Main menu

Background

Tuesday, 8 Dec 2020

၂၀၂၀ ဒီဇင်ဘာ၇ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာရာဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၈၀၊ ၁၀၈ ပေါင်(ဆန်သား၉၀%)ဆန်(သစ်)တစ်အိတ်ဈေးနှုန်းမှာဧည့်မထကျပ် ၂၅၅၀၀၊ ပေါ်ဆန်းကျပ် ၃၅၀၀၀၊၂၀ ပိဿာ ဝင် ပဲတစ်တင်းဈေးနှုန်းများမှာပဲတီစိမ်းကျပ် ၃၆၀၀၀၊ မတ်ပဲကျပ်၃၃၈၀၀၊ ပဲလွန်းဖြူကျပ်၃၄၀၀၀၊ ဘိုကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၁၀၀၀၊ မြေပဲ၆၁၀၀၀ ကျပ်၊သစ်သီးဝလံမှ ကျွဲကောသီးပန်းရောင်လက္ကားဈေးတစ်လုံးကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင်လက္ကားဈေးတစ်လုံးကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒူးရင်းသီး(ဒေသမျိုး)တစ်လုံးကျပ် ၂၀၀၀ မှ ၄၀၀၀၊  မင်းဂွတ်သီးတစ်လုံး ၅၀ မှ ၁၅၀ ကျပ်၊ ရေထွက်ကုန်တစ်ပိဿာ(အလတ်စ)ဈေးနှုန်းမှာငါးဒန် ကျပ် ၂၄၀၀၊ ငါးမြ

Thursday, 3 Dec 2020

နို၀င်ဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၁၀၆၁၈၆၃၇ တန်ဖိုးရှိ ဓာတ်ဆီ ၃၀၁၂၀ဒသမ ၆၀ တန်နှင့် အမေရိကန်ဒေါ်လာ ၁၆၀၂၉၁၃၂ တန်ဖိုးရှိ ဒီဇယ် ၄၃၇၂၂ ဒသမ ၅၁ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၇၃၄၈၃ ဒသမ ၁၁ တန်ကိုပင်လယ်ရေကြောင်းလမ်း တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဒီဇယ်၆၅၈၃၇ ဒသမ ၆၅ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၂၁၁၅ ဒသမ ၁၄ တန်၊ ယခင်သီတင်းပတ်က ဓာတ်ဆီတန်ချိန် ၅၃၀၄၃ ဒသမ ၈၄ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင် ၂၂၉၂၃ ဒသမ ၂၄ တန် တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ယခုတစ်ပတ် ဒီဇယ်ရော ဓာတ်ဆီပါ အ၀င်လျော

Thursday, 3 Dec 2020

နို၀င်ဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၉၈၂၉၇ တန်ဖိုးရှိ နို့ဆီ ၉၉ ဒသမ ၂၁၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် Hawk နို့ဆီတစ်မျိုးတည်းသာတင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က နို့ဆီ၄၈ တန်ကျော်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၅၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

Thursday, 3 Dec 2020

နို၀င်ဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၇၃၇၂၅၈ တန်ဖိုးရှိ မြေသြဇာ ၆၁၄၅ ဒသမ ၀၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ သည်။ ယခုတစ်ပတ် တရုတ်နိုင်ငံမှ ၂၁၀၈ တန်၊ အီဂျစ်နိုင်ငံမှ ၆၇၂ တန်၊ ဂျာမနီနိုင်ငံမှ ၁၀၅၃ တန်၊ ကိုရီးယားနိုင်ငံမှ ၁၀၆၈ ဒသမ ၇၀ တန်၊ နယ်သာလန်နိုင်ငံမှ ၂၄၃ ဒသမ ၃၆ တန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၁၀၀၀ တင်သွင်းခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းခဲ့ကြောင်းသိရသည်။

Thursday, 3 Dec 2020

နို၀င်ဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၁၃၂၀ တန်ဖိုးရှိ ဘိလပ်မြေ ၁၅၁ ဒသမ ၂၀ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဘိလပ်မြေ၂၅၂ ဒသမ ၂၄ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၀၀ ကျော်တင်သွင်းမှုလျော့နည်းခဲ့ကြောင်း သိရသည်။  

သီတာဝင်း(DOT)

Thursday, 3 Dec 2020

နို၀င်ဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်း နနွင်း ၁၁၈ ဒသမ ၈၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ယီမင်နိုင်ငံသို့ ၅၂ ဒသမ ၅ တန် ၊ ပါကစ္စတန်နိုင်ငံသို့ ၄၂ ဒသမ ၃၅ တန်နှင့် အာရပ် စော်ဘွားများပြည်ထောင်စုနိုင်ငံသို့ ၂၅ တန် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် ယီမင်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ်က နနွင်းတန် ၅၀ တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် နနွင်း ၆၈ တန်ကျော် ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။ နနွင်းတစ်တန် ပျမ်းမျှအမေရိကန်ဒေါ်လာ ၄၉၀ ၀န်းကျင်ရရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် နနွင်းတင်ပို့မှုမှ စုစုပေါင်း အမ

