Background
အိန္ဒိယ ပဲမျိုးစုံထုတ်လုပ်မှု ယခင်နှစ်ထက် ၉ ဒသမ ၆၉ ရာခိုင်နှုန်း ကျဆင်းနိုင် အိန္ဒိယ မိုးပဲမျိုးစုံထုတ်လုပ်မှုဟာ ယခင်နှစ်က တန်ချိန် ၇ ဒသမ ၁၂ သန်းရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၆ ဒသမ ၄၃ သန်းကို ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ပဲစင်းငုံ ထုတ်လုပ်မှုက ယခင်နှစ်ပမာဏခန့် ထွက်ရှိနိုင်ပေမဲ့ ပဲတီစိမ်းကတန်ချိန် ၂၁ ဒသမ ၀၃ ရာခိုင်နှုန်း ခန့်နဲ့ မတ်ပဲကတန်ချိန် ၁၆ ဒသမ ၄၃ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ယခုနှစ်အတွက် ပဲထုတ်လုပ်မှုကို ပထမအကြိမ်ခန့်မှန်းမှုနဲ့ ယခင်နှစ် စတုတ္ထအကြိမ် ခန့်မှန်းထွက် ရှိမှုရဲ့ အပြောင်းအလဲကို ဖော်ပြလိုက်ပါတယ် တန်ချိန်သန်းပေါင်းပဲအမျိုးအစား ၂၀၁၀-၁၁ ၂၀၁၁-၁၂ ပြောင်းလဲမှု (စတုတ္ထအကြိမ်ခန့်မှန်း) (ပထမအကြိမ်ခန့်မှန်း)ပဲစင်းငုံ ၂ .၈၉ ၂ .၉ ၀ .၃၅မတ်ပဲ ၁ .၄ ၁ .၁၇ - ၁၆ .၄၃ပဲတီစိမ်း ၁ .၅၂ ၁ .၂ - ၂၁ .၀၅စုစုပေါင်း ၇ .၁၂ ၆ .၄၃ - ၉ .၆၉ယမင်းခင်၊ Source: nns commodityonline
နှစ်ကြိမ်မြုပ် နှစ်ခါစိုက်တဲ့ လယ်သမား ယခုနှစ် မုတ်သုံမိုးကတော့ ကောင်းလွန်းပါတယ်။ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ရဲ့ သြဂုတ်လကုန် အထိ ပုံမှန်မိုးရွာရက် ၈၉ ရက်နဲ့ မိုးရေချိန်က ၈၂ ဒသမ ၈၇ လက်မဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်က သြဂုတ်လကုန်ထိ မိုးရွာသွန်းမှု အခြေအနေများကို ပြန်ကောက်ကြည့်ရရင်လည်း ၂၀၀၉ ခုနှစ်မှာ မိုးရွာ ရက် ၈၆ ရက်နဲ့ ၈၂ ဒသမ ၁၀ လက်မ၊ ၂၀၁၀ ခုနှစ်မှာ မိုးရွာရက် ၇၉ ရက်နဲ့ ၆၅ ဒသမ ၂၈ လက်မ၊ ယခုနှစ် ၂၀၁၁ ခုနှစ်မှာ မိုးရွာရက် ၁၀၁ ရက်နဲ့ ၉၇ ဒသမ ၄၃ လက်မအထိ ရွာသွန်းခဲ့ပါတယ်။ ဒါကြောင့်လည်း တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှု သုံးကြိမ်ထိဖြစ်ခဲ့ပြီး၊ မိုးစပါးစိုက်ပျိုးရာတွင် ထိခိုက်မှု ပျက်စီးမှုရှိခဲ့ပေမယ့် ရေကျပြန်ပေါ်ပါ က ပြန်စိုက်ကြပါ တယ်။ ရေကြောင့် ပျက်စီးသွားတဲ့ မိုးစပါးစိုက်ဧက ၂၃၂၀၈ ဧကအနက် စက်တင်ဘာလ ၁၃ ရက်နေ့အထိ ၈၄၃၈ ဧက ကို စိုက်ပျိုးပြီးဖြစ်ရာ ကျန်စိုက်ပျိုးရန်ဧကများကို စက်တင်ဘာလကုန်အပြီး၊ စိုက်ပျိုးသွားရန် လျာထားဆောင်ရွက် လျက်ရှိပါတယ်။ ကဝမြို့မရပ်ကွက်က လယ်သမားကြီးတစ်ဦးဖြစ်တဲ့ ဦးဝင်းနဲ့တွေ့ဆုံခဲ့ရာ “ကျွန်တော့်မှာ လယ် ၈ ဧကရှိတယ်ဗျာ ရေနှစ်ကြိမ်မြုပ်တယ်၊ ဒါကြောင့် နှစ်ခါပြန်စိုက်တာ ပြီးသွားပြီဖြစ်ပါတယ်။ တစ်ခါပြန် စိုက်တဲ့အခါ ငှားလုပ်မယ်ဆိုရင် စက်ခုတ်ခနဲ့ ထွန်မွှေခက တစ်ဧကကို ကျပ် ၁၀၀၀၀ နဲ့ မျိုး ၂ တင်းဖိုး ကျပ် ၈၀၀၀ ကုန်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ကိုယ်တိုင်လုပ်တော့ မျိုးဖိုးပဲ ပိုကုန်တာပေါ့။ ဒုတိယအကြိမ်ပြန်စိုက်တဲ့အခါ အောင်ရေမီအောင် ရက် ၉၀စပါးမျိုးပဲစိုက်တယ်၊ တော်သလင်းမိုး ကန် သင်းကျိုးဆိုတဲ့အတိုင်း သီတင်းမကျွတ်ခင် မိုးရွာရင် အောင်ရေစုထားမယ်- ကျွန်တော်တို့လယ်သမားတွေ အတွက် သဘာဝကိုအံတုဖို့ ဇွဲပဲလိုပါတယ်”လို့ ပြောကြားသွားပါတယ်။ TT- ပဲခူး
