Background
ယခုတစ်ပတ် ပင်လယ်ရေကြောင်းအပို့လျော့သြဂုတ်လ ၁၆ရက်မှ ၂၂ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂၈၁ တန်၊ တန်ဖိုး ဒေါ်လာ ဝ ဒဿမ ၈၁၇ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၉၅၃ တန် တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ RSS -၅ တစ်မိုျးတည်းကိုပဲ မလေးရှားကို ၂၄၅ တန်နဲ့ တရုတ်ကို ၃၆ တန် အသီးသီးတင်ပို့ခဲ့တာပဲဖြစ်ပါတယ်။ KZW
တရုတ်အကြိုက်တွေ့ မိကျောင်း ကွမ်းဖတ်စေ့သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက် အတွင်း မူဆယ်နယ်စပ် ကုန်သွယ် ရေးစခန်းမှ တရုတ်နိုင်ငံကို တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေမိုးတွင်းကာလမို့ ယခင်အပတ်တွေထက် ပရဆေး ကုန် ကြမ်း တင်ပို့မှုတွေ လျော့ကျသွားခဲ့တာ တွေ့ရပါတယ်။ မန္တလေး ကုန်စည်ဒိုင် ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံ ရွှေလီ ပေါက်ဈေးများရဲ့ အပြောင်းအလဲကို ဖော်ပြပေးလိုက်ပါတယ်။ပစ္စည်းအမည် မိမိဘက် တစ်ဘက်နိုင်ငံ (ကျပ်/တန်) (ယွမ်/တန်)မိကျောင်းကွမ်းဖတ်စေ့ ၂၅၆၅ဝဝဝ ၁၈ဝဝဝမာလာဥ ၂ဝ၉၃၉ဝဝ ၁၄၅ဝဝစကားပန်းပွင့်ခြောက် ၁၇၉ဝ၁ဝဝ ၁ဝ၅၃ဝဂမုန်းဥခြောက် ၁၇၂ဝဝဝဝ ၁ဝ၁၁၇ကြောင်ပန်းစေ့ ၈၆၈ဝဝဝ ၆ဝဝဝမာလာဥခေါင်း ၇၄၇၉၄ဝ ၆ဝဝဝကျောက်ဂျင်း ၆၂၅၃၆ဝ ၅ဝဝဝတောဂူျးမြစ် ၅၅၆ဝ၂ဝ ၃ဝ၄ဝမျောက်ဥခြောက် ၄၈၄၆ဝဝ ၂၈၅ဝတောဂျင်း ၃ဝဝဝဝဝ ၂၃၈ဝတောင်လုံးကျော် ၂၅ဝ၈ဝဝ ၁၉၉၅ဒရင်ကောက်မြစ် ၂၁၄၅ဝဝ ၁၄၄၉ မော်မော်အောင်(MIRT)
မန်ကျည်းအပို့ပျောက် သြဂုတ်လ တတိယပတ်အတွင်း ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့တာ ကာလ အတွင်း ပင်လယ်ရေကြောင်း ဂိတ်မှနေ မန်ကျည်း တင်ပို့မှုမရှိဘဲ အပို့ ပျောက်ခဲ့ပါတယ်။ ယခင်သီတင်းပတ် က အိန္ဒိယကိုတန်ချိန် ၆ဝ တင်ပို့ခဲ့ပြီး ယခုသီတင်းပတ်မှာတော့ တင်ပို့နိုင် ခြင်းမရှိခဲ့ပါဘူး။ ပင်လယ်လမ်းနဲ့ တင်ပို့မှု ဘက်မှာ ကျဆင်းနေပေမဲ့ ဒေသ ထွက် ကုန်မန်ကျည်းကို နယ်စပ်ဘက် ကုန်သွယ်မှု အသီးသီးကနေ တင်ပို့မှု ကတော့ အားသာလျက်ရှိနေပါတယ်။ MIRT (DOT)
နနွင်းအထွက်မြင့်တက်မယ့် မျှော်လင့်ချက်ကြောင့် နနွင်းဈေးကျဆင်း နနွင်းစိုက်ပိုျးတဲ့ ဒေသများမှာ နနွင်းပိုမိုစိုက်ပိုျးလာကြလို့ နနွင်း အထွက်မြင့်တက်မယ့် မျှော်လင့်ချက်များနဲ့ နနွင်းဆက် တိုက်ရောင်းထုတ် မှုတွေ ရှိလာ ကြတာကြောင့် နနွင်းဈေးသိသိသာသာ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ NCDEX မှာ စက်တင်ဘာလပို့ရမယ့် နနွင်းဈေးဟာ ၂ ဒသမ ၅၄ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ရူပီး ၁၂၈၁၄ဝ (ကန်ဒေါ်လာ ၂၇၅၁) ကိုကျဆင်းခဲ့ပြီး အောက်တိုဘာလ စာခုျပ်ဈေးမှာလည်း ၂ ဒသမ ၆၃ ရာခိုင်နှုန်းကျဆင်းကာ တစ်တန်ကို ရူပီး ၁၂၁၄ဝဝ (ကန်ဒေါ်လာ ၂၆ဝ၆) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အလားတူ လက်ငင်းဈေးကွက်များမှာလည်း