Background
၂၀၁၂ ခုနှစ်၊ သြဂုတ်လလယ်ပိုင်းမှာ မန္တလေး ပဲတီစိမ်းကြီးထိပ်စဈေး တစ်ပိဿာ ၁၁၃၈ ကျပ်နဲ့ နေ့စဉ် ၃ တင်းအိတ် ၈၀၀ ဝန်းကျင်ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ တရုတ်ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက်များမှ ကုန်ပစ္စည်းရဲ့ အရည် အသွေးအပေါ်မူတည်ပြီး၊ ဈေးနှုန်း သတ်မှတ်ဝယ်ယူကြောင်းသိရပါတယ်။ ယခု စက်တင်ဘာ လလယ်ပိုင်းမှာ ပဲတီစိမ်းကြီးထိပ်စ တစ်ပိဿာ ၁၀၁၃ ကျပ်နှုန်းနဲ့ နေ့စဉ် ၃ တင်းအိတ် ၃၀၀ မှ ၆၀၀ ကြားသာ အရောင်းအဝယ်ဖြစ်လို့ ယခင်လနဲ့ နှိုင်းယှဉ်ရင် ဈေးအေးပြီး၊ အရောင်းအဝယ်ပိုအေးသွားကြောင်း သိရပါတယ်။ မန်းပဲတီစိမ်းကြီးဈေးကွက်မှာ တရုတ်ပြည်အထိ ကျယ်ပြန့်တာကြောင့် ဈေးအတက်အကျမှာလည်း ဝယ်လက်ရဲ့ ဝယ်လိုအားနဲ့ ပစ္စည်းရဲ့ အရည်အသွေး ပေါ်တွင်လည်း မူတည်ကြောင်း၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုနဲ့ လမ်းပန်း ဆက် သွယ်မှုသည်လည်း အဓိကအရေးကြီးပါကြောင်း ကုန်ပစ္စည်းအရည်အသွေး၊ ရောင်း လိုအား၊ ဝယ်လိုအား ဈေးကွက်မျှတမှသာ ဈေးနှုန်းတည်ငြိမ်ပြီး ရောင်းဝယ် ဖောက် ကားမှု အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ပဲတီစိမ်းကြီး ကုန်သည်တစ်ဦးက ဆိုပါတယ်။စိုးအောင်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုညဒသမ ၄၄၄ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၅၂၇ တန်နဲ့ကန်ဒေါ်လာ သုညဒသမ ၁၆၄ သန်းတန်ဖိုးရှိ Value Added ပဲတီစိမ်းလုံးခြမ်း ၁၅၃ တန်ခန့်ကို စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။ တစ်ဘက်နိုင်ငံမြေပြင် ဈေးမှာ တစ်တန်ကို ၈၀၉ ဒေါ်လာဖြစ်ပြီး ပြောင်းလဲမှု မရှိသော်လည်း မိမိဘက် မြေပြင်ဈေးမှာ ၆၈၉၂၅၅ ကျပ်ဖြစ်ရာ ယခင်အပတ်ကထက် ၁၃၉၁ ကျပ် လျော့နည်း ခဲ့ရာ ရာခိုင်နှုန်းအားဖြင့် သုညဒသမ ၂၀ ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။ MIRT(DOBT)
မုံရွာကုန်စည်ဒိုင် စက်တင်ဘာလ ဒုတိယပတ် ပဲဈေး ကွက်မှာ လက်ကျန်နည်းလာတဲ့ ကုလားပဲမျိုး စုံဈေး ပြန်ခုန် လာပြီး၊ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ရန်ကုန် မန္တလေးဝယ်လက် ထက် ဒေသခံခွဲစက်နဲ့ ကြာဇံစက်သမား တွေ အဝယ်များတယ်လို့ဆိုပါတယ်။ ကချင်နဲ့ ရခိုင်ပြည်နယ် အတွက် ကုလားပဲခွဲခြမ်းစီးဆင်းမှုအားကောင်းလာလို့ အခုလို ခွဲစက်သမား အဝယ်သွက်ခြင်းဖြစ်ကြောင်း ကုန်သည်တချို့က ပြောပါတယ်။
