Main menu

Background

Tuesday, 28 Sep 2010

 နယ်စပ်ပဲပုပ်အတင် စက်တင်ဘာမှာတိုးတက်      မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ်၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့်တစ်ဖက်နိုင်ငံသို့ ပဲပုပ်စေ့ ၁၂၄ ဒသမ ၅ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၇၉ သန်းဖိုး တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်အပတ်က ၁၄၃ ဒသမ ၅ တန် တင်ပို့ခဲ့ပါတယ်။ ဧပြီလမှ သြဂုတ်လ အထိ ကာလအတွင်း ဇွန်လမှာ ၃၆ တန်နဲ့ ဇူလိုင်လမှာ ၂ တန် စုစုပေါင်း ၃၈ တန်သာ နယ်စပ်မှ တင်ပို့နိုင်ခဲ့တဲ့ အတွက် စက်တင်ဘာလအတွင်းမှာ တင်ပို့မှု အရှိန် ရလာတယ် လို့ သိရပါတယ်။ ယခုအပတ်မှာ ယခင် အပတ်ကထက် မိမိဘက်မှာ ပဲပုပ်စေ့ဈေး အနည်းငယ် လျော့ကျခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေးပြောင်းလဲမှု မရှိဘူးလို့လည်း သိရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ ပေါက်ဈေး များကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်။    ပဲပုပ်         မိမိဘက် (ကျပ်/တန်)   ယခု        ယခင်     ပြောင်းလဲမှု    % ၅၂ဝ၄၃၉  ၅၂၃၈၄၅   ၃၄ဝ၆       ဝ .၆၅  ပဲပုပ်         တစ်ဘက်နိုင်ငံ (ယွမ်/တန်)  ယခု          ယခင်       ပြောင်းလဲမှု    % ၄ဝဝဝ          ၄ဝဝဝ                        -MIRT(DOBT)

Tuesday, 28 Sep 2010

 ပြည်မြေပဲဆံဈေး ခပ်လှုပ်လှုပ်    ပြည်ဈေးကွက်ရဲ့ မိုးမြေပဲဈေးမှာ ခပ်လှုပ်လှုပ်ဖြစ်လာပါတယ်။ ဆီဆံတစ်ပိဿာလျှင် စက်တင်ဘာ နောက်ဆုံးပတ်က ၁၅၂၅ ကျပ်၊ လုံးဆံ တစ် ပိဿာလျှင် ၁၇ဝဝကျပ်    ဈေးဖြင့်၊ ယခင်အပတ်ထက်စာလျှင် ဈေးအနည်းငယ် လှုပ်ရှားလာတာ တွေ့ရပါတယ်။ အခြားတိုင်းဒေသကြီးများက အောင်လံ၊ ကံမ၊ မင်းတုန်း နဲ့ တိုင်းအတွင်း ပေါက်ခေါင်း၊ ရွှေတောင်နဲ့ ပြည်ဒေသတွင်းရွာများမှ တစ်နေ့လျှင် အိတ် ၂ဝဝဝ-၃ဝဝဝ ခန့် ဝင်ရောက်လျက်ရှိပါတယ်။ စက်တင်ဘာလအတွင်း ပြည်ဈေးကွက်မှ မြေပဲဆံအိတ် ၅ဝဝ ခန့်ကိုမန္တလေးတိုင်းဒေသကြီး၊ကွဲျဆည်ကန်သို့ တင်ပို့နိုင် တာတွေ့ရပါတယ်။ တစ်နေ့လျှင် မြေပဲဆံအိတ် ၃၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ ဆီဈေးကလည်း တစ်ပိဿာ ၄ဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်အတိုင်းဈေးငြိမ်နေတာ တွေ့ရပါတယ်။     ဝေဝေမင်း

