Main menu

Background

Thursday, 26 May 2011

 ၂ဝ၁၁ ခုနှစ် ဒုတိယနှစ်ဝက်တွင် အာရှရေနံစိမ်းဝယ်လိုအား နည်းသွားမည်ဟု JP Morgan  ခန့်မှန်းပြောကြား                အယ်လ်ကေဒါခေါင်းဆောင် အိုစမာဘင်လာဒင်ကို အဆုံးစီရင်လိုက်နိုင်ကြောင်း သမ္မတအိုဘားမားက ကြေညာအပြီး နယူးယောက်မှ ရေနံစိမ်းဈေးနှုန်းတွေ က နှစ်ပတ်အတွင်း အများဆုံးပမာဏအဖြစ် ကျဆင်းသွားပါတယ်။ ၎င်းသတင်းက အရှေ့အလယ်ပိုင်း ရေနံရောင်းလိုအား ပြတ်တောက်လာမယ်ဆိုတဲ့ စိုးရိမ်မှုကို သက်သာစေမယ်လို့ ခန့်မှန်းကြရာ ရေနံစိမ်းကျဆင်းကြောင်း သိရပါတယ်။ အယ်လ်ကေဒါနဲ့ ဘင်လာဒင်က အမေရိကန်နဲ့ ဥရောပရဲ့ စီးပွားရေးတွေပျက်စီးစေဖို့ ရေနံထုတ်လုပ်ဖြန့်ဖြူးတဲ့ အဆောက်အအုံတွေကို ပျက်စီးအောင် အမြဲတွန်းအားပေး လျက်ရှိပါတယ်။ ဒါ့အပြင် ဘင်ဘာဒင်သေဆုံးတဲ့သတင်းမတိုင်မီကလည်း ရေနံစိမ်း ဈေးနှုန်း ကျဆင်းခဲ့ပါတယ်။                  တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အသင့်အတင့်သာရှိနိုင်ပြီး လောင်စာသုံးစွဲမှု ကျဆင်းသွားမယ် မျှော်လင့်ရာ ရေနံစိမ်းဈေးနှုန်း ကျဆင်းသွား ကြောင်း သိရပါတယ်။                  ဇွန်လအရောက်ပို့ရမယ့် ရေနံစိမ်းက တစ်စည်ကို ၁ ဒသမ ၇၂ ဒေါ်လာ ကျဆင်းကာ ၁၁၂ သမ ၂၁ ဒေါ်လာနဲ့ နယူးယောက်ကုန်စည်ရောင်းဝယ်ရေးမှာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဇွန်လငွေချေရမယ့် ဘရန့် အမျိုးအစားရေနံစိမ်းမှာ တစ်စည်ကို ၁ ဒသမ ၁၇ ဒေါ်လာကျဆင်းကာ ၁၂၄ ဒသမ ၇၂ ဒေါ်လာနဲ့ လန်ဒန်  ICE Futures Europe Exchange  မှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လောင်စာဈေးမြင့်မားမှုက သုံးစွဲသူတွေကို ထိခိုက်စေပြီး အာရှ ရေနံဝယ်လိုအားကလည်း ယခုနှစ် ဒုတိယ ခြောက်လအတွင်း နှေးကွေးသွားမှာ ဖြစ်ကြောင်း  JP Morgan Chase & Co.,  ကခန့်မှန်းထားပါတယ်။ ှSource:Bloomberg.com, ပပ 

