Main menu

Background

Monday, 13 Sep 2010

အောင်လံမှာ ပဲတီစိမ်းကို ရန်ကုန်ဝယ်လက် ဈေးချအဝယ်ရှိ   ပဲတီစိမ်းကြီးကို  ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်မရှိသလို ရောင်းသူကုန်သည်များကလည်း ဈေးအမြင့်မှန်းပြီးအရောင်းအေးခဲ့ တယ်လို့သိရပါတယ်။ ကုလားပဲ (တိုင်ပေ)ကိုပဲခွဲစက်လုပ်ငန်းရှင်များက တစ်ပိဿာ ၁ဝဝဝ ကျပ်(တစ်တန်ကို ၆၁၂၃၉ဝကျပ်)နဲ့ ဝယ်ယူလို ပေမယ့်ရောင်းသူကုန်သည်ကြီးများက ဝယ်ဈေးမကြိုက်လို့ အရောင်း နည်းခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 13 Sep 2010

ပြည်မှာ မတ်ပဲဈေးကျ      မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁၂၆၅ ကျပ်(တစ်တန်ကို ၇၇၄၆၇၃ ကျပ်)နဲ့ ဝယ်ယူလိုပေမယ့်ရောင်း သူကုန်သည်များက ဝယ်ဈေး မကြိုက်တာကြောင့် အရောင်းအဝယ် အေးခဲ့တယ်လို့သိရပါတယ်။ ကုလားပဲ(တိုင်ပေ)ကိုငွေပြန်ပေါ်လိုသော ကုန်သည်အခိုျ့က တစ်ပိဿာကို ၁ဝဝဝ ကျပ်(တစ်တန်ကို ၆၁၂၃၉ဝ ကျပ်)နဲ့ အရောင်းရှိခဲ့သလို ပဲခွဲစက်လုပ်ငန်းရှင်များကလည်း ရောင်း သလောက် အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။

Monday, 13 Sep 2010

မန္တလေးမှာ ပဲတီစိမ်းကြီးကို တရုတ်အဆွဲနည်းလို့ဈေးကျ    ပဲတီစိမ်းကြီး အရည်အသွေးမိုျးစုံကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်များက အဝယ်အေးသလို ရန်ကုန်ဝယ်လက် ကလည်းလက်ရှိပေါက်ဈေးထက် ဈေးချဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာကျ လာပြီး တစ်ပိဿာကို ၁ဝ၁၃ ကျပ်(တစ်တန်ကို ၆၂ဝ၃၅၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှု နည်းခဲ့တယ်လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပဲခွဲခြမ်းပြုလုပ် ရန် ဝယ်ယူနေတဲ့ကုန်သည်များနဲ့ ရန်ကုန်ဝယ်လက်က ဈေးချဝယ် ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ လာပြီး တစ်ပိဿာကို ၁ဝ၄၈ ကျပ်(တစ်တန်ကို ၆၄၁၇၈၄ ကျပ်)နဲ့ အရောင်းအဝယ်နည်းခဲ့တယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။

Tuesday, 7 Sep 2010

အောင်လံဈေးကွက်        ပဲတီစိမ်းကြီးကို  အရည်အသွေးပေါ်မူတည်ပြီး ရန်ကုန်ဝယ်လက် က တစ်ပိဿာကို ၁၃ဝဝ ကျပ်(တစ်တန်ကို ၇၉၆၁ဝ၇ ကျပ်)နဲ့ ဝယ်အား ပုံမှန်ရှိပေမယ့် ယခင် အပတ်နဲ့ စာရင် ဈေးငြိမ်နေတယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။

Monday, 6 Sep 2010

ပြည်ဈေးကွက်မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံဝယ်ရောင်းကုန်သည်ကြီး များက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်မြင့် လာပြီး တစ်ပိဿာကို ၁၃၆ဝ ကျပ်(တစ်တန်ကို ၈၃၂၈၅ဝ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၅ဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Friday, 3 Sep 2010