Tuesday, 28 Sep 2010

အိတ်စပို့ ဝယ်လက်နဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်နှမ်းနက်     ပြည်ဈေးကွက်တွင် နှမ်းနက်ကို ရန်ကုန်၊ မန္တလေးဝယ်လက်များမှ အဝယ်ရှိလို့ အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ စက်တင်ဘာလဆန်းမှ ယခုတစ်ပတ်ထိရန်ကုန်သို့ ၆၁ဝဝ အိတ်နဲ့ မန္တလေးသို့ အိတ် ၁ဝဝဝ ခန့် တင်ပို့ခဲ့ပါတယ်။ အောင်လံ၊မင်းတုန်းနဲ့ ကံမဘက်မှ တစ်နေ့လျှင်အိတ် ၂ဝဝဝ-၃ဝဝဝ ခန့် ရေလမ်း၊ ကုန်းလမ်းဖြင့် ဝင်ရောက်လာပါတယ်။ နှမ်းနက် ၄၅ ပိဿာတစ်အိတ်လျှင် ၇၇၅ဝဝ ကျပ်ဖြင့်အိတ်စပို့သမားများ အဝယ်ရှိပေမဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ်လျှင် ၆၅ဝဝဝ ကျပ်ဖြင့် ဆီစက်သမားများမှ အဝယ်ရှိပါတယ်။ ပြည်ဈေးကွက်မှာ တစ်နေ့ကို နှမ်းအိတ် ၃ဝဝဝ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။နှမ်းဆီ တစ်ပိဿာလျှင် ၂ဝဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။                                            ဝေဝေမင်း

Tuesday, 28 Sep 2010

ဈေးအေးသော်လည်း အရောင်းသွက်တဲ့ မန်းမြေပဲဆီဆံဈေးကွက်     မန်းဈေးကွက်အတွင်းသို့ နွားထိုးကြီး၊ ကျောက်ပန်းတောင်း၊ မကွေး၊ပျော်ဘွယ်၊ ညောင်ဦးစတဲ့ ဒေသများမှ မိုးမြေပဲဆီဆံများ ဝင်ရောက်မှုလှိုင်လာပြီလို့သိရပါတယ်။ ဆီစက်လုပ်ငန်းရှင်များမှ အသင့်အတင့် ဝယ်ယူမှု ရှိလာသော်လည်းယခင်အပတ် ထက် ဈေးအနည်းငယ် အေးလာတာတွေ့ရပါတယ်။ နွားထိုးကြီး S1 ဆီဆံ တစ်ပိဿာ ၁၆ဝဝ ကျပ်၊ ၁၆၅ဝ ကျပ်၊ ကျောက်ပန်းတောင်း  S 1 ဆီဆံက ၁၄၅ဝ ကျပ်၊ မကွေးဆီဆံအဖြူ ၁၄၅ဝ ကျပ်၊ အနီ ၁၅ဝဝ ကျပ်၊ ညောင်ဦးဆီဆံ ၁၅၅ဝ ကျပ်နဲ့ သံလမ်းဆီဆံက ၁၄၄ဝ ကျပ်ဝန်းကျင်ဖြင့် ရောင်းဝယ်နေကြပြီး အညာဆီဆံအဟောင်းကို ၁၇၅ဝ ကျပ်ဖြင့် ရောင်းဝယ်နေကြပါတယ်။ ယခုတစ်ပတ်မှာတော့ မြေပဲဆီဆံ ဈေးကွက်အခြေအနေက ခပ်အေးအေးနဲ့ အရောင်းအဝယ် ဖြစ်နေကြသလို မြေပဲဆီ တစ်ပိဿာ ၃ဝဝဝ ကျပ်မှ ၃၄ဝဝ ကျပ် ရှိပြီး မြေပဲဖတ်က   ၈၈ဝ ကျပ် ဖြင့် အရောင်းအဝယ်သွက်နေကြောင်း ဆီစက်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။                                                                                           ကျော်ကျော်မိုး

