Main menu

Background

Tuesday, 7 Sep 2010

နနွင်း အပို့တုံံ့ဆိုင်း         နနွင်းနဲ့ချင်းက ပြည်ပဝယ်လက်အဆွဲနဲ့ ပြည်တွင်းအဝယ်အဆွဲကြားမှာ  အပို့ နှေးနေပါတယ်။ ဒီ်သြဂုတ်လ နောက်ဆုံးပတ် အတွင်း နနွင်းတစ်တန် အက်ဖ်အိုဘီ ဈေး ကန်ဒေါ်လာ ၁၄ဝဝ ကနေ ၁၅ဝဝ ဝန်းကျင်နဲ့ အဓိကတင်ပို့နေတဲ့ အိန္ဒိယ-မလေးရှား၊ အာရပ်စော်ဘွားသည့် နိုင်ငံများရဲ့ အဝယ်ကဲျသွားတာကြောင့် အပို့ လည်းပါးပါးပဲ ပို့နေပြီးဒီသီတင်းပတ်မှာတော့အဝင်မရှိတာတွေ့ ရပါတယ်။                                                                                                  MIRT (DOT)

Tuesday, 7 Sep 2010

 ပြည်ဈေးကွက်သို့ ဝင်ရောက်လာသောတောင်ကြီးချင်း           ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တွင် ချင်းကို ဧကအနည်းငယ်သာ စိုက်ပိုျးနိုင်ပြီး၊ တိုင်းအတွင်း စားသုံးဖူလုံခြင်းမရှိတာကြောင့် တောင်ကြီးမှအပတ်စဉ် အနည်းဆုံးကား ၂ စီးဝင်ရောက်ပါတယ်။ တစ်စီးလျှင် အိတ် ၇ဝဝ ခန့်ပါဝင်ကြောင်း သိရပါတယ်။ ပြည်ဈေး ကွက်တွင် ချင်းတစ်ပိဿာလျှင် ၁၂ဝဝ-၁၄ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။                                                                                                 ဆုမွန်ဆွေ

Tuesday, 7 Sep 2010

ပြည်တွင်းပုံမှန် ပြည်ပ အပို့နည်း          ပြည်တွင်းမှာ ချင်းအထွက်ပုံမှန်အရောင်းအဝယ်ပုံမှန်ရှိနေပေမဲ့ ပြည်ပ ဈေးကွက်ကို ချင်းခြောက်တင်ပို့နိုင်မှုက ဒီသြဂုတ်လ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့တာ ကာလအတွင်းအပို့မရှိခဲ့ပါဘူး။ ချင်းတင်ပို့မှုကလည်း ဒီသြဂုတ် လအတွင်း ခပ်ဆိုင်းဆိုင်းဖြစ်ခဲ့ပြီး အပို့ကဝယ်လက်ရဲ့အားပျော့မှုလက်ကျန် အခြေ အနေနဲ့ ချိန်ပြီး ပြည်တွင်းသုံးဘက်ကိုလှည့်ပြီး သွားနေတယ်လို့သိရပါတယ်။                                                                                                                              MIRT (DOT)

Tuesday, 7 Sep 2010

လွယ်ဂျယ်မြို့ရှိ  ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်     လွယ်ဂျယ်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တွင် ဝန်ထမ်း (၄) ဦး ခန့်ထားလျက်ရှိပြီး လစာနှုန်းမှာ တစ်ဦးလျင် ကျပ် ၈ဝဝဝဝ-၉ဝဝဝဝ ရရှိပါတယ်။ ဓါတ်ဆီတစ်နေ့ရောင်း အား  ဂါလံ ၅ဝ-၇၅ နှင့် ဒီဇယ်ဂါလံ ၅ဝ-၁ဝဝ ကြားရှိပါ တယ်။ မိမိဘက် ဓါတ်ဆီ တစ်ဂါလံ ၃၈၅ဝ ကျပ်နှင့် ဒီဇယ် တစ်ဂါလံ ၃၆၅ဝ ကျပ်ဈေး ရှိပြီး တစ်ဖက်နိုင်ငံ ပေါက်ဈေးမှာ ဓါတ်ဆီ တစ်ဂါလံ ၂၄ ဒဿမ ၅ ယွမ်  ၃ ဒဿမ ၆ ဒေါ်လာနှင့် ဒီဇယ်တစ် ဂါလံ ၂၄ ယွမ်  ၃ ဒဿမ ၅ ဒေါ်လာ ရောင်းချလျက်ရှိကြောင်းသတင်း ရရှိခဲ့ပါတယ်။                                                                                                                 Source: နကသ၊နီနီအေး

