Main menu

Background

Tuesday, 31 Aug 2010

ယခုလတ်တလော စိန်ဈေးကွက်မှာ ရာသီအေးသောကာလသို့ ရောက်ရှိနေ သောကြောင့် ဈေးကွက်ခပ်အေးအေး ဖြင့် ပုံမှန်သာ အရောင်းအဝယ်ရှိနေ ကြောင်း စီအမ်စိန်ဆိုင်ပိုင်ရှင် ဦးရွှေ ကြည်က ပြောကြားသည်။''ဆိုင်သမားတွေက အခုနေ ကျား ကန်နေရတယ်။ ဈေးကွက်အေးတယ်ဆိုပေမဲ့ လုံးဝရပ်ဆိုင်းနေတာတော့ မဟုတ်ဘူး။ ဖြည်းဖြည်းနဲ့ ပုံမှန်လို့ပြောလို့ရတယ်။ အမှာကတော့ တော်တော်လေးနည်းသွား တယ်။ ဒီရာသီမှာ ဒါကဖြစ်နေကျပါ။ ပုံမှန်လို့ပြောလို့ရတယ်။ နိုင်ငံခြားငွေလဲလှယ် နှုန်းက မတက်တဲ့အတွက် စိန်ဈေးကလည်းမတက်ဘူး။ နောက်ပြီး အဝယ်သိပ်မရှိ တော့ မှာစရာ လည်းမလိုတဲ့အတွက် ဈေးကမတက်ဘူး။ ဒီလိုရာသီမှာ ဘယ်ဆိုင် သမားမှ ဈေးမတင်ရဲဘူး။ လူတွေကပွဲတော်တွေဘက်ကို မလှည့်နိုင်သေးဘူး။ ပွဲတော်ရာသီကျမှ ဈေးကွက်ကပြန်စဖို့ရှိတယ်''ဟု ဦးရွှေကြည်က ပြောသည်။   ယခုကဲ့သို့ ဈေးကွက်အေးခြင်းမှာ အခိုျ့သောသူများမှ ရွေးကောက်ပွဲနီးလာ သောကြောင့် ဈေးကွက်အေးခြင်းဟု ပြောဆိုကြ သော်လည်း အမှန်တကယ်တွင်မူ ယခုရာသီ၌ ပုံမှန်အရောင်းအဝယ်အေးနေကြဖြစ်ကြောင်း၊ ပွင့်လင်းရာသီ၊ ပွဲတော် ရာသီ၊ မင်္ဂလာဆောင်ရာသီနှင့် ခရီးသွားလုပ်ငန်းများအပေါ်မူတည်၍ ဈေးကွက်ပြန် ကောင်းလေ့ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။                                                                                                                                                                                                                                      မင်းသန့်

Wednesday, 31 Mar 2010

Kyats(Thousand)   Date            Yangon       Mandalay20-3-2010     596.00        595.4022-3-2010     595.40        595.5023-3-2010     594.80        595.1024-3-2010     594.90        594.8025-3-2010     595.80        595.30

Sunday, 28 Jun 2009

ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(ဂျီစီစီ) နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများဟာ ဘာရိန်းနိုင်ငံမြို့တော်(Manama)မြို့မှာ ပထမဆုံးအဖြစ် တွေ့ဆုံဆွေးနွေးကြမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဇွန်လ ၂၇နေ့က ပြောကြားပါတယ်။

Pages