စက်တင်ဘာလ ဒုတိယပတ်ကုန်စည်ဒိုင်မှာ စက်တင် ဘာလ ၉ ရက်မှ ၁၄ ရက်အထိ ပဲစင်းငုံနီ တစ်ပိဿာ ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုပမာဏတွေကတော့ ၉ ရက်မှာ တစ်ပိဿာ ၁၀၃၀ နဲ့ ၅၄၅ အိတ် ၁၀ ရက်နေ့မှာ တစ် ပိဿာ ၁၀၂၅ ကျပ်နဲ့ အိတ် ၇၀၀၊ ၁၁ ရက်နေ့မှာ တစ် ပိဿာ ၉၇၅ ကျပ်နဲ့ အိတ် ၁၈၀၀၊ ၁၂ ရက်နေ့မှာ တစ်ပိဿာ ၉၄၅ ကျပ်နဲ့ အိတ် ၅၀၊ ၁၃ ရက်နေ့မှာ တစ်ပိဿာ ၉၈၅ ကျပ်နဲ့ ၇၅ အိတ်၊ ၁၄ ရက်နေ့မှာ တစ်ပိဿာ ၉၉၀ ကျပ်နဲ့ အိတ် ၈၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဈေးဟာအကျဘက် မှာရှိတာတွေ့ရပါတယ်။ ရန်ကုန်အပို့ ၁၁၅ အိတ်သာ ရှိခဲ့ တာဆိုတော့ ပခုက္ကူကုန်သည်ပွဲစား များ လှောင်လက်တစ်ခု မှ နောက်တစ်ခုကို ပြောင်းနေတယ်လို့ သုံးသပ်ရမှာပါ။
အိန္ဒိယ ပဲဈေးကွက်တွေမှာ မိုးပဲအခြေအနေကောင်းလာ တဲ့ လက္ခဏာကြောင့် လှောင်လက်သမားတွေ ထုတ်ရောင်း လာတဲ့အတွက် ပဲဈေးဆက်ပြီး အေးနေပါတယ်။ ဈေးကွက် ထဲမှာလက်ကျန်ရှိနေသေးတာရယ်၊ ဝယ်လိုအားနည်းနေတာရယ် ကြောင့် မတ်ပဲဈေးက တစ်တန်ကို ကန်ဒေါ်လာ ၂၀-၃၀ ခန့်လျော့ကျလာခဲ့ပါတယ်။ အလားတူ ပဲစင်းငုံအနေနဲ့လည်း ပဲခွဲစက်များက ဝယ်လိုအားမရှိတဲ့အပြင် တင်သွင်းပဲဈေးလျော့ ကျတဲ့အတွက် ပြည်တွင်းဈေးပါ လျော့ကျနေပါတယ်။ လက် ကားဈေးကွက်တွေမှာ တစ်ပတ်အတွင်း ပဲစင်းငုံတစ်တန် ၁၀ ဒေါ်လာနီးပါးကျဆင်းခဲ့တာ တွေ့ရပါတယ်။
အပတ်စဉ် ပဲမျိူးစုံတင်ပို့မှုနဲ့ FOB အရောင်းအဝယ်ဖြစ်မှု အခြေအနေ
ရေတွက်ပုံ- တန်ချိန်ထောင်ပေါင်း
ပဲအမျိူးအစား
ပြည်ပတင်ပို့မှု
ပြောင်းလဲမှု
FOB ရန်ကုန်စာချုပ် ချုပ်ဆိုမှု
ပြောင်းလဲမှု
ယခင်တစ်ပတ်
ယခုတစ်ပတ်
ယခင်တစ်ပတ်
ယခုတစ်ပတ်
(25-8-12ထိ)
(1-9-12 ထိ)
(24/8-30/8)
(31/8-5/9)
မတ်ပဲ
4149
7731
4296
3707
ပဲတီစိမ်း
1219
4010
428
815
ပဲစင်းငုံ
2508
5748
1144
554
ကုလားပဲ
198
156
5
-
ပဲလွန်းဖြူ
289
327
120
245
မြေထောက်ပဲ
53
312
46
-
ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ
၇-၉-၂၀၁၂ ဒေါ်လာ/တန်
စဉ်
ပဲအမျိူးအမည်
တောင်အမေရိက
ဥရုဂွေး
အာဂျင်တီးနား
31/8
6/9
ပြောင်းလဲမှု
31/8
6/9
ပြောင်းလဲမှု
31/8
6/9
ပြောင်းလဲမှု
1
မတ်ပဲ
680
660
674
674
755
733
2
ပဲစင်းငုံ
820
700
809
777
809
786
3
ပဲတီရွှေဝါ
900
800
1033
858
899
929
4
ကုလားပဲဖြူလုံးကြီး
800
860
899
893
867
875
*မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။
အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။
ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၇-၉-၂၀၁၂ ကျပ်/ပိဿာ
စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး
31/7
7/9
ပြောင်းလဲမှု
30/8
7/9
ပြောင်းလဲမှု
31/8
7/9
ပြောင်းလဲမှု
31/8
7/9
ပြောင်းလဲမှု
1
မတ်ပဲ
