Background
ကလေး ပဲနီလုံးရိုး မန္တလေးတိုက်ရိုက်သွား မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု မေလအတွင်း စွန်တာနီခေါ် ပဲနီလုံးရိုး တစ်ပိဿာအနိမ့်အ မြင့်ဈေးမှာ ၆ဝဝ ကျပ်-၇ဝဝ ကျပ် ဈေးပေါက်ပြီး ကလေးမြို့မှာ ၅၅ဝ ကျပ်-၆၅ဝ ကျပ် ဈေးပေါက် ကြောင်း သိရပါတယ်။ ဒေသတွင်း စားသုံးမှုနဲ့ လက်လီသမားများ ဝယ်ယူမှုရှိလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ စွန်တာနီခေါ် ပဲနီလုံးရိုး တင်း ၄ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ ကလေးမြို့မှ စွန်တာနီခေါ် ပဲနီလုံးရိုးများ မုံရွာမြို့သို့ ဝင်ရောက်မှုရှိသလို မန္တလေးသို့ တိုက်ရိုက်တင်ပို့မှုရှိကြောင်း သိရပါတယ်။ ယခုလအတွင်း ကလေးမြို့မှ မန္တလေးသို့ ပဲနီလုံးရိုး တင်း ၈ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
လက်လီသမားများသာ အရောင်းအဝယ်ဖြစ်တဲ့ စစ်ကိုင်းက ထောပတ်ပဲ မုံရွာကုန်စည်ဒိုင်မှာ မေလအတွင်း ထောပတ်ပဲ တစ်ပိဿာ ၆၅၈ ကျပ်နဲ့ ဈေးငြိမ်နေပြီး ယခင်နှစ် ကာလတူဈေးမှာ ၁ဝဝဝ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ ကနီမြို့နယ် များမှ ထောပတ်ပဲ တစ်ရက်ကို တင်း ၄ဝ-၅ဝ ခန့်သာ မုံရွာကုန်စည်ဒိုင်သို့ဝင်ရောက်ကြောင်း ကုန်သည်တစ်ဦးမှပြောပြလို့ သိရပါတယ်။ မန္တလေးမြို့မှ လက်လီသမားရဲ့ ဝယ်ယူမှုရှိလို့ ယခုလအတွင်း မုံရွာမှ မန္တလေးသို့ ထောပတ်ပဲတင်း ၁ဝဝဝ ကျော်၊ ကလေးမြို့မှ မန္တလေးသို့ ထောပတ်ပဲ တင်း ၄၅ဝ ခန့် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို ထောပတ်ပဲ တင်း ၅ဝ နဲ့ ၁ဝဝ ကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
ရန်ကုန်ဝယ်လက် အဝယ်ရှိလာတဲ့ ပြည်ထောပတ်ပဲ ပြည်ပဲဈေးကွက်မှာ ထောပတ်ပဲဝင်ရောက်မှုမရှိသလောက်ဖြစ်ခဲ့ပြီး လက်ကျန်ပဲများဖြင့် အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒေသတွင်းလက်လီသမားများ အဝယ်ရှိသလို ရန်ကုန်ဝယ်လက် များလည်း ဝယ်လိုအားရှိနေပြီး တချို့ရက်တွေမှာ အိတ် ၁ဝဝ ခန့်ထိ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ထောပတ်ပဲဈေးနှုန်းမှာ ယခင်နှစ် မေလအတွင်း တစ်တင်း ၂၂ဝဝဝ ကျပ်ထိ ဈေးရခဲ့ပြီး ယခုနှစ်မေလ ပထမပတ်မှ တတိယပတ်အထိ တစ်တင်း ၁၃ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်လျက်ရှိကာ ယခုမေလ စတုတ္ထပတ် တွင် ရန်ကုန်ဝယ်လက်အဝယ်ရှိလာသည့်အတွက် တစ်တင်း ၁၅ဝဝဝ ကျပ်ခန့် ဈေးမြင့်လာခဲ့ကြောင်း သိရပါတယ။် ခင်ဆွေဝင်း
ပြည်ကုလားပဲ ဈေးငြိမ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ် ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က ကျပ် ၁၆၃ဝဝ ဖြင့် အရောင်းအဝယ်ရှိပြီး ယခုတစ်ပတ်တွင်လည်း ၁၆၃ဝဝ ကျပ်ဖြင့် ဈေးငြိမ်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ကုလားပဲဈေးမှာ တစ်တင်းကို ယခင်နှစ်က ကျပ် ၂၃ဝဝဝ ထိဈေးရခဲ့ပြီး ယခုနှစ် မေလအတွင်း ၁၆၃ဝဝ ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ကုလားပဲမှာ အဝင်ပါးသော်လည်း ခွဲစက်သမားများ ပုံမှန်အဝယ်ရှိသည့် အတွက် တစ်နေ့အိတ် ၂ဝဝ-၂၅ဝ ခန့်အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
