Main menu

Background

Friday, 20 May 2011

စိန်ဈေး ဆက်လက်မြင့်တက်သော်လည်း ဒေါ်လာဈေးကျ၍ အမြင့်ဆုံးဈေးမရောက်                     ကမ္ဘာ့စိန်ဈေးမြင့်တက်၍ မြန်မာ့စိန်ဈေး ဆက်လက်မြင့်တက်လျက်ရှိသော် လည်း ဒေါ်လာဈေးကျ၍ အမြင့်ဆုံး ဈေးမရောက်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဆပ်ကော် မတီဥက္ကဋ္ဌက '' စိန်ဈေးက ရိုးရိုးကျင်ဖြူ တစ်ရတီကို ၃ဝ ရာခိုင်နှုန်း၊ စိန်အသန့် တစ်ရတီကို ၄၅ ရာခိုင်နှုန်း မြင့်တက် လာတယ်။ တစ်ပတ်ထက် တစ်ပတ် ဈေးနှုန်းမြင့်တက်လာတာ ဒေါ်လာဈေးကျလို့ ခံသာနေတာ။ စိန်ဈေးဆက်မြင့် တော့ အရောင်းအဝယ် မကောင်းဘူး။ သြင်္ကန်ပြီးနောက်ပိုင်း ဈေးမြင့်ပြီး အရောင်းအဝယ်အေးနေတာ။ ၁ဝ လုံး စီးစိန်သန့် တစ်ရတီကို ဧပြီလလယ်က ၆ သိန်းဝန်းကျင်ရှိတာ၊ ခုတစ်ပတ်မှာ ၇ ဒသမ ၅ သိန်းဈေးရှိနေတယ်'' လို့ ပြောပါတယ်။                      စိန်ဈေးနှုန်းများမှာ ၁ဝ လုံးစီး (ဖြူနာ) အသန့်နီးပါးကောင်းသည့် စိန် တစ်ရတီကို ၅ သိန်းဝန်းကျင်၊ ၂ဝ လုံးစီး (ဖြူနာ) တစ်ရတီကို ၃ သိန်းအထက်၊ ၄ဝ လုံးစီး (ဖြူနာ)တစ်ရတီကို ၂ ဒသမ ၅ သိန်းနဲ့ ၃ သိန်းကြား၊ ရိုးရိုးကျင်ဖြူ ၅ဝ စီးနဲ့ ၆ဝ စီး တစ်ရတီကို ၉ သောင်း နဲ့ ၁ ဒသမ ၂ သိန်းကြား ပစ္စည်းနည်း နည်းသန့်ပါက ၁ ဒသမ ၂ သိန်းနှင့် ၁ ဒသမ ၈ သိန်းကြား၊ ၁ ဒသမ ၈ သိန်းနဲ့ ၂ ဒသမ ၃ သိန်းကြား ဈေးရှိ၍ စိန် အသန့် ၁ဝလုံးစီး ၇ ဒသမ ၂ သိန်းဝန်း ကျင်ရှိကြောင်း သိရပါတယ်။ ဇူးဇူး 

