Main menu

Background

Tuesday, 30 Aug 2011

World Gold Price   August 2011 (USD/OZ)Date   NY      London        Zurich22      1870    1872           187623      1828    1870           187624     1839     1841           184525     1733    1736            173526     1768    1770            1770Domestic Gold PriceKyats(Thousand)Date             Yangon      Mandalay22-8-2011       685.00      684.0023-8-2011       693.00      692.3024-8-2011       690.00      690.3025-8-2011       689.50     688.5026-8-2011       687.00     685.80

Tuesday, 30 Aug 2011

Currency Exchange Rate                   August 26, 2011                    Base Currency is              United States Dollar - USD            Currency Unit Units per USDAUD Australia Dollars                 0.95BDT Bangladesh Taka                73.55CAD Canada Dollars                  0.99CNY China Yuan Renminbi         6.39EUR Euro                                 0.69HKD Hong Kong Dollars             7.80INR India Rupees                     46.04IDR Indonesia Rupiahs            8555.00JPY Japan Yen                        76.95MYR Malaysia Ringgits              2.99PKR Pakistan Rupees               86.90PHP Philippines Pesos              42.47RUB Russia Rubles                   28.88SGD Singapore Dollars            1.21KRW South Korea Won          1081.96LKR Sri Lanka Rupe                109.97THB Thailand Baht                  30.01GBP United Kingdom Pounds     0.61VND Vietnam Dong               20830.00Source : xe.com

Tuesday, 30 Aug 2011

လောလောဆယ် အနေအထားအရ ကမ္ဘာတစ်ဝန်းတွင် ရွှေသည်သာလျှင် ငွေကြေးဖြစ်လာ                   အမေရိကန်နဲ့ အီးယူဒေသမှာ ရင်ဆိုင်နေရတဲ့ေြွကးမြီပြဿနာတွေကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တုံ့ ဆိုင်းသွားနိုင်တယ်လို့ စိုးရိမ်လာကြပြီး ကမ္ဘာ့အနံှ့ ဗဟိုဘဏ်တွေနဲ့ ရင်းနှီးမြှုပ်နံှ သူတွေက ရွှေကိုသာ ဝယ်လိုအားမြင့် မားလာကြတယ်။ ဒါကြောင့် ရွှေဈေးနှုန်းက နှစ် ၃ဝ ကျော် ကာလအတွင်း အမြင့်ဆုံးနှုန်းနဲ့ ဆက်လက်မြင့်မား ဦးမယ်လို့ သုံးသပ်ကြတယ်။ အဓိကမှာ နှစ်ကုန်ပိုင်းကာလကချက်ချင်းအရောင်းရွှေတစ်အောင်စကို ကန်ဒေါ်လာ၂ဝဝဝ အထိ ရောက်ရှိနိုင်ကြောင်း သု တေ သီတွေက ခန့်မှန်းကြတယ်။  ၎င်း ဈေးနှုန်းအထိ မြင့်မားပါက ယခုနှစ်အတွင်း ရွှေဈေးနှုန်း ၄ဝ ရာခိုင် နှုန်း မြင့်မားခြင်းဖြစ်ကြောင်း ၊ ၁၉၇၉ ခုနှစ်က တစ်နှစ်အတွင်း ရွှေဈေးနှုန်း ၁၂၇ ရာခိုင်နှုန်းအထိ မြင့်မားဖူးကြောင်း Bloomberg စာရင်းဇယား အချက် အလက်တွေအရ သိရတယ်။ သြဂုတ် ၂၂ရက်သတင်းအရ ချက်ချင်းအရောင်း ရွှေက တစ်အောင်စကို ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်မားကာ ၁၈၈၁ ဒသမ ၇၅ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ၁၈၇၉ ဒသမ ၇ဝ ဒေါ်လာနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရတယ်။ လောလော ဆယ်အနေအထားအရ ကမ္ဘာတစ်ဝန်း မှာ ရွှေကိုသာ ငွေကြေးဖြစ်လာတယ်လို့ ဆိုရမှာဖြစ်ကြောင်း ၊ ငွေကြေးနဲ့ ဘဏ္ဍာ ရေးမူဝါဒချမှတ်သူတွေက လောလော ဆယ်မှာ ဘယ်အရာကိုမှ လုပ်ကိုင်လို စိတ်ရှိမယ်မထင်ကြောင်း၊ လက်ရှိဖြစ် ပေါ်နေတဲ့ ကမ္ဘာ့ငွေကြေးပြဿနာတွေ ကို ဖြေရှင်းလိုက်တိုင်း အမှားသာကြုံ နေရကြောင်း စီးပွားရေးပညာရှင် Dennis Gartman က ပြောကြားတယ်။ ၎င်းက ၂ဝဝ၈ ခုနှစ်အတွင်း ကုန်ပစ္စည်း ဈေးနှုန်းတွေ ကျဆင်းခဲ့မှုအပေါ် မှန် ကန်စွာ သုံးသပ်နိုင်ခဲ့သူဖြစ်တယ်။ Source:Bloomberg.com, ပပ

