Main menu

Background

Monday, 28 Nov 2022

နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၁၅ ဒသမ ဝ၂၃ သန်း တန်ဖိုးရှိ  ဆန်တန်ချိန် ၃၈၉၅၀ ကျော် တင်ပို့ခဲ့ သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၃၅၂၉၀ နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၃၆၆၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ ဆန်အများဆုံးတင်ပို့သော နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ဆန်တန်ချိန် ၂၁၃၀ဝ၊ ဖိလစ်ပိုင်နိုင်ငံသို့ဆန်တန်ချိန် ၁၀၂၃၀၊ တရုတ်နိုင်ငံသို့ ဆန် တန်ချိန် ၃၅၅၀ကျော်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၂၀ ကျော်၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၈၀ ခန့်  တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများဖြ

Friday, 11 Nov 2022

၂၀၂၇ ခုနှစ်အထိ မြန်မာ့ဆန် တန်ချိန် သုံးသိန်း  ဘင်္ဂလားဒေ့ရှ်သို့ နှစ်စဉ်တင်ပို့ရောင်းချသွားမည်ဖြစ်ပြီး ယင်းအတွက် နှစ်နိုင်ငံအစိုးရတို့အကြား  ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ လတွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး   ဝန်ကြီးဌာနမှ သိရသည်။
MoU အရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူ (White Rice) တန်ချိန် ၂ သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် ၅ သောင်းအထိ  တင်ပို့ရောင်းချနိုင်မည်ဖြစ် သည်။

Friday, 11 Nov 2022

ကျွန်တော်တို့၏ ဘိုးဘွားများက ပြောကြားခဲ့ဖူးသည့် ဆိုရိုးစကားလေးကို သတိတရဖြစ်မိသည်။ ဆီကိုရေချိုး၊ ဆေးရိုး မီးလှုံ၊ စပါးတောင်လိုပုံ ဟူသည့်ဆိုရိုးရှိခဲ့သည်။ ယခင်က မြန်မာပြည်တွင် ဤမျှအထိ စပါးများ ပေါများစွာ ထုတ်လုပ် ထွက်ရှိခဲ့သည့်သဘောဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ချုပ်၏ တာဝန်ရှိသူတစ်ဦးက အရှေ့တောင်အာရှ၏ စပါးကျီ ဗမာပြည်ဟု ဂုဏ်ပြုမှတ်ချက်စကားပြောကြားခဲ့ခြင်းဖြစ်ပေမည်။  ကမ္ဘာတွင် ဒုတိယကမ္ဘာစစ်ကာလက တစ်ကမ္ဘာလုံးနီးပါး စားနပ်ရိက္ခာ အခက်အခဲဖြစ်ချိန်တွင် မြန်မာပြည်မှဆန်များကို ဈေးနှုန်းချိုသာစွာဖြင့် အကြွေးစနစ်ဖြင့် ရောင်းချဖြည့်စွမ်းပေးနိုင်ခဲ့သည်သာမက ငွေကြေးအခက်အခဲကြုံတ

Wednesday, 26 Oct 2022

ပုသိမ်မြို့ ဆန်စပါးဈေးကွက်၌ အောက်တိုဘာလအတွင်း အရောင်း အဝယ် အေးလျက်ရှိပြီး မြို့နယ်အချို့တွင် မိုးစပါးသစ်များ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိသော်လည်း လက်ရှိဈေးကွက်တွင်မိုးစပါး ဆန်အဟောင်း များသာ ရောင်း ဝယ်လျက်ရှိကြောင်း၊ လူနည်းစုစားသုံးသော ဧရာဝတီပေါ်ဆန်း စပါး ၁၀၅ ပေါင် တင်း ၁၀ဝ ကျပ်သိန်း ၂၀ ဝန်းကျင်၊ ဆန်တစ်အိတ် ကျပ် ၆၅၀ဝ၀-၆၈၀ဝ၀ ၊ ပေါ်ဆန်းရင်စပါး ၁၀၅ ပေါင် တင်း ၁၀ဝကျပ် ၆၂၀ဝ၀- ၆၅၀ဝ၀ နှင့် ဈေး တန်း မြင့်သော ဧည့်မထအုပ်စုဝင် ရွှေသွယ်/ဧရာမင်း စပါး ပေါင် ၁၀ဝ၊ တင်း ၁၀ဝ ကျပ်၁၄ သိန်းဝန်းကျင် ဆန်တစ်အိတ်ကျပ် ၅၂၀ဝ၀- ၅၃၀ဝ၀၊ ယင်းအပြင် ဈေးတန်းနိမ့်၍ အများဆုံး အရောင်းအဝယ်ဖြစ်လျက် ရှိသော မနော သုခမျိုး ပွား စပါး ပေ

