Background
Currency Exchange Rate SEPTENBER 16, 2011 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 0.97BDT Bangladesh Taka 75.05CAD Canada Dollars 0.98CNY China Yuan Renminbi 6.38EUR Euro 0.72HKD Hong Kong Dollars 7.79INR India Rupees 47.45IDR Indonesia Rupiahs 8775.00JPY Japan Yen 76.78MYR Malaysia Ringgits 3.09PKR Pakistan Rupees 87.73PHP Philippines Pesos 43.27RUB Russia Rubles 30.42SGD Singapore Dollars 1.24KRW South Korea Won 1101.01LKR Sri Lanka Rupe 110.02THB Thailand Baht 30.35GBP United Kingdom Pounds 0.63VND Vietnam Dong 20800.00Source : xe.com
ဂရိကြွေးမြီပြဿနာကြောင့ ် ဖေဖော်ဝါရီလ ၁၆ ရက်နောက်ပိုင်း ယူရိုငွေတန်ဖိုး အနိမ့်ဆုံးဖြစ်လာ စက်တင်ဘာ ၁၂ ရက်မှာ ကန်ဒေါ်လာ အညွှန်းကိန်းက တတိယ မြောက်နေ့အဖြစ် မြင့်မားလာပြီး ၆ လကျော်ကာလအတွင်း ကာလအရှည် ကြာဆုံးအဖြစ် တန်ဖိုးမြင့်မားခြင်းဖြစ် တယ်လု့ိ သိရတယ်။ ရင်းနှီးမြှုပ်နှံ သူတွေက လုံခြုံစိတ်ချရမှုအရှိဆုံး ပိုင်ဆိုင်မှုတွေကိုဝယ်ယူကြပြီးကန်ဒေါ်လာ တန်ဖိုးက ကုန်သွယ်ဖက်နိုင်ငံ ၆ နိုင်ငံရဲ့ ငွေကြေးတွေနဲ့ယှဉ်ရင် တန်ဖိုးမြင့်မား လာတယ်လို့ သိရတယ်။ ဂျပန်ယန်း ကလည်း ၎င်းင်းရဲ့လဲလှယ်ဖက် ငွေကြေး ၁၆ မျိုးနဲ့လဲလှယ်ရာမှာ တန်ဖိုးမြင့်လာ တယ်လို့ သိရတယ်။ ယူရိုငွေက ယန်း ငွေနဲ့ လဲလှယ်ရာမှာ တန်ဖိုးကျဆင်းသွား ရာ ၂၀၀၁ နောက်ပိုင်း အနိမ့်ဆုံးနှုန်း ဖြစ်လာ တယ်လို့ သိရတယ်။ ဂျာမနီဝန်ကြီးချုပ် Angela Markel က ဂရိကြွေးမြီကို ပေးဆပ်ပေး ခြင်းမရှိဘဲ ဆက်လက်ထားရှိဖို့ ပြင်ဆင် နေရာ ယူရိုငွေကို ဝယ်လိုအားနည်းလာ တယ်လို့ သိရတယ်။ စက်တင်ဘာလ ၁၂ ရက် နိုင်ငံတကာ ငွေလဲနှုန်းတွေ အရ ယူရိုငွေက ဂျပန်ယန်းနဲ့ လဲလှယ် ရာမှာ တစ်ယူရိုကို ၁ ဒသမ ၅ ရာခိုင် နှုန်းကျဆင်းကာ ၁၀၄ ဒသမ ၄၂ ယန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရတယ်။ (စက်တင်ဘာလ ၉ ရက် ဈေးနှုန်းမှာ တစ်ယူရိုကို ၁၀၅ ဒသမ ၉၉ ယန်းဖြစ်တယ်။) ယူရိုငွေက ကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာလည်း တစ် ယူရိုကို ၁ ဒသမ ၃၄၉၅ ဒေါ်လာအထိ ကျဆင်းသွားရာ ဖေဖော်ဝါရီလ ၁၆ ရက်နောက်ပိုင်း ယူရိုငွေတန်ဖိုး အနိမ့် ဆုံးဖြစ်လာတယ်လို့ သိရပါတယ်။ Source:Bloomberg.comပပ
တရုတ်နိုင်ငံ၏ ၂၀၁၁ ခုနှစ် ပထမနှစ်ဝက် ရွှေထုတ်လုပ်မှု မြင့်တက် ၂၀၁၁ ခုနှစ် ပထမနှစ်ဝက်၌ တရုတ်နိုင်ငံမှ ရွှေထုတ်လုပ်မှုသည် ယခင်နှစ် ကထက် ၃ ဒသမ ၂၅ ရာခိုင်နှုန်း သို့မဟုတ် တန်ချိန် ၅ ဒသမ ၁၈ တန်မြင့်တက်ခဲ့ပြီး စုစုပေါင်း ၁၆၄ ဒသမ ၄၂ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ဇွန်လတစ်လတည်း၌ ရွှေ ၃၂ ဒသမ ၃၉ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်မှစတင်၍ ကမ္ဘာပေါ်၌ ရွှေအများဆုံးထုတ်လုပ်ခဲ့သော တရုတ်နိုင်ငံသည် ၂၀၁၀ ပြည့်နှစ်တွင် စံချိန်တင် တန်ချိန် ၃၄၀ ဒသမ ၈၈ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း တရုတ်ရွှေထုတ်လုပ်သူများ အသင်းမှ ထုတ်ပြန်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းရွှေသုံးစွဲမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅၅ ဘီလီယံ သို့မဟုတ် ယွမ် ၁၁၉ ဒသမ ၅၄ ဘီလီယံရှိ၍ တစ်ကမ္ဘာလုံးစုစုပေါင်းပမာဏ၏ ၁၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ ဇာစ်မြစ်။ ။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ဟောင်ကောင်မြို့။
