Main menu

Background

Monday, 13 Sep 2010

ကော့သောင်းမှ နို့ဆီ၊ နို့စိမ်းသွင်း        မြန်မာ-ထိုင်းနယ်စပ်ရှိ    ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း Falcon နဲ့ My boy  တံဆိပ်နို့ဆီ ၃၉ဝဝ ကာတွန်း နဲ့ My boy တံဆိပ်  နို့စိမ်း ၃၆ဝဝ ကာတွန်း၊   စုစုပေါင်း ကန်ဒေါ်လာ ၁၁၉၄၉ဝ ဖိုး  တင်သွင်းနိုင်ခဲ့ပါတယ်။ သြဂုတ်လ ၂၅ရက်မှ ၃၁ရက်ထိ ကာလ မှာ မြဝတီနဲ့ ကော့သောင်းနယ်စပ်များ မှ နို့ဆီကာတွန်း ၇၁ဝဝ ကျော်နဲ့ နို့စိမ်း ကာတွန်း ၆၃ဝဝကျော် တင်သွင်းခဲ့တာ ဖြစ်တဲ့အတွက် ယခုအပတ်နယ်စပ်မှ နို့ဆီ၊ နို့စိမ်း တင်သွင်းမှု လျော့ကျခဲ့ပါ တယ်။                                                                                                                   MIRT(DOBT)

Monday, 13 Sep 2010

ယခုအပတ် ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းမှုပိုမို     စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ကော့သောင်းနဲ့ တာချီ လိတ်မှ ဓါတ်ဆီ ၃၃၃၉၅ ဂါလန်၊ ကန်ပိုက်တီးနဲ့ တာချီလိတ်မှ ဒီဇယ်ဆီ ၂၄ဝ၈၆၈ ဂါလန်နဲ့ ကော့သောင်းမှ သဘာဝဓာတ်ငွေ့ရည် ၁၂ဝ၈ဝ ကီလိုဂရမ် စုစုပေါင်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၆၁၅ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ဒီဇယ်ဆီကို ကန်ပိုက်တီးမှ ၅၁၁၈၇ ဂါလန်၊ တာချီလိတ်မှ ၁၈၉၆၈ဝ ဂါလန်၊ ဓာတ်ဆီကို ကော့သောင်းမှ ၇၅ဝဝ ဂါလန်၊ တာချီလိတ်မှ ၂၅၈၉၅ ဂါလန် အသီးသီး တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ၈၄၄၅ ဂါလန်၊ ဒီဇယ်ဆီ ၁၅၁၃ဝဝဂါလန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်ဆီပေါက်ဈေး များကို ဖော်ပြပေးလိုက်ပါတယ်-                          ဓာတ်ဆီ(ဂါလန်/ဒေါ်လာ)    ဒီဇယ်(ဂါလန်/ဒေါ်လာ)    ကော့သောင်း             ၂ .၈                                     -            တာချီလိတ်                ၃ .၃၄                                ၃ .၇၆MIRT (DOBT)