Friday, 20 May 2011

ဒီသီတင်းပတ် ဒီဇယ်သာမက ဓာတ်ဆီပါတင်သွင်း                   ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံး စက်သုံးဆီဈေးကွက်အတွက် မေလ ပထမပတ်အတွင်း ဒီဇယ်ဆီသာမက ဓာတ်ဆီပါ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ဒီဇယ်ဆီပီပါ ခြောက်ထောင့်နှစ်ရာကျော်၊ တန်ချိန်အားဖြင့် ရှစ်ရာသုံးဆယ့်ခုနစ်တန် နဲ့ ဓာတ်ဆီက ပီပါခုနစ်ထောင့်သုံးရာကျော်၊ တန်ချိန်အားဖြင့် ကိုးရာ့ခုနစ်ဆယ့်ငါး တန် တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က သွင်းအားကောင်းကောင်းနဲ့ တင်သွင်းခဲ့တဲ့ ဒီဇယ်ဆီက ဒီတစ်ပတ်မှာတော့ တော်တော်လေးလျော့နည်းပြီး တင်သွင်း လာတာ တွေ့ရပါတယ်။ MIRT (DOT ) ယခုအပတ်နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ်တင်သွင်းမှုလျော့                  မေ ၄ရက်မှ ၁ဝ ရက်ထိကာလအတွင်း တာချီလိတ်နယ်စပ်မှသာ ဓာတ်ဆီနဲ့ ဒီဇယ်တင်သွင်းမှုရှိခဲ့ပြီး ကော့သောင်းနယ်စပ်မှ တင်သွင်းခြင်းမရှိပါဘူး။ တာချီလိတ် နယ်စပ်မှ ကန်ဒေါ်လာ ၈၃၅၅၇ တန်ဖိုးရှိ ဒီဇယ်ဆီဂါလန် ၂၁ဝဝဝ နဲ့ ကန်ဒေါ်လာ ၁၁၉၃၈၅ တန်ဖိုးရှိ ဓာတ်ဆီ ဂါလန် ၃၆၇၅ဝ တင်သွင်းခဲ့ပါတယ်။ ယခင်အပတ် ကထက် ဓာတ်ဆီဂါလန် ၁ဝ၄၆၅ ဂါလန်နဲ့ ဒီဇယ်ဆီ ဂါလန် ၂ဝဝဝဝဝ ကျော် တင်သွင်းခဲ့မှု လျော့နည်းခဲ့ပါတယ်။ MIRT (DOBT ) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး                    ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- မေ ၂ဝ၁၁             ဝယ်ဈေးဓာတ်ဆီ(ကျပ်)        ဝယ်ဈေးဒီဇယ်(ကျပ်)ရက်     ရန်ကုန်      မန္တလေး        ရန်ကုန်     မန္တလေး၉        ၄၉ဝဝ        ၄၇ဝဝ         ၄ဝဝဝ      ၄၅ဝဝ၁ဝ      ၄၈ဝဝ        ၄၇ဝဝ         ၄ဝဝဝ       ၄၅ဝဝ၁၁      ၄၇ဝဝ        ၄၇ဝဝ         ၃၉ဝဝ       ၄၅ဝဝ၁၂      ၄၇ဝဝ        ၅ဝဝဝ         ၃၉ဝဝ       ၄၅ဝဝ၁၃      ၄၇ဝဝ        ၅ဝဝဝ         ၃၉ဝဝ       ၄၅ဝဝMIRT (DOT )        ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည် မေ၂ဝ၁၁ရက်     အောက်တိန်း       ဓာတ်ဆီ      ဒီဇယ်     အဆင့်မြင့်ဒီဇယ်၉           ၄၂ဝဝ               ၂၅ဝဝ       ၄၂ဝဝ         ၄၃၅ဝ၁ဝ         ၄၂ဝဝ               ၂၅ဝဝ       ၄၂ဝဝ          ၄၃၅ဝ၁၁         ၄၂ဝဝ               ၂၅ဝဝ       ၄၂ဝဝ          ၄၃၅ဝ၁၂         ၄၂ဝဝ               ၂၅ဝဝ       ၄၂ဝဝ          ၄၃၅ဝ၁၃         ၄၁ဝဝ               ၂၅ဝဝ        ၄၁ဝဝ         ၄၃ဝဝMIRT (DOT )

Wednesday, 4 May 2011

ဒီဇယ်ပီပါ နှစ်သိန်းငါးသောင်းကျော်ဝင်               ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံး စက်သုံးဆီဈေးကွက်အတွက် ဧပြီလ ဒုတိယ ပတ်အတွင်း ဒီဇယ်ပီပါ နှစ်သိန်းငါးသောင်းငါးထောင်ကျော်၊ တန်ချိန်အားဖြင့် သုံးသောင်းလေးထောင်ကျော်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်ဒီဇယ်ဆီအဝင်မှာ တန်ချိန် ငါးသောင်းကိုးထောင်ကျော်ရှိခဲ့တဲ့ အတွက် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန်အနည်းငယ် လျော့နည်းပြီး တင်သွင်း လာခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) ဒီဇယ်တစ်မျိုးတည်းသာသွင်း                 ဧပြီ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း တာချီလိတ်နဲ့ ကော့သောင်း နယ်စပ်စခန်းတွေကနေ ဒီဇယ်ဆီ ၄ဝ၇၇၈၅ဂါလန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၆၂၂ သန်းဖိုးတင်သွင်းခဲ့ပါတယ်။ သြင်္ကန်ကာလမှာလည်း ဂါလန် လေးသိန်းကျော် တင်သွင်းခဲ့တာကြောင့် တင်သွင်းမှုပုံမှန်လို့ ဆိုရပါမယ်။ ဒီတစ်ပတ်မှာတော့ ဓာတ် ဆီတင်သွင်းမှုမရှိဘဲ ဒီဇယ်တစ်မျိုးတည်းသာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ MIRT (DOBT) 

