Main menu

Background

Wednesday, 7 Nov 2012

ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၂-၁၁-၂၀၁၂                                   ကျပ်/ပိဿာ

စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး

26/10
2/11
ပြောင်းလဲမှု
26/10
2/11
ပြောင်းလဲမှု
26/10
2/11
ပြောင်းလဲမှု
26/10
2/11
ပြောင်းလဲမှု

1
မတ်ပဲ
820
803

667
667

725
753

790
-

2
ပဲစင်းငုံ

947

923

803
867

910
875

900

880

3
ပဲတီစိမ်း
1180
1200

800
711

1026
1000

1026
1105

4
ကုလားပဲရိုးရိုး
1340
1320

960
960

909
973

1079
1026

5
ပဲလွန်းဖြူ
965
950

1167
1167

-
-

816
790

6
ထောပတ်ပဲ
800
800

924
996

-
-

-
-

* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။

Wednesday, 7 Nov 2012

ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်နဲ့ ပျော်ဘွယ် မြို့နယ်များမှာ မိုးဦးကာလက မိုးနည်းခဲ့ပြီး ငရုတ်ထွက်နှုန်း ကျဆင်းနေကြောင်း သိရပါတယ်။

Wednesday, 7 Nov 2012

ပြည်တွင်း အရောင်းအဝယ်ရှိတာကြောင့် ရှမ်းနနွင်းကတော့ အေးစက်စက်ဖြစ်နေပါတယ်။ ဒါပေမယ့် မြန်မာတွေရဲ့ ဟင်းချက်ရာမှာ မပါမဖြစ်အသုံးပြုနေရတဲ့ နနွင်းမှုန့်ပြုလုပ်ဖို့အတွက် ဝယ်ယူမှုရှိနေတာကြောင့်  အရောင်းအဝယ် ကတော့ ဖြစ်နေပါတယ်။ တချို့တွေကလည်း ပရဆေးဖော်ဖို့အတွက်လည်း ဝယ်ယူမှုရှိနေပါတယ်။

Wednesday, 7 Nov 2012

ကန်ဒေါ်လာသုည ဒသမ ၀၂၁ သန်းတန်ဖိုးရှိ ရှမ်းမြောက်နဲ့ ကျောက်ဆည်ဒေသထွက်နနွင်း ၁၄ တန် ခန့်ကို အောက်တို ဘာလ ၂၄ ရက်မှ ၃၀ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှအပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ထက် ၂၄ တန်ခန့်အပို့ လျော့ခဲ့တာတွေ့ရပါတယ်။         MIRT(DOBT)

Wednesday, 7 Nov 2012

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်နေ့တာ ကာလအတွင်း နနွင်း ၁၅၆ ဒသမ ၆၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံကို ၃၀ ဒသမ ၈ တန်နဲ့ မလေးရှားနိုင်ငံကို ၁၁၅ ဒသမ ၈၄ တန် တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံကို အများဆုံးတင်ပို့နိုင်တာတွေ့ ရပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် သုံးဆယ်ကျော်သာ တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းအပို့များခဲ့တယ်လို့ဆိုရပါမယ်။FOB ဈေးက တစ်တန်ကို ကန် ဒေါ်လာ ၅၁၀-၅၅၀ ရရှိခဲ့တာကြောင့် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာရှစ်သောင်းကျော် ရရှိခဲ့ပါတယ်။  MIRT (DOT)

Wednesday, 7 Nov 2012

ပြည်ပကို မန်ကျည်းတင်ပို့မှု့ပျောက်ခဲ့တာ နှစ်ပတ်ကျော်ရှိခဲ့ပြီး ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ် ပါတယ်။ ဒီသီတင်းတစ်ပတ်ဖြစ်တဲ့ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်နေ့အတွင်းမှာ မန်ကျည်း ၁၀၈ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်က မလေးရှားကို ၈ တန်နဲ့ စင်ကာပူနိုင်ငံကို တန် ၁၀၀ ဖြစ်ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ ပို့ကုန်ဝင်ငွေက ကန်ဒေါ်လာ တစ်သောင်းခုနှစ်ထောင်ကျော်ဖြစ်တယ်လို့ သိရပါတယ်။MIRT(DOT)

Wednesday, 7 Nov 2012

ဒီတစ်ပတ်တော့ ရှမ်းချင်းတွေ အဝင်မရှိသလောက်ပါဘဲ။ ရှမ်းပြည်နယ်ရဲ့ ဓလေ့ထုံးစံအရ သီတင်းကျွတ်ကာလမှာ ဘုန်းကြီးကျောင်းကို တစ်လလုံးသွားကြပါ တယ်။ တောင်သူတွေကလည်း အလုပ်နားကြတော့တာကြောင့် အရောင်းအဝယ် အနေနဲ့လည်း အရင်တစ်ပတ်ကထက်စာရင်တော့ အေးနေတယ်လို့ ဆိုရမှာပါ။ ယခုလောလော ဆယ်မှာလည်း  သီတင်းမကျွတ်ခင်ကဝင်တဲ့ ပစ္စည်းတွေကိုသာ အရောင်းအဝယ်လုပ်နေကြတယ်လို့ ဆိုပါတယ်။ နောက်ဈေးနှစ်ပတ်လောက်မှသာ အဝင်ရှိလာနိုင်တယ်လို့လည်း သိရပါတယ်။ ချင်း(ဥမ)ကော၊ ချင်းသစ်ပါတစ်ပိဿာ ၂၀၀ ကျပ်ဈေးရှိပါတယ်။