Tuesday, 30 Aug 2011

မန်းစိန်ဈေးကွက် အရောင်းပါးပြန်သွင်းသူများ                    မန္တလေးစိန်ဈေးကွက်မှာ ဝါတွင်းကာလအရောင်းပါးပြီး ပြန်သွင်းသူများ လျက်ရှိကြောင်း သိရပါတယ်။                    Mandalay Gems Centerမှ စိန်ကုန်သည်တစ်ဦးက ''ဈေးကွက်မှာ အရောင်းအဝယ်ပါးနေတာ နှစ်လလောက်ရှိပြီ။ ခုချိန်က ဝါတွင်းကာလဆိုတော့ ပိုပြီးပါးတယ်။ မြို့ပေါ်ရော၊ နယ်ဝယ်လက်ပါ အဝယ်နည်းနေတာ။ ခါတိုင်းနှစ်တွေ ဆို သီတင်းကျွတ် မင်္ဂလာရာသီအတွက် ဝါတွင်းကာလမှာ အော်ဒါမှာကြတာ။ ဖောက်သည်တွေလည်း ငြိမ်နေတယ်။ အရောင်းဆိုင်တွေကလည်း ဝယ်တဲ့သူပါး တော့ ကုန်သည်လည်း အလုပ်မဖြစ်ဘူး။ စိန်ဈေးနှုန်းကလည်းတက်၊ ရွှေဈေးကလည်း တက်နေတဲ့အတွက် ပြန်လာသွင်းတဲ့သူများနေတာ၊ စိန်ဈေးနှုန်းကတော့ သြင်္ကန်ပြီးကတည်းက တက်ခဲ့တဲ့ဈေးနဲ့ ငြိမ်နေတယ်။ ပုလဲဈေးလည်း ခါတိုင်းထက် ဈေးတက်လို့ ပြန်လာသွင်းတဲ့သူ များနေတယ်။ သီတင်းကျွတ်ကာလ အရောင်း အဝယ် ပြန်ကောင်းနိုင်မယ်လို့တော့ ခန့်မှန်းတယ်'' လို့ ပြောပါတယ်။ ကျောက်မျက်ရတနာ အရောင်းဆိုင်များမှ စိန်ထည်ပြန်သွင်းပါက ၁ဝ ရာခိုင်နှုန်းလျော့၍ ပြန်လည်ဝယ်ယူမှုရှိကြောင်း၊ စိန်ပါးအသန့်ကောင်းပါက တက်ဈေး ပေါ်မူတည်၍တွက်ပြီး ၁ဝ ရာခိုင်နှုန်းအလျော့ဖြင့် ပြန်လည်ဝယ်ယူပေးကြောင်း၊ ယခုရက်ပိုင်းတွင် ၃ သိန်းမှ ၅ သိန်းကြား တန်ဖိုးရှိ စိန်ထည်များ ပြန်သွင်းသူများ ကြောင့် သိရပါတယ်။ စိန်ဈေးနှုန်းမှ ၄ဝ လုံးစီ အသန့်ကျပ် ၆ ဒသမ ၅ သိန်း၊ ၃ဝ လုံးစီး အသန့် ကျပ် ၇ ဒသမ ၃ သိန်း၊ ၁ဝ လုံးစီး အသန့်ကျပ် ၁ဝ သိန်း အထက်ဖြစ်ပြီး အသန့်တွင်လည်း အရောင်အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်း ကွာခြားမှုရှိကြောင်း သိရပါတယ်။ ဇူူးဇူူး 

