Main menu

Background

Friday, 28 Sep 2012

မူဆယ်နဲ့မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၀၃၃ သန်းတန်ဖိုးရှိ ချင်းခြောက် ၈ တန်ကျော်ကို မူဆယ်နဲ့ ၇ တန်ကို မြဝတီ နယ်စပ်တို့မှတင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ ၁၇ တန်နဲ့ မြဝတီမှ ၈ တန်အပို့လျော့ခဲ့ တယ်လို့ သိရပါတယ်။                                 MIRT(DOBT)

Friday, 28 Sep 2012

ဒီတစ်ပတ်မှာ ဟိုပုံးချင်းက အဝင်မရှိသလောက်ဖြစ်နေပါတယ်။ ခြံရှင်တွေ ကလည်း ဈေးမကြိုက်တော့ ထုတ်မရောင်းကြပါဘူး။ မိုးရွာနေတာရယ်၊ ဝယ်လက် တွေကလည်း သိပ်မဝယ်ကြတာကြောင့် ဈေးကလည်း ခပ်အေးအေးပါပဲ။ ချင်း (ဥမ)တွေကိုမှ အခက်သေးရင် ၁၀၀ ကျပ်ဈေးသာရှိပြီး၊ အခက်ကြီးရင်တော့ ၁၃၀ ကျပ်ဈေးရှိပါတယ်။ လက်လီသမားတွေကသာ ဒေသတွင်းသုံးဖို့ ဝယ်ယူနေတယ်လို့ လည်းသိရပါတယ်။ ချင်းခြောက်ကလည်း အဝင်သိပ်မရှိတော့တာကြောင့် ဈေး ကွက်မှာ ပစ္စည်းလက်ကျန်လည်းနည်းေ နပါပြီ။ ဈေးကတော့ တစ်ပိဿာ ၁၄၀၀ ကျပ်ဈေးရှိပါတယ်။

Friday, 28 Sep 2012

ပြည်ပဲဈေးကွက်အတွင်း ပဲမျိုးစုံလက်ကျန်များနည်းလာခဲ့သလို ပဲဈေးနှုန်း များကလည်း အကျဘက်ကို ဦးတည်နေပါတယ်။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ဈေးနှုန်းများမှာ ယခင်အပတ်ကဈေးနဲ့ယှဉ်ရင် သိပ်ကွာခြားမှုမရှိဘဲ ပဲကြီးဈေးနှုန်း ကတော့ မြင့်တက်နေခဲ့ပါတယ်။ ယခုစက်တင်ဘာ ဒုတိယပတ်အတွင်း မတ်ပဲသီးနှံ မှာလည်း တစ်တင်း ၁၆၃၀၀ ကျပ်ဖြင့်သာ ပဲအဝင်ပါးလာခဲြ့ပီး၊ လှောင်လက် အချို့ငွေလိုလို့ ထုတ်ရောင်းချသူများရှိခဲ့တဲ့အတွက် တစ်ရက်အိတ် ၂၅၀၊ ၃၀၀ ကျော် ရန်ကုန်ဝယ်လက်များဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

