Main menu

Background

Friday, 18 Dec 2020

မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် နှမ်းမျိုးစုံတို့ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မိုးနှမ်းများဝင်ရောက်လာပြီး အရည်အသွေးနှင့် ဝယ်လိုအားကြောင့် နှမ်းနက်(စမုံ)၊ နှမ်းဖြူနှင့်နှမ်းနီ စျေးများ အနည်းငယ်ကျဆင်းလျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ်(၁၅.၁၂.၂၀၂၀)ရက်နေ့တွင် နှမ်းနက်(စမုံ) ၄၅ပိဿာသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၆၀၀ဝဝ နှမ်းဖြူ ၄၅ပိဿာသုံးတင်းဝင် တစ်အိတ်လျှင်ကျပ် ၁၀၅၀ဝဝ၊ နှမ်းနီ ၄၅ပိဿာသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၀၅၀ဝဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

Friday, 18 Dec 2020

မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစင်းငုံများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများကျဆင်းလျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ်(၁၅.၁၂.၂၀၂၀)ရက်နေ့တွင် ပဲစင်းငုံ ၂၀ပိဿာတစ်တင်းလျှင် ကျပ် ၂၄၀ဝဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

Friday, 18 Dec 2020

ပြည်နယ်အတွင်း ယခုလက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းမှာ ဒီဇင်ဘာလပထမပတ်တွင် ဒီဇယ်(ရိုးရိုး)တစ်ဂါလံလျှင် ကျပ် ၂၆၀၀ ၊ ဒုတိယပတ် တွင် ဒီဇယ်(ရိုးရိုး)တစ်ဂါလံလျှင် ကျပ် ၃၀၀၀၊ ပထမပတ်ဓါတ်ဆီ (ရိုးရိုး) တစ်ဂါလံလျှင် ကျပ် ၂၄၀၀၊ ဒုတိယပတ် ဓါတ်ဆီ (ရိုးရိုး) တစ်ဂါလံလျှင်ကျပ် ၂၆၀၀ ပထမပတ်ဒီဇယ် (ပရီမီယမ်) တစ်ဂါလံလျှင်  ကျပ်  ၂၆၅၅ ၊ ဒုတိယပတ် ဒီဇယ် (ပရီမီယမ်) တစ်ဂါလံလျှင် ကျပ်  ၃၀၁၅၊ ပထမပတ်ဓါတ်ဆီ (၉၂) တစ်ဂါလံ ကျပ်  ၂၅၂၀၊ ဒုတိယပတ် ဓါတ်ဆီ (၉၂) တစ်ဂါလံကျပ် ၂၈၈၀၊ ပထမပတ် ဓါတ်ဆီ (၉၅) တစ်ဂါလံကျပ်  ၃၃၅၀ ၊ ဒုတိယပတ် ဓါတ်ဆီ (၉၅) တစ်ဂါလံကျပ်  ၃၁၅၀ ၊ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ်နှိုင်းယှဉ်ရာတွင်ဓါတ်ဆီ (ရို

Thursday, 17 Dec 2020

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ကယားပြည်နယ်မှ မန္တလေးမြို့သို့ ဒေသထွက် (ဧည့်မထ)ဆန်အိတ်စုစုပေါင်း ၆၅၃၀ တန်ချိန်အားဖြင့် ၃၂၇ ဒသမ ၈၈ တန်ခန့်တင်ပို့နိုင်ခဲ့ပြီး ကယားပြည်နယ်မှ  အခြားမြို့ကြီးများသို့ ပြောင်းသီးနှံ တင်ပို့မှုအနေဖြင့် ပြောင်းအိတ်စုစုပေါင်း ၃၀၄၇၀ အိတ် တန်ချိန်အားဖြင့် ၁၄၉၂ ဒသမ ၆၂ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

Thursday, 17 Dec 2020

ပဲခူးတိုင်းဒေသကြီး၊ ပြည်ဒေသရှိစျေးကွက်တွင် ယခုတစ်ပတ်၌ နှမ်းစျေးများငြိမ်နေတာတွေ့ရပါတယ်။ ဆောင်းနှမ်းများစိုက်ပျိုးရန်ပြင်ဆင်နေချိန်ဖြစ်လို့ အ၀င်နည်းသွားသော်လည်း တစ်နေ့လျှင် အိတ် ၁၀၀ လောက် သာအ၀င်ရှိတာတွေ့ရပါတယ်။ အောင်လံနှင့် မန္တလေးဘက်မှ စမုံနက်နှမ်းနှင့် နှမ်းနက်ကို အ၀ယ်ရှိ သော်လည်း ရက်ခြားသာအရောင်းအ၀ယ်ဖြစ်တာတွေ့ရပါတယ်။ မြို့တွင်းရှိတချို့ဆီစက်များကလည်း ယခင်လှောင်ထား တဲ့နှမ်းနီများကို ဆီကြိတ်နေသလို လှောင်နှမ်းမရှိသောဆီစက်အချို့က ဆီကြိတ်ရန်မလုံလောက်လျှင်   အောင်လံအနီးတဝိုက်ရှိကျေးရွာများသို့ သွားရောက်၍ အ၀ယ်ရှိတာတွေ့ရပါတယ်။   ယခုအပတ်နှမ်းစျေးမှာ ယခင်အပတ်ကအတိုင်း နှမ်းနီ (၃)တ