Monday, 13 Sep 2010

 ဒီဇယ်အဝင် တန် တစ်သောင်းသုံးထောင်ကျော်    ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် သြဂုတ်လ ၃ဝ ရက်မှ စက်တင်ဘာ ၅ ရက်တာ ကာလအတွင်း စက်သုံးဆီ အဝင်အနေနဲ့ ဒီဇယ်ဆီ  ပီပါ ကိုးသောင်း ကိုးထောင်ကျော် တန်ချိန်အားဖြင့် တစ်သောင်းသုံးထောင်ကျော်ကို ပင်လယ်ရေ ကြောင်းကနေ တင်သွင်းလာခဲ့ပါတယ်။ ယခင်အပတ်က ဒီဇယ်တန်ချိန် နှစ်သောင်း ငါးထောင်ကျော် တင်သွင်းခဲ့တာကြောင့် ဒီအပတ်အဝင်နဲ့ယှဉ်ရင်တန်ချိန်တစ်သောင်းတစ်ထောင်ကျော်လျော့ပြီးတင်သွင်းလာတာတွေ့ရပါတယ်။                                လခုျပ်အနေနဲ့သုံးသပ်ရင် ၂ဝ၁ဝဇူလိုင်လ တစ်လလုံးပြည်တွင်းသုံးဖို့ဓာတ်ဆီတန်ချိန် တစ်သောင်းခုနစ်ထောင်ကျော်၊ ဒီဇယ်တန်ချိန် ငါးသောင်းခုနစ်ထောင် ကျော်၊ စုစုပေါင်းတန်ချိန် ခုနစ်သောင်းလေးထောင်ကျော် တင်သွင်းခဲ့ပြီး သြဂုတ်လ မှာ ဓာတ်ဆီတင်သွင်းမှုမရှိပဲ ဒီဇယ်တစ်မိုျးထဲ စုစုပေါင်းတန်ချိန် လေးသောင်း ခြောက်ထောင်ကျော် တင်သွင်းလာတာ တွေ့ရပါတယ်။ ဇူလိုင်လ အဝင်တန်ချိန် စုစုပေါင်းနဲ့ယှဉ်ရင် တန် နှစ်သောင်းခုနစ်ထောင်ကျော် လျော့ပြီး တင်သွင်းလာတာ တွေ့ရပါတယ်။                                                                                                                                                                                           MIRT-DOT

Monday, 13 Sep 2010

 ဈေးငြိမ်ပြီး ပုံမှန်ရောင်းဝယ်နေတဲ့ မြေထောက်    မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု သြဂုတ်လလယ်မှ စက်တင်ဘာလ ပထမ ပတ်အထိ မြေထောက်ပဲ တစ်ပိဿာ ၈၆၁ ကျပ် နဲ့ဈေးငြိမ်နေပါတယ်။ ယခင် နှစ်ကာလတူမှာ ဈေးအနိမ့်၊ အမြင့်  ၆၁၁ ကျပ်၊ ၇၂၂ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ် ခဲ့ကြပါတယ်။ မြေထောက်ပဲ ကို အောက်တိုဘာ၊ နိုဝင်ဘာလများမှာ စိုက်ပိုျးချိန်ဖြစ်လို့ ယခုအချိန် တောင် သူနဲ့ ကုန်သည် များ လက်ဝယ်ကျန်ရှိ နေတဲ့ ပဲများကိုသာ အရောင်းအဝယ် ပြုလုပ်နေကြခြင်းဖြစ်ပါတယ်။ ဟုမ္မ လင်း၊ ကလေး၊ တမူးမှ မြေထောက်ပဲ များ မုံရွာမြို့သို့ ဝင်ရောက်လာပါတယ်။ တိုင်းအတွင်း ကြာဇံစက်များက နေ့စဉ် သုံးစွဲမှုရှိလို့ မုံရွာကုန်စည် ဒိုင်မှာ နေ့စဉ် ပျမ်းမျှ တင်း ၂ဝဝ ကျော်ခန့် အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။ သန်းသန်းတင်

Monday, 13 Sep 2010

 မုံရွာဈေးကွက် ပဲစင်းငုံဈေးကျဆင်း    မုံရွာပဲဈေးကွက်မှာ ပဲစင်းငုံဈေးဟာ စက်တင်ဘာ ပထမပတ်အတွင်း တစ်တင်း ၂ဝ၈ဝဝ ကျပ်မှ တစ်တင်း ၁၉၅ဝဝ ကျပ်အထိဈေးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်၊ မန္တလေးဝယ်လက် မရှိတော့ဘဲ ကြားအဝယ် (ဒေသခံ ကုန်သည်) သာ ရှိနေတဲ့အတွက် ဈေးအေးနေပြီး အရောင်းအဝယ်မှာ အိတ် ၄ဝဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအရောင်းအဝယ်အနေဖြင့် ရောင်းလက်သွက်နေပြီး၊ ဝယ်လက်မသွက်ကြောင်း သိရပါတယ်။  အောင်မင်း

