Background
ဒီသီတင်းပတ် နို့ဆီအဝင်လျော့ခဲ့ သြဂုတ် ၇ ရက်မှ ၁၃ ရက်တာကာ လအတွင်း နို့ဆီ ၁၈၇ ဒသမ ၂၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နို့ဆီက စင်ကာပူ နိုင်ငံမှ DAWN တံဆိပ် နို့ဆီဖြစ်ပါတယ်။ နို့စိမ်းက ဒီသီတင်းပတ်မှာလည်း အဝင်မရှိခဲ့ပါဘူး။ နို့ဆီက ယခင်သီ တင်းပတ်တန်ချိန် နှစ်ရာ့လေးဆယ် ကျော်တင်သွင်းခဲ့ပေမဲ့ ဒီတစ်ပတ်အဝင် နဲ့ယှဉ်ရင် တန်ချိန် ငါးဆယ်ကျော် လောက် လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်က နယူးဇီလန်နိုင်ငံမှ ၅၄ ဒသမ ၂၃ တန်နဲ့ သြစတြေးလျနိုင်ငံမှ ၃၂ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့မှုန့်အဝင်က တန်ချိန် နှစ်ရာကျော်ရှိခဲ့ပေမဲ့ ဒီတစ် ပတ်မှာတော့ ရှစ်ဆယ့်ခြောက်တန် ကျော်သာ တင်သွင်းနိုင်ခဲ့တာ တွေ့ရပါ တယ်။ MIRT (DOT) နယ်စပ်မှ နို့ထွက်ပစ္စည်း တင်သွင်းမှုလျော့ သြဂုတ် ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလအတွင်းမှာ ကော့သောင်းနယ် စပ်မှ ကန်ဒေါ်လာ ၁၂၉ဝဝ တန်ဖိုးရှိ နို့ဆီ ၁၁ တန် ကျော် (၆ဝဝ သေတ္တာ) နဲ့ ကန်ဒေါ်လာ ၂၄၁၂၄တန်ဖိုးရှိ နို့စိမ်း ၂၅ တန်ခန့် (၁၃ဝ၄သေတ္တာ) အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်ကနဲ့ နှိုင်းယှဉ်လျင် နို့ဆီ ၈ တန်ကျော်နဲ့ နို့စိမ်း ၅၅ တန်ခန့် လျော့နည်းတင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်မှလည်း နို့မှုန့်တင်သွင်း ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ နို့ဆီ၊ နို့မှုန့်၊ နို့စိမ်း စတဲ့ နို့ထွက်ပစ္စည်း တင်သွင်းမှု လျော့နည်းလျက်ရှိကြောင်း အသိပေးလိုက်ရပါ တယ်။MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၅ဝ ၈ဝဝဒွန်း( နို့စိမ်း) ၆၅ဝ ၇ဝဝFalcon နို့ဆီ ၆ဝဝ -Falcon နို့စိမ်း ၅၁ဝ - ဝမ်းတီးနို့ဆီ ၆၅ဝ ၇ဝဝအိုကေ( နို့ဆီ) ၇ဝဝ ၇ဝ၅အိုကေ( နို့စိမ်း) ၆၆ဝ ၇ဝ၅MIRT (DOT)
ပင်လယ်ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့ သြဂုတ် ၇ ရက်မှ ၁၃ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၄၁၂၉၂ ဒသမ ၂၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးဆယ့်ငါးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေမှာ စင်ကာပူနိုင်ငံမှ ဘိလပ်မြေ ၁၄ဝဝဝ တန်၊ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်နဲ့ စိန်တံဆိပ် ဘိလပ်မြေတန်ချိန် ၁၉၈၆၈ ဒသမ ၄၉ တန်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ဘိလပ်မြေ တန်ချိန် ၇၄၂၃ ဒသမ ၈ဝ တန်အသီးသီးမှာယူတင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်း ပတ်တန်ချိန် နှစ်သောင်းခြောက်ထောင်ကျော်သာ တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာတော့ ယခင်သီတင်းပတ်အဝင်တန်ချိန်ထက် တန်ချိန် တစ်သောင်းငါး ထောင်နီးပါးပိုမိုတင်သွင်းခဲ့ပါတယ်။ ဒါကြောင့် ဒီသီတင်းပတ်မှာ ဘိလပ်မြေအဝင် ပိုခဲ့ပါတယ်။ မိုးရာသီကာလဖြစ်ပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ ပုံမှန်လုပ်ငန်း လည်ပတ်လျက်ရှိတာကြောင့် ဘိလပ်မြေလည်း ဝင်အားကောင်းကောင်းနဲ့ ဝင်လာဆဲဖြစ်ပါတယ်။MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ တန် ၅၆ဝ ကျော် ယခင်အပတ်ကထက်ပိုသွင်း သြဂုတ် ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ကန် ဒေါ်လာ ဝ ဒသမ ၁၃၆ သန်းတန်ဖိုးရှိတဲ့ ဘိလပ်မြေ ၁၅၇၅ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၅၆၄ တန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၈၂၄ တန်၊ မြိတ်မှ တန် ၅၅ဝ နဲ့ ကန်ပိုက်တီးစခန်းမှ တန် ၂ဝဝအသီးသီးဖြစ်ပါတယ်။ တာချီလိတ်နဲ့ မြိတ် စခန်းတို့က ယခင်အပတ်ကထက် တင်သွင်းမှုပိုမိုခဲ့ပြီး ကန်ပိုက်တီးစခန်းမှ တင်သွင်း မှု လျော့နည်းခဲ့ပါတယ်။MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၈၅ဝ ၄၇ဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၇၅ဝ ၄၆၇၅ ဘိလပ်မြေ (မောင်းတိန်း) ၄၇ဝဝ ၄၆ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၂ဝဝ ၆ဝဝဝ ဘိလပ်မြေ (AAA) ၅၅ဝဝ ၅၄၅ဝ ဘိလပ်မြေ(မြန်မာဆင်) ၅ဝဝဝ ၄၈၅ဝ ဘိလပ်မြေ(ဆင်မင်း) ၄၇ဝဝ ၄၃ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၈ဝဝ ၄၆ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၂ဝဝ ၆၂ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၂ဝဝ ၆၂ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၄ဝဝ ၅၄ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၉ဝဝ ၅၉ဝဝ ဘိလပ်မြေ(နဂါး) - ၅၃ဝဝ -မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၂ဝဝ ၅၄ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၇၅ဝ ၃၇၅ဝ ဘိလပ်မြေ(စိန်)ထိုင်း ၅ဝ၅ဝ ၅၂၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၂ဝဝ ၆၄ဝဝ ဘိလပ်မြေ(AAA) ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ MIRT (MAPT)
နိုင်ငံစုံမှ ဓာတ်မြေသြဇာဝင် သြဂုတ် ၇ ရက်မှ ၁၃ရက်တာကာလအတွင်း ဓာတ်မြေသြဇာ ၂၆၁၄ ဒသမ ၅ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှ ဖော့စဖိတ်၊ ကွန်ပေါင်းနဲ့ အခြား ဓာတ်မြေသြဇာတန်ချိန် ၉၉ဝ ၊ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ် ၃၄၈ ဒသမ ၅ တန်၊ မလေးရှားနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၆၈ဝ တန်၊ ထိုင်းနိုင်ငံမှ ၉၆ တန်နဲ့ ရုရှားနိုင်ငံမှ အာမိုမြေသြဇာတန်ချိန် ၅ဝဝ အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ် တန်ချိန်တစ်ထောင့်ခုနစ်ရာကျော်တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာက ဒီတစ်ပတ် မှာ ယခင်သီတင်းပတ်ထက် တန်ချိန် ရှစ်ရာကျော်ပိုမိုတင် သွင်းနိုင်ခဲ့ပါတယ်။ စိုက်ပျိုး