ဈေးကျဆင်းလျက်ရှိရာ ပုဂ္ဂလိကဈေးကွက်မှာ ယခင်တစ်ပတ်ထက် တစ်တန်ကို ရူပီး ၂ဝဝဝ လျော့ကျပြီး ရူပီး ၁၃၇ဝဝဝ-၁၃၈ဝဝဝ ( ကန်ဒေါ်လာ ၂၉၄၁-၂၉၆၃) ဈေးဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ဈေးနှုန်းထိန်းခုျပ်မှုရှိတဲ့ ဈေးကွက်မှာလည်း finger အမိုျးအစား နနွင်း တစ်တန်ကို ယခင်တစ်ပတ်ထက် ရူပီး ၂၈ဝဝ (ကန်ဒေါ်လာ ၆ဝ ) လျော့ကျပြီး ရူပီး ၁၃၈၈၆ဝ-၁၄ဝ၁၄ဝ (ကန်ဒေါ်လာ ၂၉၈၁-၃ဝဝ၈) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Sources: P T I 2751)
အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်တဲ့ ရှမ်းနနွင်း ရှမ်းနနွင်းက ဒီတစ်ပတ်အောင်ပန်းဈေးမှာ ဈေးအနည်းငယ်ပြန်တက်လာ ပါတယ်။ နနွင်းအဝင်ကလည်း မရှိသလောက် ဖြစ်နေပြီး လှောင်လက်တွေကသာ အရောင်းအဝယ်ဖြစ်နေပါတယ်။ အောင်ပန်းဈေးကွက်မှာ ပစ္စည်းအရည်အသွေး ပေါ် မူတည်ပြီး တစ်ပိဿာ ၂၅ဝဝ ကျပ်မှ ၃၂ဝဝ ကျပ်ဈေးထိရှိပါတယ်။ နနွင်း ကလည်း ချင်းလိုပါဘဲ။ ပြည်ပနိုင်ငံတွေရဲ့ ဘာသာရေးကာလဖြစ်နေလို့ ဝယ်လက် တွေ ရပ်နေတယ်လို့ သိရပါတယ်။ ယခုလောလောဆယ်မှာတော့ နနွင်းခေါင်းလို့ ခေါ်တဲ့ ပစ္စည်းညံ့တွေသာ အရောင်းအဝယ်ဖြစ်နေပါတယ်။ နနွင်းခေါင်းအခြောက် တွေကို ပြည်တွင်းသုံး နနွင်းမှုန့်နဲ့ ခြင်ဆေးခွေတွေမှာ အသုံးပြုဖို့အတွက် ပြည်တွင်းဝယ်လက် တွေက ပ-+*ုံမှန်ဝယ်ယူ နေကြပါတယ်။ နနွင်းခေါင်းက တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ အောင်ပန်းပွဲရုံက သိရပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတက်တစ်ပိဿာ ၃၃ဝဝ ကျပ်ရှိတယ် လို့သိရ ပါတယ်။ ဧဧခိုင်
ဝယ်လက်အဆွဲကောင်းသြဂုတ်လ တတိယပတ် ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့အတွင်း ပင်လယ်ရေ ကြောင်းလမ်းကနေ နနွင်းတန်ချိန် ၃၁ ဒသမ ၅ တန် တန်ဖိုး ကန်ဒေါ်လာ ၄၅၇၅၇ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ ထိုင်း နိုင်ငံကို တန်ချိန် ၁၆ ဒသမ ၅ တန်၊ အာရပ်စော်ဘွားများနိုင်ငံဘက်ကို တန်ချိန် ၁၅ တန်ဈေးကွက်နှစ်ခုခွဲပြီး တင်ပို့နိုင်ခဲ့ပါတယ်။ MIRT (DOT)
နယ်စပ်မှ ယခအပတ်တင်ပို့မှုပို သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မူဆယ်နှင့် စစ်တွေနယ်စပ်စခန်းများမှ နနွင်းတက် ၃၆ တန်၊ တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၂၉၈ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က စစ်တွေနယ်စပ်မှ ၄ တန် သာတင်ပို့နိုင်တဲ့ အတွက် ယခုအပတ်မှာ ၃၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စစ်တွေနယ်စပ်မှာ နနွင်းတက်ဈေးဟာ ယခင်အပတ်အတိုင်း ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေး ၁၄ဝ၇၆ဝဝ ကျပ်နဲ့ တစ်ဖက်နိုင်ငံမှ ၁၂၃၇၁ဝ တာကာဈေး ပေါက်လျက်ရှိပါတယ်။ တင်တင်ထွန်း(MIRT )