မုံရွာမှာ ကုလားပဲဖြူလုံးကြီး အရောင်းသွက် ၂ဝ၁၁ ခုနှစ် မေလအတွင်း မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီး V2 တစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၉၅၃ကျပ်-၁ဝဝဝကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပြီး ယခင်နှစ်ကာလတူဈေးမှာ ၁ဝ၃၂ ကျပ်-၁ဝ၆၃ ကျပ် ဈေးပေါက်ခဲ့ကြောင်း သိရပါတယ်။ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်များမှ ကုလားပဲဖြူလုံးကြီး V2 များ မုံရွာ ကုန်စည်ဒိုင်သို့ လှိုင်လှိုင်ဝင်ရောက်သလို ပြည်ပဝယ်လက်အဆွဲရှိလို့ မုံရွာကုန်စည်ဒိုင်မှာ ဒုတိယ အရောင်းအဝယ်သွက်ဆုံး ပဲသီးနံှမှာ ကုလားပဲဖြုလုံးကြီး V2 ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးသို့ V2 တင်း ၉ဝဝဝကျော် ရန်ကုန်သို့ V2 တင်း ၆ဝဝကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
ပြည်ပဲပုပ်ကို ပဲပြားလုပ်ငန်းများမှလည်း အဝယ်လိုက်လာ ပြည်ဈေးကွက်တွင် ပဲပုပ်ကို ပဲပြားပြုလုပ်ရန်အတွက် ပဲပြား လုပ်ငန်းများမှလည်း အဝယ်ရှိကြောင်း သိရပါတယ်။ ပဲပုပ်ကိုတစ်နေ့ကို ၄-၅ အိတ်သာ အရောင်းအဝယ်ဖြစ်ပြီး ပဲပြားလုပ်ငန်းသမားများ အဝယ်လိုက်ပါက အရောင်းသွက် ကြောင်း သိရပါတယ်။ ပဲပုပ် ပိဿာ ၂ဝ တစ်တင်းကို ယခင် တစ်ပတ်က ၁၆ဝဝဝ ကျပ်-၁၆၅ဝဝ ကျပ်အတွင်း အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာတော့ တစ်တင်းကို လက်လီဈေး ၁၇ဝဝဝ ကျပ်၊ လက်ကားဈေး ၁၆ဝဝဝ ကျပ်ဖြစ်လျက် ရှိကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်တဲ့ ပြည်မြေပဲဆံ ပြည်ဈေးကွက် မိုးမြေပဲစိုက်ချိန်အဝင်မရှိသလောက်နည်းပေမဲ့ မြို့တွင်းပွဲရုံများမှ လှောင်မြေပဲများကို ထုတ်၍ ဆီကြိတ် နေသော်လည်း မြေပဲဆံဈေးမှာ မတက်ဘဲငြိမ်နေတာတွေ့ရပါတယ်။ လုံးဆံမြေပဲမှာ အဝယ်မရှိ သဖြင့် ဈေးမဖြစ်ဟု သိရပါ တယ်။ ဆီကြိတ်မြေပဲဆံတစ်ပိဿာကို ယခင်အပတ်အတိုင်း ၁၆၅ဝ ကျပ်ဈေးဖြင့် ဈေးငြိမ်ပြီး တစ်နေ့ကို အိတ် ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာလည်း ယခင်အပတ်အတိုင်း တစ်ပိဿာ ၄ဝဝဝ ကျပ်ဈေးဖြစ်နေ တာတွေ့ရပါတယ်။ ဝေဝေမင်း
ပုံမှန်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တဲ့ စစ်ကိုင်းမြေပဲ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု မေလအတွင်း မြေပဲတစ်ပိဿာ အနိမ့်အမြင့်ဈေးမျာ မြေပဲဆံနီ ၁၇၅ဝ ကျပ်-၁၈၅ဝ ကျပ်၊ မြေပဲဆံဖြူ ၁၆၂၅ ကျပ်-၁၇၇၅ ကျပ်၊ မြေပဲလုံးဆံ ၁၈၉၃ ကျပ်-၂ဝဝဝ ကျပ်၊ ပဲဆီ ၃၅၅ဝ ကျပ်-၃၇ဝဝ ကျပ်ဈေး အသီးသီးနဲ့ ရောင်းဝယ်ကြပါတယ်။ ယခင်နှစ် ကာလတူဈေးမှာ မြေပဲဆံနီ ၁၈၅ဝ ကျပ်-၂ဝဝဝ ကျပ်၊ မြေပဲဆံဖြူ ၁၅ဝဝ ကျပ်-၁၉၅ဝ ကျပ်၊ မြေပဲလုံးဆံ ၂၁၄၃ ကျပ်-၂၂၁၄ ကျပ်၊ ပဲဆီ ၃ဝ၅ဝ ကျပ်-၃၅၅ဝ ကျပ်ဈေးပေါက်ခဲ့ကြောင်း သိရှိရပါတယ်။ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်များရှိမြို့နယ်များမှ မုံရွာမြို့သို့ တစ်ရက်ကို မြေပဲ တင်း ၅ဝဝ နဲ့ ၁ဝဝဝ ကြားဝင်ရောက်လာပြီး မုံရွာကုန်စည်ဒိုင်မှာ ဝင်ရောက်သမျှအားလုံး အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ် ယခုလအတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ မန္တလေးမြို့သို့ မြေပဲတင်း ၇ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
မုံရွာစားဆီဈေး လကုန်ပတ်မှာ အေးလာ မုံရွာကုန်စည်ဒိုင်မေလ စတုတ္ထပတ်စားသုံးဆီဈေးကွက်မှာ လဆန်းပတ်ကထက် ဈေးအေးလာခဲ့ကာ အထူးသဖြင့် စားအုန်းဆီဈေးမှာ တစ်ပိဿာလျင် ၆ဝဝ ကျပ်ခန့်ထိ ကျဈေးဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရပါတယ်။ စားသုံးဆီတစ်မျိုးချင်းရဲ့ ကုန်ကြမ်းစီးဝင်မှုကို လေ့လာတဲ့အခါ ဈေးကွက်အတွင်း နှမ်းအဝင်ပါးခဲ့လို့ နှမ်းဆီဈေးမှာ ယခုလအတွင်း အနိမ့်ဆုံး တစ်ပိဿာ ၃၁ဝဝ ကျပ်မှ အမြင့်ဆုံး ၃၃ဝဝ ကျပ်ထိသာ အတက်အကျရှိခဲ့ပြီး မြောင်နယ်နဲ့ ကနီ၊ မင်းကင်းဘက်က မြေပဲ ပုံမှန်ဝင်နေသလို မြေပဲဆီဈေးအနေနဲ့ တစ်ပိဿာအမြင့်ဆုံး ၃၇ဝဝ ကျပ်မှ အနိမ့်ဆုံး ၃၅၅ဝ ကျပ်ထိ ကျဈေးဖြစ်ပေါ်ခဲ့ပါတယ်။ စားအုန်းဆီဈေးကတော့ မေလ ပထမလဝက်ခန့်အတွင်း တစ်ပိဿာ အမြင့်ဆုံး ၂၉ဝဝ ကျပ်ထိ ရောက်ခဲ့ရာက ယခုအပတ်မှာ ၂၃ဝဝ ကျပ်ထိ သိသိသာသာ ဈေးအေးသွားတာ တွေ့ရပါတယ်။ ထွန်းလှိုင်
နှစ်သစ်ကူးမိုးနဲ့ အောင်မြင်နေတဲ့ မြစ်သားနွေနှမ်း ဒီနှစ် သြင်္ကန်ပြီးလို့ နှစ်သစ်လည်းကူးရော ဧပြီလမှာ မိုး ၃ ကြိမ်ရွာသွန်းခဲ့ပါတယ်။ မတ်လမှာ စိုက်ထားတဲ့ နွေနှမ်းတွေ အတွက် အကြိုက်ဖြစ်သွားခဲ့ပါတယ်။ စိုက်ရက်က ၁ လသားနဲ့ ရေလိုနေတဲ့အချိန်မှာ မိုးရေ သောက်လိုက်ရတဲ့နွေနှမ်းခင်းတွေ မေလဆန်းပိုင်းမှာ အပွင့်တွေဖြိုင်ဖြိုင်ပွင့်လို့တောင်သူတွေ ဝမ်းသာနေကြ ပါတယ်။ နောက်ပြီး မေလ ဒုတိယပတ်လောက်မှာ မိုးက ၂ ကြိမ်လောက်ထပ်ရွာလိုက်တော့ အပွင့်ပွင့်နေတဲ့ နှမ်းခင်းတွေ အသီးသီးဖို့ အားပေးသလိုဖြစ်ခဲ့ရပြန်ပါရော။ အခုချိန်မှာ တော့ နွေနှမ်းခင်းတွေ ရာနှုန်းပြည့် အောင်မြင်သွားပါပြီ။ မြစ်သားမြို့နယ်မှာ ၂ဝ၁၁ ခုနှစ်ထွက် နွေနှမ်းကို ၂၃၅၈၆ ဧကစိုက်ပိုျးထားပြီး နှမ်းဖြူကို အများဆုံး စိုက်ပိုျးကြောင်း သိရပါတယ်။ မျိုးကောင်းမျိုးသန့် ရွေးချယ်ပြီး စိုက်နည်းစနစ်မှန်ကန်လို့ ယခင်နှစ်အထွက်နှုန်းထက် ပိုထွက်မယ်လို့ ရွာမုန်းကြီး ကျေးရွာ နွေနှမ်း ၅ ဧကစိုက်ပိုျးထားတဲ့ တောင်သူ ဦးလှဆောင်က ဝမ်းသာအားရနဲ့ ရှင်းလင်းပြောပြပါတယ်။ နွေနှမ်းခင်းတွေကို ဇွန် ဒုတိယပတ်မှာ စတင်ရိတ်သိမ်းပြီး ဇူလိူင်လမှာတော့ ဖြိုင်ဖြိုင်ရိတ်သိမ်းတော့မှာပါ။ တောင်သူအများ ပြောနေကြတာကတော့ ''နှမ်းနဲ့ မိုး'' ကတော့ ကွက်တိဘဲလို့ ဆိုနေကြပါတယ်။ သန်းနိုင်