Tuesday, 30 Aug 2011

နယ်စပ်မှ ဒီဇယ် အသွင်းရှိ                နယ်စပ်စခန်းများဖြစ်တဲ့ ကန်ပိုက်တီးနဲ့ တာချီလိတ်တို့မှ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၃ဝ၁ သန်း တန်ဖိုးရှိတဲ့ ဒီဇယ်ဆီ ၇၉၅၁၂ ဂါလန် အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် ဒီဇယ်ဆီဂါလန် ၂၅၉၄ဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့တဲ့အပြင် ယခု အပတ်မှာလည်း နယ်စပ်မှ ဓာတ်ဆီ အသွင်းမရှိခဲ့ပါဘူး။ MIRT (DOBT) ပြည်တွင်း လက်လီအရောင်းဈေး                   ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- သြဂုတ်လ ၂ဝ၁၁                         ဓာတ်ဆီ(ကျပ်)                     ဒီဇယ်(ကျပ်)ရက်   နေပြည်တော် ရန်ကုန် မန္တလေး    နေပြည်တော် ရန်ကုန်      မန္တလေး၂၂      ၄၁ဝဝ         ၃၉ဝဝ    ၄ဝဝဝ        ၃၃ဝဝ         ၃၁ဝဝ      ၃၂ဝဝ၂၃      ၄၁ဝဝ          ၃၉ဝဝ    ၄ဝဝဝ        ၃၃ဝဝ         ၃၁ဝဝ      ၃၂ဝဝ၂၄      ၄ဝဝဝ          ၃၉ဝဝ   ၄ဝဝဝ         ၃၂ဝဝ         ၃၁ဝဝ      ၃၂ဝဝ၂၅      ၄ဝဝဝ           ၃၉ဝဝ   ၄ဝဝဝ        ၃၂ဝဝ          ၃၁ဝဝ       ၃၂ဝဝ၂၆      ၄ဝဝဝ           ၃၉ဝဝ   ၄ဝဝဝ         ၃၂ဝဝ         ၃၁ဝဝ       ၃၂ဝဝ            ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်- သြဂုတ်လ ၂ဝ၁၁ရက်     အောက်တိန်း    ဓာတ်ဆီ     ဒီဇယ်    အဆင့်မြင့်ဒီဇယ်၂၂            ၃၆ဝဝ         ၂၅ဝဝ      ၃၄ဝဝ        ၃၅ဝဝ၂၃            ၃၆ဝဝ          ၂၅ဝဝ     ၃၄ဝဝ        ၃၅ဝဝ၂၄            ၃၆ဝဝ          ၂၅ဝဝ     ၃၄ဝဝ        ၃၅ဝဝ၂၅             ၃၆ဝဝ         ၂၅ဝဝ     ၃၄ဝဝ        ၃၅ဝဝ၂၆            ၃၆ဝဝ          ၂၅ဝဝ      ၃၄ဝဝ     ၃၅ဝဝMIRT-DOT