Monday, 13 Sep 2010

  ပဲစင်းငုံတင်ပို့မှု သြဂုတ်လမှာ သိသိသာသာပို     ယခုနှစ် ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု လျော့ကျပေမဲ့ သြဂုတ်လမှာ တန်ချိန် ၁၃ဝဝဝခန့်ထိ တင်ပို့နိုင်ခဲ့လို့ ယခင်လတွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာပိုလာခဲ့ပါတယ်။ ယခုနှစ် ဇူလိုင်လမှာ တန်ချိန် ၅ဝဝဝ ခန့်သာတင်ပို့မှု ရှိခဲ့ပြီး ၂ဝဝ၉ ခုနှစ်ကာလတူ သြဂုတ်လတင်ပို့မှုတန်ချိန် ၆ဝဝဝခန့် ထက်လည်း  ၁ဆကျော်တင်ပို့လာတာတွေ့ရပါတယ်။ ယခုတစ်ပတ်တင်ပို့မှုအနေနဲ့ တန်ချိန် ၂ဝဝဝကျော်သာရှိလို့ယခင်သီတင်းပတ်များလိုနည်းနည်းနဲ့မှန်မှန်သွားနေတာ ဖြစ်ပါတယ်။ဈေးကွက်တွေမှာအိန္ဒိယဝယ်လက်တွေဝယ် ယူမှုအခြေအနေက အနည်း အကျဉ်း ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ် ဈေးအတိုင်း ပြောင်းလဲခြင်းမရှိဘဲ စက်တင်ဘာလ ၉ ရက်နေ့မှာ ပဲစင်းငုံနီ တစ်တန် ကို ရူပီး ၇၄ဝ-၇၅ဝ ၊ ပဲစင်းငုံဖြူနီနဲ့ အဖြူက တစ်တန်ကို ရူပီး ၆၄ဝ-၆၅ဝ ရှိကြောင်း သိရပါတယ်။                                                                                                                     MIRT - MAPT

Monday, 13 Sep 2010

ဈေးအေးသော်လည်း အရောင်းအဝယ်ပုံမှန်ဖြစ်တဲ့ ပြည်မတ်ပဲ      ပြည်မြို့ရဲ့ ပဲဈေးကွက်မှာ မတ်ပဲဈေးဟာ အတက်အကျဖြစ်နေပါတယ်။ စက်တင်ဘာလဆန်းပိုင်းမှာ မတ်ပဲပိဿာ ၂ဝ ဝင်တစ်တင်းကို ၂၇၂ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒုတိယပတ်မှာတော့ ပဲတစ်တင်းကို ၂၆ဝဝဝ ကျပ်ထိ ဈေးအေးလာတယ် လို့သိရပါတယ်။ပဲလှောင်သူကုန်သည်များမှ ငွေလိုလို့ ထုတ်ရောင်း သူများ ရှိတာကြောင့် ဈေးအေးပေမဲ့ အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပြီး တစ် နေ့ကို တစ်တင်းခွဲအိတ် ၂ဝဝ ခန့်မြို့တွင်းမှာအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ တစ်ခြားတိုင်းမှ ပဲအဝင် မရှိပေမဲ့ ရန်ကုန်သို့ ပဲတင်ပို့မှုကတော့ တစ်နေ့ကို ပဲအိတ် ၁ဝဝဝ တင်ပို့လျက်ရှိတယ်လို့ သိရပါတယ်။မိမိအေး

