Main menu

Background

Tuesday, 14 Mar 2023

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဖေ‌ဖော်ဝါရီလ ‌နောက်ဆုံးပတ်တွင် စပါး ဈေးနှုန်းမှာ တည်ငြိမ်နေ၍  ဆန်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်နေသည်။ ရွှေဘို ခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဖေဖော်ဝါရီလ တတိယပတ် တွင် ရန်ကုန်သို့ အိတ်ရေ ၄၀ဝ၀ဝ ၊ မန္တလေးသို့ အိတ်ရေ ၅၁၇၂၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀ဝ၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀ဝ၀ဝ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀ဝ၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၆၀ဝ၊ စုစုပေါင်းအိတ်ရေ ၁၂၄၃၂၀၊ တန်အားဖြင့် ၆၂၁၆တန် စီးထွက်ခဲ့သည်။

Tuesday, 14 Mar 2023

သထုံခရိုင်အတွင်းရှိ မြို့နယ်များ တွင် ဖေဖော်ဝါရီလ  နောက်ဆုံးပတ်တွင် စပါး၊  ဆန်ဈေးနှုန်းမှာ အနည်းငယ် အကျဘက်သို့   ဦးတည်ခဲ့သည်။  သထုံ ခရိုင်အတွင်းမှ  အခြားတိုင်းဒေသကြီး နှင့်  အခြားခရိုင်မြို့နယ်များသို့ ဆန်စီး ထွက်မှုနှုန်းမှာ  မော်လမြိုင်သို့  အိတ် ၃၂၀ဝ ခန့်၊  ကရင်ပြည်နယ်သို့ အိတ် ၃၁၀ဝ ခန့်  စုစုပေါင်း  အိတ် ၆၃၀ဝ ခန့် စီးထွက်ခဲ့ပြီး တန်ချိန်အားဖြင့် ၃၀၄ တန်ခန့် စီးထွက်ခဲ့သည်။ မတ်လပထမပတ်တွင် မော်လမြိုင်သို့  အိတ် ၃၁၀ဝ ခန့်၊ ကရင်ပြည်နယ်သို့   အိတ်  ၃၃၀ဝ ခန့်  စုစုပေါင်း  အိတ်  ၆၄၀ဝ ခန့်  စီးထွက်ခဲ့ ပြီး တန်ချိန်အားဖြင့် ၃၀၈  တန်ခန့်  စီး ထွက်ခဲ့၍  ယခင်တစ်ပတ်နှင့်  နှိုင်းယှ

Tuesday, 21 Feb 2023

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင်Thai Rice Exporter Association Website ၌ ဖော်ပြချက်အရ ပါကစ္စတန်  ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၇ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၂ ဒေါ်လာ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့ သည်ကို သိရှိရသည်။  ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၁၇ ဒေါ်လာ ဖြင့် လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၅၀၂ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်တစ်တန်လျှင် အမေရိ ကန်ဒေါ်လ

Friday, 20 Jan 2023

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံပြီး  ဆန်/စပါးအများဆုံး  စိုက်ပျိုးထုတ်လုပ်သော တိုင်းဒေသကြီးတစ်ခုဖြစ်သည်နှင့်အညီ နှစ်စဉ်မိုးစပါးစိုက် ဧက ၃၇ သိန်းကျော်နှင့် နွေစပါးစိုက်ဧက ၁၄ သိန်းကျော် စိုက်ပျိုးထုတ်လုပ်၍ ထွက်ရှိလာသော ဆန်/ဆန်ထွက် ပစ္စည်းများကို ဒေသတွင်း စားသုံးမှုနှင့်အတူ ပိုလျှံသည့်ဆန်များကို ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှု ရန်ကုန်မှတစ်ဆင့် ပြည်တွင်း၊ ပြည်ပဈေးကွက်နှင့်  အထက်အညာဒေသများအပြင်  ဆန်လိုသည့်  အခြားတိုင်းဒေသကြီးများသို့လည်း လစဉ် တင်ပို့ရောင်းချလျက်ရှိသည်။