Tuesday, 30 Aug 2011

သြဂုတ်လမှာ ဓာတ်မြေသြဇာ အဝင်များ               ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ သြဂုတ် ၁၄ ရက်မှ ၂ဝ ရက် တာကာလအတွင်း ဓာတ်မြေသြဇာ ၁၈၁ဝ ဒသမ ၂၉ တန် ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ ထိုင်း နိုင်ငံထုတ် ကွန်ပေါင်းဓာတ်မြေသြဇာ တစ်မျိုးသာတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုမှာ တန်ချိန် နှစ်ထောင့်ခြောက်ရာ ကျော်ရှိခဲ့တာကြောင့် ဒီသီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ရှစ်ရာကျော်လောက် လျော့နည်းခဲ့ပါတယ်။ ဇူလိုင်လအတွင်း တစ်ပတ်ကို ပျမ်းမျှ ဓာတ်မြေသြဇာတင်သွင်းမှုက တန်ချိန်တစ်ထောင်ကျော်သာ ရှိခဲ့ပေမဲ့ သြဂုတ်လ သီတင်းသုံးပတ်တင်သွင်းမှုရဲ့ ပျမ်းမျှအဝင်တန်ချိန် နှစ်ထောင်ကျော်ရှိခဲ့တာကြောင့် သြဂုတ်လမှာ ဓာတ်မြေသြဇာအဝင်များတယ်လို့ ဆိုရပါမယ်။ MIRT (DOT) နယ်စပ်က တန်ချိန် ၂ဝဝဝဝ ဝင်                 သြဂုတ် ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်းမှာ နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၄၉ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၂၁၃၆၉ တန်ခန့်အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၈၄၂ တန် ပိုမိုတင်သွင်းခဲ့ပါတယ်။ နယ်စပ် အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၂၁၂၂၉တန်၊ ရိဒ်မှ ၇၄ တန်၊ ကော့သောင်းမှ ၆၄ တန်နဲ့ မောင်တောမှ ၁ တန်ခွဲ အသီးသီးတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ ၁၄၂၅ တန် ၊ ရိဒ်မှ ၄၁ တန် တင်သွင်းမှုပိုမိုခဲ့ပါ တယ်။ ကော့သောင်းမှ ၄၃၆ တန် လျော့နည်းတင်သွင်းခဲ့ပြီး ကန်ပိုက်တီးမှ ယခု အပတ်မှာ တင်သွင်းမှုမရှိခဲ့ပါဘူး။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေ သြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း (၁ဝး၁ဝး၅) ၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ ကွန်ပေါင်း (၁၄း၁ဝး၈) နဲ့ နိုက်တြစ်ဖော့စဖိတ်တို့ဖြစ်ပြီး ရိဒ်မှ ပိုတက်ရှ်၊ ကော့သောင်း မှ အမိုးနီးယမ်း၊ မောင်တောမှ ယူရီးယားတို့ဖြစ်ပါတယ်။ MIRT (DOT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ်တိုင်းဒေသကြီး/ပြည်နယ်                   အမျိုးအစား                            ဈေးနှုန်း(ကျပ်/အိတ်)                                                                                        ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်)                            ပိုတက် (ထိုင်း)                            ၃၂၅ဝဝ     ၃၂၅ဝဝ                                            ယူရီးယား(နေရွက်လှေ-တရုတ်)         ၂၄ဝဝဝ     ၂၂၅ဝဝ                                           တီဆူပါ (သံကွင်း-တရုတ်)               ၂၉ဝဝဝ     ၂၆၅ဝဝ                                           ပိုတက် (တရုတ်)                                -          ၂၄ဝဝဝ -မန္တလေးတိုင်းဒေသကြီး             