Tuesday, 7 Sep 2010

ပုံမှန်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ မုံရွာဗွီတူးဈေးကွက်           မုံရွာပဲဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပဲများအားလုံးဈေး ကျ ဆင်းပြီး အရောင်းအဝယ်ပါးနေတဲ့ အချိန်မှာ ဈေးပုံမှန်၊ အရောင်းအဝယ်မှန်နေတဲ့ ပဲကတော့ ဗွီတူးကုလားပဲပါ။ ဒေသတွင်းပဲခွဲစက်နဲ့ ကြာဇံစက်များရဲ့ နေ့စဉ် ဝယ်လိုအား ရှိနေသလို မန္တလေးဝယ်လက်မှလည်း ပုံမှန်အဝယ်ရှိနေတဲ့အတွက်လို့ သိရပါတယ်။     ဗွီတူးဈေးဟာ သြဂုတ်လ တစ်လလုံး (အမြင့်) တစ်တင်း ၂ဝ၄ဝဝ ကျပ်၊ အနိမ့် ၁၉၃ဝဝ ကျပ်သာ အပြောင်းအလဲရှိခဲ့ပြီး နေ့စဉ်ပုံမှန် ၅ဝဝ အိတ်မှ ၇ဝဝ အိတ်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။     ပြည်ပဝယ်လက်မရှိသော်လည်း ဒေသတွင်း၊ မန္တလေးပုံမှန်ဝယ်လက်ရှိနေ တဲ့ အတွက် ဗွီတူးဈေးကတော့ ကျဆင်းနိုင်ဖွယ် မရှိနိုင်ဘဲ အရောင်းအဝယ်အနေ နဲ့ ပုံမှန်ဖြစ်နိုင်ကြောင်း ကုန်သည်များက ခန့်မှန်းကြပါတယ်။                                                                                                               အောင်မင်း

Tuesday, 7 Sep 2010

ပြည်ဈေးကွက်တွင် ကုလားပဲဈေးအနည်းငယ်ကျ       ပြည်ဈေးကွက်ရဲ့ ကုလားပဲဈေးဟာ သြဂုတ်လနောက်ဆုံးပတ်က ၂ဝ၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ယခုစက်တင်ဘာ ပထမပတ်မှာ ၂ဝ၂ဝဝ ကျပ်ဖြင့် ဈေးအနည်းငယ်ကျလာပါတယ် ခွဲစက်သမားများ အဝယ်နည်းပြီး ရောင်း အားကျလာတဲ့အတွက် ဈေးကျခဲ့ခြင်းဖြစ်ပါတယ်။ ရန်ကုန်သို့ ကုလားပဲအိတ် ၁ဝဝဝ ခန့် ရောင်းချခဲ့ရပေမဲ့ ဈေးမှာမြင့်တက်ခြင်းမရှိပဲ ဈေးကျနေပါတယ်။ တိုင်းတွင်းမှာ လည်း တစ်နေ့အိတ် ၈ဝ ခန့်သာ ရောင်းချမှုရှိခဲ့ကြောင်း သိရပါတယ်။                                                                                                                လွင်လွင်ဆန်း

Tuesday, 7 Sep 2010

ကုလားပဲတင်ပို့မှု ပြန်လည်လျော့ကျ        ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်း တင်ပို့မှု တန်ချိန် ၉ဝဝ နီးပါးအထိ မြင့်တက်တင်ပို့ခဲ့ရာမှ ယခုသီတင်းပတ်မှာ တန်ချိန် ၂၄ဝ ကို ပြန်လည် လျော့ကျလာတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာတော့ ဒေသတွင်း ပဲခွဲ စက်များအဝယ် ရှိနေလို့ အရောင်းအဝယ်ပုံမှန်ဖြစ်နေတယ်လို့ သိရပါတယ်။ ရန်ကုန် ၤဥြ ဈေးမှာ  ပြောင်းလဲခြင်းမရှိဘဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇ဝဝ-၇၂ဝ ဖြစ်ကြောင်း သိရပါတယ်။                                                                                                                   MIRT - MAPT

Tuesday, 7 Sep 2010

အရောင်းအဝယ်အေးပြီး ဈေးအေးတဲ့ ပဲတီစိမ်း        ပြည်ဈေးကွက်သို့ ယခုရက်ပိုင်းအတွင်း ပဲတီစိမ်းအဝင်နည်းလာသလို အရောင်းအဝယ်လည်း အေးလာခဲ့ တယ်လို့ သိရပါတယ်။ သြဂုတ်လဆန်းပိုင်းမှာ အခြားတိုင်းမှအဝင်ရှိခဲ့သော်လည်း လကုန်ပိုင်းတွင် ပြည်မြို့နယ် တစ်ဝိုက်ရှိ ပေါင်း တလည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ ကျီးသဲမြို့နယ်တို့မှသာ ပဲတီစိမ်းအဝင်ရှိခဲ့ပါတယ်။ တစ်ရက် လျှင် အိတ် ၁ဝဝ မှ ၁၅ဝ အထိအဝင်ရှိပြီး၊ အရောင်းအဝယ် ဖြစ်မှုပမာဏကတော့ တစ်ရက်ကို အိတ် ၃ဝ မှ ၅ဝ အထိဖြစ်ခဲ့ ပါတယ်။ လက်ကားဈေးနှုန်းမှာ တစ်တင်းလျှင် ၂၁ဝဝဝ ကျပ်သာရှိခဲ့ပြီး၊ မိုျးသမားများ အဝယ်ရှိလျှင် အရည်အသွေးပေါ်မူတည်ပြီး တစ်တင်း ၂၅၅ဝဝ ကျပ်ထိ ဈေးပေးဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။ သြဂုတ်လ အတွင်း ပဲတင်ပို့မှုအခြေအနေမှာ ရန်ကုန်သို့ ၃၅ဝဝ အိတ်၊ မန္တလေးသို့ ၇ဝဝ အိတ်ခန့် တင်ပို့ခဲ့ပြီး၊ စုစုပေါင်း အိတ် ၄၂ဝဝ ခန့် တင်ပို့ခဲ့ကြောင်းသိရပါတယ်။                                                                                                             ခင်ဆွေဝင်း

