Main menu

Background

Friday, 31 Aug 2012

ဇွန်လဆန်းပိုင်းမှစပြီး တရိပ်ရိပ်တက်လာသောပြောင်းဈေးမှာ ယခုတစ်ပတ် တွင် ပိဿာ ၂၀ တစ်တင်းကို ၁၀၅၀၀ ကျပ်၊ ၁၀၇၀၀ ကျပ်နဲ့ ဈေးဆက်လက် မြင့်တက်လာပါတယ်။ ရန်ကုန်ဝယ်လက်ကုန်သည်ကြီးများရဲ့ ဝယ်ယူ အားကြောင့် အရောင်းအဝယ်လည်းသွက်လာပါတယ်။ ဟင်္သာတမြို့ပေါ်ရှိ ကုန်သည်အချို့ မှ ဈေးကောင်းရနေချိန်မှာ ထုတ်ရောင်းကြသောကြောင့် ယခုတစ်ပတ်မှာ ရောင်း ဝယ်မှုအားလည်းပိုကောင်းလာပါတယ်။ အစေ့ထုတ်ပြောင်း စီးထွက်မှုအနေနဲ့ ရန်ကုန် ဈေးကွက်သို့ တစ်ပတ်အတွင်း တင်း ၉၀၀၀ ခန့် တင်ပို့တယ်လို့သိရ ပါတယ်။အေးအေးခိုင်

Friday, 31 Aug 2012

ကယားပြည်နယ် လွိုင်ကော်ဈေးကွက်ကို ဇူလိုင်လကုန်ကစပြီး အစေ့ထုတ် ပြောင်းသစ်များ ဝင်ရောက် လာကာ သြဂုတ်လ ဒုတိယပတ်မှာတော့ အဝင် လှိုင်လာတာတွေ့ရပါတယ်။ ပြောင်းရဲ့အရည်အသွေးပေါ် မူတည်ပြီး အစေ့ထုတ် ပြောင်းသစ် အစိုတစ်ပိဿာ ၂၅၀ ကျပ်မှ ၂၈၀ ကျပ်ထိ ဈေးရှိနေပြီး၊ အခြောက် တစ်ပိဿာကို ၄၀၀ ကျပ်မှ ၄၂၀ ကျပ်ထိ ဈေးရှိနေတာကြောင့် မိုးကြို ပြောင်းစိုက်တောင်သူများက အစိုရောအခြောက်ပါ ဈေးကွက်ကို တင်ပို့ရောင်းချ လျက်ရှိတာတွေ့ရပါတယ်။ ကယားပြည်နယ်မှာ မိုးကြိုပြောင်းကို လွိုင်ကော်ခရိုင် ဒီမော့ဆိုမြို့နယ်မှာ အများဆုံးစိုက်ပျိုးကြတာပါ။ မိုးကြိုပြောင်းကို မတ်လနဲ့ဧပြီလ တွေမှာစတင်စိုက်ပျိုးပြီး ဇူလိုင်၊ သြဂုတ်လများမှာ ရိတ်သိမ်းထွက်ရှိတာဖြစ် ကြောင်း နဲ့ အစေ့ထုတ်ပြောင်းအစိုများကိုတော့ ကုန်သည်ပွဲစားများက ဝယ်ယူပြီး ရှမ်းပြည် နယ် တောင်ပိုင်း၊ တောင်လေးလုံးဒေသရှိ မြနဒီပြောင်းအခြောက်ခံစက်ကို အဓိက တင်ပို့ရောင်းချကြောင်း သိရပါတယ်။                           မင်းအောင်

Friday, 31 Aug 2012

သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ ဗီယက်နမ်နိုင်ငံသို့ ကန်ဒေါ် လာ သုည ဒသမ ၂၈၅ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၁၅၀ ကို အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က စင်္ကာပူသို့ ၄၄ တန်သာအပို့ရှိခဲ့ရာ ယခုအပတ်မှာ ၁၀၆ တန် အပို့ ပိုခဲ့ပါတယ်။ ရန်ကုန် (FOB) ပြောင်းဈေးဟာ ယခင်အပတ်အတိုင်း ပြောင်း လဲမှု မရှိဘဲ တစ်တန်ကို ဒေါ်လာ ၃၈၀ ဈေးပေါက်လျက်ရှိပါတယ်။ ယခုအပတ်မှာ မြန်မာ-တရုတ်နယ်စပ်မှ ပြောင်းဖူးစေ့ ၄၉၃၁ တန် တင်ပို့နိုင်ခဲ့ပါတယ်။  CMK

Friday, 31 Aug 2012

သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၆၂ သန်းတန်ဖိုးရှိ ပရဆေးကုန် ကြမ်း ၂၈၁၈ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၅ တန်ခန့်သာ အပို့ပိုခဲ့ပါတယ်။