Wednesday, 7 Nov 2012

ပြည်ချင်းဈေးကွက်အတွင်း ယခုတစ်ပတ်မှာတော့ ချင်းအဟောင်းပစ္စည်း လက် ကျန်ပြတ်သွားပြီး၊ ချင်းအသစ်များသာ ပိဿာ ၂၀ ဝင်၊ တောင်း ၃၀၀ ခန့် အဝင် ရှိလာပါတယ်။ချင်းအသစ်မှာ ပစ္စည်းသိပ်မကောင်းသေးတဲ့၊ အရင့်လိုသေးလို့ အကျိုး အကြေများတဲ့အတွက် တောင်းများနဲ့ သယ်ယူေ နရခြင်းဖြစ်ပြီး၊ ပြည်ပွဲရုံများမှာ ပုံမှန် ရောင်းဝယ်လျက် ချင်းအတက် (ဂျွန်) ၃၅၀-၄၀၀ ကျပ်၊ (ရှယ်) ၆၀၀ ကျပ်၊ ချင်း (ဓားလှီး) ၇၀၀ ကျပ်တို့နဲ့ အရောင်း အဝယ်ဖြစ်နေကြောင်းသိရပါတယ်။ ချင်းတက် အသစ်ကို လှောင်လက်သမားများ မှ ဝယ်ယူခြင်းမရှိသေးဘဲ လက်လီ လက်ကား ရောင်းဝယ်သူများမှလည်း ပစ္စည်းသစ်ကို ထိန်းဝယ်နေတဲ့အတွက် တစ်ပတ်အတွင်း တောင်း ၂၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည် နယ်တို့သို့ စားသုံးမှုအဖြစ် ယခုတစ်ပတ် ပိဿာချိန် ၁၂၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။                             ဝင်းဝင်းခိုင်-ပြည်

Wednesday, 7 Nov 2012

ရှမ်းပြည်နယ် တောင်ပိုင်းက လဲချားကုန်စည်ဒိုင်ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး၊ အောက်တိုဘာ ၄ ရက်ကစလို့ ကုန်စည်ဒိုင် လုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၃၁ ရက်အထိ ဒေသထွက်ကုန် အဓိက သီးနှံ ၄ မျိုးမှ ကုန်ချိန် ၆၆၃၆၀၀ ပိဿာ (၁၀၈၃ ဒသမ ၆၂ တန်) အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ဒေသထွက်ကုန် တစ်မယ်ချင်းအလိုက် ကြက်သွန်ဖြူ(အမြိတ်ပါ) ၃၀၃၈၀၀ ပိဿာ(၄၉၆ ဒသမ ၀၈ တန်)၊ ပဲပုပ်စေ့ ၉၃၃၀၀ ပိဿာ (၁၅၂ ဒသမ ၃၅ တန်)၊ မြေပဲဆန် ၁၇၅၀၀၀ ပိဿာ (၂၈၅ ဒသမ ၇၆ တန်)၊ မြေပဲတောင့် ၅၂၀၀၀ ပိဿာ (၈၄ ဒသမ ၉၁ တန်)နဲ့ နှမ်းဖြူ ၃၉၅၀၀ ပိဿာ (၆၄ ဒသမ ၅၀ တန်) ရောင်းဝယ်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

Wednesday, 7 Nov 2012

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအတွင်း ဆောင်းသီးနှံ မတ်ပဲ၊ ပဲတီစိမ်းသီးနှံ များကို အဓိကထား စိုက်ပျိုးကြသော်လည်း ထောပတ်ပဲသီးနှံကတော့ တိုင်းအတွင်း မိုးညို၊ လက်ပံတန်းမြို့နယ်များ နဲ့ ပြည်ခရိုင်အတွင်း ရွှေတောင်၊ ပန်းတောင်းမြို့နယ် များမှာသာ  စိုက်ဧကစုစုပေါင်း ၇၀၀၀ ကျော်သာ  စိုက်ပျိုးမှုရှိခဲ့ပါ တယ်။ ပြည် ဈေးကွက် သို့ အောက်တိုဘာနောက်ဆုံးပတ်မှစပြီး ရွှေတောင်မြို့နယ်မှ ထောပတ်ပဲ အသစ်များ ဝင်ရောက်လာခဲ့ကာ တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ ကြပါတယ်။ ယခုနိုဝင်ဘာလဆန်းရက် မှာ ထောပတ်ပဲသစ်များ ဆက်လက် ဝင် ရောက်ခဲ့သလို တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ယခင်အပတ်ကအတိုင်း ဈေးငြိမ်အရောင်း အဝယ်ဖြစ်ခဲ့ကာ လက်လီသမားများ အဝယ်ရှိတယ်လို့ သိရပါတယ်။ခင်ဆွေဝင်း-ပြည်

Pages