Tuesday, 28 Sep 2010

ပခုက္ကူက ယောနှမ်းဈေးကွက်    ပခုက္ကူခရိုင်နဲ့နှိုင်းစာရင် ဂန့်ဂေါခရိုင်ဘက်မှာ ပုံတောင်ပုံညာတောင်တန်းနဲ့မြစ်သာမြစ်လွင်ပြင်တို့က ရာသီဥတုသာတာ ကြောင့် သီးနံှတွေအထွက်ပိုကောင်းတတ်ပါတယ်။ ဒီနှစ်လည်း ပခုက္ကူဝန်းကျင်စိုက်တဲ့ ပြင်နှမ်းတွေထက် ယောဘက် ကဆင်းတဲ့ယောနှမ်း ကပိုများပါတယ်။ တစ်နေ့ကို နှမ်းအိတ်   ၉ဝဝ-၁ဝဝဝ-၁၅ဝဝ   ပခုက္ကူကို ဝင်နေ ပါတယ်။ တရုတ်ဘက်ကို အရောင်းများတဲ့ နှမ်းနက်ကတစ်တင်း ၂၅ဝဝဝ ကျပ်  ရှိပြီး၊ နှမ်းနီနှမ်းဝါက ၂၁ဝဝဝ ကျပ် ပေါက်ပါတယ်။ ယခင်နှစ်ကထက် ယောနှမ်း အထွက်ပို တဲ့အတွက် တောင်သူတွေ ဝင်ငွေကောင်းနေတယ်လို့ သိရပါတယ်။                     MMA - ပခုက္ကူ

Tuesday, 28 Sep 2010

 ရာသီဥတုအခြေအနေ၊ ပဲပုပ်ဆီဈေးမြင့်တက်မှုတို့ကြောင့်စားအုန်းဆီကြမ်းဈေးမြင့်လာ     ပဲပုပ်ဆီကြိုပွိင့်ဈေးမြင့်လာခြင်းနဲ့ ရင်းနှီးမြုပ်နံှသူများ အဝယ်ရှိလာခြင်းတို့ကြောင့်စက်တင်ဘာလ ၂၂ ရက်နေ့မလေးရှား ကုန်စည်ဒိုင် မှာ စားအုန်းဆီကြမ်း ကြိုပွိင့်ဈေးမြင့်တက်လာခဲ့ပါတယ်။ ဒီဇင်ဘာအခြေခံစာချုပ် ဈေးဟာတစ်တန်ကို ၃ ရင်းဂစ်မြင့် လာပြီး ရင်းဂစ် ၂၆၇၃ (ကန်ဒေါ်လာ ၈၆၅) ဈေးနဲ့ပိတ်ခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ မိုးသည်းထန်နေခြင်းကစက်တင်ဘာလ ထွက်ရှိမှုကို လျော့နည်းစေတဲ့ အလားအလာကြောင့် လာမယ့်ရက်တွေမှာ ဈေးထပ်မံမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။       လွန်ခဲ့တဲ့ သီတင်းပတ်များက ပုံမှန်ထက်မိုးပိုမိုရွာသွန်းခြင်းက အင်ဒိုနီးရှားနိုင်ငံရဲ့ စားအုန်းဆီသယ်ယူမှုကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ စားအုန်းဆီဒုတိယ အများဆုံးထုတ်လုပ်တဲ့ မလေးရှားနိုင်ငံ Sabah ပြည်နယ်ရဲ့ စက်တင်ဘာလထုတ်လုပ် မှုဟာ သြဂုတ်လ ထုတ်လုပ်မှုတန်ချိန် ၄၇၉၉၇၃ ထက် ၂ ရာခိုင်နှုန်း -၅ ရာခိုင်နှုန်း ခန့်လျော့ကျနိုင်လို့ ဈေးအတက်ဘက်ကို သွားနိုင်တယ်လို့ စိုက်ပျိုးထုတ်လုပ်သူများက ဆိုပါတယ်။         ဒါ့အပြင် ဟင်းသီးဟင်းရွက်ဆီ အဓိကတင်သွင်းတဲ့ အိန္ဒိယရဲ့ ဝယ်လိုအားပုံမှန်ရှိခြင်းကလည်း ဈေးကွက်အတွက် ဝမ်းမြောက်ဖွယ်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။အိန္ဒိယဟာ ယခုနှစ်မှာ စားအုန်းဆီတင်သွင်းမှုတန်ချိန် ၇ သိန်းဝန်းကျင်တိုးတက်နိုင်တယ်လို့ အိန္ဒိယအခြေစိုက် စားဆီတင်သွင်းတဲ့ Dipak Enterprise ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ Govindlal G- Patelမှ ပြောကြားပါတယ်။         မလေးရှား FOB ဈေးအနေနဲ့ စားအုန်းဆီခဲ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊မတ်လအတွက် ဈေးနှုန်းဟာ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ ဖြစ်ပြီး၊ ဧပြီ၊ မေ၊ဇွန်လအတွက် စာခုျပ်ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၉ဝ၂ ဒသမ ၅ဝ ဈေးဖြစ်တယ်လို့ သိရပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးမှာတစ်တန်ကို ရူပီး ၂၇၄ဝ (ကန်ဒေါ်လာ ၈၂ဝ) ဈေးဖြစ်တယ်လို့ သိရပါတယ်။ယုဇန Sources: palmoil / hq .com