ရှမ်းတောင်သူရောင်းတဲ့ ရှမ်းကြက်သွန်ဖြူ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီတစ်ပတ်ရောင်းအားအကောင်းဆုံးကတော့ ကြက်သွန်ဖြူပါပဲ၊ ဝယ်လိုအားကောင်းနေပြီး ဈေးကလည်းကောင်းနေပါတယ်။ ထိပ်စတွေ ဖြစ်တဲ့ (ထူး -၃)၊ (ထူး-၄)တွေကလည်း ဝယ်လိုအား ကောင်းနေတာ ကြောင့် ဈေးကွက်မှာပစ္စည်းလက်ကျန်အတော်နည်းသွားပြီလို့ သိရပါတယ်။ ဒီနှစ် ပစ္စည်းအထွက်ကလည်းနည်းပြီး တောင်သူတွေကလည်း ထိန်းပြီး ရောင်းတာကြောင့် လှောင်လက်တွေကလည်း အရင်နှစ်တွေကလို များများဝယ်ပြီး မလှောင်နိုင်ခဲ့ပါဘူး။ ရှမ်းကြက်သွန်ဖြူတွေကို ရန်ကုန်၊ မန္တလေး ဝယ်လက်တွေက အဆွဲများနေပါတယ်။ ဒီတစ်ပတ်ကြက်သွန်ဖြူဈေးက တောင်ကြီးဈေးကွက်မှာ လတ်ခြား တစ်ပိဿာ ၂၅ဝဝ ကျပ်၊ ကြက်သွန်ဖြူ (ထူး-၁) ၂၆၅ဝ ကျပ်၊ (ထူး -၂) ၂၈ဝဝ ကျပ်၊ (ထူး-၃) ၂၉ဝဝ ကျပ်၊ (ထူး-၄) ၃ဝဝဝ ကျပ်ဈေးရှိပြီး အောင်ပန်းဈေးကွက်မှာ ကြက်သွန်ဖြူ (လတ်ခြား) ၂၆ဝဝ ကျပ်၊ (ထူး-၁) ၂၇ဝဝ ကျပ်၊ (ထူး-၂) ၂၈ဝဝ ကျပ်၊ (ထူး-၃) ၃ဝဝဝ ကျပ်၊ (ထူး-၄) ၃၃ဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံး ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ပိဿာချိန်ပေါင်း ၁ ဒသမ ၇ သိန်း စီ ဆင်းသွားတယ်လို့ ကြက်သွန်ဖြူပွဲရုံတွေက သိရှိရပါတယ်။ ဧဧခိုင်
အဝယ်ပုံမှန်ရှိနေတဲ့ ရှမ်းချင်း ဒီတစ်ပတ် ချင်းစိုဈေးက တစ်ပိဿာကို ၈၅ဝ ကျပ်၊ ၉ဝဝ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ပင်လောင်းနယ်က အဝင်နည်းသွားပြီး ကလောနယ် တစ်ဝိုက်ကသာ ပုံမှန်ဝင်နေတယ်လို့ သိရပါတယ်။ အဝင်ကလည်း ပုံမှန်ရှိသလို အရောင်းကလည်း ပုံမှန်ရှိနေပါတယ်။ စစ်တွေဝယ်လက်တွေကတော့ အဝယ်ရပ် နေပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်တွေ ဘာသာရေးလ ဖြစ်နေတဲ့အတွက် အဝယ်ခေတ္တရပ်နေပြီး လောလောဆယ်ပြည်တွင်းသုံးအဖြစ်နဲ့သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပစ္စည်းလက်ကျန်ကလည်း ၃ ပုံ ၁ ပုံလောက် သာကျန်တော့တယ်လို့ ကုန်သည်တွေထံက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းခြောက် ဈေးက အနည်းငယ်ပြန်တက်လာပြီး တစ်ပိဿာ ၂၂ဝဝ ကျပ်မှ ၂၅ဝဝ ကျပ်ဈေးရှိလာပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ ချင်းခြောက် တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ဧဧခိုင်
ဟင်္သာတပဲဈေးကွက်တွင်း မတ်ပဲဈေးမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၇၄ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုသြဂုတ်လ စတုတ္ထပတ် တွင် မတ်ပဲဈေးမှာ ၂၇၁ဝဝ ကျပ်ထိ ဈေးအေးလာခဲ့ပါတယ်။ ယခုအပတ် အရောင်းအဝယ်အနေနဲ့ ခရိုင်အတွင်း မြို့နယ်များမှ ဟင်္သာတပဲဈေးကွက်သို့ ဝင်ရောက်မှု နည်းသွားပြီး ဒေသခံကုန်သည်ကြီးများရဲ့ ရောင်းအားကြောင့်သာ ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ဖြစ်ပေါ်နေသော ဈေးများဖြင့် တစ်ရက်ကို ပျမ်းမျှအိတ် ၁၅ဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အေးအေးခိုင်