Wednesday, 4 May 2011

နနွင်းတက်လဲ မှန်မှန်ပို့ဆဲ           ဧပြီလ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ နနွင်းတက် ၆၅ တန်နှီးပါး ကန်ဒေါ်လာ ၀ ဒသမ ၁၂၃ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ သြင်္ကန်ရက်သတ္တပတ်များမှာတော့ မူဆယ်နဲ့စစ်တွေမှ တန် ၃၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ပုံမှန်လို့ ဆိုရပါတယ်။ ဒီတစ်ပတ်မှာတော့ စစ်တွေစခန်းမှ တင်ပို့နိုင်ခြင်းမရှိပါဘူး။     MIRT(DOBT)

Wednesday, 4 May 2011

ပဲစင်းငုံဈေး ဆက်လက်လျော့ကျ         အိန္ဒိံယပြည်တွင်း လက်ငင်းဈေးကွက်များအတွင်း ပြည်တွင်းထွက် ပဲစင်းငုံရောင်းချမှု ပိုမိုလာခြင်းနဲ့ မြန်မာနိုင်ငံက ပဲအသစ်သင်္ဘောများ ဝင်ရောက်လာခြင်းတို့ကြောင့် ယခုတစ်ပတ်လည်း ဆက်လက်လျော့ကျခဲ့ပါတယ်။ နိုင်ငံရဲ့ မြောက်ပိုင်းမှာ ရာသီဥတု ကောင်းမွန်နေခြင်းက ပဲရိတ်သိမ်းဖို့ အခြေအနေပေးနေပြီး  နိုင်ငံတောင်ပိုင်းမှာ လွန်ခဲ့တဲ့ ရက်များအတွင်း မိုးရွာပြီးနောက် ရာသီဥတုခြောက်သွေ့လာတဲ့အတွက် ပဲဝင်ရောက်မှု ပိုမိုလာတယ်လို့ သိရပါတယ်။ဈေးကွက်အတွင်း ပဲစင်းငုံခြမ်း အဝယ်မရှိခြင်းကြောင့် ပဲခွဲစက်များနဲ့ လှောင်လက်များမှလည်း အဝယ်မရှိကြောင်း သိရပါတယ်။ ဒါပေမဲ့ လက်ရှိဈေးဟာ အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း ဝန်းကျင်မှာသာရှိတာကြောင့် ပဲစင်းငုံဈေး အနည်းငယ် မြင့်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား (၄) နဲ့ဖော်ပြထားပါတယ်ဇယား-၄                 ဒေါ်လာ/တန်ဈေးကွက်                       ၂၈ .၄ .၁၁        ၂၇ .၄ .၁၁          ၂၆ .၄ .၁၁            ၂၅ .၄ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ)       ၇၂၂                 ၇၃၂                     ၇၄ဝ                ၇၄၂-၇၄၈ဒေလီ(မြန်မာပဲစင်းငုံ)        ၇၇၈-၇၉ဝ        ၈၁၁-၈၁၆            ၈ဝ၇-၈၁၃             ၈၁ဝ-၈၁၆ချန်နိုင်း                              ၇၆၅                 ၇၇၆                   ၇၇၄                      ၇၇၆