Tuesday, 7 Sep 2010

မန်းပဲတီစိမ်းဈေး ခပ်အေးအေး       မန်းဈေးကွက်အတွင်း ပဲတီစိမ်းမှာ စီးဝင်မှုအများဆုံးဖြစ်သလို ဈေးကွက်အတွင်းရောင်းဝယ်နေကြတဲ့ ပဲတွေထဲမှာ လည်း ရောင်းဝယ်မှုအများဆုံးဖြစ်ပါတယ်။ တရုတ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်တို့ဝယ်ယူနေပြီး  ဈေးတက်ရင် တက်ဈေး၊ ကျရင်ကျဈေးနဲ့ ရောင်းဝယ်မှုကတော့ အလုပ်ဖြစ်နေဆဲဖြစ်ပါတယ်။ သြဂုတ်လအတွင်းမှာ ပဲတီစိမ်းတစ်ပိဿာ ၁၈၃၁ ကျပ် အမြင့်ဆုံးဈေးနဲ့ ရောင်းဝယ်ခဲ့ကြပေမဲ့ ယခုစက်တင်ဘာလ ပထမပတ်မှာတော့ ပဲတီစိမ်းတစ်ပိဿာ ၁၃၃၃ ကျပ်ဈေးဝန်းကျင် နဲ့သာ အရောင်းအဝယ် ်ဖြစ်ကြပါတယ်။ ပစ္စည်းရဲ့အရည်အသွေးပေါ် မူတည်ပြီး ဈေးနှုန်းကွာဟချက်တွေ ရှိနေသော်လည်း လက်ရှိရောင်းဝယ်မှုအနေနဲ့ကတော့ ခပ်အေးအေးပဲလို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်တချို့မှပြောနေကြကြောင်း သိရှိရ ပါတယ်။                                                                                                              ကျော်ကျော်မိုး

Tuesday, 7 Sep 2010

ပဲဝင်ရောက်မှုလျော့ကျတာကြောင့် အိန္ဒိယပဲတီစိမ်းဈေးမြင့်တက်                   လာမယ့်ပွဲတော်မှာ မြင့်တက်လာမယ့် ဝယ်လိုအားကို ဖြည့်ဆည်းဖို့ လှောင်လက်များက အဝယ်ထွက်လာခြင်းနဲ့ ဈေးကွက် တွေကို ပဲဝင်ရောက်မှု ကျဆင်းခြင်းကြောင့် ပဲတီစိမ်းလက်ကားဈေးဟာ တစ်တန်ကို ရူပီး ၃ဝဝဝ ခန့်မြင့်တက်ခဲ့ တယ်လို့ သိရပါတယ်။ အင်ဒိုရီဈေးကွက်မှာ ပဲတီစိမ်းဈေးဟာ တစ်တန်ကို ရူပီး ၅ဝဝဝဝ  (ကန်ဒေါ်လာ ၁ဝ၇၈) ဈေးဖြစ်ခဲ့ပါ တယ်။ ပဲအဓိကစိုက်ပိုျးတဲ့ ဒေသ တွေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းက ရောင်းအားကို လျော့ကျစေခဲ့ပါတယ်။      ပြည်တွင်းဈေးကွက်များကို ပဲတီစိမ်းအသစ်ဝင်ရောက်မှုဟာ တစ်ရက်ကို အိတ် ၁၃ဝဝ ခန့် ရှိလို့ ယခင်နှစ် ဝင်ရောက်မှုနဲ့ နှိုင်းယှဉ် ရင် စိတ်ကျေနပ်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ ယမန်နှစ် ယခုလိုအချိန်မှာ အင်ဒိုရီဈေးကွက်ကို ပဲအသစ် ဝင်ရောင်မှုဟာ အိတ် ၂ဝဝဝ-၂၅ဝဝ ခန့် ရှိတယ်လို့ ဆိုပါတယ်။      ပဲမိုျးစုံစိုက်ပိုျးမှုဟာ ယခင်နှစ်ထက်စာရင် ပိုမိုမြင့်တက်နေပြီး ထွက်ရှိမှုကလည်း ပိုမိုမှာဖြစ်လို့ ပြည်တွင်းလိုအပ်ချက် လျော့ကျနိုင် တယ်လို့ ဆိုပါတယ်။                                                                   ယမင်းခင်၊Sources: P T I

Pages