ရင်းနှီးမြှုပ်နှံသူအချို့က အခြားဈေးကွက်များတွင် ဆုံးရှုံးထားခဲ့မှုများအား ထေမိစေရန် ရွှေကို ပြန်လည်ရောင်းချ ဂရိကြွေးမြီပြဿနာအပေါ် စိုးရိမ်ပူပန်မှုက ကန်ဒေါ်လာတန်ဖိုးကို မြင့်မား စေခြင်းနဲ့ ရင်းနှီးမြှုပ်နှံသူအချို့က အခြားဈေးကွက်တွေမှာ ဆုံးရှုံးထားခဲ့မှုတွေကို ထေမိစေဖို့ ရွှေကိုပြန်လည်ရောင်းချကြခြင်းတို့ကြောင့် ရွှေဈေးနှုန်းတွေ ဒုတိယ မြောက်နေ့အဖြစ် ကျဆင်းသွားပါတယ်။ စက်တင်ဘာ ၁၂ ရက် စင်ကာပူစံတော်ချိန် နံနက် ၁၀း၅၄ နာရီက ချက်ချင်းအရောက်ပို့ ရွှေက တစ်အောင်စကို ၁၈၄၂ ဒသမ ၂၅ ဒေါ်လာအထိ သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားပြီး နောက်ပိုင်း ၁၈၅၂ ဒသမ ၈၅ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရတယ်။ နယူးယောက်မှာ ဒီဇင်ဘာလအရောက်ပို့ရွှေက တစ်အောင်စကို သုည ဒသမ ၈ ရာခိုင်နှုန်းကျဆင်းကာ ၁၈၄၄ ဒသမ ၆၀ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ၁၈၅၅ ဒသမ ၅၀ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရတယ်။ Source:Bloomberg.com,ပပ
ယခုအပတ် တာချီလိတ်မှ ဓာတ်ငွေ့ရည် အသွင်းရှိ စက်တင်ဘာ ၇ ရက်မှ ၁၃ရက် ထိကာလအတွင်း တာချီလိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၆၀ သန်း တန်ဖိုးရှိ ဓာတ်ငွေ့ရည် ၁၂၀၂၀ ကီလို ဂရမ်တင်သွင်းခဲ့ပါတယ်။ ကန်ဒေါ်လာ သုည ဒသမ ၁၆၀ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၄၁၂၁၂ ဂါလန် အသွင်းရှိခဲ့ပြီး ယခု အပတ် နယ်စပ်မှ ဓာတ်ဆီအသွင်းမရှိခဲ့ ဘူးလို့သိရပါတယ်။ နယ်စပ်မှ ဒီဇယ်ဆီ တင်သွင်းမှု ဂါလန် ၁၃၇၁၆၃ လျော့ နည်းခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း လက်လီအရောင်းဈေး ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- စက်တင်ဘာလ ၂၀၁၁ ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်)ရက် နေပြည်တော် ရန်ကုန် မန္တလေး နေပြည်တော် ရန်ကုန် မန္တလေး၁၂ ၄၀၀၀ ၃၉၀၀ ၄၀၀၀ ၃၂၀၀ ၃၁၀၀ ၃၂၀၀၁၃ ၄၀၀၀ ၃၉၀၀ ၄၀၀၀ ၃၂၀၀ ၃၁၀၀ ၃၂၀၀၁၄ ၄၀၀၀ ၃၉၀၀ ၄၀၀၀ ၃၂၀၀ ၃၁၀၀ ၃၂၀၀၁၅ ၄၀၀၀ ၃၉၀၀ ၄၀၀၀ ၃၂၀၀ ၃၁၀၀ ၃၂၀၀၁၆ ၄၀၀၀ ၃၉၀၀ ၄၀၀၀ ၃၂၀၀ ၃၁၀၀ ၃၂၀၀ ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်- စက်တင်ဘာလ ၂၀၁၁ရက် အောက်တိန်း ဓာတ်ဆီ ဒီဇယ် အဆင့်မြင့်ဒီဇယ်၁၂ ၃၇၀၀ ၂၅၀၀ ၃၄၀၀ ၃၅၀၀၁၃ ၃၇၀၀ ၂၅၀၀ ၃၄၀၀ ၃၅၀၀၁၄ ၃၇၀၀ ၂၅၀၀ ၃၄၀၀ ၃၅၀၀၁၅ ၃၆၀၀ ၂၅၀၀ ၃၄၀၀ ၃၅၀၀၁၆ ၃၆၀၀ ၂၅၀၀ ၃၄၀၀ ၃၅၀၀MIRT-DOT
