Background
နယ်စပ်မှ ဒီဇယ်အသွင်းပို၊ ဓာတ်ဆီအသွင်းလျော့ ယခုအပတ် နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၃၈၈ သန်းတန်ဖိုး ရှိတဲ့ ဒီဇယ်ဆီ ၁ဝ၅၄ ၅၅ ဂါလန်ကို ကန်ပိုက်တီးမှ ၂ဝ၇၃၇ ဂါလန်နဲ့ တာချီလိတ် နယ်စပ်မှ ၈၄၇၁၈ ဂါလန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ၇၅၂၄၅ ဂါလန် ပိုမိုတင်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်က တာချီလိတ်နယ်စပ်တစ်ခုတည်းမှ ဒီဇယ်ဆီအသွင်းရှိခဲ့ပေမဲ့ ယခုအပတ်မှာ ကန်ပိုက်တီးနယ်စပ်တစ်ခုတည်းမှ ဂါလန် ၂ဝ၇ဝဝ ကျော်သွင်းတဲ့အပြင် တာချီလိတ် နယ်စပ်ကလည်း ယခင်အပတ်ကထက် ၅၄၅ဝဝ ကျော်ပိုမိုတင်သွင်းခဲ့လို့ဖြစ်ပါတယ်။ ဓာတ်ဆီကိုတော့ ယခုအပတ်မှာ ကော့သောင်းနယ်စပ် တစ်ခုတည်းမှ ကန်ဒေါ်လာ ဝ ဒသမ ဝ၂၁ သန်း တန်ဖိုးရှိ ဂါလန် ၂၆၈၁ဝ တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က တာခိျီလိတ် နဲ့ ကော့သောင်းနယ်စပ်နှစ်ခုကအသွင်းရှိခဲ့တာမို့ ယခုအပတ်မှာ ဓာတ်ဆီ ၃၆၄၃ဂါလန် ယခင်အပတ်က ထက် လျော့နည်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ MIRT (DOBT)ပြည်တွင်း လက်လီအရောင်းဈေး ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- သြဂုတ်လ ၂ဝ၁၁ ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်)ရက် နေပြည်တော် ရန်ကုန် မန္တလေး နေပြည်တော် ရန်ကုန် မန္တလေး၁၅ ၄၁ဝဝ ၄ဝဝဝ ၄ဝဝဝ ၃၃ဝဝ ၃၂ဝဝ ၃၃ဝဝ၁၆ ၄၁ဝဝ ၄ဝဝဝ ၄ဝဝဝ ၃၃ဝဝ ၃၂ဝဝ ၃၃ဝဝ၁၇ ၄၁ဝဝ ၄ဝဝဝ ၄ဝဝဝ ၃၃ဝဝ ၃၂ဝဝ ၃၃ဝဝ၁၈ ၄၁ဝဝ ၄ဝဝဝ ၄ဝဝဝ ၃၃ဝဝ ၃၂ဝဝ ၃၃ဝဝ၁၉ ၄၁ဝဝ ၄ဝဝဝ ၄ဝဝဝ ၃၃ဝဝ ၃၂ဝဝ ၃၃ဝဝ ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်- သြဂုတ်လ ၂ဝ၁၁ရက် အောက်တိန်း ဓာတ်ဆီ ဒီဇယ် အဆင့်မြင့်ဒီဇယ်၁၅ ၃၆ဝဝ ၂၅ဝဝ ၃၄ဝဝ ၃၅ဝဝ၁၆ ၃၆ဝဝ ၂၅ဝဝ ၃၄ဝဝ ၃၅ဝဝ၁၇ ၃၆ဝဝ ၂၅ဝဝ ၃၄ဝဝ ၃၅ဝဝ၁၈ ၃၆ဝဝ ၂၅ဝဝ ၃၄ဝဝ ၃၅ဝဝ၁၉ ၃၆ဝဝ ၂၅ဝဝ ၃၄ဝဝ ၃၅ဝဝMIRT-DOT
ယနေ့ကမ္ဘာ့ရွှေဈေးကွက်က ပေါက်ကွဲလုနီးပါး ပူဖောင်းတစ်လုံးအသွင် ဆောင်လာ ရင်းနှီးမြှုပ်နံှသူတွေက ရွှေကိုသာယုံကြည်စိတ်ချရမှုအရှိဆုံး ဓနဥစ္စာအဖြစ် ဝယ်ယူမှုမြင့်မားလာခြင်းကြောင့် ယနေ့ ကမ္ဘာ့ရွှေဈေးကွက်က ပေါက်ကွဲလုနီးပါး ပူဖောင်းတစ်လုံးအသွင် ဆောင်လာ တယ်လို့ wells fargo & co. က ပြော ကြားပါတယ်။ ယခုနှစ်အတွင်း ရွှေကြိုပွိုင့်ဈေးနှုန်း တွေ ၂၆ ရာခိုင်နှုန်း မြင့်မားခဲ့တဲ့အပြင် သြဂုတ်လအတွင်း လက်ငင်းအရောင်း ရွှေဈေးနှုန်းကလည်း တစ်အောင်စကို ၁၈၁၇ ဒသမ ၆ဝ ဒေါ်လာအထိ စံချိန် သစ်တင် မြင့်မားခဲ့တယ်။ ရင်းနှီးမြှုပ်နံှသူတွေရဲ့ ဝယ်လိုအား အပြင် ကမ္ဘာ့နိုင်ငံအချို့ရဲ့ ဗဟိုဘဏ် တွေမှ ရွှေဝယ်လိုအားကလည်း ရွှေဈေး နှုန်းကို မီးထိုးပေးခဲ့တယ်။ ယခုနှစ် ဇူလိုင်လအတွင်း ထိုင်း၊ တောင်ကိုရီးယား၊ ကာဇက်စတန်နိုင်ငံတို့က ၎င်းတို့အရန် နိုင်ငံခြားငွေသိုလှောင်မှုမှာ ငွေကြေး အပြင် ရွှေကိုပါ ဖြည့်သွင်းလာရာ စုစုပေါင်း ကန်ဒေါ်လာ ၂ ဒသမ ၅၆ ဘီလီယံဝန်းကျင်တန်ဖိုး ဝယ်ယူသိုလှောင်ခဲ့တယ်လို့ သိရပါတယ်။ Source:Bloomberg.com, ပပ
