Main menu

Background

Sunday, 24 Apr 2011

သြင်္ကန်အပြီး တောင်ကြီးမြေပဲဈေးကွက်ငြိမ်                 တောင်ကြီးဈေးကွက်အတွင်းမှာ သြင်္ကန်မတိုင်ခင်က မြေပဲတစ်ပိဿာ ၁၇ဝဝ ကျပ်၊ ၁၇၂၅ ကျပ်ရှိပြီး သြင်္ကန်အပြီး ဈေးအဖွင့်မှာတော့ မြေပဲတစ်ပိဿာ ၁၇ဝဝ ကျပ်၊ ၁၆၈ဝ ကျပ်ဈေးရှိပါတယ်။ သြင်္ကန်ပြီးခါစဆိုတော့ အချို့တောင်သူ၊ ကုန်သည်များကလည်း ခရီးထွက်အနားယူကြလို့ အရောင်းအဝယ်ခဏရပ်ထား ကြတယ်လို့ သိရှိရပါတယ်။ အခါအပြီးဈေးကွက်အတွင်း သီးနံှဈေးနှုန်းနဲ့ အရောင်း အဝယ်ကတော့ ငြိမ်နေပါတယ်။ ဈေးကွက် အတွင်းမှာတော့ မြေပဲကို မိုင်းရှူး၊ ကျေးသီး၊ လဲချားစတဲ့ လွိုင်လင်ခရိုင်ဘက်ကထွက်တဲ့ ရှမ်းမြေပဲများသာ အနည်း ငယ်ရှိပြီး ဗမာမြေပဲကတော့ သြင်္ကန်အပြီးဈေးကွက်အတွင်း အဝင်မရှိသေးဘူးလို့ သိရှိရပါတယ်။               S.Y.H

Sunday, 24 Apr 2011

သြင်္ကန်ပြီးချိန်မှာ ဈေးလှုပ်လာတဲ့ မုံရွာနှမ်း                  မုံရွာကုန်စည်ဒိုင် ဧပြီလ ဆီထွက်သီးနံှဈေးကွက်မှာ အတန်ကြာဈေးငြိမ် နေတဲ့ နှမ်းဈေးကွက်ဟာ သြင်္ကန်ပြီးချိန် ဒိုင်အဖွင့်မှာ ဈေးအနည်းငယ် လှုပ်လာခဲ့တာတွေ့ရပါတယ်။ ဈေးကွက်ထဲမှာ ဆောင်းနှမ်းလက်ကျန် လျော့ပါးလာ တာနဲ့အမျှ နွေနှမ်းကလဲ အခုမှစိုက်ပိုျးကာမို့ အခုလိုဈေးလှုပ်လာခြင်းဖြစ်တယ်လို့ ကုန်သည် ရပ်ကွက်ကပြောပါတယ်။ ဧပြီလအတွင်း သြင်္ကန်မတိုင်မီကာလနဲ့ သြင်္ကန်အပြီး နှမ်းဈေးတွေကို နှိုင်းယှဉ်တဲ့အခါ နှမ်းညိုတစ်တင်း ၂၃ဝဝဝ ကျပ်မှ ၂၃၅ဝဝ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၅ဝဝဝ ကျပ်မှ ၂၅၅ဝဝ ကျပ်နဲ့ တစ်တင်း ကျပ် ၅ဝဝ တက်ခဲ့တာတွေ့ရပါတယ်။ ဈေးကွက်အနေနဲ့ ဒေသတွင်းဆီစက်သမားများ၊ အကြော်လုပ်ငန်းသမားနဲ့ လက်လီဆိုင်များက အများဆုံးဝယ်ယူမှုရှိပြီး မန္တလေးကို အနည်းငယ်မျှသာ တင်ပို့ခဲ့ကြတယ်လို့သိရပါတယ်။            ထွန်းလှိုင်

Sunday, 24 Apr 2011

သြင်္ကန်ပြီးခါစ ဈေးပြန်မြင့်လာတဲ့ ပြည်နှမ်းနီ              ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ ဈေးပြန်မြင့်လာတာတွေ့ရပါတယ်။ သြင်္ကန်အပြီး ပွဲရုံများပြန်ဖွင့်ခါစဖြစ်သဖြင့် အရောင်းအဝယ်မှာ အေးလျက်ရှိပါတယ်။ နှမ်းဈေးမြင့်လာသဖြင့် ဆီဈေးကလည်း ပြန်မြင့်လာတာတွေ့ရပါတယ်။ ဆီကြိတ်နှမ်းနီ (၄၅) ပိဿာတစ်အိတ်ကို ၈၃ဝဝဝ ကျပ်ဖြင့် ဈေးပြန်မြင့်လာပြီး နှမ်းနက်ဈေးမှာ ပွဲရုံများဖွင့်ခါစ ဖြစ်သဖြင့် အရောင်းအဝယ်မရှိလို့ ဈေးဖွင့် ထားခြင်း မရှိပါ။ နှမ်းဆီတစ်ပိဿာကို ၃၈ဝဝ ကျပ်ဈေးဖြင့် ဈေးမြင့်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။                           ဝေဝေမင်း

Sunday, 24 Apr 2011

နှမ်းရောင်စုံပြန်လည်တင်ပို့                     ဧပြီလ ၆ ရက်မှ ၁၉ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ နှမ်းနက် ၃၆ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒဿမ ဝ၅၄ သန်းဖိုးနဲ့ နှမ်းဖြူအခွံချွတ် ၂၈တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒဿမ ဝ၄၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ဧပြီလဆန်းပိုင်းရက်သတ္တပတ်မှာတော့ နှမ်းတင်ပို့နိုင်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။ နှမ်းဖြူဈေးများတက်ပြီး နှမ်းနက်ဈေးများကျဆင်းလျက် ရှိကြောင်း မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ဈေးနှုန်းများကို ဖော်ပြပေးလိုက်ရပါတယ်                                                မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု              ယခင်        ပြောင်းလဲမှု    %           ယခု             ယခင်   ပြောင်းလဲမှု        %နှမ်းဖြူ      ၁၁၉၁၂၈ဝ     ၁၁၇၉၈၈ဝ      ၁၁၄ဝဝ     ဝ .၉         ၁၃၇၈         ၁၃၇၃        ၅                ဝ .၃နှမ်းနက်    ၁၃၆၇၅၆ဝ     ၁၄၄၃၃၁ဝ       ၇၅၇၅ဝ    ၅ .၅          ၁၅၃၁        ၁၅၂၅        ၆                ဝ .၃MIRT (DOBT)

Sunday, 24 Apr 2011

သြင်္ကန်မတိုင်မီ နှမ်းတင်ပို့မှု အနည်းငယ်ပိုလာ                   ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ သြင်္ကန်မတိုင်မီ သီတင်းပတ် အတွင်းအနည်းငယ်ပိုလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က နှမ်းတန်ချိန် ၃၇ဝ ခန့် ထိ တင်ပို့မှုရှိခဲ့ရာမှ ဧပြီပထမပတ် သြင်္ကန်မတိုင်မီအတွင်းမှာတော့ တန်ချိန် ၄ဝဝ ခန့်အထိ တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဂျပန်၊ ကိုရီးယားနဲ့ မလေးရှား ကိုဖြစ်ပြီး ပမာဏအများဆုံးတင်ပို့တာကတော့ တောင်ကိုရီးယားကို ဖြစ်ပါတယ်။ မတ်လတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၂ဝဝဝ ရှိပြီး ဖေဖော်ဝါရီလ အတွင်းမှာ တန်ချိန် ၁၇ဝဝ ခန့် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် မတ်လမှာ တော့ တန်ချိန် ၂၄ဝဝ ခန့်ရှိလို့ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ယခုနှစ် မတ်လမှာ တင်ပို့မှု လျော့ကျတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်အတွင်းမှာ သြင်္ကန်အပြီးမှာ နှမ်းဈေးအနည်းငယ်တက်လာခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၆ဝ-၁၄၁ဝ နဲ့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။                                                                        MIRT - MAPT

Sunday, 3 Apr 2011

ဈေးကောင်းမျှော်နေတဲ့ ပြည်ပဲပုပ်                ပြည်ပဲပုပ်ဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို ၁၆ဝဝဝ ကျပ်ဖြင့် ယခုတစ်ပတ်ထိ ဆက်လက်ဈေးငြိမ်နေ တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ကလိုပဲ လက်လီသမားများသာ အဝယ် ရှိနေတာကြောင့် ဈေးငြိမ်ပြီး အရောင်း အဝယ် အေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ်မတ်လက တစ်တင်း ကို ၁၆ဝဝဝ ကျပ်မှ ၂ဝဝဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး အရောင်းအဝယ် ကောင်းခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ် မှာတော့ မတ်လယခုပတ်ထိ ၁၆ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်နေပြီး ယခင်နှစ်ကလို ဈေးကောင်းရမယ့်အချိန်ကို စောင့်နေ ကြကြောင်း သရိ ပါတယ။် ဆုမွန်ဆွေ

Sunday, 3 Apr 2011

သြင်္ကန်အခါနီး၍ ဈေးပြန်မြင့်လာတဲ့ ပြည်မြေပဲဆံ                 ပြည်ဈေးကွက်သို့ မြေပဲဆံအိတ်များ ကံမ၊ မင်းတုန်းနဲ့ အောင်လံဘက်မှ တစ်နေ့လျှင် အိတ် ၁၅ဝဝ ခန့် ဝင်ရောက်လာတာတွေ့ရပါတယ်။ ဆီစက်များမှ လည်း သြင်္ကန်ကျခါနီးလာပြီဖြစ်သဖြင့် ဆီကြိတ်ရန် အဝယ်လိုက်လာ သဖြင့် ဈေးပြန်မြင့်လာတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံတစ်ပိဿာလျှင် ၁၇ဝဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာလျှင် ၁၉ဝဝ ကျပ်ဈေးဖြင့် တစ်နေ့လျှင် အိတ် ၁၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီတစ်ပိဿာကို ၄ဝဝဝ ကျပ်ဈေးနဲ့ ပြည်ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                                      ဝေဝေမင်း

Sunday, 3 Apr 2011

အောင်လံနှမ်းဈေးကွက်အေးစက်စက်             ၂ဝ၁၁ ခုနှစ် မတ်လကုန် အောင်လံနှမ်းဈေးကွက်ကို ကြည့်ရင် သိပ္ပံ နှမ်းနက် တစ်ပိဿာ ၂၄၄၅ ကျပ်နဲ့ တစ်ပတ်အတွင်း အိတ် ၅ဝဝ ခန့် မြို့ပေါ် ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မန္တလေး ဝယ်လက်အေးသလို ရန်ကုန် ဝယ်လက်ကလည်း ပုံမှန်သာဝယ်တယ်လို့ ပြောရပါမယ်။ ရိုးရိုးနှမ်းနက်တစ်ပိဿာ ၁၇၇၈ ကျပ်နဲ့ တစ်ပတ်အတွင်း အိတ် ၆ဝဝ ခန့်ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ကာ ရန်ကုန်ကို ဆက်လက်တင်ပို့တယ်လို့ သိရပါတယ်။ နှမ်းနီဈေးကွက်မှာလည်း ယခင်အပတ်ဈေးအတိုင်း တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁ဝဝဝ ခန့်ကို ဒေသခံစက်သမားနဲ့ ပြည်ဆီစက်လုပ်ငန်းရှင်တို့ ပုံမှန်အဝယ်ရှိ နေပါတယ်။ မြို့ပေါ်လှောင်လက် လက်ကျန်မှာ သိပ္ပံနှမ်းနက် တစ်တင်းခွဲ အိတ် တစ်သောင်းခန့်၊ ရိုးရိုးနှမ်းနက် တစ်တင်းခွဲအိတ် ၄ဝဝဝ ခန့်၊ နှမ်းနီလက်ကျန် အိတ် နှစ်သောင်းနဲ့ နှမ်းဖြူ လက်ကျန်အိတ် တစ်သောင်းခွဲခန့် ကျန်ရှိနိုင်ကြောင်း အောင်လံနှမ်းဈေးကွက်က ခန့်မှန်းတယ်လို့ သိရပါတယ်။ ကျော်မျိုးမင်း

