Main menu

Background

Sunday, 16 Jan 2011

ဒီတစ်ပတ် နှမ်းတင်ပို့မှုလျော့ကျ                 ယခုတစ်ပတ် (ဇန်နဝါရီ ၃ ရက်မှ ၉ ရက်) အတွင်း ပင်လယ်ရေ ကြောင်းက နှမ်းတန်ချိန် ၄ဝဝ သာလျော့ကျ တင်ပို့တာတွေ့ရပါတယ်။ ယခင် တစ် ပတ်က နှမ်းတန် ၅ဝဝ ခန့် တင်ပို့ရာမှ ယခုတစ်ပတ်မှာ လျော့ကျလာတာ ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာတော့ နှမ်းအသစ်တွေ လှိုင်လှိုင်ဝင်ရောက် နေသလို တရုတ်ဘက်ကလည်း အဆွဲသွက်လာလို့ အရောင်းအဝယ်ဖြစ် ဈေးတက် နေတာတွေ့ရပါတယ်။ ဒါပေမဲ့ ပင်လယ်ရေကြောင်း တင်ပို့မှုကတော့ အကျဘက် ဆင်းနေတာတွေ့ရပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ကိုရီးယား၊ စင်ကာပူ၊ ဂျပန်နဲ့ တရုတ်တို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ သိပ္ပံ နှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၈၄ဝ-၁၈၉ဝ၊ ရိုးရိုးနှမ်းနက်တစ်တန်ကို ကန် ဒေါ်လာ ၁၄၈ဝ-၁၅၃ဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃၃ဝ-၁၃၈ဝ အသီးသီး ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 16 Jan 2011

 ယခုသီတင်းပတ်အတွင်း စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေး မြင့်တက်ဖွယ်ရှိ                         ယခုသီတင်းပတ်အတွင်း မလေးရှားကုန်စည်ဒိုင် စားအုန်းဆီကြမ်း ကြိုပွိုင့် ဈေးမြင့်တက်ဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ယခု သီတင်းပတ်အတွင်း စားအုန်းဆီကြမ်းဈေး တစ်တန် ရင်းဂစ် ၃၈ဝဝ နဲ့ ၄ဝဝဝ (ကန်ဒေါ်လာ ၁၂၄၃-၁၃ဝ၈) အကြား မြင့်တက်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ တရုတ်နဲ့ အိန္ဒိယရဲ့ ဝယ်လိုအားကောင်းမွန်ခြင်းက ရေရှည်မှာ စားအုန်းဆီ ကြမ်းဈေးကို တည်ငြိမ်စေပြီး ကာလတိုအတွင်းမှာတော့ ဝယ်လိုအား မြင့်တက် နိုင်ဖွယ် ရှိတယ်လို့ MIDF မှ သုတေသနပြုလုပ် ခန့်မှန်းထားပါတယ်။ ယခုနှစ်အတွင်း တရုတ်နိုင်ငံက စားသုံးမှု ၈ ရာခိုင်နှုန်းတိုးတက်နိုင်ပြီး အိန္ဒိယက ၁ဝ ရာခိုင်နှုန်း တိုးတက်နိုင်တယ်လို့လည်း ဆိုပါတယ်။ လာမယ့် ဖေဖော် ဝါရီလ ၃ ရက်မှာ ကျရောက်မယ့်တရုတ်နှစ်သစ်ကူး အတွက် ဝယ်လိုအား ခိုင်မာ လာဖွယ်ရှိလို့ ယခုနှစ် ပထမ ၃ လအတွင်း တစ်တန်ကို ရင်းဂစ် ၄ဝဝဝ(ကန်ဒေါ် လာ ၁၃ဝ၈) ထိမြင့်တက်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်း ပတ်မှာတော့ အခြားကုန်စည်ဈေး ကျဆင်းခြင်းနဲ့အတူ စားအုန်းဆီကြမ်း ကြိုပွိုင့် ဈေးလည်း ကျဆင်းလာတယ်လို့ ဆိုပါတယ်။                     ယခင်တစ်ပတ်အတွင်း ဇန်နဝါရီလကြိုပွိုင့်ဈေးဟာ ရင်းဂစ် ၁၄ (ကန်ဒေါ်လာ ၄ ဒသမ ၅၈) ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၃၈ဝဝ (ကန်ဒေါ်လာ ၁၂၄၃) ဖြစ်ခဲ့ပြီး၊ ဖေဖော်ဝါရီလကြိုပွိုင့်ဈေးဟာ ရင်းဂစ် ၂ဝ (ကန်ဒေါ်လာ ၆ ဒသမ ၅၄) ကျဆင်းပြီး ရင်းဂစ် ၃၈ဝဝ (ကန်ဒေါ်လာ ၁၂၄၃) ကိုလည်းကောင်း၊ မတ်လဈေးက ရင်းဂစ် ၂၅ (ကန်ဒေါ်လာ ၈ ဒသမ ၁၈)ကျဆင်းပြီး ရင်းဂစ် ၃၇၆၃ (ကန်ဒေါ်လာ ၁၂၃၃) ကိုလည်းကောင်း၊ ဧပြီလကြိုပွိုင့်ဈေးဟာ ရင်းဂစ် ၃၃ (ကန်ဒေါ်လာ ၁၁) ကျဆင်းပြီး ရင်းဂစ် ၃၇၃၅ (ကန်ဒေါ်လာ ၁၂၂၂) ကို လည်းကောင်း ကျဆင်းခဲ့ပါတယ်။ လက်ငင်းဈေးကွက်မှာတော့ ဇန်နဝါရီ စာခုျပ် ဈေးဟာ တစ်တန်ကို ရင်းဂစ် ၃၈၂ဝဝ (ကန်ဒေါ်လာ ၁၂၅ဝ) နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                            ယမင်းးခင်Source: Bernama

