများတစ်နေ့ အိတ် ၆၀၀ ခန့် အဝင် ရှိပြီး၊ ပြည်ဈေးကွက်အနေနဲ့ တစ်ပတ်ချင်း ရောင်းအားရှိသလောက်မှာယူတဲ့အတွက်၊ ဒေသတွင်း လက်လီ လက်ကား ရောင်း ဝယ်သူများနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့သို့ စီးဆင်းမှုအပါအဝင် အိတ် ၅၂၀ ခန့် အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ မျိုးအာလူးကို တိုင်းအတွင်းရှိ ရွှေတောင်မြို့နယ်၊ ကျီးသဲရွာဘက်မှ အာလူးစိုက်တောင်သူများက အဝယ်ရှိပြီး၊ ရာသီဥတု ကွာတဲ့အတွက် အာလူးကို မျိုးထားလို့မရ တာကြောင့် အောင်ပန်းမှလာတဲ့မျိုးကို ဝယ်ယူစိုက်ပျိုးရခြင်းဖြစ် ကြောင်းသိရပါတယ်။ အာလူးဈေးနှုန်းမှာ ယခင်တစ်ပတ်ကထက် ဈေးအနည်းငယ်ကျသွားပြီး တစ်ပိဿာကို (ကြီး) ၈၀၀ ကျပ်၊ (လတ်) ၇၅၀ ကျပ်၊ (သေး) ၇၀၀ ကျပ်နဲ့ မျိုးအာလူး တစ်ပိဿာ ၆၀၀ ကျပ် တို့နဲ့ အသီးသီးရောင်းဝယ်လျက် ရှိနေပါတယ်။                                              ဝင်းဝင်းခိုင်-ပြည်

Monday, 19 Nov 2012

စားဖိုဆောင်သုံးသီးနှံဖြစ်တဲ့ ကြက်သွန်နီဟာ ဈေးမြောက်လာတယ်လို့ ပြော ရမှာပါ။ အောက်တိုဘာလဆန်းပိုင်းမှာ ထိပ်စတစ်ပိဿာ ၇၀၀ ကျပ်၊ ၇၅၀ ကျပ်၊ အလတ်စ ၆၀၀ ကျပ်၊ အောက်စ ၄၅၀ ကျပ်၊ ၅၅၀ ကျပ် ကနေ နောက်ပိုင်းမှာ ထိပ်စ တစ်ပိဿာ ၁၀၀၀ ကျပ်၊ ၁၀၅၀ ကျပ်၊ အလတ်စ ၉၀၀ ကျပ်၊ အောက်စ ၇၀၀ ကျပ်ကို ဈေးမြောက်လာတာတွေ့ရပါတယ်။ နယ်ကနေ  ဒိုင်အဝင်တွေကို ကြည့်ရင် နေ့စဉ်ပိဿာချိန် သောင်းချီပြီး ဝင်ပါတယ်။ လေးသောင်းကျော်ဝင်တဲ့ နေ့တစ်နေ့ပါပြီး၊ နှစ်သောင်းပတ်လည်နေ့စဉ်ဝင်တာတွေ့ရပါတယ်။ ဒါပေမဲ့ ဝင်လာ တဲ့ကြက်သွန်နီတွေမှာ ကြက်သွန်နီထိပ်စက အဝင်ရဲ့ ၃ ပုံ ၁ ပုံတောင် မရှိတာ တွေ့ရပါတယ်။  အောက်တိုဘာလကနေ ခုချိန်ထိ အဝင်စုစုပေါင်း ပိဿာချိန် ၄ သိန်းခွဲခန့်ရှိပြီး၊ အထွက်အနေနဲ့ကတော့ ရန်ကုန်ကို  ပိဿာချိန် နှစ်သိန်းနီးပါး၊ မန္တလေးကို လေးသောင်းနီးပါး ရှိပါတယ်။ ဒီတော့မြို့ပေါ်မှာ အတော်များများ လက်ကျန်ရှိနေမယ်လို့ တွက်ဆရပါတယ်။ ဈေးတစ်ပတ်လည်မှာလည်း အခွံကျွတ် ကြက်သွန်တွေရဲ့ အရည်အသွေးကိုလိုက်ပြီး တစ်ပိဿာ ၅၀၀ ကျပ်၊ ၆၀၀ ကျပ် နဲ့ရောင်းနေတာကို တွေ့ရပါတယ်။                           မြင့်ဦး-ပခုက္ကူ

Monday, 19 Nov 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ တစ်ဘက် နိုင်ငံသို့ ကန်ဒေါ်လာသုညဒသမ ၂၃၈ သန်း တန်ဖိုးရှိ သကြား ဖြူ ၈၄ တန်ကျော်နဲ့ သကြားညို တန် ၃၂၀ ကို နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ   တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကမူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်စခန်းများမှ တင် ပို့ခဲ့သော်လည်း ယခုအပတ်မှာတော့ မူဆယ်နယ်စပ်တစ်ခု တည်းကသာ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ကြံရာသီချိန်ဖြစ်လို့ သကြားများလှိုင်လှိုင် တင်ပို့နေခြင်းဖြစ်ပါတယ်။ မြင့်မြင့်မာ

Monday, 19 Nov 2012

ကြံရာသီရောက်ရှိနေပြီဖြစ်လို့ မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကြံများ တင်ပို့နေပြီဖြစ်ရာ ယခုအပတ် နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ  တန်ဖိုးကန်ဒေါ်လာသုညဒသမ ၀၆၂ သန်းတန်ဖိုးရှိ ကြံတန်ချိန် ၁၅၀၀ ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ကြံတန်ချိန် ၁၀၀၀ တင်ပို့ခဲ့သဖြင့် ယခုအပတ်မှာ တန်ချိန် ၅၀၀ ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။                                                           ယဉ်ယဉ်အေး