Sunday, 3 Apr 2011

ဈေးငြိမ်နေတဲ့ ပြည်နှမ်းဈေးကွက်               ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ ယခင်အပတ်အတိုင်း ဈေးငြိမ်နေပြီး ဆီဈေးမှာ ယခင်အပတ်ထက် ဈေးပြန်ကျလာတာတွေ့ရပါတယ်။ အဝင်မှာလည်း နွေနှမ်းစိုက်ချိန်ဖြစ်သဖြင့် အဝင်မရှိသလောက် နည်းသွားတာ တွေ့ရပါတယ်။ မြို့ခံဆီစက်များမှ လှောင်နှမ်းများကိုထုတ်၍ ဆီကြိတ်ပေမယ့် ဆီဈေးမှာ တစ်ပိဿာလျှင် ၃၆ဝဝ ကျပ်ဈေးဖြင့် ယခင်အတိုင်း ဈေးပြန်မှန်သွားတာ တွေ့ရပါ တယ်။  ဆီကြိတ်နှမ်းနီ ၄၅ ပိဿာ တစ်အိတ်လျှင် ၈၂ဝဝဝ ကျပ်နဲ့ ဆောင်းနှမ်းနက် ၄၅ ပိဿာတစ်အိတ်လျှင် ၇၄ဝဝဝ ကျပ်ဈေးဖြင့် တစ်နေ့လျှင် အိတ် ၆ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း

Sunday, 3 Apr 2011

နယ်စပ်မှ ယခုအပတ် နှမ်းရောင်စုံ အနည်းငယ်သာ တင်ပို့နိုင်                မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ စစ်ကိုင်း၊ မန္တလေးနဲ့မကွေးတိုင်း ဒေသကြီးထွက် နှမ်းဖြူ၊ နှမ်းနက်များတင်ပို့နိုင်မှုကတော့ ကန်ဒေါ်လာ ၂၂ဝဝဝ တန်ဖိုးရှိ နှမ်းဖြူ ၁၆ တန်ကျော် နဲ့ ကန်ဒေါ်လာ ၂၉၆ဝဝ တန်ဖိုးရှိ နှမ်းနက် တန် ၂ဝကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက နှမ်းဖြူ ၄ တန်နီးပါး ၊နှမ်းနက် ၉ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပြီး ယခုအပတ်မှာ နှမ်းအခွံချွတ် တင်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ တရုတ်နိုင်ငံမှ ဝယ်လိုအားရှိသော်လည်း မိမိဘက် နှမ်းဖြူပြည်တွင်းဈေးမြင့်နေပြီး တစ်ဘက်နိုင်ငံ ဝယ်ဈေးမှာပြောင်းလဲမှု မရှိခြင်း။ တရားဝင်တင်ပို့မှု လျော့နည်းခြင်းကြောင့် နှမ်းတင်ပို့မှု လျော့နည်းရခြင်း ဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းနယ်စပ်မှ နှမ်းရောင်စုံတင်ပို့နိုင်မှုမှာ ၆၄၄ဝဝ တန်ကျော် ရှိပြီလို့ သိရှိရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံနှမ်းဈေးများ အား နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                            မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု             ယခင်      ပြောင်းလဲမှု     %      ယခု       ယခင်   ပြောင်းလဲမှု       %နှမ်းဖြူ       ၁၁၇ဝ၉၃၂     ၁၁၆၃၉၇၂       ၆၉၆ဝ     ဝ .၆    ၁၃၃၈     ၁၃၃၇           ၁            ဝ .ဝ၇နှမ်းနက်     ၁၄၄၄၃၃၁၇   ၁၄၄၄၃၃၁၇        -          -        ၁၆၇၅     ၁၆၇၅           -               -MIRT (DOBT)

Pages