Wednesday, 4 May 2011

ပဲတီစိမ်းဈေးအနည်းငယ်လျော့             အိန္ဒိယပြည်တွင်ဈေးကွက်အတွင်း အရောင်းအဝယ်ဆက်လက်ထိုင်နေခြင်းကြောင့် ပဲတီစိမ်းဈေး အနည်းငယ်လျော့ကျလာပါတယ်။ ဈေးကွက်များအတွင် းပဲတီစိမ်းလက်ကျန် အကန့်အသတ်သာရှိပေမဲ့ နွေပဲတီစိမ်းများ မေလအစပိုင်းမှာ ဝင်ရောက်လာဖွယ်ရှိခြင်းကလည်း ဈေးနှုန်းကို ပိုကျစေပါတယ်။ PEC မှ ကင်ညာပဲတီစိမ်းရောင်းချဖို့ တင်ဒါခေါ်ယူနေခြင်းကလည်း ဈေးကွက်အပေါ် သက်ရောက်စေပါတယ်။ ပဲတီစိမ်းနဲ့ အခြားပဲမျိုးစုံ ဈေးနှုန်းအကြား ကွာဟမှုကြီးမားခြင်းကလည်း ဝယ်လိုအားကို နည်းပါးစေတယ်လို့ သိရပါတယ်။ကာလတိုအတွင်း ဈေးများများ မတက်နိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃) နဲ့ဖော်ပြလိုက်ပါတယ်ဇယး-၃                                                                                       ဒေါ်လာ/တန်ဈေးကွက်                   ၂၈ .၄ .၁၁             ၂၇ .၄ .၁၁             ၂၆ .၄ .၁၁              ၂၅ .၄ .၁၁မွန်ဘိုင်း(ကင်ညာ)         ၁ဝ၆ဝ                    ၁ဝ၅၉                      ၁ဝ၆ဝ              ၁ဝ၅၇-၁ဝ၇၄ဒေလီ                      ၈၁၂-၉၂၅                 ၈၃၃-၉၆၈              ၈၃ဝ-၉၆၄             ၈၃၂-၉၆၇အာကိုလာ               ၉၄၇-၁ဝ၆ဝ              ၉၄၆-၁ဝ၅၉             ၉၆၄-၁၁၂၁           ၉၆၇-၁၁၂၅ 

Wednesday, 4 May 2011

ကုလားပဲဈေး လက်ရှိဈေးမှာလှုပ်ရှားနေ        အိန္ဒိံယ ပြည်တွင်းလက်ငင်းဈေးကွက်များအတွင်း ကုလားပဲဈေးက လက်ရှိဈေးဝန်းကျင်မှာ လှုပ်ရှားနေပါတယ်။ ဝယ်လိုအားထိုင်းနေဆဲ ဖြစ်ကြောင်းနဲ့ ရာသီဥတုခြောက်သွေ့နေခြင်းက အိန္ဒိယအနောက်မြောက်ပိုင်းမှာ ပဲရိတ်သိမ်းမှုကို အားသာစေပြီး ပဲအသစ်ဝင်ရောက်မှု တိုးတက်လာနေကြောင်း သိရပါတယ်။ ဒါပေမဲ့ လှောင်လက်များက ဈေးအနိမ့်နဲ့ ဝယ်ယူမှုတွေရှိခြင်းက ဈေးနှုန်းကို အထောက်အပံ့ ဖြစ်နေပါတယ်။နိုင်ငံတကာအနေနဲ့သြစတြေးလျမှာ ရာသီဥတု စိုစွက်နေခြင်းက ကုလားပဲစိုက်ပျိူးမှုကို နှေးကွေးစေပြီး တောင်သူများ အခြားသီးနှံကို ပိုစိုက်လာကြတဲ့အတွက် ကုလားပဲစိုက်ဧရိယာ လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ကနေဒါနိုင်ငံ စကက်တက်ချ်ဝန်ဒေသမှာ ကုလားပဲစိုက်ပျိုးမှုဟာ ၁၉ဒသမ ၅ ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ကာလတိုအတွင်းလက်ရှိ ဈေးဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်ဖွယ်ရှိကြောင်း သုံးသပ်ကြပါတယ်။ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂) နဲ့ဖော်ပြထားပါတယ်ဇယး-၂                ဒေါ်လာ/တန်ဈေးကွက်               ၂၈ .၄ .၁၁              ၂၇ .၄ .၁၁            ၂၆ .၄ .၁၁            ၂၅ .၄ .၁၁မွန်ဘိုင်း                    ၅ဝ၈                        ၅ဝ၇-၅၁၂            ၅ဝ၅                      ၅ဝ၆ဒေလီ                    ၄၉၆-၅ဝ၂                  ၄၉၅-၅ဝ၁            ၄၉၃-၄၉၉             ၄၉၅-၅ဝ၁ကန်ပါ                     ၅၃၉                           ၅၃၆                     ၅၂၉                    ၅၃၁