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz8-August 39.71 2207.97 2398.59 9206.18 1724.009-August 38.73 2153.54 2397.70 8895.04 1720.0010-August 37.80 2183.78 2420.99 9873.25 1757.0011-Augus t 38.87 2180.64 2403.30 8957.76 1772.0012-August 38.47 2207.07 2399.04 8978.59 1788.00Source:kitco.com
Energy NYMEX 12-8-2011 Price Change Change %Brent Crude Futr (USD/bbl) 107.08 -0.94 -0.87Gas Oil Fut (ICE) (USD/MT) 907.50 3.00 0.33Gasoline Rbob Fut (Cent/gal) 288.18 -1.74 -0.60Heating Oil Futr (Cent/gal) 4.11 0.003 0.07Natural Gas Futr (USD/MMBtu) 281.14 -1.59 -0.56WTI Crude Future (USD/bbl.) 84.24 -1.48 -1.73
နယ်စပ်ငွေလဲလှယ်နှုန်း သြဂုတ် ၂ဝ၁၁ (1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)8 6 .43 29.82 74.80 44.929 6.44 29.92 74.80 45.1210 6 .42 29.88 74.80 45.2011 6 .39 29.94 74.85 45.2912 6.40 29.95 74.80 45.33
World Gold PriceAugust 2011 (USD/OZ)Date NY London Zurich8 1699 1700 17029 1747 1749 174910 1742 1743 175711 1776 1778 177812 1751 1753 1748Domestic Gold PriceKyats(Thousand)Date Yangon Mandalay8-8-2011 681.50 682.009-8-2011 689.50 689.5010-8-2011 690.00 689.5011-8-2011 696.50 697.0012-8-2011 692.50 692.80
Currency Exchange Rate August 12, 2011 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 0.97BDT Bangladesh Taka 74.80CAD Canada Dollars 0.99CNY China Yuan Renminbi 6.40EUR Euro 0.70HKD Hong Kong Dollars 7.79INR India Rupees 45.33IDR Indonesia Rupiahs 8532.00JPY Japan Yen 76.80MYR Malaysia Ringgits 3.00PKR Pakistan Rupees 86.37PHP Philippines Pesos 42.57RUB Russia Rubles 29.54SGD Singapore Dollars 1.21KRW South Korea Won 1082.74LKR Sri Lanka Rupe 109.64THB Thailand Baht 29.95GBP United Kingdom Pounds 0.61VND Vietnam Dong 20764.00Source : xe.com