ပဲစင်းငုံဈေး တောက်လျှောက်ဆင်းလာ         ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန် အမြောက်အမြား ရှိနေ ပြီး ပဲခွဲစက်များနဲ့ ကုန်သည်များက အဝယ်မရှိခြင်းကြောင့် ပဲစင်းငုံ ဈေးကတော့ တောက်လျှောက် ဆင်းလာခဲ့ပါတယ်။ လက်ရှိရာသီ ပဲ အထွက်ကောင်းမယ်လို့ ခန့်မှန်းကြပေမဲ့ မဒ္ဒရာပရာဒေ့ရှ်မှာ လာမယ့် ရက်အနည်းငယ်အတွင်း မိုးရွာသွန်းနိုင်ဖွယ်မရှိနိုင်ခြင်းက သီးနံှ များကို ထိခိုက်နိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ပဲစင်းငုံ အသစ်ဟာ ဒီဇင်ဘာမှ စတင်ရိတ်သိမ်းရမှာဖြစ်ပြီး ပဲအသစ်ဝင်ချိန်ထိ ပဲလုံ  လောက်နိုင်တာ  ကြောင့် ကာလတိုအတွင်း ဈေးနှုန်းဆက်လက် လျော့ကျနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထား ပါတယ်-

Friday, 3 Sep 2010

ပဲတီစိမ်းဈေး အဆင်းဘက်ဦးတည်လာ  အိန္ဒိယဈေးကွက်အခိုျ့ကို ပဲတီစိမ်းအသစ်တွေ ဝင်ရောက်လာ ပြီဖြစ်လို့ ပဲတီစိမ်းဈေးက အဆင်းဘက်ကို ဦးတည်လာခဲ့ပါတယ်။ အမြင့်ဈေးမှာ အရောင်းအဝယ်ပါးခြင်း အပြင် ပဲအသစ်များမှာလည်း အစိုဓာတ်များနေခြင်းတို့ကြောင့် အနိမ့်ဈေးနဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ အင်ဒရာပရာဒေ့ရှ်၊ မဒ္ဒရာပရာဒေ့ရှ်၊ မဟာရပ်ရှတရာနဲ့ ရာဂျက်စသန်တို့မှာ ပဲအသစ်များ နေရာယူနေပြီဖြစ်ပြီး လာမယ့်ရက် များမှာ ပဲအသစ်တိုးတက် ဝင်ရောက်လာတော့မှာ  ဖြစ်ပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ ယခင်နှစ်က ပဲတီစိမ်းစိုက်ဟက်တာ ၁ ဒသမ ၇၁ သိန်းရှိရာမှ ယခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ ဟက်တာ ၂ ဒသမ ၉ဝ သိန်းထိ တိုးတက်ခဲ့တယ်လို့ သိရပါတယ်။ ကာလတို အတွင်း ဈေဆက်လက်လျော့ကျဖွယ်ရှိပါတယ်။ ဈေးကွက်အသီးသီး မှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ်- 

Friday, 3 Sep 2010

ကုလားပဲဈေး ဆက်လက်လျော့ကျ အိန္ဒိယပြည်တွင်းကုလားပဲ  လက်ငင်းဈေးကွက်များမှာ လက် ကျန် အလုံအလောက်ရှိပေမဲ့ အဝယ်မရှိတာကြောင့် ယခု တစ်ပတ် မှာလည်း ကုလားပဲဈေးဆက်လက်လျော့ကျခဲ့ပါတယ်။ ပြည်တွင်း ဈေးကွက်အတွင်း ယခုရာသီကုလားပဲထွက်ရှိမှုဟာ ၁ဝ ရာခိုင်နှုန်းဝန်း ကျင် မြင့်တက်ပြီး တန်ချိန် ၆၈ သိန်းခန့် ထွက်ရှိခြင်းက ရောင်းအား ကို ပိုမိုစေခဲ့ပါတယ်။ ဈေးထပ်မံကျဆင်းမယ့် မျှော်လင့်ချက်ကြောင့် လက် ရှိဈေးမှာ ဝယ်လိုအားနည်းနေတဲ့အတွက် ကာလတိုအတွင်း ဈေး ထပ်မံကျဆင်းဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက် တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ်-

