Main menu

Background

Wednesday, 31 Jul 2013

မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကို ရန်ကုန်-မန္တလေးဝယ်လက်ကအရည်အသွေးကိုစိစစ်ပြီးဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၁၈၄ ကျပ်(တစ်တန်ကို ၇၂၅၀၆၉ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအနေနဲ့ ဒီတစ်ပတ်မှာအိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်အဝယ် အားပျော့သွားတာကြောင့် ဈေးကအကျဘက်သို့ ဦးတည် နေကြောင်း သိရပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၈၀ ကျပ် (တစ်တန်ကို ၅၃၈၉၀၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ခန့်ကြား သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံ ကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်း ဆီစက်တွေက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းနီတစ်ပိဿာ ၂၆၇၀ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၈၉၀ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၉၈၀ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၁၇၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Wednesday, 24 Jul 2013

ဖျာပုံမြို့နယ်ဆန်စပါးအထူးပြု ကုမ္ပဏီနဲ့ အကျိုးဆောင်တောင်သူများ၊ ပေါ်ဆန်းဘေးကြားလေးမျိုးသန့် ဧက ၃၀၀ စီမံကိန်းမှ ချောင်းတွင်းကျေးရွာရှိ ၂၅ ဧကကို စံပြပျိုးဘောင်စနစ်နဲ့ စိုက်ပျိုးထားမှုအား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ ခရိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးမှူး၊ ဆည်မြောင်းဦးစီးဌာန(A-E) စတဲ့ ဌာနဆိုင်ရာအကြီးအကဲများနဲ့ အထူးပြုကုမ္ပဏီမှ ဒါရိုက်တာများ၊ စိုက်ကွင်း တာဝန်ခံများပါလိုက်ပါပြီး၊ ဇူလိုင်လ ဒုတိယအပတ်က ကွင်းဆင်း ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။

Wednesday, 24 Jul 2013

ရေစကြိုဈေးကွက်မှာဒီတစ်ပတ်ပြောင်းနဲ့ ကုလားပဲဖြူလုံးကြီး နေ့စဉ်ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီးပဲစင်းငုံနီကတော့ အရောင်း အဝယ်အေးနေကြောင်း သိရပါတယ်။ ဒေသထွက်ပြောင်းကို ရန်ကုန်-မန္တလေးဝယ်လက်ကအဝယ်သွက်နေသလို ရောင်းလက်များ ကလည်း အဆိုပါဈေးနဲ့အရောင်းများခဲ့တယ်လို့ဆိုပါတယ်။အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၅၁၁ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကိုတော့ ဒေသတွင်းပဲခွဲစက်တွေက တစ်ပိဝဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေး နဲ့ တစ်ရက်ကိုအိတ် ၁၅၀ မှ ၂၀၀ ကြားပုံမှန်အဝယ်ရှိနေတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။

Wednesday, 24 Jul 2013

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်အရောင်းရော အဝယ်ပါ သွက်နေတာက ပဲတီစိမ်း ဖြစ်ပြီး တရုတ်ဝယ်လက်က အရည်အသွေး ပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄၆၀ ကျပ်(တစ်တန်ကို ၈၉၄၀၈၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၂၀၀၀ ကြားအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲကတော့ ဒေသတွင်းပဲခွဲစက်တွေ သာဝယ်အားပုံမှန်ရှိပြီး အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ် လက်အဆွဲအေးတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၁၇ ကျပ်(တစ်တန်ကို ၄၃၉၀၈၃ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၆၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်း ငုံနီကို ရန်ကုန်ဝယ်လက်က အိန္ဒိယဘက်မှ ဝယ်လိုအားကျသွားတာ ကိုအကြောင်းပြပြီး တွက်ချက်ဝယ်ယူမှုတွေရှိလို့ ဈေးအနည်းငယ်အ တက်အကျနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာ ၉၄၂ ကျပ်(တစ်တန်ကို ၅၇၆၈၇၁ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါ တယ်။

Wednesday, 24 Jul 2013

ဟင်္သာတဈေးကွက်မှာ မတ်ပဲကဈေးကွက်သို့ ဝင်ရောက်မှု နည်းလာပေမယ့် လှောင်လက်တွေက ပစ္စည်းလက်ကျန်တွေကို ထုတ်ရောင်းမှုတွေရှိ လာတယ်။ ရန်ကုန်ဝယ်လက်ကလည်း အိန္ဒိယ ဈေးကွက်ရဲ့ ဝယ်လိုအား အခြေအနေအပေါ်မူတည်ပြီး တွက်ချက် ဝယ်ယူမှုတွေရှိတာကြောင့် ဈေးအနည်းငယ်ဆင်းလာပြီး တစ်ပိဿာ ကို ၇၈၀ ကျပ်(တစ်တန်ကို ၄၇၇၆၆၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၃၀၀ ထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက် အတွင်းမှသိရပါတယ်။