လက်ရှိရေနံစိမ်းဈေး ကျဆင်းသွားသော်လည်း Goldman Sachs Group Inc ၏ ရေနံစိမ်းဈေးနှုန်း ခန့်မှန်းချက် ပြောင်းလဲမှုမရှိ ကမ္ဘာ့ရေနံစိမ်းသုံးစွဲမှု အများဆုံး အမေရိကန်ရဲ့ စီးပွားရေးနှေးကွေးလာမှု ပိုမိုဆိုးရွားလာကာ လောင်စာဝယ်လို အား လျော့ကျလာမယ်လို့ စိုးရိမ်ပူပန် လာကြရာ နယူးယောက်မှာ ရေနံစိမ်း ဈေးနှုန်း ကျဆင်းလာခဲ့တယ်။ အမေရိကန်သမ္မတ အိုဘားမားနဲ့ ဥပဒေပြုသူတွေက အစိုးရမှာတင်နေတဲ့ အြွေကး (ကန်ဒေါ်လာ ၁၄ ဒသမ ၃ ထရီလီယံ) သက်တမ်းကို မြှင့်တင်ဖို့ သဘောတူလိုက်ရာ အမေရိကန်ပြည် ထောင်စုအခြေစိုက် ဘဏ္ဍာရေးဝန် ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေး တဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Jh Standard & Poor’s က အမေရိကန်ရဲ့ credit ratingကို ယုံကြည်စိတ်ချရမှု အမြင့် ဆုံး Level ဖြစ်တဲ့ AAAအဆင့်မှ တစ်ဆင့်နှိမ့်ပြီး AA+ လို့ သြဂုတ် ၅ ရက်မှစပြီး ပြောင်းလဲသတ်မှတ်လိုက် တယ်။ ၎င်းသတင်းက အမေရိကန် ဒေါ်လာအပါအဝင် စတော့ရှယ်ယာ တန်ဖိုးတွေကိုထိုးကျစေခဲ့ခြင်းဖြစ်တယ်။ စက်တင်ဘာလ အရောက်ပို့ ရေနံ စိမ်းဈေးနှုန်းက တစ်စည်ကို ၃ ဒသမ ၃၃ ဒေါ်လာ ကျဆင်းကာ ၈၃ ဒသမ ၅၅ ဒေါ်လာနဲ့ နယူးယောက်ကုန်စည် ရောင်းဝယ်ရေးမှာ သြဂုတ် ၈ ရက်က အရောင်းအဝယ်ဖြစ်ခဲ့တယ်။ စက်တင်ဘာလ ငွေချေရမဲ့ ဘရန့်အမျိုးအစား ရေနံစိမ်းကလည်း တစ်စည်ကို ၁ဝ၆ ဒသမ ၄၆ ဒေါ်လာနဲ့ လန်ဒန်အခြေ စိုက် ICE Futures Europe Exchange မှာ အရောင်းအဝယ် ဖြစ်ခဲ့တယ်။
သြဂုတ်လအတွင်း ကမ္ဘာ့ရွှေဈေး နေ့စဉ် စံချိန်သစ်တင် မြင့်မားနေ သြဂုတ် ၈ ရက်မှစပြီး တစ်အောင်စကို ကန်ဒေါ်လာ ၁၇ဝဝ အထက်ကို ရောက်ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက သြဂုတ် ၉ ရက်မှာ တစ်အောင်စကို ၁၇၅ဝ ဒေါ်လာအထက်ကို ရောက်ရှိကာ စံချိန်သစ်တင်ခဲ့တယ်။ ၎င်းဈေးနှုန်းက သြဂုတ် ၅ ရက်နှုန်းထားဖြစ်တဲ့ ရွှေတစ်အောင်စကို ၁၆၈၁ ဒေါ်လာအထက် ၇၅ ဒေါ်လာ ဝန်းကျင်တန်ဖိုးမြင့်လာခြင်းဖြစ်တယ်။ ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှု ပိုမိုဆိုးဝါးလာ နိုင်ဖွယ်ရှိတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုကြောင့် စတော့ရှယ်ယာဈေးကွက်တွေနဲ့ ကုန်ပစ္စည်းတွေအပေါ် ရင်းနှီးမြှုပ်နံှမှုတွေ အရှုံးပြနေခြင်းက ရွှေကိုသာ စိတ်အချရဆုံး ရင်းနှီးမြှုပ်နံှမှုပစ္စည်းအဖြစ် ဝယ်လိုအားပိုမိုလာကြတယ်။ ဒါကြောင့် နယူးယောက်မှာ ဒီဇင်ဘာလ အရောက်ပို့ရွှေက တစ်အောင်စကို ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်မားကာ ၁၇၅၆ ဒသမ ၈ဝ ဒေါ်လာအထိ ရောက်ရှိခဲ့ တယ်လို့ သိရတယ်။ ချက်ချင်း အရောက်ပို့ရွှေဈေးနှုန်းမှာ တစ်အောင်စကို ၁၇၅၄ ဒသမ ၆၃ ဒေါ်လာအထိ ရောက်ရှိလာကြောင်း သိရတယ်။ ၂ဝ၁၁ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်း ၂၃ ရာခိုင်နှုန်း