Friday, 28 Sep 2012

၂၀၁၂ ခုနှစ်၊ သြဂုတ်လလယ်ပိုင်းမှာ မန္တလေး ပဲတီစိမ်းကြီးထိပ်စဈေး တစ်ပိဿာ ၁၁၃၈ ကျပ်နဲ့ နေ့စဉ် ၃ တင်းအိတ် ၈၀၀ ဝန်းကျင်ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ တရုတ်ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက်များမှ ကုန်ပစ္စည်းရဲ့ အရည် အသွေးအပေါ်မူတည်ပြီး၊ ဈေးနှုန်း သတ်မှတ်ဝယ်ယူကြောင်းသိရပါတယ်။ ယခု စက်တင်ဘာ လလယ်ပိုင်းမှာ ပဲတီစိမ်းကြီးထိပ်စ တစ်ပိဿာ ၁၀၁၃ ကျပ်နှုန်းနဲ့ နေ့စဉ် ၃ တင်းအိတ် ၃၀၀ မှ ၆၀၀ ကြားသာ  အရောင်းအဝယ်ဖြစ်လို့ ယခင်လနဲ့ နှိုင်းယှဉ်ရင် ဈေးအေးပြီး၊ အရောင်းအဝယ်ပိုအေးသွားကြောင်း သိရပါတယ်။ မန်းပဲတီစိမ်းကြီးဈေးကွက်မှာ တရုတ်ပြည်အထိ ကျယ်ပြန့်တာကြောင့် ဈေးအတက်အကျမှာလည်း ဝယ်လက်ရဲ့ ဝယ်လိုအားနဲ့ ပစ္စည်းရဲ့ အရည်အသွေး ပေါ်တွင်လည်း မူတည်ကြောင်း၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုနဲ့ လမ်းပန်း ဆက် သွယ်မှုသည်လည်း အဓိကအရေးကြီးပါကြောင်း ကုန်ပစ္စည်းအရည်အသွေး၊ ရောင်း လိုအား၊ ဝယ်လိုအား ဈေးကွက်မျှတမှသာ ဈေးနှုန်းတည်ငြိမ်ပြီး ရောင်းဝယ် ဖောက် ကားမှု အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ပဲတီစိမ်းကြီး ကုန်သည်တစ်ဦးက ဆိုပါတယ်။စိုးအောင်

Friday, 28 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုညဒသမ ၄၄၄ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၅၂၇ တန်နဲ့ကန်ဒေါ်လာ သုညဒသမ ၁၆၄ သန်းတန်ဖိုးရှိ Value Added ပဲတီစိမ်းလုံးခြမ်း ၁၅၃ တန်ခန့်ကို စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။  တစ်ဘက်နိုင်ငံမြေပြင် ဈေးမှာ တစ်တန်ကို ၈၀၉ ဒေါ်လာဖြစ်ပြီး ပြောင်းလဲမှု မရှိသော်လည်း မိမိဘက် မြေပြင်ဈေးမှာ ၆၈၉၂၅၅ ကျပ်ဖြစ်ရာ ယခင်အပတ်ကထက် ၁၃၉၁ ကျပ် လျော့နည်း ခဲ့ရာ ရာခိုင်နှုန်းအားဖြင့် သုညဒသမ ၂၀ ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။ MIRT(DOBT)

Friday, 28 Sep 2012

မုံရွာကုန်စည်ဒိုင် စက်တင်ဘာလ ဒုတိယပတ် ပဲဈေး ကွက်မှာ လက်ကျန်နည်းလာတဲ့ ကုလားပဲမျိုး စုံဈေး ပြန်ခုန် လာပြီး၊ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ရန်ကုန် မန္တလေးဝယ်လက် ထက် ဒေသခံခွဲစက်နဲ့ ကြာဇံစက်သမား တွေ အဝယ်များတယ်လို့ဆိုပါတယ်။ ကချင်နဲ့ ရခိုင်ပြည်နယ် အတွက် ကုလားပဲခွဲခြမ်းစီးဆင်းမှုအားကောင်းလာလို့ အခုလို ခွဲစက်သမား အဝယ်သွက်ခြင်းဖြစ်ကြောင်း ကုန်သည်တချို့က ပြောပါတယ်။

Friday, 28 Sep 2012

စက်တင်ဘာလ ဒုတိယပတ်ကုန်စည်ဒိုင်မှာ စက်တင် ဘာလ ၉ ရက်မှ ၁၄ ရက်အထိ ပဲစင်းငုံနီ တစ်ပိဿာ ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုပမာဏတွေကတော့ ၉ ရက်မှာ တစ်ပိဿာ ၁၀၃၀ နဲ့  ၅၄၅ အိတ် ၁၀ ရက်နေ့မှာ တစ် ပိဿာ ၁၀၂၅ ကျပ်နဲ့ အိတ် ၇၀၀၊  ၁၁ ရက်နေ့မှာ တစ် ပိဿာ ၉၇၅ ကျပ်နဲ့ အိတ် ၁၈၀၀၊ ၁၂ ရက်နေ့မှာ တစ်ပိဿာ ၉၄၅ ကျပ်နဲ့ အိတ် ၅၀၊ ၁၃ ရက်နေ့မှာ တစ်ပိဿာ ၉၈၅ ကျပ်နဲ့ ၇၅ အိတ်၊ ၁၄ ရက်နေ့မှာ တစ်ပိဿာ ၉၉၀ ကျပ်နဲ့ အိတ် ၈၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဈေးဟာအကျဘက် မှာရှိတာတွေ့ရပါတယ်။ ရန်ကုန်အပို့ ၁၁၅ အိတ်သာ ရှိခဲ့ တာဆိုတော့ ပခုက္ကူကုန်သည်ပွဲစား များ လှောင်လက်တစ်ခု မှ နောက်တစ်ခုကို ပြောင်းနေတယ်လို့ သုံးသပ်ရမှာပါ။