Friday, 3 Sep 2010

တစ်ပတ်အတွင်း အိန္ဒိယပဲဈေးကွက်သတင်းသြဂုတ်လ ၁၄ ရက်မှာ အာလူးနဲ့ ကြက်သွန်နီ အပါအဝင် ဟင်းသီးဟင်းရွက်ဈေးနှုန်း ကျဆင်းခဲ့တာကြောင့် ငွေကြေးဖောင်းပွမှု လျော့ကျလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲမိုျးစုံ၊ဆန်နဲ့ဂုံျ အပါအဝင် နံှစားသီးနံှဈေးနှုန်းကတော့ ၇ဒသမ ၁ရာခိုင်နှုန်း မြင့် တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။  မတ်ပဲဈေးလျော့ကျအိန္ဒိယပြည်တွင်းမတ်ပဲဈေးဟာ ယခင်တစ်ပတ်အထိ ခိုင်မာမှု ရှိနေရာမှ ယခုတစ်ပတ်မှာတော့ အကျဘက်ကိုသွားနေတာ တွေ့ ရပါတယ်။ မတ်ပဲခွဲခြမ်း အဝယ်အသင့်အတင့်ရှိပေမဲ့  မိုးရာသီ ပဲ အထွက်ကောင်းမယ့် မျှော်လင့်ချက်က ဈေးနှုန်းမြင့်တက်မှုကို ကန့် သတ်စေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ တောင် ပိုင်းက ပဲအသစ်ဝင်ရောက်မှု တိုးတက်လာတော့မှာဖြစ်ပေမဲ့ လာမယ့်သီတင်းပတ်မှာ မိုးသည်းထန် ဖွယ်ရှိခြင်းက ပဲရိတ်သိမ်းမှုကို နှောင့်နှေးစေဖွယ်ရှိပါတယ်။ ဈေးကွက် အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ  FAQ ဈေး နှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်-

Thursday, 2 Jul 2009
  • မတ်ပဲ ကတော့ သိုလှောင်မည့်ကုန်သည်များနဲ့ Export အတွက် ဝယ်ယူနေတဲ့ကုန်သည်များ အဝယ်ရှိတာကြောင့် ဘုရင့်နောင်နဲ့ ဟင်္သာတတွင် ဈေးဆက်မြင့်နေပြီး မန္တေးတွင် ဈေးငြိမ်နေ တာတွေ့ရပါတယ်။
  • ကုလားပဲဖြူလုံးကြီးက Export အတွက် ဝယ်ယူနေတဲ့ကုန်သည်ကြီးများ အဝယ်နည်းသွားတာကြောင့် မန္တလေး၊ မုံရွာနဲ့ ပခုက္ကူမှာ ဈေးအနည်းငယ်ကျပြီး မြင်းခြံတွင် ဈေးအနည်းငယ်မြင့် နေကြောင်း သိရပါတယ်။
  • ပဲစင်းငုံ ကတော့ Export အတွက်ဝယ်ယူနေတဲ့ ကုန်သည်ကြီးများအဝယ်ရှိပေမယ့် ပစ္စည်းလက်ကျန် နည်းပါးတာကြောင့် ဘုရင့်နောင်၊ ပခုက္ကူ၊ မုံရွာနဲ့မကွေးတွင် ဈေးငြိမ် နေကြောင်း တွေ့ရပါတယ်။
  • ပြောင်း က ဝယ်လက်ကုန်သည်ကြီးများ အဝယ်ပုံမှန်ရှိတာကြောင့် လားရှိုးနဲ့ တောင်ကြီးနှင့် ပေါ်ဆန်းတွင် ဈေးအနည်းငယ်မြင့် ပြီး အောင်ပန်းတွင် ဈေးငြိမ် နေကြောင်း သိရပါတယ်။

Pages