Wednesday, 24 Jul 2013

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် အဝယ်အေးတာကြောင့် ဈေးလည်း အေးနေကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၉၂၀ ကျပ်(တစ်တန်ကို ၅၆၃၃၉၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ရေသွင်းပဲတီစိမ်းသေးတွေ ပခုက္ကူနယ်တစ်ဝိုက်မှ ဝင် ရောက်မှုပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်နဲ့ မန္တလေးဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၂၁၀ ကျပ် (တစ်တန်ကို ၇၄၀၉၉၁ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Wednesday, 24 Jul 2013

အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ဒီတစ်ပတ်ပဲတီစိမ်းကို မန္တလေး-ရန်ကုန်ဝယ်လက်က အဝင်ရှိသလောက် ဝယ်အား ပုံမှန်ရှိခဲ့ တယ်လို့ သိရပါတယ်။ ပဲကဈေးကွက်သို့ ဝင်တော့ဝင်နေတယ်။ ဒါပေမဲ့ ဝင်တဲ့ပစ္စည်းကနည်းနေတယ်။ ဝယ်လက်ကများလို့ အရောင်းက မလိုက်နိုင်ဘူးလို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာကို ၁၂၂၅ ကျပ်(တစ်တန်ကို ၇၅၀၁၇၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ မှ ၈၀၀ ကြားအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 24 Jul 2013

ပြည်ဈေးကွက်မှာ ပဲတီစိမ်း(သစ်)တွေဈေးကွက်ထဲ စတင် ဝင်ရောက်နေပြီး တစ် ပိဿာကို ၁၂၀၀ ကျပ်(တစ်တန်ကို ၇၅၄၈၆၈ ကျပ်)ဈေးနဲ့ ဈေးဖွင့် အရောင်းရှိနေသလို မန္တလေးဝယ်လက်နဲ့ ဒေသခံလှောင်လက်တချို့ ကလည်း တစ်ရက်ကိုအိတ် ၁၀၀ မှ ၂၀၀ ကြားအဝယ်ရှိနေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနီအနေနဲ့ ရန်ကုန်ဝယ်လက်က ရက်ခြားသာ အဝယ်ရှိနေသလို လှောင်လက် တွေကလည်း လက်ကျန်ပဲတွေကို အနည်းငယ်ထုတ်ရောင်းမှု တွေရှိ နေတယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်အနေနဲ့ တစ်ပိဿာ ၉၂၀ ကျပ်(တစ်တန်ကို ၅၆၃၃၉၈ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 24 Jul 2013

တောင်ကြီးဈေးကွက်မှာ ပြောင်းလက်ကျန်နည်းသွားပေမယ့် ရန်ကုန်-မန္တလေး ဝယ် လက်နဲ့ ဒေသတွင်းအစာစပ်သမားများက ဝယ်လိုအားပုံမှန်ရှိခဲ့ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၄၉၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၅၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ လက်ကျန်ပြောင်းမကုန်မီ ဈေးကွက်ထဲသို့ ရေသွင်း ပြောင်းတချို့စတင်ဝင်ရောက်ပြီး တစ်ပိဿာကို ၄၉၀ ကျပ်ဈေးဖြင့် ဈေးဖွင့်အရောင်းရှိပေမယ့် အစိုဓါတ်ရှိသေးတာကြောင့် အရောင်းအ ဝယ်မဖြစ်သေးဘူးလို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Wednesday, 24 Jul 2013

မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်ဝယ်အားနေ့စဉ် ရှိနေပေမယ့် သိုလှောင်ရုံလက်ကျန်ပစ္စည်းလျော့သွားတာကြောင့် အ ရောင်းအဝယ်ဖြစ်မှုပမာဏလည်း လျော့ကျသွားတယ်လို့ ဆိုပါတယ်။  အရင်က တရုတ်ယွမ်ငွေဈေးမြင့်လာရင် ပြောင်းဈေးလည်းမြင့်ပြီး အရောင်းလည်းတက်ခဲ့ပေမယ့် ဒီရက်ပိုင်းမှာ တရုတ်ယွမ်ငွေဈေးငြိမ် နေသလို ပြောင်းအရောင်းအဝယ်လည်း လက်ကျန်ပစ္စည်းအပေါ်မူ တည်ပြီး တရုတ်က အဝယ်ရှိနေတယ်လို့ ဈေးကွက်အတွင်းမှသိရပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပတ်အတွင်း မက်တန် ၇၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Pages