Tuesday, 3 Jan 2023

စစ်ကိုင်းတိုင်းဒေသကြီး၏  ဆန်ပိုဒေသများဖြစ်သော ကလေးနှင့် ကသာခရိုင်တို့တွင် စပါး၊ ဆန်ဈေးနှုန်းများ ဈေး အေးနေပြီး ရွှေဘိုခရိုင်တွင် စပါး/ဆန်ဈေး အနည်းငယ်ကျနေ ကြောင်းနှင့် မုံရွာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင်  ဧရာမင်း စပါး/ဆန်ဈေး အနည်းငယ်တက်နေကြောင်း သိရသည်။

Tuesday, 3 Jan 2023

အစိုးရချင်း နားလည်မှုစာချွန်လွှာ ( G to G MoU) အရ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တန်ချိန်နှစ်သိန်း တင်ပို့ မှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် စတင်လုပ်ဆောင်ခဲ့သည်။ ဆန်တင်ပို့မှုကို ဆူးလေဆိပ်ကမ်း (SPW)၊ ဆူးလေ ဆိပ်ကမ်း (၁)(SPW -1)၊ ရွှေမဲဆိပ်ကမ်းနှင့် ပုသိမ်တို့မှ တင်ပို့နေခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၂ ရက်အထိ သင်္ဘောတင်ပြီးတန်ချိန်မှာ ၁၆၆၁၇၅ တန်ရှိပြီး တင်ရန်ကျန်ရှိ တန်ချိန်မှာ ၃၃၈၂၅ တန်ဖြစ်သည့် အတွက် ရာခိုင်နှုန်းအားဖြင့် ၁၇ ရာခိုင်နှုန်းသာတင်ပို့ရန် ကျန်ရှိတော့ကြောင်း သိရသည်။

Tuesday, 20 Dec 2022

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် လှေဆိပ်တာကောက်ရှိ ပြည့်ဖြိုးကြွယ်ဆန်စက်၊ စိုးမိသားစု၊ ၉၁၂ ဆန်စက်နှင့် ကျော်ပဒေသာ ဆန်စက်များမှ ဒီဇင်ဘာ ဒုတိယပတ်တွင် ဆန်/စပါး ကြိတ်ခွဲရောင်းချမှုအနေဖြင့် ဆင်းသုခစပါးတင်း ၁၀ဝ လျှင်  စက်အရောက် ဈေး ကျပ် ၁၂၃၀ဝ၀ဝ၊ ကရင်မစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၂၂၀ဝ၀ဝ၊ နှံကားစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၁၁၀ဝ၀ဝ ဖြင့်  အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း သိရှိရသည်။

ဆန်ဈေးအနေဖြင့်၊ ဆင်းသုခ ဆန်တစ်အိတ်လျှင် ကျပ် ၄၃၀ဝ၀ ရှိနေပြီး  မအူပင်ဈေးကွက်တွင် အရောင်းအဝယ်ပုံမှန်သာရှိနေကြောင်း သိရှိရသည်။

Tuesday, 20 Dec 2022

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ပေါက်မြို့နယ်တွင် ဒီဇင်ဘာလဆန်းမှစ၍ မိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။ ပေါက်မြို့နယ်တွင် နှစ်စဉ် မိုးစပါးကို အဓိကသီးနှံအဖြစ် စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်တွင် မိုးစပါးဧက ၁၂၀ဝ၀ ခန့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် နယ်မြေဒေသအခြေအနေအရ စိုက်ဧက ၅၀ဝ၀ ခန့်သာ စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။

Friday, 9 Dec 2022

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ မိုးစပါးများ  ရိတ်သိမ်းပြီးစီးပြီဖြစ်ရာ ဒီဇင်ဘာ ပထမပတ်တွင် ဒေသပေါက်ဈေး   ဧည့်မထစပါးတင်း ၁၀ဝ လျှင် ကျပ် ၁၂၅၀ဝ၀ဝ ဖြင့် အရောင်းအဝယ်သွက်လျက်ရှိသည်။
မအူပင်မြို့နယ်၏ ဆန်ဈေးကွက်အခြေအနေမှာ ပေါ်ဆန်းတောင်ပျံ တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ- ၆၃၀ဝ၀ ဈေး ရှိပြီး ဧည့်မထဆန်များဖြစ်သော  မနောသုခ၊ ဆင်းသုခနှင့်  နှံကားဆန်များမှာ မိုးစပါးဆန် တစ်အိတ်လျှင် ကျပ် ၄၈၈၈၈ နှင့် ကျပ် ၄၈၅၀ဝ ဈေးရှိနေကာ မအူပင်ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိသည်။

Pages