Thursday, 26 May 2011

ဧပြီလအတွင်း ပင်လယ်ရေကြောင်းက ဒီဇယ်ဆီဝင်အားကောင်း              ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံး စက်သုံးဆီဈေးကွက်အတွက် ဧပြီလအတွင်း တင်သွင်းခဲ့တဲ့ ဒီဇယ်ဆီမှ တန်ချိန်တစ်သိန်းငါးသောင်းခြောက်ထောင်နှစ်ရာကျော် ဖြစ်ပါတယ်။ ဧပြီလအတွင်း ပျမ်းမျှတစ်ပတ်ကို ဒီဇယ်ဆီတန်ချိန် သုံးသောင်းကျော် တင်သွင်းနိုင်တယ်လို့ သိရပါတယ်။ မတ်လအတွက် ပျမ်းမျှတစ်ပတ်ကို ဒီဇယ်ဆီ တန်ချိန် ၁၇ဝဝဝ ကျာ်သာ တင်သွင်းနိုင်တဲ့အတွက် ဧပြီလမှာ အဝင်ပိုခဲ့ပါတယ်။ မတ်လမှာ စုစုပေါင်း ဒီဇယ်ဆီတင်သွင်းမှုမှာ တန်ချိန် ၁၃ဝဝဝဝ ကျော်ရှိခဲ့ပြီး ဧပြီလမှာ ၁၅ဝဝဝဝ ကျော်ရှိခဲ့တာကြောင့် ဧပြီလမှာ တန်ချိန် နှစ်သောင်းကျော် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT ) တာချီလိတ်နဲ့ ကော့သောင်းက ဓာတ်ဆီသွင်း               ဧပြီ ၂၇ ၇က်မှ မေ ၃ ရက်ထိကာလအတွင်း ကော့သောင်းနယ်စပ်စခန်း မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၃၄ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၁ဝ၅ဝဝ ဂါလန်နဲ့ တာချီလိတ်စခန်းမှ ကန်ဒေါ်လာ ဝ ဒသမ ၂၁၂ သန်း တန်ဖိုးရှိ ဓာတ်ဆီ ၃၆၇၁၅ ဂါလန် တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်က ဓာတ်ဆီတင်သွင်းမှုမရှိဘဲ ယခုအပတ်မှာမှ ပြန်လည်တင်သွင်းတာဖြစ်ကြောင်း သိရပါတယ်။ နယ်စပ်ဒီဇယ် အသွင်းလျော့                 ဧပြီလ ၂၇ရက်မှ မေ ၃ရက်ထိကာလအတွင်း တာချီလိတ်နဲ့ ကော့သောင်း နယ်စပ်စခန်းတွေကနေ ဒီဇယ်ဆီ ၂၂၆ဝ၃ဝ ဂါလန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၆၉၄ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ဂါလန် ၄ သိန်းကျော် တင်သွင်းခဲ့တာကြောင့် တင်သွင်းမှု ထက်ဝက်ကျော်လျော့ကျခဲ့တာ တွေ့ရပါတယ်။  MIRT (DOBT )

Monday, 23 May 2011

ဝယ်လက်ရှိလို့ ဈေးမြင့်လာတဲ့ ပြည်ပဲစင်းငုံ               ပြည်ဈေးကွက်တွင် ယခင်တစ်ပတ်က ပဲစင်းငုံ အနည်းငယ် အဝယ်သွက်ခဲ့တာကြောင့် ယခုတစ်ပတ်မှာ ပဲစင်းငုံဈေးအနည်းငယ် တက်ခဲ့ပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၅၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာတော့ တစ်တင်း ကို ၁၆၈ဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်တွင် လည်း ရန်ကုန်ဝယ်လက်များ အဝယ်ရှိနေသေးကြောင်း သိရပါတယ်။ ယခုမေလဆန်းပိုင်းမှစ၍ ယခုတစ်ပတ်ထိ ပဲစင်းငုံအိတ် ၂၄ဝဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။     ဆုမွန်ဆွေ 

Monday, 23 May 2011

မုံရွာ V 2 ရန်ကုန်သို့ တစ်ရက်လျှင် အိတ် ၁ဝဝဝ ခန့် စုံဆင်းနေ                   မေလတတိယပတ် မုံရွာကုလားပဲဈေးကွက်မှာ ရန်ကုန်အော်ဒါ ရှိတဲ့ V 2 တစ်မျိုးသာအရောင်းအဝယ် အားကောင်းနေပြီး နယ်ခံ စက်သမားတွေအသုံးများတဲ့ ကုလားပဲတိုင်ပေနဲ့ 929 တို့ အရောင်း အဝယ်လည်း အေးနေတာ တွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲတစ်တင်း ပေါက်ဈေးတွေအနေနဲ့ V2၁၈၆ဝဝ ကျပ်၊ ၁၈၇ဝဝ ကျပ်၊ တိုင်ပေ ၁၅၅ဝဝ ကျပ်၊ ၁၅၇ဝဝ ကျပ်၊ 929 တစ်တင်း ကျပ် ၁၅၅ဝဝ အသီးသီး ဈေးငြိမ်နေပြီး မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို V2 တင်း ၁၅ဝဝ ခန့်နဲ့ အခြားကုလားပဲ တင်း ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ရန်ကုန်အဝယ်အော်ဒါရတဲ့ ကုန်သည်တွေရဲ့ ယခုတစ်ပတ်အတွင်း V2 တင်ပို့မှုကတော့ တစ်ရက်အိတ် ၁ဝဝဝ ခန့်ရှိတယ်လို့ ကုန်သည် ရပ်ကွက်က သိရပါတယ်။                             ထွန်းလှိုင်