Sunday, 9 Jan 2011

ပြည်ဈေးကွက်သို့ ပဲပုပ်သစ်များ စတင်ဝင်ရောက်                  ပဲခူးတိုင်းဒေသကြီး အနောက်တွင် ၂ဝ၁ဝ-၁၁ စိုက်ပျိုးရာသီမှာ ပဲပုပ်စိုက် ဧက ၃၅ဝဝဝ ကျော်စိုက်ပျိုးခဲ့ ပါတယ်။ ပဲပုပ်သီးနံှဟာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလများမှာ လှိုင်လှိုင်ပေါ်တော့မှာ ဖြစ်ပါတယ်။ ယခင်နှစ် ပဲပုပ်ထွက်ပေါ် ချိန်မှာ တစ်တင်းလျှင် ၁၃ဝဝဝ ကျပ် ဈေးရှိခဲ့ပါတယ်။ ၂ဝ၁ဝ ခု ဒီဇင်ဘာလ ကုန် ပဲပုပ်ပေါ်စမှာ တစ်တင်းလျှင် ကျပ် ၁၅ဝဝဝ ဈေးဖြင့် ပြည်ဈေးကွက် မှာ ဈေးဖွင့်ရောင်းချလျက်ရှိပြီး ပဲပုပ် အဟောင်း ပိဿာ ၂ဝ တစ်တင်းကို ၁၆၅ဝဝ ကျပ်နဲ့ ယခင်အပတ်အတိုင်း အရောင်းအဝယ်ရှိတယ်လို့သိရပါတယ်။                                                                             ဆွေဆွေမင်း

Sunday, 9 Jan 2011

အဝင်နည်းပြီး ဈေးမြင့်လာတဲ့ ဟင်္သာတပဲပုပ်         ဟင်္သာတဈေးကွက်သို့ ပဲပုပ် သစ်များ ဒီဇင်ဘာလနောက်ဆုံးပတ်မှာ စတင်ဝင်ရောက်လာပြီး အရောင်း အဝယ် ဖြစ်လျက်ရှိရာ ယခုအပတ်တွင် ပဲပုပ်ပိဿာ၂ဝတစ်တင်းကို၁၅၅ဝဝကျပ် ဖြစ်တာကြောင့် ယခင်အပတ် ထက် ၁ဝဝဝ ကျပ် ဈေးမြင့်လာပါတယ်။ ပဲပုပ် အဝင်နည်းပေမဲ့ ရန်ကုန် ဝယ်လက် ကုန်သည်ကြီးများက ဈေးမြှင့်ဝယ်ယူ ခဲ့ခြင်းကြောင့် တစ်ရက်လျှင်ပျမ်းမျှ တစ်တင်းခွဲဝင်အိတ် ၄ဝဝ ခန့် တင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။                              အေးအေးခိုင်