ယူရီးယား(တရုတ်-ရွှေတောင်)            ၁၉၂ဝဝ     ၁၉၂ဝဝ                                          ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်)           ၂၅ဝဝဝ     ၂၄၄ဝဝ                                          ယူရီးယား(ပန်းဖူး-တရုတ်)                     -           ၂ဝ၈ဝဝ -တောင်ငူ                               ယူရီးယား (ရွှေတောင်-တရုတ်)            ၂၁၅ဝဝ     ၂၃၅ဝဝ                                         ယူရီးယား (ကမ္ဘာလုံး-တရုတ်)              ၂၂ဝဝဝ     ၂၂ဝဝဝ                                         ယူရီးယား (ယူအေအီး-တရုတ်)             ၁၉ဝဝဝ     ၁၉ဝဝဝ                                         ကုလားအုတ် (တရုတ်)                       ၂၃၅ဝဝ     ၂၃၅ဝဝတောင်ကြီး                           ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)       ၂ဝ၅ဝဝ     ၂ဝ၅ဝဝ                                         ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)     ၂ဝ၅ဝဝ     ၂ဝ၅ဝဝ                                         တီစူပါ-(တရုတ်) 12%                         ၉၅ဝဝ     ၉၅ဝဝ                                         တီစူပါ-(တရုတ်) 16%                        ၁၁ဝဝဝ     ၁၁ဝဝဝ                                        တီစူပါ 15:15:15 (တရုတ်)                  ၃၇ဝဝဝ     ၃၇ဝဝဝ                                        တီစူပါ 10:10:5 (တရုတ်)                    ၁၅ဝဝဝ     ၁၅ဝဝဝ                                         ပိုတက် (တရုတ်)                               ၂ဝဝဝဝ     ၂ဝဝဝဝ                                       ဓာတ်ဆား (တရုတ်)                            ၁၇ဝဝဝ     ၁၇ဝဝဝမော်လမြိုင်                          ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)          ၂၄ဝဝဝ     ၂၄ဝဝဝ                                        ပုလဲ(သေး)(ရွှေပျား 46% တရုတ်)          ၂၄ဝဝဝ     ၂၄ဝဝဝ                                        ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)     ၂၄ဝဝဝ     ၂၄ဝဝဝ                                       ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15          ၃၆ဝဝဝ     ၃၆၇ဝဝ                                       ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15      ၃၁၅ဝဝ     ၃၂ဝဝဝ                                       ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8            ၃ဝ၅ဝဝ     ၃၁ဝဝဝ                                        တီစူပါ (တရုတ်) သံကွင်း 46%              ၃ဝ၅ဝဝ     ၃ဝ၅ဝဝ                                       တီစူပါ (တရုတ်) မျှား 46%                    ၂၉၅ဝဝ     ၂၉၅ဝဝ                                       တီစူပါ (တရုတ်) မျှားကမ္ဘာ 16%             ၁၄ဝဝဝ     ၁၄ဝဝဝMIRT (MAPT)

Tuesday, 30 Aug 2011

ဘိလပ်မြေမျိုးစုံတန်ချိန် ခြောက်သောင်းနီးပါးတင်သွင်း                    သြဂုတ်လတတိယပတ်ဖြစ်တဲ့ သြဂုတ် ၁၄ ရက်မှ ၂ဝ ရက်တာ ကာလ အတွင်း ဘိလပ်မြေတန်ချိန် ၅၉၈၃၁ ဒသမ ဝ၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ဝ၇၃၂၁၉ ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ မလေးရှားနိုင်ငံမှ Blue Lion တံဆိပ် ဘိလပ်မြေတန်ချိန် ၅ဝဝဝ၊ စင်ကာပူနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၉၄၄၉ ဒသမ ဝ၇ ၊ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၂၉၄ဝဝ ၊MOUNTAIN တံဆိပ် ဘိလပ်မြေ တန်ချိန် ၄၄ဝဝနဲ့ အခြားဘိလပ်မြေ တန်ချိန် ၁၅၈၂ အသီးသီး မှာယူ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်များက ဆင်တံဆိပ်နဲ့ စိန်တံဆိပ်တွေ သွင်းခဲ့ ပေမဲ့ ဒီသီတင်းပတ်မှာတော့ တံဆိပ်မျိုးစုံတင်သွင်းလာတာ တွေ့ရပါတယ်။ သြဂုတ် လအတွင်း ပထမသီတင်းပတ်မှာ တန်ချိန်နှစ်သောင်း ခြောက်ထောင်ကျော် တင် သွင်းခဲ့ပြီး ဒုတိယပတ်မှာ တန်ချိန်လေးသောင်း တစ်ထောင်ကျော်နဲ့ ယခု တတိယ သီတင်းပတ်မှာ ငါးသောင်းကိုးထောင်ကျော် တင်သွင်းလာတာကြောင့် တစ်ပတ်ပြီး တစ်ပတ် သွင်းအားကောင်းကောင်းနဲ့ တင်သွင်းလာတာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ တန် ၁၂၆ဝ ခန့် အသွင်းရှိ                  သြဂုတ် ၁၇ ရက်မှ ၂၃ ရက်ထိ ရက်သတ္တပတ်အတွင်း နယ်စပ်စခန်းများ ဖြစ်တဲ့ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မြိတ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁ဝ၂ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၂၅၈ တန် အသွင်းရှိခဲ့ပါတယ်။ နယ်စပ် အလိုက် တင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၇၆၃ တန် ၊ မြိတ်မှ တန် ၂၅ဝ နဲ့ ကန်ပိုက်တီးမှ ၂၄၅ တန် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၃၁၇ တန် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ မြိတ်မှ တန် ၃ဝဝ နဲ့ ကန်ပိုက်တီးမှ တန် ၅ဝ တင်သွင်းမှု ပိုမိုသော်လည်း တာချီလိတ်မှ ၆၁ တန် လျော့နည်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း        ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/                  အမျိုးအစား         ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ်                                             ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး         ဘိလပ်မြေ(ဆင်)ထိုင်း        ၄၇ဝဝ     ၄၇ဝဝ(လက်ကား)                    ဘိလပ်မြေ (စိန်)                ၄၆၇၅     ၄၆၇၅                                  ဘိလပ်မြေ (မောင်းတိန်း)     ၄၆ဝဝ     ၄၆ဝဝမန္တလေးတိုင်းဒေသကြီး        ဘိလပ်မြေ(ဆင်)ထိုင်း         ၆ဝဝဝ     ၆ဝဝဝ                                  ဘိလပ်မြေ (AAA)             ၅၄၅ဝ     ၅၅ဝဝ                                  ဘိလပ်မြေ(မြန်မာဆင်)        ၄၈၅ဝ     ၅ဝဝဝ                                  ဘိလပ်မြေ(ဆင်မင်း)           ၄၃ဝဝ     ၄၃ဝဝ                                  ဘိလပ်မြေ(ကျားခေါင်း)         ၅၂ဝဝ     ၅၁ဝဝ                                  ဘိလပ်မြေ(မြင်းခေါင်း)          ၄၆ဝဝ     ၄၆ဝဝတောင်ငူ                        ဘိလပ်မြေ(ကြံ့)ထိုင်း            ၆၅ဝဝ     ၅၅ဝဝ                                  ဘိလပ်မြေ(ဆင်)ထိုင်း           ၆၈ဝဝ     ၆ဝဝဝ                                  ဘိလပ်မြေ(မြင်းခေါင်း)           ၅၃ဝဝ     ၄၈ဝဝ                                  ဘိလပ်မြေ(Lucky)ပါကစ္စတန်   ၆၂ဝဝ     ၅၇ဝဝတောင်ကြီး                     ဘိလပ်မြေ(စိန်)ထိုင်း             ၆၂ဝဝ     ၆ဝဝဝ                                  ဘိလပ်မြေ(ခြင်္သေ့)               ၅၄ဝဝ     ၅၄ဝဝ                                  ဘိလပ်မြေ(ကျားခေါင်း)          ၅၉ဝဝ     ၅၉ဝဝ                                   ဘိလပ်မြေ(နဂါး)                ၅၃ဝဝ     ၅၃ဝဝမော်လမြိုင်                     ဘိလပ်မြေ(ဆင်)ထိုင်း            ၅၄ဝဝ     ၅၄ဝဝ                                  ဘိလပ်မြေ(ကြံ့)မြိုင်ကလေး     ၃၇၅ဝ     ၃၇၅ဝ                                   ဘိလပ်မြေ(စိန်)ထိုင်း            ၅၂၅ဝ     ၅၂၅ဝမကွေးတိုင်းဒေသကြီး          ဘိလပ်မြေ(ဆင်)ထိုင်း           ၆၄ဝဝ     ၆ဝဝဝ                                  ဘိလပ်မြေ(မြင်းခေါင်း)              -     ၄၅ဝဝ -                                   ဘိလပ်မြေ(ကြံ့)ထိုင်း             ၆၅ဝဝ     ၆၅ဝဝ                    MIRT (MAPT)

