Main menu

Background

Tuesday, 31 May 2011

နှမ်းရောင်စုံ မူဆယ်မှ အပို့ရှိလာ              မေလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၄၇ သန်း တန်ဖိုးရှိ နှမ်းဖြူ ၃၅ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၂၂၄ သန်းတန်ဖိုးရှိ နှမ်းနက် ၁၄၈ တန်ကျော် စုစုပေါင်း နှမ်း ရောင်စုံ ၁၈၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၂၇၁ သန်းဖိုး တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်ကနှမ်းရောင်စုံ ၁၅၄ တန်တင်ပို့ခဲ့တဲ့အတွက်ယခုအပတ်မှာ ၂၉ တန် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ နှမ်းမြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်။                                               မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု                  ယခင်   ပြောင်းလဲမှု   %         ယခု          ယခင်  ပြောင်းလဲမှု   %နှမ်းဖြူ       ၈၃၅၅ဝဝ       ၈၂၇၈၇ဝ      ၇၆၃ဝ        ၁        ၁၃၈၅       ၁၃၄၅       ၄ဝ           ၃နှမ်းနက်     ၁ဝ၅၄၂၅ဝ     ၁ဝ၅၄၂၅ဝ       -            -         ၁၆၁၆       ၁၈၄၄       ၂၂၈        ၁၄MIRT (DOBT)

Thursday, 26 May 2011

ပခုက္ကူစားသုံးဆီဈေး အေးအေး မှန်မှန်                ယခုရက်ပိုင်း ပခုက္ကူ ဆီစက်တွေ မိမိစက်လည်နိုင်ရုံပဲ မန္တလေးဘက်က အညာမြေပဲဆံတွေ လှမ်းမှာဝယ်ပြီး ကြိတ်ခွဲနေကြပါတယ်။ လက်ရှိဆီဈေး ကတော့ မြေပဲဆီစစ်စစ် တစ်ပိဿာ ၃၈ဝဝ ကျပ်၊ နှမ်းဆီစစ်စစ် ၃၃ဝဝ ကျပ် ဈေးရှိပါတယ်။ ဒါကိုဈေးကြီးတယ်လို့ ထင်ရင် မြေပဲရောဆီက တစ်ပိဿာ ၃၃ဝဝ ကျပ်၊ နှမ်းရောဆီက ၃ဝဝဝ ကျပ်နဲ့ စားအုန်းဆီက ၂၇ဝဝ ကျပ် စသဖြင့် ကိုယ်ကြိုက်ရာ ရွေးချယ်စားသုံး နိုင်ပါတယ်။    မောင်မောင်အေး

Thursday, 26 May 2011

ဆီစက်သမားများနဲ့ ပဲလှော်သမားများ အဝယ်ရှိ၍ ဈေးအနည်းငယ်မြင့်လာတဲ့ ပြည်မြေပဲဆံ              ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာ အနည်းငယ်တက်လာတာ တွေ့ရပါတယ်။ အဝင်မှာလည်း မင်းတုံးနဲ့ ကံမဘက်မှ တစ်နေ့ကို အိတ် ၁ဝဝဝ ခန့် ပုံမှန်အဝင်ရှိနေတာတွေ့ရပါတယ်။ ဆီဆံကိုဆီစက်သမားများမှလည်း ဆီကြိတ်ရန် အဝယ်ရှိနေခြင်း၊ လုံးဆံကို ပဲလှော်သမားများမှ အဝယ်ရှိနေခြင်းတို့ကြောင့် မြေပဲဆံဈေးမှာ ဈေးအနည်းငယ် မြင့်လာတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံ တစ်ပိဿာ ကို ၁၇၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၉၅ဝ ကျပ်ဈေးဖြင့် အနည်းငယ် တက်လာတာတွေ့ရပါတယ်။ မြေပဲဆီတစ်ပိဿာကို ၄ဝဝဝ ကျပ်ဈေးဖြင့် ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း