Friday, 28 Sep 2012

အိန္ဒိယ ပဲဈေးကွက်တွေမှာ မိုးပဲအခြေအနေကောင်းလာ တဲ့ လက္ခဏာကြောင့် လှောင်လက်သမားတွေ ထုတ်ရောင်း လာတဲ့အတွက် ပဲဈေးဆက်ပြီး အေးနေပါတယ်။ ဈေးကွက် ထဲမှာလက်ကျန်ရှိနေသေးတာရယ်၊ ဝယ်လိုအားနည်းနေတာရယ် ကြောင့် မတ်ပဲဈေးက တစ်တန်ကို ကန်ဒေါ်လာ ၂၀-၃၀ ခန့်လျော့ကျလာခဲ့ပါတယ်။ အလားတူ ပဲစင်းငုံအနေနဲ့လည်း ပဲခွဲစက်များက ဝယ်လိုအားမရှိတဲ့အပြင် တင်သွင်းပဲဈေးလျော့ ကျတဲ့အတွက် ပြည်တွင်းဈေးပါ လျော့ကျနေပါတယ်။ လက် ကားဈေးကွက်တွေမှာ တစ်ပတ်အတွင်း ပဲစင်းငုံတစ်တန် ၁၀ ဒေါ်လာနီးပါးကျဆင်းခဲ့တာ တွေ့ရပါတယ်။

Wednesday, 12 Sep 2012

အပတ်စဉ် ပဲမျိူးစုံတင်ပို့မှုနဲ့ FOB အရောင်းအဝယ်ဖြစ်မှု အခြေအနေ
ရေတွက်ပုံ- တန်ချိန်ထောင်ပေါင်း

ပဲအမျိူးအစား
ပြည်ပတင်ပို့မှု
ပြောင်းလဲမှု
FOB ရန်ကုန်စာချုပ်  ချုပ်ဆိုမှု
ပြောင်းလဲမှု 

ယခင်တစ်ပတ်
ယခုတစ်ပတ်
ယခင်တစ်ပတ်
ယခုတစ်ပတ်

(25-8-12ထိ)
(1-9-12 ထိ)
(24/8-30/8)
(31/8-5/9)

မတ်ပဲ
4149
7731

4296
3707

ပဲတီစိမ်း
1219
4010

428
815

ပဲစင်းငုံ
2508
5748

1144
554

ကုလားပဲ
198
156

5
-

ပဲလွန်းဖြူ
289
327

120
245

မြေထောက်ပဲ
53
312

46
-

Wednesday, 12 Sep 2012

ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ
၇-၉-၂၀၁၂                                              ဒေါ်လာ/တန်

စဉ်
ပဲအမျိူးအမည်
တောင်အမေရိက
ဥရုဂွေး
အာဂျင်တီးနား

31/8
6/9
ပြောင်းလဲမှု
31/8
6/9
ပြောင်းလဲမှု
31/8
6/9
ပြောင်းလဲမှု

1
မတ်ပဲ
680
660

674
674

755
733

2
ပဲစင်းငုံ
820
700

809
777

809
786

3
ပဲတီရွှေဝါ
900
800

1033
858

899
929

4
ကုလားပဲဖြူလုံးကြီး
800
860

899
893

867
875

 
*မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။
အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။

Pages