Sunday, 9 Jan 2011

အရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ စစ်ကိုင်းပဲပုပ်            စစ်ကိုင်းတိုင်း ဒေသကြီးမှ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ဆောင်းပဲပုပ် လျာထားဧက ၃ သောင်း ၂ ထောင်ကျော် အနက် ဧက ၂ သောင်း ၈ ထောင် ကျော် ၈၈ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ပါတယ်။ ဆောင်းပဲပုပ်မှာ မတ်လ၊ ဧပြီလ လောက်မှာ ထွက်ပေါ်မှာ ဖြစ်ပါ တယ်။ အခုအချိန် အရောင်းအဝယ်ဖြစ်နေတာ ကတော့ မိုးရာသီမှာစိုက်ခဲ့ပြီး ထွက်ခဲ့တဲ့ မိုးပဲပုပ်များဖြစ်ပါတယ်။ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်၊ မြင်းမူ၊ မြောင်မြို့နယ်များမှ ပဲပုပ်များ မုံရွာမြို့သို့ ဝင်ရောက်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ပထမပတ် အတွင်း ပဲပုပ် တစ်ပိဿာ ၇၃၉ ကျပ် ဈေးနဲ့ တစ်ရက် ပျမ်းမျှတင်း ၂ဝဝ ကျော် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။             စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှ မန္တလေးမြို့သို့ ၂ဝ၁ဝ ခု ဒီဇင်ဘာလ အတွင်း ပဲပုပ်တင်း ၁၂ဝဝ ကျော်- ၂ဝ၁၁ ခု ဇန်နဝါရီလ ပထမပတ် အတွင်း ပဲပုပ်တင်း ၂ဝဝ ကျော်စီးထွက် ခဲ့ကြောင်း သိရပါတယ်။            သန်းးသန်းးတင်

Sunday, 9 Jan 2011

ဆီစက်သမား အဝယ်သွက်တဲ့ မန်းမြေပဲဆီဆံ                 ယခုတစ်ပတ် မန်းဈေးကွက်သို့ နေပြည်တော်တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ သဲတော၊ ဝမ်းတွင်း၊ နွားထိုးကြီး၊ စစ်ကိုင်းဒေသများအပြင် ဒေသစုံမှ ထွက်ရှိတဲ့ မြေပဲဆီဆံများ ဝင်ရောက်နေပါတယ်။ ဝင်ရောက်လာတဲ့ မြေပဲဆီဆံများကို ဆီစက်လုပ်ငန်းရှင်များမှ ဝယ်လိုအား ကောင်းနေတာကြောင့် အရောင်းအဝယ်သွက်နေပြီး ဈေးမြင့်လာတာကို တွေ့ရပါတယ်။ နေပြည်တော်တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မြေပဲဆီဆံက တစ်ပိဿာ ၁၅၅ဝ ကျပ်၊ သဲတော၊ ဝမ်းတွင်းဆီဆံက ၁၆၂ဝ ကျပ်၊ ပြန့် မြေပဲဆီဆံက ၁၆၅ဝ ကျပ်၊ အညာဆီဆံက ၁၆၇၅ ကျပ်တို့ဖြင့် ဈေးမာလာပြီး ရောင်းဝယ်နေကြပါတယ်။ ပဲဆီဈေးကတော့ တစ်ပိဿာ ၃၁ဝဝ ကျပ်-၃၂ဝဝ ကျပ်၊ ပဲဖတ်က ၆၈ဝ ကျပ်- ၆၉ဝ ကျပ်ဈေးရှိပြီး ဆီစက်လုပ်ငန်းရှင်များရဲ့ ဝယ်လိုအားကောင်းလာတာနဲ့အတူ ဈေးမာ နေဦးမယ်လို့ သိရပါတယ်။                                                           ကျော်ကျော်မိုး

Sunday, 9 Jan 2011

ယောနယ်ဆောင်းမြေပဲ ပခုက္ကူဈေးကွက်ကို ဝင်ပြီ              ယောနယ်ဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်းစတဲ့မြို့နယ်တွေမှာ တော်သလင်းလ ကစိုက်ခဲ့တဲ့ ဆောင်းမြေပဲများ ပခုက္ကူဈေးကွက်မှာ တွေ့နေရပါတယ်။ နေ့စဉ် ယောကားတွေနဲ့ ပိဿာချိန်တစ်သောင်း တစ်သောင်းခွဲခန့် အဝင်ရှိပါတယ်။ ဆီစက် သမားရော၊ လုံးဆံသမားပါ အသုံးပြူကြပါတယ်။ ဒီနှစ်မြေပဲပင်ဘဝမှာ ဂီရိမုန်တိုင်းရဲ့ ဒဏ်ခံလိုက်ရလို့ ယခင်နှစ်ထက် အထွက်လျော့နိုင်တယ်လို့ မြေပဲကုန်သည်တစ်ဦးက ပြောပါတယ်။ ယောမြေပဲ တစ်ပိဿာကို ၁ဝဝဝ ကျပ်၊ ၁၁ဝဝ ကျပ်ဈေးပေါက် ကြောင်း သိရပါတယ်။ မောင်မောင်အေး