Monday, 19 Nov 2012

နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၀၄၁ သန်းတန်ဖိုးရှိတဲ့ ရော်ဘာအဆင့်စုံ ၁၀၈၄ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၈၁၃ သန်းတန်ဖိုးရှိ ရော်ဘာ ၂၉၁ တန်ကျော်၊ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၂၀ သန်းတန်ဖိုးရှိ RSS-3  တန် ၄၀၀ ခန့်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၈၄၀ သန်းတန်ဖိုးရှိ  MSR- 20 တန် ၃၀၀ ခန့်၊ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၆၈ သန်းတန်ဖိုးရှိ ရော်ဘာ ၉၂ တန်ကျော်အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ MSR- 20  ကတော့ ယခင်အပတ်ထက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့တရုတ်နိုင်ငံနယ်စပ်မြေပြင် ဈေးများကို နှိုင်းယှဉ် ကြည့်ရာမှာ ပြည်တွင်း RSS-3  ရော်ဘာဈေးရော တစ်ဖက်နိုင်ငံဈေးပါကျလျက်ရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် RSS-5  ရော်ဘာဈေးကတော့ မိမိဘက်မှာ အနည်းငယ်တက်လျက်ရှိပြီး တစ်ဖက်နိုင်ငံဈေးကတော့ အနည်းငယ်ကျနေတာကို တွေ့ရပါ တယ်-

Monday, 19 Nov 2012

နိုဝင်ဘာလ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၂ ဒသမ ၄၇၅ သန်းတန်ဖိုးရှိ ရော်ဘာ တန် ၉၀၀ ကို တရုတ်နိုင်ငံသို့ RSS-3 တန် ၄၀၀ နဲ့ မလေးရှားနိုင်ငံသို့ RSS-3 တန် ၅၀၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာရော်ဘာပေါက်ဈေးများမှာ ယခင်အပတ်ထက်ဈေးကျသော်လည်း မိမိတို့ရော်ဘာ FOB ဈေးနှုန်းများမှာ ပြောင်းလဲမှု မရှိကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်းက ထုတ်ပြန်ထားပါတယ်။RSS-1 တစ်တန်လျှင် ဒေါ်လာ ၂၈၀၀-၂၉၀၀၊ RSS-3 နဲ့  MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀၊RSS-5 နဲ့ MSR-50  တစ်တန်လျှင် ဒေါ်လာ ၂၆၀၀-၂၇၀၀ နဲ့ Crepe Rubber တစ်တန်လျှင် ဒေါ်လာ ၂၅၀၀ မှ ၂၆၀၀ အသီးသီးရှိပါတယ်။ယဉ်ယဉ်အေး

Monday, 19 Nov 2012

နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၅ ဒသမ ၃၀၅ သန်းဖိုး၊ ပြောင်းဖူးစေ့ ၁၆၃၄၅ တန်ကျော် ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၁ ဒသမ ၀၄၅ သန်းဖိုးရှိ ပြောင်းဖူးစေ့ ၂၉၀၅ တန်နဲ့ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၉၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၅၀၀ တင်ပု့ိခဲ့ရာ နယ်စပ်စခန်း များမှ ယခုအပတ် စုစုပေါင်း ၁၉၇၅၀ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခင်အပတ် ထက် တန်ချိန် ၃၇၀၀ ခန့် ပိုမိုတင်ပို့ခဲ့ပါတယ်။ ရှမ်းမြောက် မှ ပြောင်းအဝင်များ တာကြောင့် တစ်နေ့လျှင်ပြောင်းကားစီးရေ ၁၁၀ ကျော် အဝင်ရှိနေတာ သိရပါ တယ်။ နှစ်ဖက်နယ်စပ်မြေပြင်ပြောင်းေ ဈးများကိုယခင်အပတ်နဲ့နှိုင်းယှဉ်ပါက ပိုမို လာတာတွေ့ရပါတယ်။

Monday, 19 Nov 2012

နိုဝင်ဘာလ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃၅၅၀၀၀ တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၂၇၃ တန်ကို ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ပါတယ်။ နိုင်ငံအလိုက်တင်ပု့ိမှုတွေကတော့ အိန္ဒိယသို့ ၅၀၄ တန်၊ စင်္ကာပူသို့ ၁၄၄ တန်နဲ့ ဖိလစ်ပိုင်နိုင်ငံသို့ ၆၂၅ တန် အသီးသီးဖြစ်ပါတယ်။ ယခုအပတ်ပြောင်း FOB  ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၂၇၀ မှ ၂၈၀ ကြားဖြစ်ပါတယ်။ယဉ်ယဉ်အေး

Sunday, 18 Nov 2012

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ မျိုးစပ်နနွင်းတက်ဟာ ဝယ် လိုအားကောင်းနေတဲ့အတွက် ဈေးနှုန်းမြင့်တက်လာ တာကို တွေ့ရပါတယ်။ပြည်ပကို တင်ပို့တဲ့ ကုန်သည်များက ဈေးကွက် အတွင်း ဝင်ရောက်လာတဲ့ နနွင်းတက်မှန် သမျှကို ဝယ်ယူခဲ့ကြ ကြောင်းသိရတယ်။ အခြားနနွင်းတက် အမျိုးအစားများမှာ ဝယ်လိုအားတိုးတက်လျက် ရှိပေမယ့်  ဈေးနှုန်း တည်ငြိမ်နေ တယ်လို့ နနွင်းတက် ကုန်သည်များအသင်း ဥက္ကဋ္ဌ  R.K.V Ravishankar  ကပြောကြားတယ်။

Pages