Thursday, 26 May 2011

အောင်လံနှမ်းဈေးအေးတာကြောင့် လှောင်လက်တို့ဈေးစောင့်               နှမ်းဈေးကွက်အေးခဲ့တာ ၃ လလောက်ရှိခဲ့ပါပြီ။ မေလပထမပတ် အတွင်းကြည့်မယ်ဆိုရင် သိပ္ပံနှမ်းနက် တစ်ပိဿာ ၂၄၄၅ ကျပ်၊ ရိုးရိုးနှမ်းနက် တစ်ပိဿာ ၁၈၂၃ ကျပ်၊ နှမ်းနီတစ်ပိဿာ ၁၈၂၃ ကျပ်နဲ့ ဒီဈေးတွေဟာလည်း အနိမ့်အမြင့်သိပ်မကွာဘဲ ရပ်တည်ခဲ့တာပါ။ အရောင်းအဝယ်ဖြစ်မှုကလည်း တစ်နေ့ကို တင်း ၁ဝဝ ဝန်းကျင်လို့ပြော လို့ရသလို နှမ်းဖြူကတော့ အောင်လံဈေးကွက်အတွင်းမှာ ၂ လကျော်လောက် ဈေးနှုန်းဈေးဖွင့်တာမတွေ့ရတော့ ပါဘူး။ မြို့ပေါ်လှောင်လက်နဲ့ ကုန်သည်လက်ကျန်သာ အဓိကအားပြုအရောင်း အဝယ် ဖြစ်နေရာကနေ ကုမ္ပဏီ ဝယ်လက်တွေအားလျော့လာတာနဲ့အမျှ ဈေးအေးလာခဲ့တာပါ။ လှောင်လက်လက်ကျန်သာ အဓိကဖြစ်နေတဲ့ အတွက်လည်း ဈေးအေးတဲ့ တစ်လျောက်မှာတော့ နှမ်းမျိုးစုံတန် ၁၅ဝဝ ဆိုတဲ့လက်ကျန်ဟာ အရောင်းဘက် ဈေးစောင့် တောင့်ခံနေမှာဖြစ်တဲ့အတွက် ဈေးအေးတာနဲ့အမျှ လက်ကျန်ကုန်ပစ္စည်း ဈေးကွက်အတွင်း ထွက်လာနိုင်မှာမဟုတ်သေးကြောင်းလည်း ကုန်စည်ဒိုင်တာဝန် ရှိသူများက သုံးသပ်ကြပါတယ်။ ကျော်မျိုးမင်း

Thursday, 26 May 2011

ပြည်မှာ နှမ်းနက်ဈေးကွက်ပျောက်                ပြည်ဈေးကွက်တွင် နွေနှမ်းများစိုက်ပျိုးချိန်ဖြစ်သဖြင့် အဝင်များမရှိသလောက် နည်းသွားတာကြောင့် လှောင်နှမ်းများကို ထုတ်၍ဆီကြိတ်ရသဖြင့် ယခင်အပတ်ထက် နှမ်းနီဈေးမှာ အနည်းငယ်မြင့်လာတာ တွေ့ရပါတယ်။ နှမ်းနက်ဈေးမှာ အရောင်းအဝယ်မရှိသဖြင့် ဈေးပျောက်နေတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။ နှမ်းနီ (၄၅) ပိဿာတစ်အိတ်ကို ၈၂ဝဝဝ- ၈၃ဝဝဝကျပ်ဈေးဖြင့် ပြည်ဈေး ကွက်တွင် တစ်နေ့ကို အိတ် ၉ဝဝ -၁ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ နှမ်းဆီ တစ်ပိဿာကို ၃၅ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း

Thursday, 26 May 2011

မူဆယ်အပို့ရှိ             ဧပြီလ ၂၇ ရက်မှ မေလ ၅ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ နှမ်း ၂ဝ၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၃၁၇ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တင်ပို့နိုင်ခြင်းမရှိပဲ ယခုမှပြန် လည် တင်ပို့တာဖြစ်ပါတယ်။ မိမိဘက်နှမ်းဈေး ပြောင်းလဲမှုမရှိပေမယ့် တစ်ဘက် နိုင်ငံဈေးနှုန်းကတော့ အတက်အကျ အနည်းငယ်ရှိတာတွေ့ရပါတယ်                                      မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု                ယခင်      ပြောင်းလဲမှု     %       ယခု         ယခင်   ပြောင်းလဲမှု     %နှမ်းဖြူ      ၁၁၉၁၂၈ဝ      ၁၁၉၁၂၈ဝ                              ၁၃၆၇        ၁၃၈၁        ၁၄            ၁နှမ်းနက်   ၁၃၆၇၅၆ဝ      ၁၃၆၇၅၆ဝ           -                   ၁၅၃၆       ၁၅၃၅          ၁           ဝ .ဝ၆MIRT (DOBT)

