Background
ပြည်တွင်းဘိလပ်မြေဈေး ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် - တိုင်း/ပြည်နယ် အမိုျးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန် ဘိလပ်မြေ(ဆင်)ထိုင်း ၅၆၅ဝ(လက်ကား) ဘိလပ်မြေ TPI ၅၃ဝဝ ဘိလပ်မြေ (စိန်) ၅၃ဝဝမန္တလေးတိုင်း ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ဘိလပ်မြေ(AAA) ၆၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၆ဝဝဝ ဘိလပ်မြေ(TPI)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၆၂ဝဝ ဘိလပ်မြေ(ဆင်မင်း)ထိုင်း ၅၂ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆ဝဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၆၁ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅၄ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၉ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝမကွေး ကျောက်ဆည်-ဆင်မင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ
နယ်စပ်မှ ဒီဇယ်တင်သွင်းမှုပို သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း တာချီလိတ် နဲ့ ကော့သောင်းနယ်စပ် စခန်းများမှ ဓါတ်ဆီ ၂၄၉၅ဝ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉၆၂၈၅ ဒသမ ၃၆၂ ဖိုးတင်သွင်းခဲ့ပြီး ဒီဇယ်ဆီ ၈၉၅၆၇ ဒဿမ ၅၄၄ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၆၅၆၂၁ ဒဿမ ၉၂၃ နဲ့ သဘာဝ ဓာတ်ငွေ့ရည် ၁၂၁၁ဝ ကီလိုဂရမ် ၅၆၃၂ ဒဿမ ၆၅၈ ဒေါ်လာဖိုး တင်သွင်းခဲ့ပါတယ်။ ယခင် အပတ်ကထက် ဒီဇယ်ဆီ ၅၄၉၅၇ ဂါလန် ပိုမိုတင်သွင်း ခဲ့ပြီး ဓာတ်ဆီ ၈၃၅၃၃ ဂါလန် လျော့နည်း တင်သွင်းခဲ့ပါတယ်။ သဘာဝဓာတ်ငွေ့ ရည် ၁၃ဝ ကီလိုဂရမ် ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ တာချီလိတ်နယ်စပ်မှာ ဒီဇယ်ဆီ ၁ ဂါလန် ၃ ဒဿမ ၇၆ ဒေါ်လာနဲ့ကော့သောင်း နယ်စပ်မှာ ဓာတ်ဆီ ၁ ဂါလန် ကို ၂ ဒဿမ ၈ဝ ဒေါ်လာဈေးပေါက်လျက်ရှိပါတယ်။ MIRT (DOBT)
တန်ချိန်နှစ်သောင်းငါးထောင်ကျော်ဝင်ခဲ့ ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် သြဂုတ်လ ၂၄ ရက်မှ ၂၉ ရက်နေ့ကာ လအတွင်း စက်သုံးဆီအနေနဲ့ ဒီဇယ်ဆီတစ် သိန်း ကိုးသောင်းပီပါ တန်ချိန်အားဖြင့် နှစ်သောင်းငါးထောင်ကျော်ကို ပင်လယ်ရေကြောင်းကနေ တင်သွင်းလာခဲ့ပါတယ်။ ယခင် အပတ်က ဒီဇယ်တန်ချိန် တစ်သောင်းကျော်သာတင်သွင်းခဲ့တာကြောင့် ဒီ အပတ်အဝင်တန်ချိန်နဲ့ ယှဉ်ရင် တန်ချိန် တစ်သောင်း လေးထောင်ကျော်ပိုမိုတင် သွင်းခဲ့တာတွေ့ရပါတယ်။ သြဂုတ်လအတွင်း ဒီဇယ်တင်သွင်းမှုများမှာ ယခုအပတ် ဒီဇယ် အဝင်အများဆုံးဝင်ခဲ့တာဖြစ်ပါတယ်။ MIRT-DOT