Sunday, 9 Jan 2011

ဆောင်းနှမ်းအသစ် ပြည်ဈေးကွက်ကို စဝင်                ပဲခူးတိုင်း ဒေသကြီး အနောက် ပြည်ဈေးကွက်တွင် ဆောင်းနှမ်း အသစ်များ စတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဟင်္သာတနဲ့ မိုးညိုဘက်မှ ဆောင်းနှမ်းအသစ်များ တစ်နေ့ကို အိတ် ၅ဝဝ-၆ဝဝ ခန့်ဝင်ရောက်လျက် ရှိပါတယ်။ ဇန်နဝါရီလကုန်နဲ့ ဖေဖော်ဝါရီလဆန်းတွင် ဆောင်းနှမ်းများ လှိုင်လှိုင် ဝင်ရောက်လာမှာဖြစ်ပါတယ်။ နှမ်းဈေးမှာ နှမ်းနက်အဟောင်း ၄၅ ပိဿာ တစ် အိတ်ကို ၈ဝဝဝဝ ကျပ်၊ အသစ် ၄၅ ပိဿာတစ်အိတ်ကို ၇၅ဝဝဝ ကျပ်နဲ့ နှမ်းနီ အဟောင်း ၄၅ ပိဿာ တစ်အိတ်ကို ၇၂ဝဝဝ ကျပ်၊ အသစ် ၄၅ ပိဿာ တစ်အိတ်ကို ၆၈ဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် ဈေးဖွင့်ထားပြီး တစ်နေ့ကို နှမ်းအိတ် ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                                                                      ဝေဝေမင်း

Sunday, 9 Jan 2011

 နယ်စပ် အပို့တန် ၁၅ဝဝ ကျော်                         ဒီဇင်ဘာလ ၂၉ ရက်မှ ဇန်နဝါရီလ ၄ ရက်ထိကာလအတွင်းမူဆယ် နှင့် ချင်းရွှေဟော်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၂၃ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ တန်ချိန် ၁၅၇ဝကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၂ဝဝ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်နှမ်းတင်ပို့နိုင်မှုများ ကတော့ ချင်းရွှေဟော်မှ နှမ်းဖြူ ၁ဝ တန်၊ မူဆယ်မှ နှမ်းဖြူ ၁၅၂ တန်၊ နှမ်းနက် တန် ၈၉ဝ ကျော်နဲ့ နှမ်းအခွံချွတ် ၅၁၈ တန်ကျော်အသီးသီးဖြစ်ပါတယ်။ တရုတ် နိုင်ငံအနေနဲ့ ဝယ်လိုအားမြင့်မားပေမဲ့ လက်ရှိ ပြည်တွင်းနှမ်းဈေး ယခုအပတ် အတွင်းအနည်းငယ် ပြန်မြင့်တက်လျက်ရှိတဲ့အတွက် တင်ပို့မှု လျော့နည်းနေပါတယ်။ ပြည်တွင်းဈေး၊ သယ်ယူစရိတ်နဲ့ ရောင်းရဈေး ယွမ်ငွေတန်ဖိုး ကျဆင်းလာမှု တို့ကြောင့် နှမ်းတင်ပို့သူများ အကိုျးအမြတ် လျော့နည်းမှုရှိနေတယ်လို့ နှမ်းကုန်သည် တစ်ဦးကပြောပါတယ်။ ယခုအပတ်နဲ့ယခင်အပတ်နှမ်းဈေးနှုန်းများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                        မိမိဘက်(ကျပ်/တန်)                                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု                  ယခင်     ပြောင်းလဲမှု        %              ယခု         ယခင်     ပြောင်းလဲမှု     %နှမ်းဖြူ       ၁၁၅၈၂၄၇         ၁၁၅၃၈၇၇       ၄၃၇ဝ          ဝ .၄           ၁၃၁၈         ၁၃၁၄        ၄         ဝ .၃နှမ်းနက်     ၁၅၁၁၅၁၈          ၁၅၂၆၃၄၉     ၁၄၈၃၁            ၁             ၁၅၉ဝ        ၁၅၈၆        ၄          ဝ .၃MIRT (DOBT)

Sunday, 9 Jan 2011

ဒီတစ်ပတ် ပင်လယ်ရေကြောင်းက နှမ်း တန် ၅ဝဝ တင်                     ယခုတစ်ပတ် (ဒီဇင်ဘာလ ၂၇ ရက်မှ ဇန်နဝါရီလ ၃ ရက်)အတွင်း ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှုမှာ တန် ၅ဝဝ သာရှိတာတွေ့ရပါတယ်။ ဈေးကွက်တွေကို နယ်စုံက နှမ်းအသစ်တွေ ဝင်ရောက်နေပြီဖြစ်ပြီး တရုတ် ဝယ်လက် ကလည်း ပုံမှန်ဆွဲနေတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာလည်း ပုံမှန် တင်ပို့နေ ကျ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနဲ့ ဗီယက်နမ်ကို တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၈၄ဝ- ၁၈၉ဝ ၊ ရိုးရိုးနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၄၈ဝ-၁၅၃ဝ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၃၃ဝ-၁၃၈ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။                                                                                                                       MIRT - MAPT

Pages