Tuesday, 30 Aug 2011

နို့ဆီအဝင် တန် ၃ဝဝ ကျော်                 ဒီသီတင်းပတ်ဖြစ်တဲ့ သြဂုတ် ၁၄ ရက်မှ ၂ဝ ရက်တာကာလအတွင်း နို့ဆီ ၃၂၂ ဒသမ ၅ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းကျော်ဖိုးကို ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ ပါတယ်။ ဒီသီတင်းပတ်မှာလည်း စင်ကာပူနိုင်ငံမှ တင်သွင်းလာတာ ဖြစ်ပါတယ်။ နို့စိမ်းက ဒီသီတင်းပတ်မှာလည်း တင်သွင်းခြင်းမရှိပါဘူး။ ယခင် သီတင်းပတ် နို့ဆီတန်ချိန် တစ်ရာ့ ရှစ်ဆယ်ကျော် တင်သွင်းခဲ့တာ တွေ့ရ ပါတယ်။                     နို့မှုန့်က ဘူဂေးရီးယားနိုင်ငံမှ ၇ ဒသမ ၃၉ တန်၊ မလေးရှားနိုင်ငံမှ ၁၈ ဒသမ ၉၂ တန်၊ သြစတြေးလျနိုင်ငံမှ ၁၇ တန်၊ နယူးဇီလန်နိုင်ငံမှ ၁၄ တန်နဲ့ စင်ကာပူနိုင်ငံမှ ၁ ဒသမ ၂၅ တန် စုစု ပေါင်း ၅၈ ဒသမ ၅၆ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ၈၆ တန်ကျော်တင်သွင်းနိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်အဝင်နဲ့ယှဉ်ရင် ၂၇ တန် ကျော်လောက်လျော့နည်းပြီး တင်သွင်း ခဲ့တာ တွေ့ရပါတယ်။MIRT (DOT) နယ်စပ်က နို့ဆီ၊ နို့စိမ်း တန် ၂ဝဝ ကျော်သွင်း                       မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ သြဂုတ် ၁၇ ရက်မှ ၂၃ ရက် ထိကာလ အတွင်း ကန်ဒေါ်လာ ၁၂၉ဝဝ တန်ဖိုး ရှိ နို့ဆီ ၇၈ တန်ကျော်(၄၁ဝ၁ သေတ္တာ) နဲ့ ကန်ဒေါ်လာ ၁၃ဝ၇၅၁ တန်ဖိုးရှိ နို့စိမ်း ၁၃၈ တန် (၇၃ဝဝ သေတ္တာ) အသွင်းရှိခဲ့ပါတယ်။                     မူဆယ်နယ်စပ်မှတော့ ယခုအပတ် မှာ နို့မှုန့်တင်သွင်းခြင်း မရှိခဲ့ပါဘူး။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ                  နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်   နို့ဆီလက်လီဈေး          ကျပ်/တစ်ဘူး                           ရန်ကုန် မန္တလေး ဒွန်း( နို့ဆီ )              ၇ဝဝ    ၈ဝဝ ဒွန်း( နို့စိမ်း)              ၆၄ဝ    ၇ဝဝ Falcon နို့ဆီ               ၅၅ဝ      - Falcon  နို့စိမ်း             ၄၉ဝ      - ဝမ်းတီးနို့ဆီ               ၆ဝဝ    ၇ဝဝ အိုကေ( နို့ဆီ)             ၆၅ဝ    ၇ဝ၅ အိုကေ( နို့စိမ်း)            ၆ဝဝ    ၇ဝ၅ MIRT (DOT)