ရာသီချိန်မှလိုအပ်တဲ့ ဓာတ်မြေသြဇာတွေကို ပင်လယ်ရေကြောင်းမှတစ်ဆင့် မှာယူ တင်သွင်းခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၂ဝ၄ဝဝ ကျော် အသွင်းရှိ သြဂုတ် ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၁၇၃ သန်းတန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၂ဝ၄၅၃ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၆၆၉ တန်ခန့် လျော့နည်း တင်သွင်းခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၉၈ဝ၄ တန်၊ ကန်ပိုက်တီးမှ ၁၁၅ တန်၊ ရိဒ်မှ ၃၃ တန်ကျော်နဲ့ ကော့သောင်းမှ တန် ၅ဝဝ အသီးသီးဖြစ်ပါတယ်။ ကော့သောင်းနဲ့ ကန်ပိုက်တီးနယ်စပ်မှ ယခင် အပတ်ကထက် ပိုမိုတင်သွင်းခဲ့သော်လည်း မူဆယ်နဲ့ ရိဒ်မှ တင်သွင်းမှုလျော့နည်း ပြီး မောင်တောနယ်စပ်မှ ယခုအပတ် တင်သွင်းမှုမရှိဘူးလို့ သိရပါတယ်။ မူဆယ် နယ်စပ်မှ ယခုအပတ်အများဆုံးတင်သွင်းကြတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီး ယား၊ ကွန်ပေါင်း (၁ဝး၁ဝး၅)၊ ကွန်ပေါင်း (၁၅း၅း၅)၊ Single Super Phosphate နဲ့ နိုက်တြစ်ဖော့စဖိတ်တို့ဖြစ်ပြီး ကန်ပိုက်တီးမှ ကွန်ပေါင်း ၁၅ ပတ်လည်နဲ့ Single Super Phosphate ၊ ရိဒ်မှ ပိုတက်ရှ်နဲ့ ကော့သောင်းမှ အမိုးနီးယားတို့ ဖြစ်ကြပါတယ်။ MIRT (DOBT)ဈေးကွက်က ဈေးနှုန်းဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ပိုတက် (ထိုင်း) ၃၃၅ဝဝ ၃၂၅ဝဝ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ တီဆူပါ (သံကွင်း-တရုတ်) ၃၁၅ဝဝ ၂၉ဝဝဝ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၇ဝဝ ၁၉၂ဝဝ အာမို (ဒိုင်းမွန်းစတား) ၃၈ဝဝဝ ၃၇ဝဝဝ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) ၂၅ဝဝဝ ၁၅ဝဝဝ တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၅ဝဝ ၂၁၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂ဝဝဝ ၂၂ဝဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၁၉ဝဝဝ ၁၉ဝဝဝ ကုလားအုတ် (တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၂ဝဝဝ ၂ဝ၅ဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၂ဝဝဝ ၂ဝ၅ဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၁၁ဝဝဝ ၁၁ဝဝဝ တီစူပါ 15:15:15 (တရုတ်) ၃၇၅ဝဝ ၃၇ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၄၅ဝဝ ၁၅ဝဝဝ ပိုတက် (တရုတ်) ၂ဝဝဝဝ ၂ဝဝဝဝ ဓာတ်ဆား (တရုတ်) ၁၇၈ဝဝ ၁၇ဝဝဝ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၆ဝဝဝ ၃၆ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၁၅ဝဝ ၃၁၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃ဝ၅ဝဝ ၃ဝ၅ဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၃ဝ၅ဝဝ ၃ဝ၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၉၅ဝဝ ၂၉၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၄ဝဝဝ ၁၄ဝဝဝ MIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz15-August 39.19 2194.08 2384.93 9022.50 1791.0016-August 39.41 2170.78 2358.72 8938.72 1813.0017-August 39.90 2197.22 2355.36 8962.91 1828.0018-August 40.14 2216.70 2367.46 8988.00 1837.0019-August 41.15 2179.74 2351.10 8873.31 1856.00Source:kitco.com
Energy NYMEX 19-8-2011 Price Change Change %Brent Crude Futr (USD/bbl) 105.70 -1.29 -1.21Gas Oil Fut (ICE) (USD/MT) 896.50 -11.75 -1.29Gasoline Rbob Fut (Cent/gal) 284.85 -2.63 -0.91Heating Oil Futr (Cent/gal) 3.93 0.04 1.05Natural Gas Futr (USD/MMBtu) 276.27 -2.05 -0.74WTI Crude Future (USD/bbl.) 80.56 -1.82 -2.21
နယ်စပ်ငွေလဲလှယ်နှုန်း သြဂုတ် ၂ဝ၁၁(1US$) ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)15 6 .39 29.87 74.80 44.2416 6.39 29.85 74.80 45.2717 6 .39 29.85 74.68 45.3118 6 .39 29.90 74.70 45.6419 6.40 29.89 74.70 45.75
World Gold Price August 2011 (USD/OZ)Date NY London Zurich15 1736 1700 170216 1767 1749 174917 1783 1743 175718 1786 1778 177819 1842 1845 1844Domestic Gold Price Kyats(Thousand)Date Yangon Mandalay15-8-2011 688.50 689.2016-8-2011 691.00 691.6017-8-2011 693.50 693.5018-8-2011 694.00 693.9019-8-2011 704.50 705.00
Currency Exchange Rate August 19, 2011 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 0.97BDT Bangladesh Taka 74.70CAD Canada Dollars 0.99CNY China Yuan Renminbi 6.40EUR Euro 0.70HKD Hong Kong Dollars 7.80INR India Rupees 45.75IDR Indonesia Rupiahs 8545.00JPY Japan Yen 76.50MYR Malaysia Ringgits 2.99PKR Pakistan Rupees 86.82PHP Philippines Pesos 42.60RUB Russia Rubles 29.13SGD Singapore Dollars 1.21KRW South Korea Won 1082.52LKR Sri Lanka Rupe 109.92THB Thailand Baht 29.89GBP United Kingdom Pounds 0.61VND Vietnam Dong 20790.00Source : xe.com
စိတ်လှုပ်ရှားဖွယ်ဖြစ်လာသော ကမ္ဘာ့ရေနံစိမ်းဈေးကွက် သုံးပတ်ကြာကျဆင်းခဲ့တဲ့ ရေနံစိမ်းဈေးနှုန်းတွေ သြဂုတ်လ ၁ဝ ရက်မှစပြီး ပြန်လည်အားကောင်းလာခဲ့ရာ သြဂုတ် ၁၅ ရက် ဈေးနှုန်းအတက်အကျ ရောထွေးနေတယ်။ ယခုအပတ် ထုတ်ဝေမဲ့ အစီရင်ခံစာတွေမှာ ကမ္ဘာ့ရေနံစိမ်း သုံး စွဲမှုအများဆုံး အမေရိကန်ရဲ့ အိမ်ရာလုပ်ငန်းတွေ ဇူလိုင်လမှာလည်း ဆက်လက် အားနည်းနေခြင်းနဲ့ လွန်ခဲ့တဲ့ သုံး လပတ်က ဥရောပဒေသ တိုးတက်မှု လျော့လာခြင်းကို ဖော်ပြမယ်လို့ ခန့်မှန်း ကြတယ်။၎င်းအပြင် ဧပြီလမှ ဇွန်လ အတွင်း ဂျပန်စီးပွားရေး ၁ ဒသမ ၃ ရာခိုင်နှုန်း