Thursday, 26 May 2011

ပင်လယ်ရေကြောင်း အပို့လျော့           ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု အပတ်စဉ်တန် ၃ဝဝ- ၄ဝဝ ဝန်းကျင်နဲ့ ပုံမှန်တင်ပို့ခဲ့ရာ မှ ယခုသီတင်းပတ် (ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်) အတွင်းမှာတော့ တန် ၁ဝဝ သာ ကိုရီးယားကို တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပြည်တွင်းမှာ နှမ်းဟောင်းလက်ကျန်နည်းလာပြီဖြစ်သလို ပြည်ပဈေးနဲ့ ထွက်ချေကိုက်မှုနည်းလို့ တင်ပို့မှုကျဆင်းခြင်းဖြစ်တယ်လို့ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ ၂ဝ၁၁ ဧပြီလ တင်ပို့မှုအနေနဲ့ တန်ချိန် ၁၃ဝဝ ရှိပြီး မတ်လမှာ တန်ချိန် ၂ဝဝဝ ခန့် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်းမှာတော့ တန်ချိန် ၈ဝဝ ခန့်သာ ရှိခဲ့လို့ ယခုနှစ် ကာလတူတင်ပို့မှု အနည်းငယ်ပိုလာတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ မေလ ၆ ရက်နေ့မှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ နှမ်းနက်တစ်တန် ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူတစ်တန်ကန်ဒေါ်လာ ၁၃၆ဝ-၁၄ဝဝ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT- MAPT

Thursday, 26 May 2011

ရေနံကြိုပွိုင့်ဈေးနဲ့ ချီကာကို ပဲပုပ်ဆီဈေး ကျဆင်းလို့ အာရှစားအုန်းဆီကြမ်းလည်း သီတင်း ၂ ပတ်အတွင်း အနိမ့်ဆုံး ကိုကျဆင်းလာ                  ရေနံကြိုပွိုင့်ဈေးနဲ့ ချီကာကိုပဲပုပ်ဆီ ဈေးကျဆင်းခြင်းကြောင့် မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေးလည်း မေလ ၅ ရက်ရှေ့ပိုင်းသီတင်း ၂ ပတ်အတွင်း အနိမ့် ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ လက်ကျန်ပမာဏမြင့်တက်ခြင်းကလည်း ဈေးနှုန်းအကျဘက်ဆင်းဖို့ ဖိအားဖြစ်စေတယ်လို့ ကွာလမ်လမ်ပူအခြေစိုက် ဈေးကွက် လေ့လာဆန်းစစ်သူ တစ်ဦးက ဆိုပါတယ်။ ဧပြီလကုန် လက်ကျန်ပမာဏဟာ တန်ချိန် ၁ ဒသမ ၈ သန်း-၁ ဒသမ ၈၅ သန်းအထိ ရှိလို့ ၂ဝ၁ဝ ဇန်နဝါရီနောက်ပိုင်း အမြင့်ဆုံးပမာဏလို့ ဆိုပါတယ်။                   ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇူလိုင်အခြေခံစာချုပ်ဈေးဟာ မေလ ၄ ရက် နေ့ထက် ၁ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းပြီးတစ်တန်ကို ရင်းဂစ် ၃၂၂၉ (ကန်ဒေါ်လာ ၁ဝ၇၆)နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ဇူလိုင် ပဲပုပ်ဆီဈေးလည်း ဝ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၆ ဒသမ ၇ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၅ဝ) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နယူးယောက်မှာ ရေနံစိမ်းဈေးက ၂ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်စည်ကို ကန်ဒေါ် လာ ၁ဝ၆ ဒသမ ၅၈ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                  စားအုန်းဆီအခြေခံဈေးဟာ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ တစ်တန်ကို ရင်းဂစ် ၃၉၇၆ (ကန်ဒေါ်လာ ၁၃၂၅) ထိ ၃ နှစ်အတွင်းအမြင့်ကို ရောက်ရှိခဲ့ရာမှ ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ပြီး ထုတ်လုပ်မှု ထပ်မံတိုးတက် နေတဲ့အတွက် လာမယ့် သီတင်းပတ်များမှာလည်း စားအုန်းဆီဈေးဆက်လက်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ရာသီဥတုကောင်းမွန်မှုကြောင့် ဧပြီလစားအုန်းဆီ ထုတ်လုပ်မှုဟာ ၁ဝ ရာခိုင်နှုန်း-၁၅ ရာခိုင်နှုန်းခန့် မြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၆၅ သန်းအထိ ထွက်ရှိနိုင်တယ်လို့ ကုန်သည်များနဲ့ စိုက်ပျိုးသူတွေက ခန့်မှန်းထားပါတယ်။ ၂ နှစ် ဆက်တိုက် ထုတ်လုပ်မှုကျဆင်းနေခဲ့ရာက ယခုလို ထုတ်လုပ်မှုမြင့်တက်ခြင်းဟာ အောက်တိုဘာလ နောက်ပိုင်းမှာ မကြုံစဖူးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယဈေးကွက်များမှာ မေလနဲ့ ဇွန်လအတွက် သန့်စင်ပြီး စားအုန်းဆီ ခဲဝယ်လိုအားမြင့်တက်နိုင်တယ်လို့ စင်ကာပူက ဟင်းသီးဟင်းရွက်ဆီ တင်ပို့သူတစ်ဦးက ဆိုပါတယ်။ မလေးရှား FOB လက်ငင်းဈေးကွက်မှာတော့ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာပို့ရမယ့် စားအုန်းဆီခဲဈေးက တစ်တန်ကို ရင်းဂစ် ၁၁၃၇ ဒသမ ၅ဝ မှ ၁၁၄၅ အတွင်း ရောင်းဝယ်ခဲ့ပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးက ရင်းဂစ်၂ဝ လျော့ကျပြီး တစ်တန်ကို ရင်းဂစ် ၃၃၆ဝ (ကန်ဒေါ်လာ ၁၁၂ဝ) နဲ့ ရောင်းဝယ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com