Tuesday, 30 Aug 2011

ပေးကားပေး၏ မရ မဖြစ်စေလိုပါ                    လယ်ယာကဏ္ဍဖွံ့ဖြိုးရးကို ဦးတည်ပြီး ၂ဝဝ၉ ခုနှစ်မှစ၍ ဆန်စပါးအထူးပြု ကုမ္ပဏီများဖွဲ့စည်း လျက် တောင်သူလယ်သမားများ အထွက်တိုးရေး၊ အရည်အသွေးကောင်းစပါးများ စိုက်ပျိုးထုတ်လုပ်ရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာကူးပြောင်းရေးအစရှိတဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးသာမက လယ်ယာကဏ္ဍနဲ့ဆက်စပ်တဲ့ စိုက်ပျိုးထုတ်လုပ်၊ ကြိတ်ခွဲ၊ သိုလှောင်၊ ရောင်းချတင်ပို့ရေးအစရှိတဲ့ Supply Chain Mechanism တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ စတင်စိုက်ပျိုးချိန်ကစပြီး မျိုး၊ သွင်းအားစု၊ နည်းပညာ၊ စက်ကိရိယာများကို အထူးပြု ကုမ္ပဏီများအလိုက် မိမိတို့တတ်နိုင်ရင် တတ်နိုင်သလို နည်းလမ်းပေါင်းစုံနဲ့ ပံ့ပိုးလျက်ရှိပါတယ်။ ဒါကြောင့် အခြေခံကျတဲ့ တောင်သူလယ်သမားများအတွက် အထူးပြုကုမ္ပဏီများရဲ့ စေတနာကို နားလည်ဖို့လိုပါတယ်။ အထူးပြုကုမ္ပဏီများဟာ မိမိတို့ရဲ့ ကိုယ်ပိုင်ငွေကြေးများကို အထောက်အထား တစ်စုံတစ်ရာမရှိဘဲ တောင်သူတွေကြီးပွားဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ထုတ်ပေးတာ ဖြစ်လို့ တောင်သူများဘက် ကလည်း ပေးတဲ့ငွေကြေး၊ သွင်းအားစု၊ စက်ပစ္စည်းကိရိယာတို့ကို တန်ဖိုးရှိရှိ သုံးဖို့လိုပါတယ်။ တန်ဖိုးရှိရှိ သုံးတယ်ဆိုတာကတော့ လယ်ယာလုပ်ငန်းခွင်မှာပဲ သုံးစွဲဖို့ပါပဲ။ အဲဒီလိုသာ သုံးစွဲမယ် ဆိုရင် တောင်သူများ အထွက်တိုးရန်၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရန် အလေ အလွင့်နည်းနည်းနဲ့ စိုက်ပျိုးထုတ်လုပ်နိုင်မှာ အမှန်တ ကယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ထုတ်ပေး တဲ့အချိန်မှာ ငွေကိုယူပြီး၊ လယ်ယာကဏ္ဍနဲ့မဆိုင်တဲ့ TV၊ ဆိုင်ကယ်အစရှိတဲ့ ဇိမ်ခံပစ္စည်းတွေဝယ်၊ ဒါမှမဟုတ် ငွေရတာ နဲ့ သောက်စားမူးယစ်၊ လောင်းကစားလုပ်မယ်ဆိုရင် လယ်ထဲကို ထည့်သွင်းမဲ့ငွေတွေ အလဟဿ ကုန်သွားနိုင်ပါတယ်။ ဒါကြောင့် လယ်ယာမြေမှာ အကိုျးမရှိဘဲ မျှော်မှန်းတဲ့အထွက်နှုန်းနဲ့ မျှော်မှန်းတဲ့ မျိုးကောင်း၊ မျိုးသန့် မရနိုင်တော့ပါဘူး။ အဲဒီလိုမထွက်ရင် ဒုံရင်းပြန်ရောက်ပြီး ''ပေးကားပေး၏မရ'' ဖြစ်မှာပါ။ 

Pages