ကံျု့သွားခြင်း (မျှော်မှန်း ထားတဲ့ရာခိုင်နှုန်းမှာ ၂ ဒသမ ၅ ရာခိုင်နှုန်း) ကလည်း ရေနံဈေးကွက်အတွက် ဖိအားတစ်ရပ်ဖြစ်လာတယ်လို့ ဆိုကြတယ်။ နယူးယောက် ကုန်စည်ရောင်း ဝယ်ရေးမှာ သြဂုတ် ၁၅ ရက် ရေနံစိမ်း ဈေးကွက်ရှိ ဈေးနှုန်းတွေအရ စက်တင်ဘာလ အရောက်ပို့ရေနံစိမ်းမှာ တစ်စည်ကို ၈၅ ဒသမ ၃၂ ဒေါ်လာနဲ့ ဈေး နှုန်းပြောင်းလဲမှုမရှိတည်ငြိမ်နေကြောင်း သိရတယ်။ လန်ဒန်အခြေစိုက် ICE Futures Europe Exchange မှာ စက်တင်ဘာလ အရောက်ပို့ ဘရန့် အမျိုးအစား ရေနံစိမ်းက တစ်စည်ကို ၄၁ ဆင့်မြင့်မားကာ ၁ဝ၈ ဒသမ ၄၄ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရတယ်။ ဆစ်ဒနီရှိ Commodity Broking Services Pty မှ ဦးဆောင်ညွှန်ကြားရေးမှူး ဂျွန်နသန် ဘားရက်ကမူ ''ဈေးကွက်က စိတ်လှုပ်ရှားဖွယ်ကောင်းကြောင်း၊ မိမိအနေနဲ့ ၂ဝ၁၁ ခုနှစ်အတွက် ရေနံစိမ်းတစ်စည် ရဲ့ ပျမ်းမျှဈေးနှုန်းကို ဒေါ်လာ ၁ဝဝ အဖြစ် ခန့်မှန်းထားဆဲဖြစ်ကြောင်း'' ပြောကြားခဲ့တယ်။ Source:Bloomberg.com, ပပ
တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် ကြေးနီဈေးနှုန်းမြင့်တက် လန်ဒန်သတ္တု ကြိုပွိုင့်ရောင်းဝယ်ရေး London Metal Exchange(LME) မှာ တရုတ်နိုင်ငံရဲ့ ကြေးနီဝယ်လိုအားဆက်လက်ကောင်းမွန်မှုကြောင့် ဈေးနှုန်းမြင့် မားသွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ရှန်ဟိုင်းကြိုပွိုင့်ရောင်းဝယ်ရေးမှာ နိုဝင်ဘာလ သင်္ဘောတင်မဲ့ ကြေးနီဈေးနှုန်းက သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ကာ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၄၅၅ ကိုရောက်ရှိသွားကြောင်း သြဂုတ် ၁၇ ရက် သတင်းအရ သိရှိရပါတယ်။ LME အပါအဝင် ကမ္ဘာကြေးနီသိုလှောင်ရုံတွေမှာ သိုလှောင်ထားမှုက ၃ ပတ်ဆက်တိုင် ကျဆင်းသွားခဲ့ပြီး သြဂုတ် ၁၂ ရက်မှာ တန်ချိန် ၄၆၁၇၇၅ သာရှိကြောင်း သိရှိရပါတယ်။ ဒါ့အပြင် သြဂုတ် ၁၆ ရက်က အာရှမှာ သိုလှောင်ထားမှုက တန်ချိန် ၁၇၃၅၇၅ ကိုလျော့ကျသွားရာ ဧပြီလနောက် ပိုင်းအနည်းဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။ သြဂုတ်လအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ Credit Rating ကို တစ်ဆင့်လျှော့ချသတ်မှတ်လိုက်ခြင်း၊ ဥရောပြွေကးမြီ အကျပ်အတည်း ပြဿနာ အပေါ် စိုးရိမ်ပိုလာခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန် လာမှုကို ထိခိုက်မည်ဟု စိုးရိမ်လာကြတယ်။ ဒါကြောင့် သြဂုတ် ၉ ရက်မှာ ကြေးနီဈေးနှုန်းက ၈ လအတွင်း အနိမ့်ဆုံးရောက်ရှိကာ တစ်တန်ကို ကန်ဒေါ်လာ ၈၄၄၆ ဒသမ ၂၅ ကိုကျဆင်းသွားခဲ့ရပါတယ်။ ဒီလို ကြေးနီဈေးနှုန်း ပြန်လည်ကောင်းမွန်လာခဲ့ခြင်းမှာ တရုတ်နိုင်ငံရဲ့ ဝယ် ယူမှုကြောင့်သာဖြစ်ကြောင်း Barclays Capital အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Source:Bloomberg.com, အေးမွန်မွန်လှိုင်