Friday, 11 Dec 2020

နို၀င်ဘာ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၁၉၅၆၀၅၂၆ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၅၈၈၁၇ ဒသမ ၅၉ တန်နှင့်  အမေရိကန်ဒေါ်လာ ၁၅၁၇၇၆၁၃ တန်ဖိုးရှိဓာတ်ဆီ ၄၄၃၉၉ ဒသမ ၇၃ ၊ စုစုပေါင်းဒီဇယ်၊ ဓာတ်ဆီ ၁၀၃၂၁၇ ဒသမ ၃၂ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဒီဇယ် ၄၃၇၂၂ ဒသမ ၅၁ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်း မှုနှင့်နှိုင်းယှဉ်လျှင် ၁၅၀၉၅ ဒသမ ၀၈ တန် ၊ ယခင်သီတင်းပတ်က ဓာတ်ဆီတန်ချိန် ၃၀၁၂၀ ဒသမ ၆၀ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင် ၁၄၂၇၉ ဒသမ ၁၃ တန်ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခုတစ်ပတ် ဒီဇယ်နှင့် ဓာတ်ဆီ အ၀င်ပိုခဲ့သည်။

Friday, 11 Dec 2020

နို၀င်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၉၅၆၀၄ ဒေါ်လာတန်ဖိုးရှိ နို့ဆီ ၃၂၈ ဒသမ ၃၂ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် စင်ကာပူနိုင်ငံမှ မာရီဂိုးနို့ဆီ ၄၃ ဒသမ ၇၇၆ တန်နှင့် ဒွန်းနို့ဆီ ၂၈၄ ဒသမ ၅၅၄ တန်တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ဒွန်းနို့ဆီ အ၀င်များခဲ့သည်။ ယခင်သီတင်းပတ်က နို့ဆီ ၉၉ ဒသမ ၂၁၆ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၂၉ ဒသမ ၁၀၄ တန်ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

Friday, 11 Dec 2020

နို၀င်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၀၁၁၃၄၆ ဒေါ်လာတန်ဖိုးရှိ မြေသြဇာ ၁၄၀၁၀ ဒသမ ၀၃၄ တန်ကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ဘီလာရုစ်နိုင်ငံမှ ၂၅၈၅ တန်၊ တရုတ်နိုင်ငံမှ ၂၀၂၈ ဒသမ ၄၄ တန်၊ အီဂျစ်နိုင်ငံမှ ၁၃၂၂ ဒသမ ၃၈၄ တန်၊ အီရန်နိုင်ငံမှ  ၈၁၇ တန်၊ ကိုရီးယားနိုင်ငံမှ ၂၀၂၇ ဒသမ ၄၇ တန်၊ မလေးရှားနိုင်ငံမှ ၁၃၉၂ ဒသမ ၅၃ တန်၊ နော်ဝေနိုင်ငံမှ ၅၂၀ ဒသမ ၁၆ တန်၊ ပိုလန်နိုင်ငံမှ ၂ ဒသမ ၂၅ တန်၊ ရုရှားနိုင်ငံမှ ၁၀၀၈ တန်၊ စင်ကာပူနိုင်ငံမှ တန်ချိန် ၁၂၀ ၊ ထိုင်းနိုင်ငံမှ ၂၀၈ တန်၊ တူရကီနိုင်ငံမှ ၁၂ ဒသမ ၃ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ၉၆၇ ဒသမ ၅၀ တန်နှင့် ဗီယက်နမ်နိုင်ငံ

Friday, 11 Dec 2020

နို၀င်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၃၀၂၄၀ ဒေါ်လာတန်ဖိုးရှိ ဘိလပ်မြေ ၁၀၉၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် တရုတ်နိုင်ငံမှ တန်ချိန် ၈၄၀ နှင့် မလေးရှားနိုင်ငံမှ ၂၅၆ တန် တင်သွင်း ခဲ့ကြောင်းသိရသည်။  ယခင်သီတင်းပတ်က ဘိလပ်မြေတန်ချိန် ၁၅၀ ကျော် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၉၄၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။

 

သီတာဝင်း (DOT)

Friday, 11 Dec 2020

နို၀င်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်သီတင်းပတ်အတွင်း ချင်း ၂၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ နို၀င်ဘာ နောက်ဆုံးသီတင်းပတ်မှာ အပို့ပျောက်ခဲ့သည့် ချင်းက ယခုတစ်ပတ်မှပြန်လည်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုတစ်ပတ် ပါကစ္စတန်နိုင်ငံသို့ တင်ပို့ခဲ့ပြီး တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၈၀ ဒေါ်လာ ရရှိခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ်ချင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၄၈၀ ဒေါ်လာ ၀င်ငွေရရှိခဲ့ကြောင်းသိရသည်။

သီတာဝင်း (DOT)

Pages