Wednesday, 4 May 2011

လက်ကားဈေးနှုန်းအပေါ် အခြေခံတဲ့ အိန္ဒိယ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ ယခင်သီတင်းပတ်က ၈ ဒသမ ၇၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ဧပြီ ၁၆ ရက်မှာ ပြီးဆုံးတဲ့ သီတင်းပတ်အတွင်း ၈ ဒသမ ၇၆ ရာခိုင်နှုန်းကို အနည်းငယ်မြင့်တက်ခဲ့ပါတယ်။ တစ်ပတ်အတွင်းမှာ သစ်သီးဈေးက ယခင်နှစ်ကထက် ၂၈ ဒသမ ၄၃ ရာခိုင်နှုန်း မြင့်တက်ပြီး ကြက်ဥ၊အသားနဲ့ ငါးဈေးက ၁၂ ဒသမ ၁၄ ရာခိုင်နှုန်းမြင်တက်ခဲ့ပေမဲ့ ပဲမျိုးစုံ ဈေးနှုန်းက ၆ ဒသမ ၄၉ ရာခိုင်နှုန်း ကျဆင်းပြီး ဟင်းသီးဟင်းရွက်ဈေးက ၀ ဒသမ ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေး ဆက်တိုက်ဆင်းနေ              အိန္ဒိယ ပြည်တွင်းဈေးကွက်အတွင်း ယခုသီတင်းပတ်မှာလည်း မတ်ပဲဈေးက ဆက်တိုက်ကျဆင်းလာပါတယ်။ ဝယ်လိုအားနည်းပြီး မြန်မာနိုင်ငံ က တင်သွင်းပဲတွေရောက်ရှိခြင်းနဲ့ လှောင်လက်တွေ လက်ကျန်ရှင်းထုတ် နေခြင်းက ဈေးနှုန်းုကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ အဓိက ပဲစိုက်ပျိုးတဲ့ နိုင်ငံအလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အရှေ့ပိုင်းဒေသတွေမှာ ရာသီဥတု ခြောက်သွေ့နေတာကြောင့် နွေမတ်ပဲများနောက်လအတွင်း ဝင်ရောက်မှု တိုးတက်လာဖွယ်ရှိကြောင်း သိရပါတယ်။ ပဲစိုက်တောင်သူများက နွေပဲတီစိမ်းထက်ပိုပြီး မတ်ပဲကို ပိုစိုက်လာကြတဲ့ သတင်းတွေအရ ပဲခွဲစက်လုပ်ငန်းရှင်တွေက ဝယ်ယူဖို့ နှောင်နှေးနေတယ်လို့ သိရပါတယ်။ အဓိကပဲစိုက်တဲ့ဒေသတွေမှာ နွေပဲများဆက်တိုက်ရိတ်သိမ်းနေပြီး နွေမတ်ပဲ ဝင်ရောက်လာတော့မှာဖြစ်လို့ ဈေးနှုန်းအကျဘက် ဆက်လက်ဆင်းလာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင် းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား (၁) နဲ့ဖော်ပြထားပါတယ်ဇယား ၁                                                                                             ဒေါ်လာ/တန်ဈေးကွက်          ၂၈.၄.၁၁         ၂၇.၄.၁၁           ၂၆.၄.၁၁              ၂၅.၄.၁၁      မွန်ဘိုင်း                ၈၉၁           ၈၉၅-၉၀၁        ၉၁၄-၉၁၉                  ၉၂၂ဒေလီ                 ၈၄၆-၉၃၆      ၈၆၇-၉၄၆         ၈၆၃-၉၄၂              ၈၆၆-၉၄၅ချန်နိုင်း              ၉၆၈-၁၀၈၈    ၉၂၉-၁၀၉၈      ၉၂၅-၁၀၉၃             ၉၃၉-၁၁၁၉    