နို့ဆီ/ နို့စိမ်း တန်ချိန် ခြောက်ရာကျော် တင်သွင်း သြဂုတ် ၂၁ ရက်မှ ၂၇ ရက်တာ ကာလအတွင်း နို့ဆီ ၄၆၆ ဒသမ ၉၄ တန်နဲ့ နို့စိမ်း ၂ဝ၉ ဒသမ ၈၄ တန် စုစုပေါင်း ၆၇၆ ဒသမ ၇၈ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ခုနစ်သိန်းကျော် ဖိုးကို မှာယူတင်သွင်းခဲ့ပါတယ်။ သြဂုတ် လအတွင်း ဒီတစ်ပတ်မှသာ နို့စိမ်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ နို့ဆီက ယခင်သီတင်းပတ် တန်ချိန်သုံးရာကျော် သာ တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ် မှာ တန်ချိန် တစ်ရာ့လေးဆယ်ကျော် လောက် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ နို့မှုန့်က ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှားနဲ့ သြစတြေးလျ စတဲ့နိုင်ငံတွေမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တော့ နို့မှုန့် ၂၃ ဒသမ ၅ဝ တန်သာ တင်သွင်းခဲ့တာကြောင့် ယခင်သီတင်း ပတ်ထက် အဝင်တန်ချိန် တစ်ဝက် လောက် လျော့နည်းပြီး တင်သွင်းခဲ့ပါ တယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်း အသွင်းပို သြဂုတ်လ နောက်ဆုံးပတ်မှာ ကန် ဒေါ်လာ ၅၃၈၂ဝ တန်ဖိုးရှိ နိုမှုန့် တန် ၆ဝ အသွင်းရှိခဲ့ပြီး၊ သြဂုတ်လ တစ်လ လုံး နို့မှုန် ၆၈ တန်သာ နယ်စပ်မှ အသွင်းရှိခဲ့ပါတယ်။ ကော့သောင်းနယ် စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ ၄၂၆ဝဝ တန်ဖိုးရှိ နို့ဆီ ၄၅ ဒသမ ၅ တန်(၂၄ဝဝ သေတ္တာ) အသွင်းရှိခဲ့ပြီး ယခင်အပတ်ကထက် ၃၂ တန်ကျော် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ယခုအပတ်မှာ နို့စိမ်း ၂၆၁ ဒသမ ၆၅ တန်(၁၃၈ဝဝ သေတ္တာ)၊ ကန်ဒေါ်လာ ဝ ဒသမ ၂၄၉ သန်းဖိုး အသွင်းရှိခဲ့ပြီး ယခင်အပတ်ကထက် ၁၂၃ တန် တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ သြဂုတ်လမှာ နို့စိမ်း တန် ၅ဝဝ ကျော်နဲ့ နို့ဆီ ၁၅၅ တန်ကျော် နယ်စပ်မှ တင်သွင်းထားပြီး ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇ဝဝ ၈ဝဝဒွန်း( နို့စိမ်း) ၆၅ဝ ၇ဝဝFalcon နို့ဆီ ၅၅ဝ -Falcon နို့စိမ်း ၅ဝဝ -ဝမ်းတီးနို့ဆီ ၇ဝဝ ၇၁၅အိုကေ( နို့ဆီ) ၆၅ဝ ၇ဝ၅အိုကေ( နို့စိမ်း) ၆ဝဝ ၇ဝ၅ဟက်ပီးကောင်း( နို့ဆီ) ၆ဝဝ -MIRT (DOT)
တန် ၂ဝဝဝဝ ကျော်သာ အဝင်ရှိ သြဂုတ် ၂၁ ရက်မှ ၂၇ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၂၂၉၄၇ ဒသမ ၅၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၉ သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ စင်ကာပူနိုင်ငံမှ ဆင်တံဆိပ်နှင့် အခြားတံဆိပ်ဘိလပ်မြေတန်ချိန် ၇၈၆၆ ဒသမ ၁၈ တန်နဲ့ ထိုင်းနိုင်ငံ မှ စိန်တံဆိပ်၊ ဆင်တံဆိပ်အပြင် အခြားတံဆိပ် ဘိလပ်မြေများ တန်ချိန် ၁၅ဝ၈၁ ဒသမ ၃၅ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခြောက် သောင်း နီးပါးတင်သွင်းနိုင်ခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ ဘိလပ်မြေအဝင် တော်တော် လေး လျော့နည်းခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေအသွင်းလျော့ သြဂုတ်လနောက်ဆုံးပတ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၁၂၄ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၉၇၇ တန် အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၂၈ဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ကန်ပိုက်တီးမှ ၄၅ တန်၊ တာချီလိတ်မှ ၉၆ တန်၊ မြိတ်မှ တန် ၂ဝဝ လျော့နည်းတင် သွင်းခဲ့တဲ့အတွက်ဖြစ်ပါတယ်။ နယ်စပ်အလိုက် ယခုအပတ် ဘိလပ်မြေ တင်သွင်းမှု တွေကတော့ ကန်ပိုက်တီးမှ တန် ၂ဝဝ၊ တာချီလိတ်မှ ၆၆၇ တန်၊ မြိတ်မှ တန် ၅ဝ နဲ့ မောင်တောမှ တန် ၆ဝ အသွင်းရှိခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ နယ်စပ်မှ ဘိလပ်မြေ တန် ၄၈၂ဝ တင်သွင်းထားပြီးဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၇ဝဝ ၄၇ဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၆၇၅ ၄၆၇၅ ဘိလပ်မြေ (မောင်းတိန်း) ၄၆ဝဝ ၄၆ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆ဝဝဝ ၆ဝဝဝ ဘိလပ်မြေ (AAA) ၅၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅ဝဝဝ ၅ဝဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၃ဝဝ ၄၃ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၁ဝဝ ၅၁ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၆ဝဝ ၄၆ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆ဝဝဝ ၆ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၈ဝဝ ၅ဝဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၅၇ဝဝ ၅၇ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆ဝဝဝ ၆ဝဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၄ဝဝ ၅၄ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၉ဝဝ ၅၉ဝဝ ဘိလပ်မြေ(နဂါး) ၅၃ဝဝ ၅၃ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၄ဝဝ ၅၂၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၇၅ဝ ၃၆၅ဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၂၅ဝ ၅၁ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆ဝဝဝ ၅၉ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၅ဝဝ ၄၅ဝဝ MIRT (MAPT)
ဗီယက်နမ်က သြဂဲနစ်မြေသြဇာဝင် ဒီသီတင်းပတ်ဖြစ်တဲ့ သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက် တာကာလအတွင်း ဓာတ်မြေသြဇာ တန်ချိန် ၂၃၄၂ ဒသမ ၅ဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေက ဗီယက်နမ်နိုင်ငံမှ ယူရီးယားဓာတ်မြေသြဇာ တန်ချိန် ၃ဝဝ၊ သြဂဲနစ်က တန်ချိန် ၅၉၄ ဒသမ ၅၊ ချီလီနိုင်ငံမှ ကွန်ပေါင်းဓာတ် မြေသြဇာ တန်ချိန် ၁၈ဝ ၊ ထိုင်းနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာတန် ချိန် ၉၆ဝနဲ့ အခြားတံဆိပ်ဓာတ်မြေသြဇာ တန်ချိန် ၃ဝ၈ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓါတ်မြေသြဇာ တင်သွင်းမှုမှာ တန်ချိန် တစ်ထောင့်ရှစ်ရာ ကျော်သာရှိခဲ့တာကြောင့် ဒီသီတင်းပတ် ဓာတ်မြေသြဇာအဝင်နဲ့ယှဉ်ရင် တန်ချိန် ငါးရာကျော် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ ဇူလိုင်လအတွင်း ပျမ်းမျှတစ်ပတ်ကို ဓာတ်မြေသြဇာအဝင်မှာ တန်ချိန် တစ် ထောင်ကျော်သာရှိခဲ့ပြီး သြဂုတ်လမှာတော့ ပျမ်းမျှတစ်ပတ်ကို ဓာတ်မြေသြဇာ အဝင်တန်ချိန်မှာ နှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီသြဂုတ်လမှာ ဓာတ်မြေသြဇာ အဝင် အားကောင်းတယ်လို့ ဆိုရပါမယ်။ MIRT (DOT) မူဆယ်က တန် ၂ဝဝဝဝ နီးပါးဝင် သြဂုတ်လနောက်ဆုံးပတ်မှာ နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ဝ၆၇ သန်း တန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၁၉ဝ၅ဝ တန်အသွင်းရှိခဲ့ရာ ယခင်အပတ် ကထက် ၁၃၂၈ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းနိုင် မှုတွေကတော့ မူဆယ်မှ ၁၉ဝဝ၃ တန်၊ မောင်တောမှ ၁ တန်နဲ့ ရိဒ်မှ ၄၆ တန် ဖြစ်ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ ၂၂၂၆ တန်၊ မောင်တောမှ တန်ဝက်၊ ရိဒ်မှ ၂၈ တန် အသီးသီးလျော့နည်းတင်သွင်းခဲ့ပြီး ကော့သောင်းမှ ယခုအပတ်တင် သွင်းမှု မရှိခဲ့ပါဘူး။ သြဂုတ်လအတွင်းမှာ နယ်စပ်စခန်းများမှ ၈၂၉၉၂ တန် တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာ တွေကတော့ ယူရီးယား၊ ကွန်ပေါင်း ၊ နိုက်တြစ်ဖော့စဖိတ်၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ တီစူပါဖော့စဖိတ်တို့ ဖြစ်ကြပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ပိုတက် (ထိုင်း) ၃၂၅ဝဝ ၃၂၅ဝဝ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၂၅ဝဝ ၂၂၅ဝဝ တီဆူပါ (သံကွင်း-တရုတ်) ၂၆၅ဝဝ ၂၅၃ဝဝ ပိုတက် (တရုတ်) ၂၄ဝဝဝ ၂၃၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၁၉၂ဝဝ ၁၈၅၃ဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၄၄ဝဝ ၂၄၁၃ဝ ယူရီးယား(ပန်းဖူး-တရုတ်) ၂ဝ၈ဝဝ ၁၉၈၃ဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ၂၁၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂ဝဝဝ ၂၁ဝဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၁၉ဝဝဝ ၁၉ဝဝဝ ကုလားအုတ် (တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂ဝ၅ဝဝ ၁၉ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂ဝ၅ဝဝ ၁၉ဝဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ ၁ဝ၅ဝဝ တီစူပါ-(တရုတ်) 16% ၁၁ဝဝဝ ၁၁ဝဝဝ တီစူပါ 15:15:15 (တရုတ်) ၃၇ဝဝဝ ၃၆ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၅ဝဝဝ ၁၅ဝဝဝ ပိုတက် (တရုတ်) ၂ဝဝဝဝ ၂ဝ၅ဝဝ ဓာတ်ဆား (တရုတ်) ၁၇ဝဝဝ ၁၇ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄ဝဝဝ ၂၁ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄ဝဝဝ ၂၁ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄ဝဝဝ ၂၁ဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၆၇ဝဝ ၃၂၇ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၂ဝဝဝ ၂၈၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၁ဝဝဝ ၂၈ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၃ဝ၅ဝဝ ၂၆ဝဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၄ဝဝဝ ၁၃၅ဝဝ MIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz29-August 41.07 2254.56 2361.41 8890.78 1833.0030-August 40.59 2523.81 2375.74 9229.02 1822.0031-August 41.62 2271.81 2452.80 9355.58 1851.001-September 41.30 2264.86 2451.23 9333.18 1850.002-September 41.72 2229.92 2425.92 9257.70 1850.00Source:kitco.com