Wednesday, 12 Oct 2022

မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ (Myanmar Rice Conference -2022)ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂)၌  အောက်တိုဘာ  ၆ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ရာဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။ဖွင့်ပွဲအခမ်းအနား ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ကအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ဆန်စပါးထုတ်လုပ်ခြင်းသည် ရှေးရာစုနှစ်များစွာကတည်းက ဆောင်ရွက်လာသည့် မိရိုးဖလာအသက်မွေးဝမ်းကျောင်းလ

Tuesday, 30 Aug 2022

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ဆန်ဈေး နှုန်းများမှာ မေလအထိ တည်ငြိမ်လျက်ရှိခဲ့ရာမှ ဇွန်လနောက် ပိုင်းတွင် ဆန်ဈေးနှုန်းများ တရိပ်ရိပ်တက်လာကြောင်း သိရှိရ သည်။ ယခင်လအတွင်း ဆန်ဈေးနှုန်းများမှာ ဧည့်မထတစ်ပြည် ကျပ် ၁၃၅၀၊ တစ်အိတ်လျှင် ကျပ် ၃၂၀ဝ၀၊ မနောသုခ တစ်ပြည် ကျပ် ၁၅၀ဝ၊ တစ်အိတ်လျှင် ကျပ် ၃၆၀ဝ၀၊  ရွှေရင်အေး (ဒေသဆန်) တစ်ပြည် ကျပ် ၂၀ဝ၀၊  တစ်အိတ်လျှင် ကျပ် ၄၈၀ဝ၀၊ ပေါ်ဆန်းမွှေး တစ်ပြည် ကျပ် ၂၈၀ဝ၊ တစ်အိတ်လျှင် ကျပ် ၆၆၀ဝ၀၊ ငစိန်ဆန် တစ်ပြည် ကျပ် ၁၂၀ဝ၊ တစ်အိတ်လျှင် ကျပ် ၂၈၈၀ဝ တို့ဖြစ်ပြီး သြဂုတ်လ ပထမပတ်အတွင်း ဆန် အမျိုးအစားအလိုက် ဆန်ဈေးနှုန်းများမှာ ဧည့်မထတစ်ပြည် ကျပ် ၁၅၀ဝ၊

Tuesday, 30 Aug 2022

ဧရာဝတီတိုင်း ဒေသကြီးအတွင်း  သြဂုတ်လ ပထမပတ်တွင် ရောင်းဝယ် လျက်ရှိသည့် စပါး၊ ဆန် ဈေးနှုန်းများ မှာ ပုသိမ်ဈေးကွက်တွင် ပေါ်ဆန်းစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၃၁၉၀ဝ၀၊ ဆန်တစ်အိတ် ကျပ် ၅၅၀ဝ၀၊ အလတ်စ ဧည့်မထမိုးစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၉၁၀ဝ၀ဝ၊  ဆန်တစ်အိတ် ကျပ် ၃၄၀ဝ၀ နှင့်   နွေစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၉၀၂၀ဝ၀၊ ဆန် တစ်အိတ် ကျပ်  ၃၃၀ဝ၀ ဈေးဖြင့် ရောင်းဝယ်လျက်ရှိပြီး   သြဂုတ်လဒုတိယပတ်တွင် ပေါ်ဆန်းစပါး တင်း ၁၀ဝ ကို  ကျပ် ၂၀ဝ၀ဝ ဝန်းကျင်နှင့် ဆန်တစ်အိတ်ကို  ကျပ် ၁၅၀ဝ ခန့် ဈေး နှုန်းမြင့်တက်လျက်ရှိကြောင်း  ဆန်စပါး ဈေးကွက်မှ သိရသည်။ဟင်္သာတခရိုင် ဟင်္သာတမြို့နှင့် ခရိုင်

Tuesday, 7 Dec 2021

           မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းတစ်ချို့သည် ယခုဒီဇင်ဘာပထမပတ်အတွင်း မအူပင်မြို့နယ်၊ ရေလဲလမ်းတစ်လျှောက်ရှိဆန်စက်များဖြစ်သော ဝင်းသိင်္ဂီ၊ စိန်သီဟ၊ နိုင်းဝမ်းတူး၊ ကျော်ပဒေသာနှင့် ထိန်ထိန် လင်းဆန်စက်များသို့ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့သည်။

Friday, 17 Sep 2021
,

       ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စက်တင်ဘာ(၉) ရက်နေ့ဒေသပေါ်ဆန်းစပါးမျိုးများ စားသုံးမှုအရည်အသွေးEatins Quality စိစစ်အကဲဖြတ်ရွေးချယ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် (၄)မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်/မြို့နယ်ဝန်ထမ်းများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်စပါးကုန်သည်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်တာဝန်ခံများတက်ရောက်ကြပါသည်။

Pages