Friday, 31 Aug 2012

ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ အောင်ပန်းအရှေ့ ဖက်၊တောင်ပို့လရွာကနနွင်းတွေအဝင်များလာပါတယ်။ အဝင် များသလို အရောင်းကလည်း သွက်နေပါတယ်။ တစ်ပတ်ကို ပိဿာချိန် တစ်သောင်းခွဲခန့် အရောင်း အဝယ်ဖြစ်နေပါ တယ်။

Friday, 31 Aug 2012

ကျောက်ဆည်နယ်မှာရှိတဲ့ ငရုတ်ခြောက်ဈေးမှာ ယခုတစ်ပတ်ဈေးပြန် အေးလာပါတယ်။ ယခင်က ရှမ်းပြည်နယ်မြောက်ပိုင်းမှ အညှာခြွေများအဝယ်လိုက် ခဲ့သလို မန္တလေးဈေးကွက်ကိုလည်း ပုံမှန်တင်ပို့နေတာေ ကြာင့် ဈေးမာနေခဲ့ရာမှ တစ်ပိဿာ ၂၄၀၀ ကျပ်ထိ ဈေးကောင်းရရှိခဲ့ပါတယ်။

Friday, 31 Aug 2012

မိုးအဆက်မပြတ်ရွာနေတာကြောင့် အောင်ပန်းမှာ ဖော်ပြီးတဲ့ချင်း(ဥမ) တွေ လည်း ပုပ်တာများတယ်လို့ သိရပါတယ်။ ဈေးကွက်မှာလည်း အဝင်နည်းနေ၊ ရှိတဲ့ ချင်းတွေမှာလည်း ဖြန့်ထားတာမရှိတဲ့ ချင်းတွေက ပုပ်ကုန်တာ ကြောင့် ဝယ်လက် တွေရှိရင် အပုတ်တွေပြန်ရွေးရတာကြောင့် အလုပ်တစ်ခုပိုနေတယ်လို့ ပွဲရုံတွေက ဆိုပါတယ်။ ချင်းတက်တွေကတော့ ကုန်သလောက်ဖြစ်သွားတာကြောင့် အဝင် လည်း မရှိတော့ပါဘူး။

Friday, 31 Aug 2012

ယခုတစ်ပတ် ပြည်ချင်းဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာကို ချင်း (ရှယ်) ၈၀၀ ကျပ် (ဂျွန်) ၆၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိနေပါတယ်။ အဝင် အားဖြင့်လည်း ပြည်ချင်းဈေးကွက်ကို အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ်၊ ၃၀၀ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့် ပုံမှန်အရောင်း အဝယ်ဖြစ်နေပါ တယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ပြည်နယ်သို့ စားသုံးမှုအဖြစ် တစ်နေ့ပိဿာချိန် ၂၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။        ဝင်းဝင်းခိုင်

Friday, 31 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၄၉ သန်းတန်ဖိုးရှိ ဂျင်းခြောက်များ ၃၅ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ မူဆယ်မှ ၁၆ တန်နဲ့ မြဝတီမှ ၁၉ တန်တင်ပို့ခဲ့ တာ ဖြစ်ပြီး ယခင်အပတ်ကထက် မူဆယ်မှ ၁၃ တန်ကျော်နဲ့ မြဝတီမှ ၅ တန်ခန့် ပိုမိုတင်ပို့ခဲ့တယ်လို့သိရပါတယ်။                                        MIRT(DOBT)

Friday, 31 Aug 2012

ပြည်ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေးထက် ဈေးအနည်းငယ်မြင့်နေတာကို တွေ့ရပါတယ်။ ယခုတစ်ပတ် ပိဿာ ၂၀ တစ်တင်း၂၂၂၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်းလက်ကျန်အနည်းငယ်သာ ရှိတာကြောင့် အခြား တိုင်းနဲ့အရောင်းအဝယ်မှာ နေ့စဉ်မဖြစ်ဘဲ အေးနေကြောင်းသိရပါတယ်။ တိုင်း အတွင်းမှာလည်း လက်လီလက်ကားဝယ်ယူသူများ သိပ်မရှိသဖြင့် ဈေးကွက်တွင်း အရောင်းအဝယ်မဖြစ်ဘူးလို့သိရပါတယ်။ ပဲခူးတိုင်းဒေသကြီးပြည်မှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း မိုးသီးနှံဖြစ်တဲ့ ပဲစင်းငုံသီးနှံကို ဧက ၁၇၃၀၀ ကျော် စိုက်ပျိုးရန် လျာထားခဲ့ရာမှာ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့တယ်လို့သိရပါတယ်။     ဆုမွန်ဆွေ

Pages