ပြည်ထောပတ်ပဲ ဈေးအနည်းငယ်လှုပ်ရှားလာ ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ထောပတ်ပဲဈေးနှုန်း အနည်းငယ်မြင့် လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တစ် တင်းကို လက်လီ ဈေးမှာ ၂၆ဝဝဝ ကျပ်၊ လက်ကားဈေးနှုန်းမှာ ၂၅၅ဝဝ ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့ကြပြီး၊ ယခု စက်တင်ဘာလဆန်းပိုင်းတွင် လက်လီ တစ်တင်းကို ၂၆၅ဝဝ ကျပ်နဲ့ လက် ကားတစ်တင်းကို ၂၆ဝဝဝ ကျပ် အ ရောင်းအဝယ်ဖြစ်နေတာကြောင့် ယခင် အပတ်နဲ့ယှဉ်ရင် တစ်တင်းကို ၅ဝဝ ကျပ်ဈေးမြင့်လာခဲ့ပါတယ်။ ရန်ကုန် ဝယ်လက်များ အဝယ်ရှိလာလို့ ဈေးမြင့် ခဲ့ခြင်းဖြစ်ပြီး ဝယ်လိုအားရှိသလောက် မရောင်းချနိုင်ဘဲ လက်ကျန် နည်းလာ တဲ့အတွက် လက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ တစ်ရက်ကို အိတ် ၁၅ အိတ်ခန့်သာ အရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။ ခင်ဆွေဝင်း
ပြည်ထောပတ်ပဲ ဈေးအနည်းငယ်လှုပ်ရှားလာ ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ထောပတ်ပဲဈေးနှုန်း အနည်းငယ်မြင့် လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တစ် တင်းကို လက်လီဈေး မှာ ၂၆ဝဝဝ ကျပ်၊ လက်ကားဈေးနှုန်းမှာ ၂၅၅ဝဝ ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့ကြပြီး၊ ယခု စက်တင်ဘာလဆန်းပိုင်းတွင် လက်လီ တစ်တင်းကို ၂၆၅ဝဝ ကျပ်နဲ့ လက် ကားတစ်တင်းကို ၂၆ဝဝဝ ကျပ် အ ရောင်းအဝယ်ဖြစ်နေတာကြောင့် ယခင် အပတ်နဲ့ယှဉ်ရင် တစ်တင်းကို ၅ဝဝ ကျပ်ဈေးမြင့်လာခဲ့ပါတယ်။ ရန်ကုန် ဝယ်လက်များ အဝယ်ရှိလာလို့ ဈေးမြင့် ခဲ့ခြင်းဖြစ်ပြီး ဝယ်လိုအားရှိ သလောက် မရောင်းချနိုင်ဘဲ လက်ကျန် နည်းလာ တဲ့အတွက် လက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ တစ်ရက်ကို အိတ် ၁၅ အိတ်ခန့်သာ အရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။ ခင်ဆွေဝင်း
တစ်ခါတစ်ရံ မူဆယ်ကပို့ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ် ဘက် နိုင်ငံသို့ ထောပတ်ပဲ ၃၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၂၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လ တစ်လလုံး ၃၅ တန်သာ တင်ပို့ နိုင်ခဲ့တာဖြစ်ပြီး ဇူလိုင်လမှာ တန် ၇ဝ၊ ဧပြီလမှ ဇူလိုင်လထိ တန်ချိန် ၄ဝ၆၉ တန် နယ်စပ်မှ တင်ပို့ခဲ့ပြီးဖြစ်ပါ တယ်။ MIRT (DOBT)
ဈေးအနိမ့်အမြင့်နဲ့ အရောင်းအဝယ်အသင့်အတင့်ဖြစ်တဲ့ ပဲစင်းငုံ မုံရွာကုန်စည်ဒိုင်ရဲ့ သြဂုတ်လ ပဲစင်းငုံနီဈေးကွက်မှာ ဒေသတွင်းလုပ်ငန်း သုံးသမားအခိုျ့ အနည်းငယ် ဝယ်ယူမှုနဲ့ ဒေသခံ ကုန်သည် တွေ ဈေးပေါ်မူတည်ပြီး အဝယ်အရောင်းလုပ်နေမှုနဲ့ ရန်ကုန်အိတ်စပို့သမားအခိုျ့ သင်္ဘောတင်အမီ လိုအပ်မဲ့ပဲဖြည့်ဆည်းဖို့ ဝယ်ယူမှုအနည်းငယ်ရှိခဲ့တာကြောင့် တစ်ရက်အိတ် ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်သြဂုတ်လ ပဲစင်းငုံနီဈေးကွက်အနေနဲ့ တစ်တင်း အနိမ့်ဆုံး ၂ဝဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၂၇ဝဝ ကျပ်ထိသာ ဈေးအတက်အကျဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလဆန်းမှာတော့ တစ်တင်း ၂ဝ၈ဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်နယ်မြေမှာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြဂုတ်လအတွင်း မုံရွာမှ တစ်ဆင့်တင်ပို့မှုအနေနဲ့ မန္တလေးကို တင်း ၇ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၇ဝဝဝ ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ဆက်လက်ဈေးအေးနေတဲ့ ပြည်ပဲစင်းငုံ ယခုတစ်ပတ် ပြည်ဈေးကွက်မှာလည်း ပဲစင်းငုံပိဿာ ၂ဝ တစ်တင်းလျှင် ၂၁ဝဝဝ ကျပ်နဲ့ ဆက်လက် ဈေးငြိမ်နေလျက်ရှိပါတယ်။ ယခုသြဂုတ်တစ်လလုံး အခြားတိုင်းမှဝင်ရောက်မှုမရှိသလို အခြားတိုင်းသို့ တင်ပို့နိုင်ခြင်းလည်း မရှိခဲ့ ကြောင်း သိရပါတယ်။ ဈေးကွက်အတွင်း ပဲစင်းငုံ အရောင်းအဝယ်အေးနေခြင်း ကြောင့် ဈေးငြိမ်နေခြင်း ဖြစ်ကြောင်းသိရပါတယ်။ ယခုနှစ်မှာတော့ ပဲစင်းငုံစိုက်ဧက ၁၆၄ဝဝ ကျော် စိုက်ပိုျးနိုင်ခဲ့ပြီး၊ စီမံကိန်းလျာထားပြည့်မီအောင် စိုက်ပိုျးနိုင်ကြောင်း သိရပါတယ်၊ ဆုမွန်ဆွေ
တင်ပို့မှုအနည်းငယ်တက်လာတဲ့ ပဲစင်းငုံ ပင်လယ်ရေကြောင်းကနေ ပဲစင်းငုံတင်ပို့မှုဟာ နည်းနည်းနဲ့ မှန်မှန်တင်ပို့မှု ရှိနေခဲ့ရာ ယခုတစ်ပတ် (သြဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၁ ရက်)အတွင်း မှာတော့ တန်ချိန် ၃၃ဝဝ ခန့်ကို အနည်းငယ်တိုးတက် တင်ပို့လာတာ တွေ့ရပါ တယ်။ အိန္ဒိယဝယ်လက်များက ပဲစင်းငုံကို ဝယ်လိုကြပေမဲ့ ဈေးမြင့် ပေးဝယ်ယူမှု မရှိလို့ ဈေးအနည်းငယ်လျော့ကျလာကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံနီ၊ အဖြူ၂-၉-၁ဝ ၇၄ဝ-၇၅၀ ၆၄ဝ-၆၅ဝ၂၆-၈-၁ဝ ၇၈ဝ-၇၉ဝ ၆၈ဝ-၆၉ဝ MIRT(MAPT)
အနိမ့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ မုံရွာပဲစင်းငုံဈေးကွက် ၂ဝဝ၈-၂ဝဝ၉ ခုနှစ်ထွက် ပဲစင်းငုံဈေးဟာ ရာသီအပိတ်မှာ တစ်တင်း ၃၈ဝဝဝ ကျပ်အထိ ဈေးကောင်းခဲ့တဲ့ အတွက် ၂ဝဝ၉-၂ဝ၁ဝ ထွက်ပေါ်ခဲ့တဲ့ ပဲစင်းငုံများကို ကုန်သည်အများစု ဝယ်ယူသိုလှောင်ခဲ့ကြပါတယ်။ ထွက်ပေါ်ကာလ တစ်လျှောက်လုံး လှောင်လက်၊ ရန်ကုန်၊ မန္တလေးဝယ်လက်ပါအပြိုင်ဆွဲခဲ့လို့ ပဲစင်းငုံ ဈေးဟာ ၂၅ဝဝဝ ကျပ်မှ ၂၇ဝဝဝ ကျပ်ထိ ဈေးမြင့်ခဲ့ပါတယ်။ အိန္ဒိယဝယ်လက်ဆွဲချိန်မှာ ပဲစင်းငုံဈေးဟာ အများမျှော်လင့်သလို ဈေးကမြင့်တက်မှုမရှိဘဲ တဖြည်းဖြည်း လှောင်လက်ဈေးထက် ကျဆင်းခဲ့ပြီး သြဂုတ် လ နောက်ဆုံးပတ်မှာ တစ်တင်း ၂ဝဝဝဝ ကျပ်ထိ ဈေးကျဆင်းခဲ့ တာကို တွေ့ရပါ တယ်။ ယခုအခါ လှောင်လက်ကုန်သည်များက အခြားသီးနံှများကို ပြောင်းလဲ ပြီး အရောင်းအဝယ် ပြုလုပ်ဖို့ ပဲစင်းငုံကို လက်ရှိပေါက်နေတဲ့ အနိမ့်ဈေးတစ်တင်း ၂ဝဝဝဝ ကျပ်နဲ့ ထုတ်ရောင်းလာကြတဲ့အတွက် နေ့စဉ်အိတ် ၅ဝဝ ခန့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါတယ်။ အောင်မင်း