911
932
750
750
875
800
850
800
2
ပဲစင်းငုံ
1096
1086
1050
1017
1065
1030
1060
1025
3
ပဲတီစိမ်း
1115
1030
754
711
974
947
1000
1000
4
ကုလားပဲရိုးရိုး
1500
1480
1138
1084
1126
1068
1104
1105
5
ပဲလွန်းဖြူ
950
950
833
833
-
-
870
870
6
ထောပတ်ပဲ
780
780
853
951
658
684
-
-
* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ သြဂုတ်လမှာ ကန်ဒေါ်လာ ၁ ဒသမ ၁၇၆ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၄၂၁ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး အနီးစပ်ဆုံးကာလဖြစ်တဲ့ ဇူလိုင်လထက် ၂၄၉ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။ ယမန်နှစ် ကာလတူနဲ့နှိုင်းယှဉ်လျှင်တော့ ၁၁၄၇ တန်ခန့် အပို့လျော့ခဲ့ပါတယ်။ သြဂုတ်လအတွင်း တစ်ဖက်နိုင်ငံရွှေလီရဲ့ ရော်ဘာပေါက်ဈေးများဟာ ဇူလိုင်လထက် ယွမ် ၅၀၀ ခန့် ဈေးတက်လာပြီး RSS-3 နဲ့ RSS-5 တစ်တန်လျှင် ၁၈၅၀၀ မှ ၁၉၀၀၀ ယွမ် (၂၉၁၇-၂၉၉၇ ဒေါ်လာ) အသီးသီး ဈေးပေါက်လျက်ရှိပါတယ်။ ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီးနိုင်ငံများမှာ မော်တော်ယာဉ် ထုတ်လုပ်မှုအရှိန်မြင့်နေ တဲ့အတွက် တာယာထုတ်လုပ်မှုများ မြင့်တက် လျက်ရှိရာ ကုန်ကြမ်းဖြစ်တဲ့ရော်ဘာများ ဝယ်လို အား နှစ်စဉ်မြင့်တက်လျက်ရှိပါတယ်။ တရုတ်နိုင်ငံဟာ မော်တော်ကား တာယာထုတ်လုပ်မှုမှာ အကြီးဆုံးဈေးကွက်ကို ပိုင်ဆိုင်ထားတဲ့နိုင်ငံ ဖြစ်ပြီး မော်တော်ကားတာယာအပြင် စက်ဘီးနဲ့မော်တော် ဆိုင်ကယ်တာယာများ၊ အခြားရော်ဘာထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်တဲ့အတွက် ရော်ဘာဝယ်လိုအားမြင့်တက်စေ လျက်ရှိပါ တယ်။ ဒါပေမယ့် ဒီနှစ်မှာ ကမ္ဘာ့ရော်ဘာ ဈေးကျဆင်းနေတဲ့အပြင် တရုတ်နိုင်ငံရဲ့ ရော်ဘာထွက်ရှိမှုတိုးတက်လာတဲ့ အတွက် ဈေးနှုန်းအရရော၊ ပမာဏအရပါ လျော့နည်းခဲ့တဲ့အတွက် ယမန်နှစ်ကာလတူထက် ရော်ဘာတင်ပို့မှု ကျဆင်းခဲ့ရတာလို့ သိရပါ တယ်။ CMK
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၄၈ သန်းတန်ဖိုးရှိ RSS-3 ၁၆၁ တန်ခန့်ကို သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။ မူဆယ်မှ ယခင်အပတ်က ၃၆ တန်ကျော် သာအပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၁၂၅ တန်အပို့ပိုခဲ့ပါတယ်။ ယခုအပတ် ချင်းရွှေဟော်နယ်စပ်မှ ရော်ဘာတင်ပို့နိုင် ခြင်းမရှိဘူးလို့သိရပါတယ်။ မူဆယ်မြေပြင်ပေါက်ဈေးမြင့်တက် သော်လည်း တစ်ဖက်နိုင်ငံမြေပြင်ဈေးပြောင်းလဲမှုမရှိပါဘူး။ မြေပြင်ပေါက်ဈေးများကို ယခင်အပတ်နဲ့နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်