Background
အောက်တိုဘာလ ပထမပတ်တွင် ပြည်မြို့နယ်၏ အခြေခံစား သောက်ကုန်ဈေးနှုန်းများမှာ ယခင်လက ဈေးမြင့်တက်နေသော်လည်း ယခုတစ်ပတ်တွင် ဈေးနှုန်းများအနည်းငယ် ပြန်ကျလာသည်။ ကြက်သွန်နီ တစ်ပိဿာလျှင် ယခင်လ က ကျပ် ၃၆၀ဝ၊ ယခုလတွင် ကျပ် ၃၃၀ဝ ဖြင့် အနည်းငယ် ကျဆင်းခဲ့သည်။ ငရုတ်သီးခြောက်အရှည်ဈေးမှာ တစ်ပိဿာ လျှင် ကျပ် ၂၅၀ဝ ကြက်သွန်ဖြူ (ကြူကုတ်)ဈေးမှာ ကျပ် ၅၀ဝ၀ မှ ၄၃၀ဝ သို့ အနည်းငယ်ကျဆင်းခဲ့သည်။ ရှမ်း ကြက်သွန်ဖြူမှာ ကျပ် ၆၀ဝ၀ ဖြစ် သည်။ မန်ကျည်းမှည့် တစ်ပိဿာ ကျပ် ၄၀ဝ၀၊ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၅၀ဝ၀၊ သကြားတစ်ပိဿာ ကျပ် ၂၄၀ဝ ဈေးဖြင့် အကျမရှိဘဲ ဈေးငြိမ် နေသည်ကို တွေ့ရသည်။ စားအုန်းဆီမှာ ယခု တစ်ပတ်တွင် ဈေးများကျဆင်းလာရာ တစ်ပိဿ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် လယ်ယာဥယျာဉ်ခြံမြေများတွင် သီးနှံ စားပင်မျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ့ စားသုံးမှုများ၍ဈေး ကွက် အခိုင်အမာရှိသော ကွမ်းရွက်ကို လည်းတစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း သိရသည်။ ပွင့်ဖြူဒေသတွင် ကွမ်းစိမ်း နှင့်ကွမ်းနုဝါ(ရွှေဒါး)ကို အဓိက စိုက်ပျိုး ကြကြောင်း၊ ကွမ်းရွက်ကို ကွမ်းယာ စား သုံးရာတွင် အသုံးပြုရန်နှင့် တိုင်းရင်း ဆေးဖော်စပ်ရာတွင် အသုံးပြုရန် အဓိက ဝယ်ယူကြကြောင်း သိရသည်။ကွမ်းရွက်စိုက်ပျိုးရာတွင် မြေ ထုပ်စီးမျိုးညွန့်စိုက်ပျိုးနည်းနှင့် အပင်မှ အညွန့်ဖြတ်၍ တိုက်ရိုက်စိုက်ပျိုးနည်း ဟူ၍ နှစ်
မတ်လ ၃ ရက်မှ မတ်လ လယ်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ် ရေးစခန်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၄၆၀၀ ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၅၆၀ ကျော်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၇၀ ခန့် စုစုပေါင်းတန်ချိန် ၆၂၀၀ ခန့် တန်ဖိုးအမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းခန့် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၁၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့်ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲတီစိမ်းများဝင်ရောက်လာပြီး အရည်အသွေးနှင့် ဝယ်လိုအားကြောင့် စျေးများအနည်းငယ်မြင့်တက် လျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ် (၁၅.၁၂.၂၀၂၀)ရက်နေ့တွင် ပဲတီစိမ်း ၂၀ ပိဿာတစ်တင်းလျှင် ကျပ် ၄၅၀ဝဝ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။
မကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် နှမ်းမျိုးစုံတို့ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မိုးနှမ်းများဝင်ရောက်လာပြီး အရည်အသွေးနှင့် ဝယ်လိုအားကြောင့် နှမ်းနက်(စမုံ)၊ နှမ်းဖြူနှင့်နှမ်းနီ စျေးများ အနည်းငယ်ကျဆင်းလျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ်(၁၅.၁၂.၂၀၂၀)ရက်နေ့တွင် နှမ်းနက်(စမုံ) ၄၅ပိဿာသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၆၀၀ဝဝ နှမ်းဖြူ ၄၅ပိဿာသုံးတင်းဝင် တစ်အိတ်လျှင်ကျပ် ၁၀၅၀ဝဝ၊ နှမ်းနီ ၄၅ပိဿာသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၀၅၀ဝဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစင်းငုံများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများကျဆင်းလျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ်(၁၅.၁၂.၂၀၂၀)ရက်နေ့တွင် ပဲစင်းငုံ ၂၀ပိဿာတစ်တင်းလျှင် ကျပ် ၂၄၀ဝဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ပြည်နယ်အတွင်း ယခုလက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းမှာ ဒီဇင်ဘာလပထမပတ်တွင် ဒီဇယ်(ရိုးရိုး)တစ်ဂါလံလျှင် ကျပ် ၂၆၀၀ ၊ ဒုတိယပတ် တွင် ဒီဇယ်(ရိုးရိုး)တစ်ဂါလံလျှင် ကျပ် ၃၀၀၀၊ ပထမပတ်ဓါတ်ဆီ (ရိုးရိုး) တစ်ဂါလံလျှင် ကျပ် ၂၄၀၀၊ ဒုတိယပတ် ဓါတ်ဆီ (ရိုးရိုး) တစ်ဂါလံလျှင်ကျပ် ၂၆၀၀ ပထမပတ်ဒီဇယ် (ပရီမီယမ်) တစ်ဂါလံလျှင် ကျပ် ၂၆၅၅ ၊ ဒုတိယပတ် ဒီဇယ် (ပရီမီယမ်) တစ်ဂါလံလျှင် ကျပ် ၃၀၁၅၊ ပထမပတ်ဓါတ်ဆီ (၉၂) တစ်ဂါလံ ကျပ် ၂၅၂၀၊ ဒုတိယပတ် ဓါတ်ဆီ (၉၂) တစ်ဂါလံကျပ် ၂၈၈၀၊ ပထမပတ် ဓါတ်ဆီ (၉၅) တစ်ဂါလံကျပ် ၃၃၅၀ ၊ ဒုတိယပတ် ဓါတ်ဆီ (၉၅) တစ်ဂါလံကျပ် ၃၁၅၀ ၊ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ်နှိုင်းယှဉ်ရာတွင်ဓါတ်ဆီ (ရို
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ကယားပြည်နယ်မှ မန္တလေးမြို့သို့ ဒေသထွက် (ဧည့်မထ)ဆန်အိတ်စုစုပေါင်း ၆၅၃၀ တန်ချိန်အားဖြင့် ၃၂၇ ဒသမ ၈၈ တန်ခန့်တင်ပို့နိုင်ခဲ့ပြီး ကယားပြည်နယ်မှ အခြားမြို့ကြီးများသို့ ပြောင်းသီးနှံ တင်ပို့မှုအနေဖြင့် ပြောင်းအိတ်စုစုပေါင်း ၃၀၄၇၀ အိတ် တန်ချိန်အားဖြင့် ၁၄၉၂ ဒသမ ၆၂ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ဒေသရှိစျေးကွက်တွင် ယခုတစ်ပတ်၌ နှမ်းစျေးများငြိမ်နေတာတွေ့ရပါတယ်။ ဆောင်းနှမ်းများစိုက်ပျိုးရန်ပြင်ဆင်နေချိန်ဖြစ်လို့ အ၀င်နည်းသွားသော်လည်း တစ်နေ့လျှင် အိတ် ၁၀၀ လောက် သာအ၀င်ရှိတာတွေ့ရပါတယ်။ အောင်လံနှင့် မန္တလေးဘက်မှ စမုံနက်နှမ်းနှင့် နှမ်းနက်ကို အ၀ယ်ရှိ သော်လည်း ရက်ခြားသာအရောင်းအ၀ယ်ဖြစ်တာတွေ့ရပါတယ်။ မြို့တွင်းရှိတချို့ဆီစက်များကလည်း ယခင်လှောင်ထား တဲ့နှမ်းနီများကို ဆီကြိတ်နေသလို လှောင်နှမ်းမရှိသောဆီစက်အချို့က ဆီကြိတ်ရန်မလုံလောက်လျှင် အောင်လံအနီးတဝိုက်ရှိကျေးရွာများသို့ သွားရောက်၍ အ၀ယ်ရှိတာတွေ့ရပါတယ်။ ယခုအပတ်နှမ်းစျေးမှာ ယခင်အပတ်ကအတိုင်း နှမ်းနီ (၃)တ