Monday, 23 May 2011

ပြည်ပဲပုပ်အရောင်းအဝယ်အေး               ယခုတစ်ပတ် ပဲပုပ်ဈေးမှ ပိဿာ ၂ဝ တစ်တင်းကို ၁၆ဝဝဝ ကျပ်- ၁၆၅ဝဝ ကျပ်အတွင်း အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ တစ်ရက်ကို တစ်အိတ်စ၊ နှစ်အိတ်စသာ အရောင်း အဝယ်ဖြစ်ပြီး တိုင်းအတွင်းရှိ လက်လီ သမားများသာ အဝယ်ရှိတယ်လို့ သိရပါတယ်။ ပဲပုပ်ကို အခြားတိုင်းသို့ တင်ပို့နိုင်ခြင်းမရှိဘဲ ဒေသတွင်း စားသုံးခြင်း ဖြင့်သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဆုမွန်ဆွေ၊ ပြည်

Monday, 23 May 2011

ပြည်ဈေးကွက်သို့ မြေပဲဆံအဝင်များ၍ ဈေးအနည်းငယ်ကျ                ပြည်ဈေးကွက်သို့ ရခိုင်ပြည်နယ်ဘက်မှ မြေပဲဆီဆံများ ဝင်ရောက်လာသဖြင့် မြေပဲဆံဈေးအနည်းငယ် ကျလာပါတယ်။ မြေပဲဆံဈေးအနည်းငယ်ကျလာသော်လည်း ဆီဈေးမှာ ငြိမ်နေပါတယ်။ ရခိုင်၊ ကံမနဲ့ မင်းတုံးဘက်မှ တစ်နေ့ကို မြေပဲ ဆံအိတ် ၁၅ဝဝခန့် ဝင်ရောက်လျက်ရှိပါတယ်။ ဆီကြိတ်ရန် လုံလောက်မှုရှိတာ ကြောင့် ဆီဈေးမှာ ငြိမ်နေလျက်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံတစ်ပိဿာကို ၁၆၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာ ၁၈၅ဝ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးအနည်းငယ် ကျလာတာ တွေ့ရပါတယ်။ ဆီဈေးမှာ တစ်ပိဿာ ၄ဝဝဝ ကျပ်ဈေးဖြင့် ယခင် အပတ်အတိုင်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                                          ဝေဝေမင်း

Pages