Wednesday, 4 May 2011

ဈေးအနည်းငယ်ကျလာတဲ့ ပြည်နှမ်းဈေးကွက်                    ပြည်ဈေးကွက်တွင်  ယခုအပတ်၌ ယခင်အပတ်ထက် နှမ်းဈေးအနည်းငယ် ကျလာတာတွေ့ရပါတယ်။ အဝင်မှာလည်းနည်းလာသဖြင့် အရောင်းအဝယ်မှာ တစ်နေ့ကို အိတ် ၅၀၀-၆၀၀ သာ အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ဆီကြိတ်နှမ်းနီ (၄၅) ပိဿာ တစ်အိတ်ကို ၈၀၀၀၀ ကျပ်နဲ့နှမ်း နက် ၄၅ ပိဿာတစ်အိတ်ကို ၈၀၀၀၀ ကျပ်ဈေးဖြင့် ယခင်အပတ်ထက်ဈေး အနည်းငယ်ကျလာတာ တွေ့ရပါတယ်။နှမ်းဆီဈေးမှာလည်း တစ်ပိဿာကို ၃၇၀၀ ကျပ်ဈေးဖြင့် ဈေးအနည်းငယ်ကျလာတာ တွေ့ရပါတယ်။     ဝေေ၀မင်း

Wednesday, 4 May 2011

နို့ဆီ၊ နို့မှုန့် အဝင်နည်း                ဧပြီလ ၈ ရက်မှ ၁၄ ရက်တာ ကာလအတွင်း နို့ဆီ၊ နို့စိမ်း စုစုပေါင်း တန်ချိန် ၁၂၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃ဝဝဝဝ ကျော်ဖိုးကို ပင်လယ်ရေကြောင်းကနေ တင်သွင်း ခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နို့ဆီက စင်ကာပူနိုင်ငံထုတ် ဒွန်းနို့ဆီပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ နို့စိမ်းတင်သွင်းမှု မရှိခဲ့ပါဘူး။ ယခင်သီတင်းပတ် အား ကောင်းကောင်းနဲ့ တင်သွင်းခဲ့တဲ့ နို့ဆီက ဒီတစ်ပတ်မှာတော့ အဝင်လျော့ခဲ့ပါ တယ်။                  နို့မှုန့်က နယူးဇီလန်နိုင်ငံဘက်မှ တင်သွင်းခဲ့ပါတယ်။ နို့မှုန့်ကလည်း ၅၇ တန်သာတင်သွင်းခဲ့တဲ့အတွက် ယခင် သီတင်းပတ်အဝင်နဲ့ ယှဉ်ကြည့်ရင် အဝင်အား လျော့နည်းခဲ့တာ တွေ့ရပါတယ်။             MIRT (DOT)နို့မှုန့်တစ်မျိုးတည်းသာသွင်း                      ဧပြီ ၂ဝရက်မှ ၂၆ ရက်ထိကာလ အတွင်း ကော့သောင်းနယ်စပ်မှ နို့ဆီ၊ နို့စိမ်းတင်သွင်းမှု မရှိပေမယ့် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်ကနေ နို့မှုန် ၂၈၄၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၂၂၂ သန်းဖိုး တင်သွင်းခဲ့ပါ တယ်။ သြင်္ကန်ကာလအတွင်းမှာ နို့မှုန့် ၃၆ တန် တင်သွင်းခဲ့တာကြောင့် တင် သွင်းမှု တိုးတက်လာတယ်လို့ သိရပါ တယ်။ MIRT (DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ               နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် လက်လီဈေး                ကျပ်/တစ်ဘူး                              ရန်ကုန် မန္တလေးဒွန်း( နို့ဆီ )                 ၇၈ဝ      ၇၉၅ဒွန်း( နို့စိမ်း)                 ၇၅ဝ      ၇၆၅Falcon နို့ဆီ                 ၆၅ဝ      ၆၆၅ံHappy Cow                ၆၅ဝ       ၆၆၅မာရီဂိုး(နို့ဆီ)                ၆၈ဝ       ၆၉၅အိုကေနို့ဆီ                 ၇၂ဝ        ၇၃၅MIRT (DOT)

Pages