Monday, 23 May 2011

ဝယ်လိုအားကောင်းတဲ့ ပခုက္ကူ ပဲတီစိမ်းဈေးကွက်                 ပခုက္ကူခရိုင် ရေစကြိုမြို့နယ်ထဲမှာ စိုက်ပျိုးထွက်ရှိတဲ့ ပဲတီစိမ်းကြီးတွေ တစ်နေ့ကို အိတ် ၇ဝဝ မှ ၁ဝဝဝအတွင်း ပခုက္ကူ ကို အဝင်ရှိပါတယ်။ အလုံးလှလှ အရောင်ဝင်းဝင်းတွေဆိုရင် တစ်တင်းကို ၂၉၅ဝဝ ကျပ်ရှိပြီး မိုးမိထားလို့ အရောင်မလှ အခွံကျွတ်များပါရင် ၁၉ဝဝဝ ကျပ်ဘဲရှိပါတယ်။ ပဲတီစိမ်းသေးကတော့ ၁၈ဝဝဝ ကျပ်မှ ၂ဝဝဝဝ ကျပ်ပဲရှိပါ တယ်။ တရုတ်ဘက်က ဝယ်လိုအားကောင်းလို့ ပခုက္ကူကနေ မန္တလးကို တန်းပြီးတင်ကြပါတယ်။ ရန်ကုန် ပဲခွဲစက်သမားတွေကလည်း အဝယ်အော်ဒါရှိလို့ ပဲတီစိမ်းစိုက်တောင်သူတွေပွဲရုံတွေမှာ ပျော်တပြုံးပြုံးနဲ့ မြင့်တွေ့ နေရပါတယ။် မောင်မောင်အေး

Monday, 23 May 2011

ပြည်ဘိုကိတ်ပဲ လက်လီသမားဖြင့် အရောင်းအဝယ်ဖြစ်                  ပြည်ဘိုကိတ်ပဲမှာ ပဲဈေးကွက်တွင် ပိဿာ ၂ဝ တစ်တင်းကို ၁၂၅ဝဝ ကျပ်ဖြင့် ဆက်လက်ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးအတွင်းရှိ ပန်းတောင်း၊ ဥသျှစ်ပင်မြို့နယ်များမှ အဝင်နည်း လာတာကြောင့် ယခုလတစ်လလုံးအနေဖြင့် အခြားတိုင်းသို့ တင်ပို့ နိုင်ခြင်းမရှိကြောင်း သိရပါတယ်။ တစ်နေ့ကို အိတ် ၃ဝ-၄ဝ ခန့်သာ အဝင်ရှိပြီး တိုင်းဒေသကြီးအတွင်းရှိ လက်လီသမားဖြင့် တစ်ရက်ကို ၁၄-၁၅ အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ

Monday, 23 May 2011

ပဲသစ်ပေါ်ချိန် တရုတ်အဆွဲသွက်လို့ မုံရွာပဲတီ ဈေးတက်လာ                    မုံရွာကုန်စည်ဒိုင် မေလတတိယပတ် ပဲတီစိမ်းဈေးကွက်အနေနဲ့ နယ်စုံက ရေသွင်းပဲတီစိမ်းတွေ အဝင်သွက်လာသလို တရုတ် ဝယ်လက် အဆွဲသွက်နေလို့ တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ပဲအများစု မိုးလွတ်ခဲ့ကြတဲ့အတွက် အရည်အသွေးလည်း ကောင်းမွန်ခဲ့တာ တွေ့ရပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲသစ်စပေါ်ချိန်မေလဆန်းကတစ်တင်း ၂၅ဝဝဝ ကျပ် နဲ့ဈေးဖွင့်ခဲ့သလို ဒုတိယပတ်အတွင်း တစ်တင်း ၁၉ဝဝဝ ကျပ်ထိ ရုတ်တရက်ထိုးကျခဲ့ရာက တရုတ်အဆွဲသွက်တဲ့ တတိယပတ် မေ ၁၈ ရက်က တစ်တင်း ၃၁ဝဝဝ ကျပ်ထိအမြင့်ဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။                  အရောင်းအဝယ်အားဖြင့် နယ်စုံကပဲတီတွေ ဝင်သလောက် ရောင်းခဲ့ကြရလို့ ယခုပေါ်စအချိန်မှာ တစ်ရက်အိတ် ၁ဝဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မန္တလေးကို တစ်ရက်အိတ် ၇ဝဝ မှ ၁ဝဝဝ ကြားနေ့စဉ်တင်ပို့မှု ရှိတယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်မှ ကြားသိရပါတယ်။ ထွန်းလှိုင်

Monday, 23 May 2011

ဒီတစ်ပတ်နို့ဆီ အဝင်ပိုခဲ့             ဒီသီတင်းပတ်ဖြစ်တဲ့ မေ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း နို့ဆီ၊ နို့စိမ်း တန်ချိန် ၆၆ဝ ဒသမ ၄၅ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းငါး သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံကဖြစ်ပြီး ဒွန်းနို့ဆီ ၁၄၈ ဒသမ ၃၅ တန်၊ ဒွန်းနို့စိမ်း ၂ဝ၆ ဒသမ ၄ဝ တန်၊ COWBELL နို့ဆီ ၁၇၉ ဒသမ ၇၁ တန်နဲ့ OK တံဆိပ်နို့ဆီ ၁၂၅ ဒသမ ၉၉ တန် အသီးသီးတင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ်က အဝင် ပျောက်ခဲ့တဲ့ နို့စိမ်းက ဒီသီတင်းပတ်မှ သာပြန်လည်တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် နို့ဆီ၊ နို့စိမ်းအဝင်က တန် ချိန် လေးရာနီးပါးရှိခဲ့ပြီး ယခုသီတင်းပတ် နို့ဆီ၊နို့စိမ်းအဝင်တန်ချိန်နဲ့ယှဉ်ရင် တန်ချိန် နှစ်ရာကျော်လောက် ပိုမိုတင် သွင်းခဲ့တာ တွေ့ရပါတယ်။               နို့မှုန့်အနေနဲ့ ဒီတစ်ပတ်မှာ သွင်းနေကျ နယူးဇီလန်နိုင်ငံအပြင်၊ စင်ကာပူနဲ့ အင်ဒိုနီးရှားဘက်ကပါ တင်သွင်း လာတာတွေ့ရပါတယ်။ ဒီသီတင်းပတ် နို့မှုန့်အဝင်က ၃၆ တန်ကျော်သာ ရှိခဲ့တာကြောင့် ယခင်သီတင်းပတ်အဝင်နဲ့ ယှဉ်ရင် ငါးဆနီးပါးလောက်လျော့နည်းပြီး တင်သွင်းလာတာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်း အသွင်းလျော့             မေ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၁ဝ၂ဝဝ တန်ဖိုးရှိ နို့ဆီဖာ ၇ဝဝ (၁၃ ဒသမ ၂၇၂ တန်) နဲ့ ကန်ဒေါ်လာ ၁၇ဝဝဝ တန်ဖိုးရှိ နို့စိမ်း ဖာ ၁ဝဝဝ (၁၈ ဒသမ ၉၆ တန်) တင်သွင်း မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့ဆီ ဖာ ၂၃ဝဝ နဲ့ နို့စိမ်း ဖာ ၆ဝဝ လျော့နည်း တင်သွင်းခဲ့ပါတယ်။ ယခု အပတ် မူဆယ်နယ်စပ်မှ နို့မှုန့်တင်သွင်း မှုမရှိဘူးလို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်းနို့ဆီ လက်လီဈေးများ                နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး        ကျပ်/တစ်ဘူး                        ရန်ကုန် မန္တလေးဒွန်း( နို့ဆီ )             ၈ဝဝ    ၈၁၅ဒွန်း( နို့စိမ်း)            ၇၅ဝ    ၇၆၅Falcon နို့ဆီ            ၆၅ဝ    ၆၆၅ံHappy Cow (အနီ)    ၆ဝဝ    ၆၁၅Happy Cow  (အပြာ) ၆၈ဝ    ၆၉၅အိုကေနို့ဆီ             ၇၂ဝ    ၇၃၅MIRT (DOT)

Monday, 23 May 2011

ဒီတစ်ပတ် ကိုရီးယားနဲ့ ပါကစ္စတန်ဘက်ကပါ တင်သွင်း                    ယခုသီတင်းပတ်ဖြစ်တဲ့ မေ ၈ ရက်မှ ၁၄ ရက်တာ ကာလအတွင်း ဘိလပ်မြေ တန်ချိန် ၇၄၂၅ ဒသမ ၅ဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းလေးသောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းကနေ တင်သွင်းလာပါတယ်။ ထိုင်းနိုင်ငံဘက်မှ ဆင်တံဆိပ်နဲ့ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၇ဝဝ၅၊ ပါကစ္စတန်နိုင်ငံဘက်မှ ဘိလပ် မြေတန်ချိန် ၄၂ဝ နဲ့ ကိုရီးယားနိုင်ငံမှ သုည ဒသမ ၅ဝ တန် အသီးသီး မှာယူတင် သွင်းခဲ့ပါတယ်။ ယခုသီတင်းပတ်တွင် တင်သွင်းနေကြ ထိုင်းနိုင်ငံအပြင် ကိုရီးယား နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံဘက်မှပါ တင်သွင်းလာတာတွေ့ရပါတယ်။ ယခင်သီတင်း ပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန်လေးသောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ တန်ချိန်နဲ့ယှဉ်ရင် တော်တော်များများ လျော့နည်းခဲ့တာ တွေ့ရပါတယ်။MIRT (DOT) ယခုအပတ်နယ်စပ်မှ ဘိလပ်မြေ တန် ၅ဝဝဝ နီးပါး အသွင်းရှိ                  ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းများကနေ ကန်ဒေါ်လာ ဝ ဒသမ ၆၁၆ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၄၉၉၇ တန်ကို မေ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်က ၂၅၅၅ တန်ကိုသာ တင်သွင်းခဲ့တဲ့အတွက် ယခင်အပတ်ကထက် ယခုအပတ်မှာ ဘိလပ်မြေ ၂၄၄၂ တန် တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေ တင်သွင်းမှုများ မှာ ကန်ပိုက်တီး ၃၃၆၉ တန်၊ တာချီလိတ်မှ ၁၅၄၆ တန်ကျော်နဲ့ မောင်တောမှ ၈၁ တန်ကျော်ဖြစ်ပါတယ်။ ဧပြီလမှ မေလ ၁၇ ရက်ထိ နယ်စပ်စခန်းများမှ ဘိလပ် မြေတင်သွင်းလာမှုမှာ ၁၉ဝ၃၂ တန် ရှိနေပြီဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း                ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/                    အမျိုးအစား                     ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ်                                                            ယခင်အပတ် ယခုအပတ်                 ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး         ဘိလပ်မြေ(ဆင်)ထိုင်း                ၅ဝ၅ဝ       ၅ဝ၅ဝ(လက်ကား)                    ဘိလပ်မြေ (စိန်)                       ၄၉ဝဝ       ၄၉ဝဝ                                  ဘိလပ်မြေ (ကျောက်ဆူး)             ၄၆၅ဝ       ၄၆၅ဝ                                  ဘိလပ်မြေ (မြင်းခေါင်း)                ၄၂ဝဝ       ၄၂ဝဝမန္တလေးတိုင်းဒေသကြီး       ဘိလပ်မြေ(ဆင်)ထိုင်း                  ၇ဝဝဝ       ၇ဝဝဝ                                  ဘိလပ်မြေ (AAA)                       ၅၅ဝဝ      ၅၅ဝဝ                                  ဘိလပ်မြေ(မြန်မာဆင်)                 ၅၃ဝဝ      ၅၃ဝဝ                                  ဘိလပ်မြေ(စိန်)ထိုင်း                    ၇၁ဝဝ      ၇ဝဝဝ                                  ဘိလပ်မြေ(ဆင်မင်း)                   ၄၈ဝဝ       ၄၉ဝဝ                                 ဘိလပ်မြေ(ကျားခေါင်း)                  ၅၂ဝဝ      ၅၂ဝဝ                                 ဘိလပ်မြေ(မြင်းခေါင်း)                   ၅ဝဝဝ      ၅ဝဝဝတောင်ငူ                       ဘိလပ်မြေ(ကြံ့)ထိုင်း                     ၆၈ဝဝ      ၆၈ဝဝ                                 ဘိလပ်မြေ(ဆင်)ထိုင်း                   ၇ဝဝဝ      ၇ဝဝဝ                                 ဘိလပ်မြေ(မြင်းခေါင်း)                   ၅၃ဝဝ      ၅၃ဝဝ                                ဘိလပ်မြေ(Lucky)ပါကစ္စတန်            ၆၄ဝဝ      ၆၄ဝဝတောင်ကြီး                    ဘိလပ်မြေ(စိန်)ထိုင်း                      ၇၃ဝဝ     ၆၈ဝဝ                                 ဘိလပ်မြေ(ခြင်္သေ့)                       ၆၁ဝဝ      ၅၈ဝဝ                                 ဘိလပ်မြေ(မြို့တော်)                      ၆ဝဝဝ     ၅၉ဝဝမော်လမြိုင်                    ဘိလပ်မြေ(ဆင်)ထိုင်း                     ၆၂၅ဝ     ၆၂၅ဝ                                ဘိလပ်မြေ(ကြံ့)မြိုင်ကလေး              ၅၆၅ဝ      ၅၇၅ဝမကွေးတိုင်းဒေသကြီး        ဘိလပ်မြေ(ဆင်)ထိုင်း                    ၆၆၅ဝ     ၆၆၅ဝ                                ဘိလပ်မြေ(မြင်းခေါင်း)                   ၅၇ဝဝ      ၆ဝဝဝ                                ဘိလပ်မြေ(ဆင်မြန်မာ)                     -          ၆၆ဝဝ -MIRT (MAPT)