Monday, 13 Sep 2010

 ဈေးအနိမ့်အမြင့်နဲ့ အရောင်းအဝယ်ဖြစ်နေတဲ့မတ်ပဲ     ဟင်္သာတပဲဈေးကွက်ရဲ့ မတ်ပဲဈေးမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၇၅ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုစက်တင်ဘာလ ဒုတိယ ပတ်မှာ  ၂၆၅ဝဝ ကျပ်ကို ကျဆင်းခဲ့ပါတယ်။ ယခုလအတွင်း မတ်ပဲအနိမ့်ဆုံးဈေး ၂၆၅ဝဝ ကျပ်၊ အမြင့်ဆုံးဈေးမှာ ၂၇၅ဝဝ ကျပ်ထိ ဈေးအတက်အကျ ဖြစ်ပေါ်ခဲ့ပါ တယ်။ မတ်ပဲဈေးအနိမ့်အမြင့်ဖြစ်နေပေမဲ့ ဒေသခံကုန်သည် ကြီးများရဲ့ ရောင်းအားနဲ့ ရန်ကုန်ကုန်သည် ကြီးများရဲ့ ဝယ်အားကြောင့် နေ့စဉ်ဖြစ်ပေါ်နေသောဈေးများဖြင့် တစ်ရက်ကို ပျမ်းမျှအိတ် ၁၅ဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။  အေးအေးခိုင်

Monday, 13 Sep 2010

မတ်ပဲတင်ပို့မှုအားကောင်းနေဆဲ     ပြည်ပကိုတင်ပို့တဲ့ ပဲတွေအားလုံးမှာ မတ်ပဲကတော့ တင်ပို့မှုအားကောင်း နေဆဲဖြစ်တာကို တွေ့ရပါတယ်။ ယခုတစ်ပတ် (စက်တင်ဘာ ၂ ရက်မှ ၈ ရက်) အတွင်းမှာလည်း တန်ချိန် ၁၂ဝဝဝ ခန့်တင်ပို့မှုရှိနေတာ တွေ့ရပါ တယ်။ သြဂုတ်လ တစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၅၅ဝဝဝ ခန့်ရှိပြီး ဇူလိုင်လတင်ပို့မှုတန်ချိန် ၄၁ဝဝဝ ကျော်ထက် ပိုမိုတင်ပို့နိုင်သလို ၂ဝဝ၉ ခုနှစ် သြဂုတ်လ တင်ပို့မှု တန်ချိန် ၄၇ဝဝဝ ကျော်ထက်လည်း တိုးတက်တင်ပို့နိုင်တာ တွေ့ရပါတယ်။ ရန်ကုန် FOBဈေးကတော့ အနည်းငယ် လျော့ကျလာတာကို အောက်ပါအတိုင်း တွေ့ရှိရပါ တယ်-                                                                                                                            ဒေါ်လာ/တန်                   မတ်ပဲ(FAQ)     (SQ)၉-၉-၁ဝ        ၉၄ဝ-၉၅ဝ      ၁ဝ၅ဝ-၁ဝ၆ဝ၂-၉-၁ဝ        ၉၅ဝ-၉၆ဝ      ၁ဝ၈ဝ-၁ဝ၉ဝ                                                MIRT(MAPT) 

Tuesday, 7 Sep 2010

ကိုရီးယားကိုသွားတဲ့ စွန်တာနီ     ယခင်တစ်ပတ် တင်ပို့မှုမရှိတဲ့ စွန်တာနီပြာဟာ ယခုတစ်ပတ်မှာတော့ ကိုရီးယားကို တန်ချိန် ၁၃ဝ ခန့် တင်ပို့မှုရှိတာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ နည်းသွားပြီ ဖြစ်ပေမဲ့ အရောင်းအဝယ်လက်ကျန်များအရ ဆက်လက် တင်ပို့နေတာ ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ တစ်တန်ကို ကန်ဒေါ်လာ ၇ဝဝ-၇၂ဝ ရှိတယ်လို့ သိရပါတယ်။                                                                                                          MIRT - MAPT

Pages