Tuesday, 28 Sep 2010

 မုန့်စားပွဲတော်ကာလ ဖြစ်လို့ မူဆယ်ဘက်မှ နှမ်းဝယ်အားကောင်း     စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ နှမ်းရောင်စုံ  ၁၇၄၂ဒသမ၅၁ဝတန်၊ တန်ဖိုးအားဖြင့်  ကန်ဒေါ်လာ  ၂ဒသမ၃၁၄သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။   နှမ်းအမျိုးအစားအလိုက် တင်ပို့နိုင်မှုများကတော့ နှမ်းဖြူ ၅၆၈ တန်၊ နှမ်းအခွံချွတ် ၁၇၅ တန်နဲ့ နှမ်းနက် ၉၉၉ ဒသမ ၅၁ တန် ဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံရဲ့မုန့်စားပွဲတော်ကာလဖြစ်တဲ့အတွက် နှမ်းသုံးစွဲမှု ပိုမိုခဲ့၍ ယခုအပတ်မှာ ယခင်အပတ်ကထက် နှမ်းတန် ၅ဝဝ ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နဲ့ တစ်ဘက်နိုင်ငံရှိ နှမ်းပါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ်။                     မိမိဘက်(ကျပ်/တန်)                                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု         ယခင်          ပြောင်းလဲမှု     %            ယခု       ယခင်        ပြောင်းလဲမှု        %နှမ်းဖြူ    ၁၁၁၄၄ဝ၈   ၁၁၂၇၂၈၆      ၁၂၈၇၈      ၁ .၁၅        ၉၂ဝဝ     ၉၈ဝဝ             ၆ဝဝ           ၆ .၅နှမ်းနက် ၁၂၉၅၅၅၄    ၁၂၇၃၄၄၂    ၂၂၁၁၂         ၁ .၇         ၁၄၃ဝ     ၁၆၈၃             ၂၅၃           ၁၈MIRT (DOBT)

Wednesday, 22 Sep 2010

 ဒေါ်လာတန်ဖိုးကျဆင်းလို့ တရုတ်နိုင်ငံရဲ့စားဆီဝယ်လိုအားမြင့်တက်မဲ့အလားအလာကြောင့် ပဲပုပ်ဈေးမြင့်တက်      ဒေါ်လာတန်ဖိုး ကျဆင်းခြင်းကကုန်စည် ဝယ်လိုအားကို မြင့်တက်စေတာကြောင့် ကမ္ဘာ့အကြီးဆုံးပဲပုပ် သုံးစွဲတဲ့ တရုတ်နိုင်ငံက ပဲပုပ်ပိုမိုဝယ်ယူမယ့်ခန့်မှန်းချက်များအရ ပဲပုပ်ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့သိရပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့က ချီကာကိုမှာနိုဝင်ဘာလပို့ရမယ့် ပဲပုပ်ကြိုပွိုင့်ဈေးဟာဝ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ပြီးတစ်ဘှူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ၃၄၅ (တစ်တန်ကိုကန်ဒေါ်လာ ၃၈၃)ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်က ယခုနှစ် အမေရိကန်ပဲပုပ်အထွက် စံချိန်တင်မြင့်တက်မယ့် ခန့်မှန်းချက်ကြောင့် ပဲပုပ်ဈေး ဝဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့တယ် ်လို့သိရပါတယ်။ ရုရှားက ကောက်ပဲသီးနံှတင်ပို့မှု ပိတ်ပင်ခဲ့ပြီးနောက် စက်တင်ဘာ လ ၈ ရက်နေ့မှာ ပဲပုပ်တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝဒသမ၅၇ (တစ်တန်ကိုကန်ဒေါ်လာ၃၉၁) ဈေးထိရှိခဲ့လို့ ဇန်နဝါရီ၇ ရက်နေ့နောက်ပိုင်းအမြင့်ဆုံးဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။တရုတ်နိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ စက်တင်ဘာလမှာ ပဲပုပ်တန်ချိန် ၄ ဒသမ ၇၃ သန်းခန့်တင်သွင်းဖွယ်ရှိလို့ ၂ဝ၁ဝ ခုနှစ် ပထမ၈ လအတွက် ပျမ်းမျှတင်သွင်းမှုပမာဏထက် မြင့်တက်မယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်တင်ဘာလ အတွင်း မုန်ညှင်းစေ့၊ ပဲပုပ်ဆီနဲ့ ပဲပုပ်ဖတ်တင်သွင်းမှုကိုလည်း တန်ချိန်၁၁၅၄ဝဝ၊ ၂၇၃၆ဝဝ နဲ့ တန် ၆ဝဝဝအသီးသီးရှိမယ်လို့ ဆိုပါတယ်။အကောက်ခွန်ဌာန စာရင်းအရသြဂုတ်လအတွင်း ပဲပုပ်တန်ချိန် ၄ဒသမ ၇၇ သန်း တင်သွင်းခဲ့တယ်လို့သိရပါတယ်။ယမင်းခင်၊ှ  Source: riceonline