Monday, 23 May 2011

ပင်လယ်ရေကြောင်းက ဒီတစ်ပတ်ဓာတ်မြေသြဇာ အဝင်မရှိ                 ဒီသီတင်းပတ်ဖြစ်တဲ့ မေ ၈ရက်မှ ၁၄ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ တင်သွင်းခြင်းမရှိခဲ့ပါဘူး။ ယခင်တင်သွင်းထားခဲ့တဲ့ ဓာတ်မြေသြဇာများကိုသာ ဈေးကွက်အတွင်း ဆက်လက်ရောင်းချနေဆဲဖြစ်ပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာ ၂၂၆၈၉ တန်ကျော် တင်သွင်း                  မူဆယ်၊ ရိဒ်၊ တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၅၇၇ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၂၂၆၈၉ တန်ကျော် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၂၂၇ဝဝ တန် တင်သွင်းခဲ့တာမို့ ယခုအပတ် တင်သွင်းမှုနဲ့ သိပ် ကွာဟမှုမရှိပါဘူး။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်နယ်စပ်မှ ၂၁၈၄၆ တန်၊ ရိဒ်မှ ၇၄၁ တန်ကျော်၊ တာချီလိတ်မှ ၅၅ တန်ကျော်၊ ကော့သောင်းမှ ၄၇ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယားကွန်ပေါင်း၊ အမိုးနီးယမ်းနိုက်တြိတ်၊ နိုက်ထရိတ်ဖော့ စဖိတ်နဲ့ စင်ဂဲလ်စူပါဖော့စဖိတ်တို့ဖြစ်ပြီး၊ ရိဒ်မှ ပိုတက်ရှ်၊ တာချီလိတ်မှ အမိုးနီးယမ်းနိုက်ကြိတ်နဲ့ ကော့သောင်းမှ ကွန်ပေါင်းတို့ဖြစ်ကြပါတယ်။ မေလအတွင်းမှာ နယ်စပ်မှ ဓာတ်မြေသြဇာ ၄၅၃၉ဝ တန် တင်သွင်းထားပြီး ဧပြီလ ၁ ရက်မှ မေလ ၁၇ ရက် ထိ ဓာတ်မြေသြဇာ တန်ချိန် ၁၁၁၇ဝဝ နီးပါး တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း               ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ်             အမျိုးအစား                   ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး                                               ယခင်အပတ် ယခုအပတ်       ပြောင်းလဲမှု(မာလာမြိုင်)                    တီစူပါ သံကွင်း(တရုတ်)                ၂၇၈ဝဝ     ၂၈၅ဝဝ                                  ပိုတက်(တရုတ်)                          ၂၁၃ဝဝ    ၂၃၅ဝဝ                                  ယူရီးယား(တရုတ်-ရွှေတောင်)          ၂၂၂ဝဝ    ၂၃၅ဝဝ                                  ယူရီးယား(နေရွက်လှေ-တရုတ်)           -          ၂၃ဝဝဝ -မန္တလေးတိုင်းဒေသကြီး        ယူရီးယား(တရုတ်-ရွှေတောင်)         ၂၁ဝဝဝ     ၂ဝ၉ဝဝ                                  ယူရီးယား(တရုတ်-ပန်းဖူး)              ၂၁၃ဝဝ     ၂ဝ၉ဝဝ                                   အာမို (ဒိုင်းမွန်းစတား)                  ၃၉ဝဝဝ     ၄ဝဝဝဝတောင်ငူ                         ယူရီးယား (ရွှေတောင်-တရုတ်)        ၂၂၃ဝဝ    ၂၂၃ဝဝ                                   ယူရီးယား (ကမ္ဘာလုံး-တရုတ်)         ၂၂၃ဝဝ    ၂၂၃ဝဝ                                   ယူရီးယား (ယူအေအီး-တရုတ်)        ၂၃၅ဝဝ    ၂၃ဝဝဝ                                   ကုလားအုတ် (တရုတ်)                  ၂၃ဝဝဝ   ၂၃ဝဝဝတောင်ကြီး                       ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)   ၂၁ဝဝဝ    ၂ဝဝဝဝ                                   ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)       ၂၁၂ဝဝ    ၂ဝ၅ဝဝ                                   ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)  ၂၁၂ဝဝ    ၂ဝ၅ဝဝ                                   တီစူပါ-(တရုတ်) 12%                   ၉၅ဝဝ      ၉၅ဝဝ                                   တီစူပါ-(တရုတ်) 16%                 ၁၁၅ဝဝ     ၁ဝဝဝဝ                                   တီစူပါ 15:15:15 (တရုတ်)           ၃ဝ၆ဝဝ     ၃၆ဝဝဝ                                   တီစူပါ 10:10:5(တရုတ်)              ၁၃၇ဝဝ    ၁၃၅ဝဝ                                    ပိုတက် (တရုတ်)                    ၂ဝ၅ဝဝ      ၂ဝ၅ဝဝ                                   ဓာတ်ဆား (တရုတ်)                  ၁၅ဝဝဝ      ၁၃၅ဝဝမော်လမြိုင်                      ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)  ၂၃၃ဝဝ      ၂၃၃ဝဝ                                  ပုလဲ(သေး)(ရွှေပျား 46% တရုတ်)    ၂၃၃ဝဝ    ၂၃၃ဝဝ                                  ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၃ဝဝ   ၂၃၃ဝဝ                                  ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15      ၃၈ဝဝဝ   ၃၈ဝဝဝ                                  ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15  ၃၄ဝဝဝ   ၃၄ဝဝဝ                                  ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8        ၃၂ဝဝဝ   ၃၂ဝဝဝ                                  တီစူပါ (တရုတ်) သံကွင်း 46%          ၃ဝဝဝဝ   ၂၇၅ဝဝ                                 တီစူပါ (တရုတ်) မျှား 46%               ၂၈၅ဝဝ   ၂၆ဝဝဝ                                 တီစူပါ (တရုတ်) မျှားကမ္ဘာ 16%         ၁၄ဝဝဝ   ၁၃ဝဝဝMIRT (MAPT)

Pages