မြင့်မားခဲ့ပြီးဖြစ်တယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ ေြွကးမြီပြဿနာတွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တုံ့ဆိုင်းနေခြင်းတို့ကြောင့် ရွှေကိုသာ ဓနဥစ္စာအရံအတားအဖြစ် ဝယ်လိုအားပိုလာ ကြတယ်။ ဒါကြောင့် ၂ဝ၁ဝခုနှစ် မေလမှစပြီး ရွှေကိုသာ လက်ဝယ်ထားရှိမှု ပိုမိုမြင့်မားလာကြတယ်။ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနောက်တစ်ကြိမ် ကြုံရလိမ့်မယ်လို့ လည်း ဈေးကွက်အတွင်း ခန့်မှန်းချက်တွေ ထွက်ပေါ်နေတယ်။ ခန့်မှန်းချက်ကို ထောက်ပံ့ပေးနေတဲ့အချက်မှာ အမေရိကန်ရဲ့ လောင်စာ ဝယ်လိုအား ကျဆင်းကာ ရေနံစိမ်းသိုလှောင်ထား မှု မြင့်မားလာခြင်းပဲဖြစ်တယ်။ လက်ရှိမှာ ရေနံစိမ်းတစ်စည်ကို ကန်ဒေါ်လာ ၈ဝ အောက် ရောက်ရှိသွားရာ ၁ဝ လ ကျော်ကာလအတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်တယ်လို့ သိရပါတယ်။ Source:Bloomberg.com,ပပ
ဓာတ်ဆီအသွင်းပို ဒီဇယ်အသွင်းလျော့ သြဂုတ် ၃ ရက်မှ ၉ ရက်ထိကာလအတွင်း ဒီဇယ်ဆီကို တာချီလိတ်နယ်စပ်မှ အသွင်းရှိခဲ့ပြီး ဓာတ်ဆီကိုမူ တာချီလိတ်အပြင် ကော့သောင်းစခန်းမှလည်း အသွင်းရှိခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၁၁၃ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၃ဝ၄၅၃ ဂါလန်ကို အသွင်းရှိရာမှာ တာခိျီလိတ်မှ ၂၆၁၈ဝ ဂါလန်နဲ့ ကော့သောင်းမှ ၄၂၇၃ ဂါလန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီဇယ်ဆီတင်သွင်းမှုမှာ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၂ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ဂါလန် ၃ဝ၂၁ဝ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ၁၁၅၂၈ ဂါလန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ဓာတ်ဆီတင်သွင်းမှုမှာတော့ ယခင်အပတ်ကထက် ၈၅၈၅ ဂါလန် ပိုမိုတင်သွင်းခဲ့ ပြီး ယခုအပတ်မှာတော့ အောက်တိန်း တင်သွင်းမှုမရှိခဲ့ပါဘူး။ MIRT (DOBT) ပြည်တွင်း လက်လီအရောင်းဈေး ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- သြဂုတ်လ ၂ဝ၁၁ ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်)ရက် နေပြည်တော် ရန်ကုန် မန္တလေး နေပြည်တော် ရန်ကုန် မန္တလေး၈ ၄၂ဝဝ ၄၁ဝဝ ၄ဝဝဝ ၃၃ဝဝ ၃၃ဝဝ ၃၄ဝဝ၉ ၄၂ဝဝ ၄၁ဝဝ ၄ဝဝဝ ၃၃ဝဝ ၃၃ဝဝ ၃၄ဝဝ၁ဝ ၄၂ဝဝ ၄ဝဝဝ ၄ဝဝဝ ၃၃ဝဝ ၃၃ဝဝ ၃၄ဝဝ၁၁ ၄၂ဝဝ ၄ဝဝဝ ၄ဝဝဝ ၃၃ဝဝ ၃၂ဝဝ ၃၄ဝဝ၁၂ ၄၂ဝဝ ၄ဝဝဝ ၄ဝဝဝ ၃၃ဝဝ ၃၂ဝဝ ၃၄ဝဝ ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်- သြဂုတ်လ ၂ဝ၁၁ရက် အောက်တိန်း ဓာတ်ဆီ ဒီဇယ် အဆင့်မြင့်ဒီဇယ်၈ ၃၆ဝဝ ၂၅ဝဝ ၃၄၅ဝ ၃၆ဝဝ၉ ၃၆ဝဝ ၂၅ဝဝ ၃၄၅ဝ ၃၆ဝဝ၁ဝ ၃၆ဝဝ ၂၅ဝဝ ၃၄ဝဝ ၃၆ဝဝ၁၁ ၃၆ဝဝ ၂၅ဝဝ ၃၄ဝဝ ၃၆ဝဝ၁၂ ၃၆ဝဝ ၂၅ဝဝ ၃၄ဝဝ ၃၆ဝဝMIRT-DOT