တန်ချိန် ၅၇၀ ကျော်တင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း နို့ဆီတန်ချိန် ၅၇၂ ဒသမ ၃၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၈၈၄၂၀ ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံ က စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ဒီသီတင်းပတ်မှာတော့ DAWN တံဆိပ် နို့ဆီ ၂၂၈ ဒသမ ၃၈ တန်နဲ့ OK တံဆိပ် နို့ဆီ ၃၄၄ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ၆၁၂ တန်ကျော် တင်သွင်းခဲ့ပေမဲ့ ဒီသီတင်း ပတ်မှာ ၅၇၂ တန်ကျော်သာ တင်သွင်း နိုင်တာကြောင့် ဒီသီတင်းပတ်မှာ တန်ချိန် ၄၀ လောက်လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်က ဒီသီတင်းပတ်မှာ မလေးရှားနိုင်ငံမှ ၆ ဒသမ ၇၂တန်၊ ဗီယက်နမ် နိုင်ငံ မှ ဒသမ၂၄၆ တန်၊ ဖိလစ်ပိုင်နိုင်ငံ မှ ၂ ဒသမ ၈၉ တန်၊ နယူးဇီလန်မှ ၉၉ ဒသမ ၆၀ တန်နဲ့ အင်ဒိုနီးရှားနိုင်ငံမှ ၂၁ ဒသမ ၇၆ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ် ၅၇ တန်ကျော်သာတင်သွင်းခဲ့ပြီး ဒီတစ် ပတ်မှာတော့ တန်ချိန် တစ်ရာ့သုံးဆယ် ကျော်တင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ် ပတ် နို့မှုန့်တင်သွင်းမှုမှာ တန်ချိန် ခုနှစ် ဆယ်ကျော်လောက် ပိုမိုတင်သွင်းနိုင် ခဲ့ပါတယ်။ MIRT (DOT) ယခုအပတ် နယ်စပ်မှ နို့ဆီနဲ့ နို့စိမ်းသာ အသွင်းရှိ ယခုအပတ် ကော့သောင်းနယ်စပ် မှ ကန်ဒေါ်လာ ၃၂၇၅၀တန်ဖိုးရှိ နို့ဆီ တန် ၄၀ (၂၁၀၀သေတ္တာ)နဲ့ ကန် ဒေါ်လာ ၄၈၇၅၀ တန်ဖိုးရှိ နို့စိမ်း ၅၁ တန် (၂၇၀၀ သေတ္တာ) အသွင်းရှိခဲ့ပါ တယ်။ ယခုအပတ် မူဆယ်နယ်စပ်မှ နို့မှုန့် အသွင်းမရှိဘူးလို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၈၀ ၇၀၀ဒွန်း( နို့စိမ်း) ၆၂၀ ၆၅၀Falcon နို့ဆီ ၅၂၀ -Falcon နို့စိမ်း ၄၉၀ -ဝမ်းတီးနို့ဆီ ၆၄၀ ၆၅၀အိုကေ( နို့ဆီ) ၆၆၀ ၆၇၅အိုကေ( နို့စိမ်း) ၆၆၀ ၆၇၅ဟက်ပီးကောင်း(နို့ဆီ) ၆၀၀ -MIRT (DOT)
ဘိလပ်မြေတံဆိပ်မျိုးစုံ အဝင်များ စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၄၀၇၃၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးဆယ့်လေးသိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေက ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေတန်ချိန် ၂၁၉၃၁ တန်၊ စိန်တံဆိပ် ဘိလပ်မြေ တန်ချိန် ၇၀၀၀၊MOUNTAIN တံဆိပ် ဘိလပ်မြေ တန်ချိန် ၅၇၀၀ တန်နဲ့ စင်ကာပူနိုင်ငံမှ ANCHOR တံဆိပ် ဘိလပ်မြေတန်ချိန် ၆၁၀၀ အသီးသီး မှာယူ တင်သွင်းခဲ့ပါတယ်၊၊ ယခင်သီတင်းပတ် တန်ချိန် တစ်သောင်းနှစ်ထောင်ကျော်သာ တင်သွင်းနိုင်ခဲ့ရာ ဒီသီတင်းပတ် ဘိလပ်မြေအဝင် တန်ချိန်နဲ့ယှဉ်ရင် ၃ ဆနီးပါး လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) ဘိလပ်မြေ နယ်စပ်မှတင်သွင်းမှု အနည်းငယ်လျော့ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မြိတ်၊ တာချီလိတ်နဲ့ မောင်တောနယ် စပ်များမှ ကန်ဒေါ်လာ သုည ဒသမ ၁၁၁သန်းတန်ဖိုးရှိတဲ့ ဘိလပ်မြေ ၁၃၆၂ တန်ကျော် တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မြိတ် နယ်စပ်မှ ၆၃၂ တန်ကျော်၊ မောင်တောမှ ၅၈ တန်နဲ့ တာချီလိတ်မှ ၆၇၂ တန် အသီးသီးဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၇၀၀ ၄၇၀၀(လက်ကား) ဘိလပ်မြေ (စိန်) ၄၆၇၅ ၄၆၇၅ ဘိလပ်မြေ (မောင်းတိန်း) ၄၆၀၀ ၄၆၀၀မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၀၀ ၅၉၀၀ ဘိလပ်မြေ (AAA) ၅၃၀၀ ၅၁၀၀ ဘိလပ်မြေ(မြန်မာဆင်) ၅၂၀၀ ၄၉၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၂၀၀ ၄၀၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၂၀၀ ၄၉၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၃၀၀ ၄၅၀၀တောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၆၀၀၀ ၆၀၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၅၀၀၀ ၅၀၀၀ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၅၅၀၀ ၅၅၀၀တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၀၀၀ ၆၅၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၃၀၀ ၅၃၀၀မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၂၅၀ ၅၁၀၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၆၅၀ ၃၆၀၀ ဘိလပ်မြေ(စိန်)ထိုင်း ၅၁၀၀ ၄၉၅၀မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄၅၀ ၆၄၅၀ ဘိလပ်မြေ(မြင်းခေါင်း) ၅၃၀၀ ၅၃၀၀ MIRT (MAPT)
နိုင်ငံစုံမှ ဓာတ်မြေသြဇာတန်ချိန် တစ်ထောင့်နှစ်ရာကျော်တင်သွင်း စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၂၆၅ ဒသမ ၅၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးသိန်းသုံးသောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်း ခဲ့တဲ့ ဓါတ်မြေသြဇာတွေကတော့ တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် ၁၇၅ တန်၊ ရုရှားနိုင်ငံမှ ကောမတ်စ်မြေသြဇာ ၅၀၄ တန်၊ စင်ကာပူနိုင်ငံမှ သြဂဲနစ် ၂၀၇ ဒသမ ၈၇ တန်၊ ကွန်ပေါင်းမြေသြဇာ ၁၇ ဒသမ ၄၄ တန်၊ ထိုင်းနိုင်ငံမှ ဇင့်ဆာလ ဖိတ် ၅၀ တန်နဲ့ အမိုင်နိုအက်ဆစ် ၁ ဒသမ ၇ တန်၊ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်မြေသြဇာ ၃၀၉ ဒသမ ၅၅ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် တစ်ထောင့်လေးရာကျော်တင်သွင်းခဲ့တဲ့ ဓာတ်မြေ သြဇာက ဒီသီတင်းပတ်မှာတော့ တန်ချိန် နှစ်ရာကျော်လောက် လျော့နည်းပြီး တင်သွင်းခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာ တန်ချိန် ၁၆၀၀၀ ခန့် ယခုအပတ်နယ်စပ်မှသွင်း စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၁၃၈ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၅၉၅၃ တန်ခန့် တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၅၃၂၁ တန်၊ ကန်ပိုက်တီးမှတန် ၉၀၊ ကော့သောင်းမှ ၂၉၆ တန်၊ မောင်တောမှ ၁၈၃ တန်နဲ့ ရိဒ်မှ ၆၂ တန်ခန့် အသီးသီးဖြစ်ပါတယ်။ MIRT (DOBT)ဈေးကွက်က ဈေးနှုန်းဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) ပိုတက် (ထိုင်း) ၃၃၀၀၀ ၃၂၅၀၀ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၀၅၀၀ ၂၂၅၀၀ တီဆူပါ (သံကွင်း-တရုတ်) ၂၇၅၀၀ ၂၆၀၀၀ ပိုတက် (တရုတ်) ၂၂၈၀၀ ၂၃၀၀၀မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၁၉၁၃၀ ၂၀၅၀၀ ယူရီးယား(ပန်းဖူး-တရုတ်) ၁၉၈၃၀ ၂၂၀၀၀ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၄၁၃၀ ၂၄၅၀၀တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၀၅၀၀ ၂၀၅၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၀၅၀၀ ၂၀၅၀၀ ယူရီးယား (ယူအေအီး-တရုတ်) ၁၉၀၀၀ ၁၉၀၀၀ ကုလားအုတ် (တရုတ်) ၂၃၅၀၀ ၂၃၅၀၀တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၀၀၀၀ ၂၁၀၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၀၅၀၀ ၂၁၅၀၀ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၀၀၀၀ ၂၁၀၀၀ တီစူပါ-(တရုတ်) 12% ၉၅၀၀ ၁၀၅၀၀ တီစူပါ-(တရုတ်) 16% ၁၀၀၀၀ ၁၁၅၀၀ တီစူပါ 15:15:15 (တရုတ်) ၃၅၅၀၀ ၃၅၀၀၀ တီစူပါ 10:10:5 (တရုတ်) ၁၆၅၀၀ ၁၅၀၀၀ ပိုတက် (တရုတ်) ၂၁၀၀၀ ၂၀၀၀၀ ဓာတ်ဆား (တရုတ်) ၁၆၅၀၀ ၁၇၅၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၁၀၀၀ ၂၂၅၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၁၀၀၀ ၂၂၅၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၁၀၀၀ ၂၂၅၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၂၀၀၀ ၃၂၀၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၂၈၅၀၀ ၂၈၅၀၀ ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8 ၂၈၀၀၀ ၂၈၀၀၀ တီစူပါ (တရုတ်) သံကွင်း 46% ၂၆၀၀၀ ၂၆၀၀၀ တီစူပါ (တရုတ်) မြားကမ္ဘာ 16% ၁၃၅၀၀ ၁၃၅၀၀ MIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz12-September 40.87 2213.57 2370.82 8969.41 1816.0013-September 40.75 2217.60 2377.31 8983.07 1818.0014-September 40.74 2207.74 2351.33 8908.70 1803.0015-September 40.35 2185.12 2346.18 8754.82 1798.0016-September 39.40 2215.14 2366.78 8890.34 1766.00Source:kitco.com
Energy NYMEX 16-9-2011 Price Change Change %Brent Crude Futr (USD/bbl) 112.77 0.47 0.42Gas Oil Fut (ICE) (USD/MT) 955.00 2.75 0.29Gasoline Rbob Fut (Cent/gal) 302.98 0.52 0.17Heating Oil Futr (Cent/gal) 3.88 0.005 0.13Natural Gas Futr (USD/MMBtu) 279.10 0.82 0.29WTI Crude Future (USD/bbl.) 89.41 0.01 0.01
နယ်စပ်ငွေလဲလှယ်နှုန်း စက်တင်ဘာ ၂၀၁၁ (1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)12 6 .39 30.17 74.45 47.0613 6.40 30.15 74.40 4671014 6 .40 30.33 74.75 47.7515 6 .39 30.28 75.00 47.7916 6.38 30.35 75.05 47.44
World Gold Price September 2011 (USD/OZ)Date NY London Zurich12 1833 1835 183613 1824 1826 182014 1829 1834 183115 1818 1820 182316 1781 1784 1788Domestic Gold Price Kyats(Thousand)Date Yangon Mandalay12-9-2011 726.50 725.9013-9-2011 714.00 713.5014-9-2011 720.00 719.0015-9-2011 731.50 731.0016-9-2011 724.00 723.80