Main menu

Background

Friday, 31 Aug 2012

သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ ဗီယက်နမ်နိုင်ငံသို့ ကန်ဒေါ် လာ သုည ဒသမ ၂၈၅ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၁၅၀ ကို အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က စင်္ကာပူသို့ ၄၄ တန်သာအပို့ရှိခဲ့ရာ ယခုအပတ်မှာ ၁၀၆ တန် အပို့ ပိုခဲ့ပါတယ်။ ရန်ကုန် (FOB) ပြောင်းဈေးဟာ ယခင်အပတ်အတိုင်း ပြောင်း လဲမှု မရှိဘဲ တစ်တန်ကို ဒေါ်လာ ၃၈၀ ဈေးပေါက်လျက်ရှိပါတယ်။ ယခုအပတ်မှာ မြန်မာ-တရုတ်နယ်စပ်မှ ပြောင်းဖူးစေ့ ၄၉၃၁ တန် တင်ပို့နိုင်ခဲ့ပါတယ်။  CMK

Friday, 31 Aug 2012

သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၆၂ သန်းတန်ဖိုးရှိ ပရဆေးကုန် ကြမ်း ၂၈၁၈ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၅ တန်ခန့်သာ အပို့ပိုခဲ့ပါတယ်။

Friday, 31 Aug 2012

ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ အောင်ပန်းအရှေ့ ဖက်၊တောင်ပို့လရွာကနနွင်းတွေအဝင်များလာပါတယ်။ အဝင် များသလို အရောင်းကလည်း သွက်နေပါတယ်။ တစ်ပတ်ကို ပိဿာချိန် တစ်သောင်းခွဲခန့် အရောင်း အဝယ်ဖြစ်နေပါ တယ်။

Friday, 31 Aug 2012

ကျောက်ဆည်နယ်မှာရှိတဲ့ ငရုတ်ခြောက်ဈေးမှာ ယခုတစ်ပတ်ဈေးပြန် အေးလာပါတယ်။ ယခင်က ရှမ်းပြည်နယ်မြောက်ပိုင်းမှ အညှာခြွေများအဝယ်လိုက် ခဲ့သလို မန္တလေးဈေးကွက်ကိုလည်း ပုံမှန်တင်ပို့နေတာေ ကြာင့် ဈေးမာနေခဲ့ရာမှ တစ်ပိဿာ ၂၄၀၀ ကျပ်ထိ ဈေးကောင်းရရှိခဲ့ပါတယ်။

Friday, 31 Aug 2012

မိုးအဆက်မပြတ်ရွာနေတာကြောင့် အောင်ပန်းမှာ ဖော်ပြီးတဲ့ချင်း(ဥမ) တွေ လည်း ပုပ်တာများတယ်လို့ သိရပါတယ်။ ဈေးကွက်မှာလည်း အဝင်နည်းနေ၊ ရှိတဲ့ ချင်းတွေမှာလည်း ဖြန့်ထားတာမရှိတဲ့ ချင်းတွေက ပုပ်ကုန်တာ ကြောင့် ဝယ်လက် တွေရှိရင် အပုတ်တွေပြန်ရွေးရတာကြောင့် အလုပ်တစ်ခုပိုနေတယ်လို့ ပွဲရုံတွေက ဆိုပါတယ်။ ချင်းတက်တွေကတော့ ကုန်သလောက်ဖြစ်သွားတာကြောင့် အဝင် လည်း မရှိတော့ပါဘူး။

Friday, 31 Aug 2012

ယခုတစ်ပတ် ပြည်ချင်းဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာကို ချင်း (ရှယ်) ၈၀၀ ကျပ် (ဂျွန်) ၆၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိနေပါတယ်။ အဝင် အားဖြင့်လည်း ပြည်ချင်းဈေးကွက်ကို အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ်၊ ၃၀၀ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့် ပုံမှန်အရောင်း အဝယ်ဖြစ်နေပါ တယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ပြည်နယ်သို့ စားသုံးမှုအဖြစ် တစ်နေ့ပိဿာချိန် ၂၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။        ဝင်းဝင်းခိုင်

Friday, 31 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၄၉ သန်းတန်ဖိုးရှိ ဂျင်းခြောက်များ ၃၅ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ မူဆယ်မှ ၁၆ တန်နဲ့ မြဝတီမှ ၁၉ တန်တင်ပို့ခဲ့ တာ ဖြစ်ပြီး ယခင်အပတ်ကထက် မူဆယ်မှ ၁၃ တန်ကျော်နဲ့ မြဝတီမှ ၅ တန်ခန့် ပိုမိုတင်ပို့ခဲ့တယ်လို့သိရပါတယ်။                                        MIRT(DOBT)

Friday, 31 Aug 2012

ပြည်ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေးထက် ဈေးအနည်းငယ်မြင့်နေတာကို တွေ့ရပါတယ်။ ယခုတစ်ပတ် ပိဿာ ၂၀ တစ်တင်း၂၂၂၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်းလက်ကျန်အနည်းငယ်သာ ရှိတာကြောင့် အခြား တိုင်းနဲ့အရောင်းအဝယ်မှာ နေ့စဉ်မဖြစ်ဘဲ အေးနေကြောင်းသိရပါတယ်။ တိုင်း အတွင်းမှာလည်း လက်လီလက်ကားဝယ်ယူသူများ သိပ်မရှိသဖြင့် ဈေးကွက်တွင်း အရောင်းအဝယ်မဖြစ်ဘူးလို့သိရပါတယ်။ ပဲခူးတိုင်းဒေသကြီးပြည်မှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း မိုးသီးနှံဖြစ်တဲ့ ပဲစင်းငုံသီးနှံကို ဧက ၁၇၃၀၀ ကျော် စိုက်ပျိုးရန် လျာထားခဲ့ရာမှာ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့တယ်လို့သိရပါတယ်။     ဆုမွန်ဆွေ

Friday, 31 Aug 2012

သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ပဲလွန်းဖြူ၊ ပဲပုပ်စေ့နဲ့ ပဲနီကြားများ ယခင်အပတ်ကထက် ပိုမိုတင်ပို့ခဲ့ပါတယ်။ ယခု အပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၇၈ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ တန် ၁၁၀ ကျော်၊ ကန်ဒေါ်လာသုညဒသမ ၀၉၃ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ ၁၃၆ တန်နဲ့ ကန်ဒေါ်လာသုည ဒသမ ၀၅၇ သန်းတန်ဖိုးရှိ ပဲနီကြား ၇၃ တန်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲလွန်းဖြူ ၆၇ တန်၊ ပဲပုပ်စေ့ တန် ၉၀ နဲ့ပဲနီကြား တန် ၆၀ ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။

Friday, 31 Aug 2012

လားရှိုး-ကွတ်ခိုင်-သိန္ဒီတို့မှာ မိုးများရေကြီးတဲ့အပြင် တောင်ကျရေများပါ စီးဆင်းနေတဲ့အတွက် ယခုအပတ်မှာ ကုန်တင်ယာဉ်စီးဆင်းမှုများသိသိသာသာ လျော့နည်းလျက်ရှိပါတယ်။ယခုအပတ် သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၂၉၈ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၃၇၃ တန်သာ အပို့ရှိခဲ့တဲ့အတွက် တန် ၄၈၀ ကျော်ယခင်အပတ်ထက် အပို့လျော့ခဲ့ပါ တယ်။

Pages