Wednesday, 22 Sep 2010

 နယ်စပ်အပို့ ပုံမှန်     စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ပဲပုပ်စေ့၁၄၃ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ဝ ဒသမ ဝ၈၉ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလ ၁ရက်မှ ၇ ရက်ထိကာလအတွင်း ပဲပုပ်စေ့ ၁ဝ၈ တန် တင်ပို့ခဲ့တဲ့အတွက်ယခုအပတ်မှာ ၃၅ ဒသမ ၅ တန်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း နဲ့ မန္တလေးတိုင်းဒေသကြီးထွက် ပဲပုပ်စေ့များဖြစ်ပြီးမိမိဘက်ပေါက်ဈေးမှာ ၅၂၃၈၄၅ ကျပ်ဖြစ်ပြီး တစ်ဘက်နိုင်ငံဈေးမှာ ဒေါ်လာ၅၉ဝ ရှိတယ်လို့ သိရပါတယ်။ MIRT (DOBT)

Wednesday, 22 Sep 2010

 ပြည်ဈေးကွက်တွင် မိုးမြေပဲလှိုင်ချိန် ဆီဈေးငြိမ်    ပြည်ဈေးကွက်သို့ မိုးမြေပဲများ တိုင်းအတွင်းမြို့နယ်များနဲ့ မင်းတုန်း၊ကံမဘက်မှ တစ်နေ့ကို အိတ် ၂ဝဝဝ-၂၅ဝဝ ခန့်ဝင်ရောက် လာတာတွေ့ရပါတယ်။ ဈေးကွက်မှာ မိုးမြေပဲများလှိုင်ချိန်နဲ့ ဆီဈေးငြိမ်နေချိန်မှာ သီးနံှဈေးအနည်းငယ်ကျဆင်းလာ တာတွေ့ရပါတယ်။ ဆီစက်များမှလည်း ဝင်သလောက် အဝယ်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို စက်တင်ဘာ ဒုတိယပတ်က ၁၄၇၅ကျပ်ရှိသော်လည်း စက်တင်ဘာ တတိယပတ်တွင် ၁၃၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို စက်တင်ဘာ ဒုတိယပတ်မှာ ၁၆ဝဝကျပ်ထိဖြစ်နေသော်လည်း စက်တင်ဘာတတိယပတ်မှာ ၁၅၇၅ကျပ်အထိ ဈေးအနည်းငယ် ကျသွားပါတယ်။ပြည်ဈေးကွက်တွင် တစ်နေ့ကို မြေပဲဆံအိတ် ၂၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။မြေပဲဆီ တစ်ပိဿာကိုတော့ ၄ဝဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ဝေဝေမင်း

Pages