Tuesday, 1 Dec 2020

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတရုတ်နိုင်ငံသို့နေ့စဉ်သစ်သီးဝလံများတင်ပို့လျှက်ရှိရာနိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဖရဲသီးတင်ပို့မှု ၃၃၅ စီး၊  ၄၉၇၅ တန်နှင့် သခွားမွေး  ၂၀ စီး၊ ၂၂၅ဒသမ၅၀တန် တင်ပို့ နိုင်ခဲ့ပါသည်။

    သစ်သီးဝလံတင်ပို့မှုမှာ နိုဝင်ဘာလဒုတိယပတ်တွင် ဖရဲသီးတင်ပို့မှု ၆၄၄၇တန်၊ သခွားမွေးတင်ပို့မှု ၁၄ တန်ဖြစ်ပြီး၊ နိုဝင်ဘာလတတိယပတ် ဖရဲသီးတင်ပို့မှု (၄၈၈၂ဒသမ၅၀)တန်နှင့် သခွားမွေးတင်ပို့မှု ၁၂၃ တန်ဖြစ်သဖြင့် နိုဝင်ဘာလတတိယပတ်တွင် ဖရဲသီးတင်ပို့မှု ၁၅၆၄ဒသမ၅တန် လျော့နည်းခဲ့ပြီး၊ သခွားမွေး၁၀၉တန် ပိုမိုတင်ပို့နိုင်ပါသည်။

Tuesday, 1 Dec 2020

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင်ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်နေ့ များအတွင်းတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ စေ့ထုတ်ပြောင်း၊ သကြားနှင့် ဧည့်မထဆန် များတင်ပို့ခဲ့ကြောင်းသိရှိရ ပါသည်။

Thursday, 26 Nov 2020

ယခုတစ်ပတ်နို၀င်ဘာလနောက်ဆုံးပတ်တွင် ပြည်စျေးကွက်၌ ကြက်သွန်နီစျေးနှုန်းများ လက်ကားရော လက်လီပါ တစ်ပိဿာလျှင် ကျပ် ၁၀၀ မှ ၁၅၀ထိ ကျဆင်းသွားကြောင်းသိရပါသည်။ ရေနံချောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူ စတဲ့နယ်များမှာ ပိဿာ (၃၀)၀င် အိတ် ၃၅၀/၄၀၀ ခန့်နေ့စဉ်၀င်ရောက်လျက်ရှိနေပြီး အရောင်းအ၀ယ်မှာ၀င်ရောက်မှုရဲ့ ထက်၀က်နီးပါးခန့် အရောင်းအ၀ယ်ဖြစ်ကြောင်းသိရပါသည်။ စျေးနှုန်းများအနေနဲ့ ပွဲရုံလက်ကားစျေးတစ်ပိဿာကို (ကြီး/လတ်/ သေး) ကျပ် ၉၀၀/၈၀၀/၇၀၀ နှုန်းတို့ရှိပြီး လက်လီစျေးအသေးများတွင် စျေးနှုန်းအမျိုးအစားမခွဲခြားဘဲ ကြီး၊ လတ်၊ သေး ကြိုက်တာယူကျပ် ၁၀၀၀ဖြင့် ရောင်းချမှုရှိနေကြောင်းလည်း သိရပါသည်။

Thursday, 26 Nov 2020

ယခုအပတ် ပြည်စျေးကွက်သို့ ပန်းတောင်းနှင့် ပေါက်ခေါင်းဘက်မှ မြေပဲဆန်အိတ်များ နေ့စဉ်အ၀င်ရှိပြီး ၀င်သလောက်အရောင်း၀ယ်ဖြစ်တာတွေ့ရပါတယ်။ ဆီစက်သမားများက ဆီဆန်ကိုအ၀ယ်ရှိပြီး လုံးဆန်ကိုရန်ကုန်၀ယ်လက် များနှင့် ပဲလှော်ဖိုသမားများကအ၀ယ်ရှိလို့ မြေပဲဆန်စျေးမှာ ယခင်အပတ်က အတိုင်းစျေးငြိမ်နေတာတွေ့ရပါတယ်။ ယခုအပတ် မြေပဲဆန်စျေးများမှာ ဆီဆန်အဖြူရောအနီပါတစ်ပိဿာလျှင် ကျပ် ၂၄၀၀ နှင့် လုံးဆန်စျေးမှာအဖြူ ရော အနီပါ တစ်ပိဿာလျှင် ကျပ် ၂၈၀၀ ဖြင့်  ပြည်စျေးကွက်တွင် အရောင်းအ၀ယ်ဖြစ်လျက်ရှိပါတယ်။

ဝေဝေမင်း(ပြည်)

Pages