Background
နို့ဆီ တန် ၄ဝဝ နီးပါး တင်သွင်း ယခုသီတင်းပတ်ဖြစ်တဲ့ မေ ၁ရက် မှ ၇ ရက်တာကာလအတွင်း နို့ဆီတန် ချိန် ၃၈၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းနှစ်သောင်းကျော်ဖိုး ကို ပင်လယ်ရေကြောင်းလမ်းက တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက စင်ကာပူ နိုင်ငံဖြစ်ပြီး အိုကေတံဆိပ်နဲ့ အခြား တံဆိပ်များကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် အဝင်တန်ချိန် ငါးရာကျော်ရှိခဲ့တာကြောင့်ယခုသီတင်းပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် အနည်း ငယ် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်အဝင်ကတော့ ယူကေနိုင်ငံ က လေးတန်ကျော်နဲ့ နယူးဇီလန်နိုင်ငံ ဘက်မှ ၁၄၉ တန် မှာယူတင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ် နို့မှုန့်တင်သွင်း မှုမှာ ၄၂ တန်ကျော် တင်သွင်းခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ယခင်သီတင်း ပတ်ထက် အဝင်သုံးဆလောက် ပိုမို တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT(DOT) ကော့သောင်းနဲ့ မူဆယ်ကနို့ဆီနဲ့ နို့မှုန့်ဝင် ယခုအပတ်မှာ ကော့သောင်းနယ် စပ်မှ ကန်ဒေါ်လာ ၄၈ဝဝဝ တန်ဖိုးရှိ နို့ဆီ ၃ဝဝဝ ဖာ(၅၆ ဒသမ ၈၈ တန်)နဲ့ ကန်ဒေါ်လာ ၂၇၂ဝဝ တန်ဖိုးရှိ နို့စိမ်း ၁၆ဝဝ ဖာ(၃ဝ ဒသမ ၃၄ တန်) တင်သွင်းမှု ရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် နို့ဆီတင်သွင်းမှု ဖာ ၂ဝဝဝ ပိုမိုခဲ့သော်လည်း နို့စိမ်းတင်သွင်းမှု ဖာ၄၁ဝဝ လျော့နည်းတင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ လိပ်ပြာတံဆိပ် နို့မှုန့် ၁၃ တန်၊ ကန်ဒေါ်လာ ၃၇ဝ၁၃ ဖိုးတင်သွင်းမှုရှိခဲ့ပြီး ယခင်အပတ်က ထက် ၅၉ တန် တင်သွင်းမှု လျော့နည်း ခဲ့ပါတယ်။ MIRT(DOBT)ပြည်တွင်း နို့ဆီလက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈ဝဝ ၈၁၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၅ဝ ၆၆၅Happy Cow (အနီ) ၆ဝဝ ၆၁၅Happy Cow (အပြာ) ၆၈ဝ ၆၉၅အိုကေနို့ဆီ ၇၂ဝ ၇၃၅MIRT (DOT)
ထိုင်းနိုင်ငံအပြင် မလေးရှားနိုင်ငံဘက်မှပါ တင်သွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ မေ ၁ ရက်မှ ၇ ရက်တာကာလ အတွင်း ဘိလပ်မြေတန်ချိန် လေးသောင်းသုံးထောင့်ရှစ်ရာကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးဆယ့်ခုနစ်သိန်းကျော်ဖိုးကို မှာယူတင်သွင်းခဲ့ပါတယ်။ မလေးရှား နိုင်ငံဘက်မှ တန်ချိန် ၅ဝဝဝ နဲ့ ထိုင်းနိုင်ငံဘက်မှ သုံးသောင်းရှစ်ထောင်ကျော် တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် နှစ်သောင်းကျော်သာ ရှိခဲ့ပြီး ယခုသီတင်းပတ် ဘိလပ်မြေအဝင်နဲ့ယှဉ်ရင် တစ်ဆကျော်လောက် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ မိုးရာသီရောက်ခါနီးပြီဖြစ်လို့ ဆောက်လုပ်ရေးလုပ်ငန်းများနဲ့ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် အတွက် ဘိလပ်မြေများ အင်တိုက်အားတိုက် တင်သွင်းလာတာ တွေ့ရပါတယ်။ MIRT(DOT) ဘိလပ်မြေ တန် ၂၅ဝဝ ကျော် နယ်စပ်မှအသွင်းရှိ မေ ၄ ရက်မှ ၁ဝရက်ထိကာလအတွင်း ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မောင် တော နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၄ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၂၅၅၅ တန် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ တာချီလိတ်၊ မြိတ် စခန်းများက တန် ၃ဝ၅ဝ တင်သွင်းခဲ့တာမို့ ယခင်အပတ်ကထက် တန် ၅ဝဝနီးပါး လျော့နည်းတင်သွင်းခဲ့ပါတယ်။ ဧပြီလတစ်လလုံး ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် ၁၁၄၈ဝ ကျော်ရှိခဲ့ပြီး ယခင်နှစ်ဧပြီလမှာတော့ ၁၂၂၉၅ တန်ကျော် တင်သွင်းခဲ့ပါ တယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉ဝဝ ၄၉ဝဝ ဘိလပ်မြေ (ကျောက်ဆူး) ၄၆၅ဝ ၄၆၅ဝ ဘိလပ်မြေ (မြင်းခေါင်း) ၄၂ဝဝ ၄၂ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ၇ဝဝဝ ဘိလပ်မြေ (AAA) ၅၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၇ဝဝဝ ၇၁ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၉ဝဝ ၄၈ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၄ဝဝ ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၇၃ဝဝ ၇၃ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆၁ဝဝ ၆၁ဝဝ ဘိလပ်မြေ(မြို့တော်) ၆ဝဝဝ ၆ဝဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၆၂၅ဝ ၆ဝ၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅၇၅ဝ ၅၆၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၇ဝဝ ၆၆၅ဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၈ဝဝ ၅၇ဝဝMIRT (MAPT)
ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) တီစူပါ သံကွင်း(တရုတ်) ၂၇ဝဝဝ ၂၇၈ဝဝ ပိုတက်(တရုတ်) ၂၃၅ဝဝ ၂၁၃ဝဝ ယူရီးယား(တရုတ်-ရွှေတောင်) ၂၁၅ဝဝ ၂၂၂ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၃ဝဝ ၂၁ဝဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝဝဝဝ ၂၁၃ဝဝ အာမို (ဒိုင်းမွန်းစတား) ၃၉၅ဝဝ ၃၉ဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ ကုလားအုတ် (တရုတ်) ၂၃ဝဝဝ ၂၃ဝဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂ဝ၈ဝဝ ၂၁ဝဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁ဝဝဝ ၂၁၂ဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁ဝဝဝ ၂၁၂ဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၁ဝ၂ဝဝ ၁၁၅ဝဝ တီစူပါ 15:15:15 (တရုတ်) ၃ဝ၅ဝဝ ၃၆ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၃၅ဝဝ ၁၃၇ဝဝ ပိုတက် (တရုတ်) ၂ဝဝဝဝ ၂ဝ၅ဝဝ ဓာတ်ဆား (တရုတ်) ၁၃၅ဝဝ ၁၅ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄ဝဝဝ ၃၄ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ ၃၂ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၂၇၅ဝဝ ၃ဝဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၆ဝဝဝ ၂၈၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃ဝဝဝ ၁၄ဝဝဝMIRT (MAPT)
ဓာတ်မြေသြဇာတန် ၂၂၇ဝဝ ကျော်နယ်စပ်မှ တင်သွင်း မေ ၄ရက်မှ ၁ဝရက်ထိကာလအတွင်း မူဆယ်၊ ချင်းရွှေဟော်၊ ကော့သောင်း၊ တာချီလိတ်နဲ့ တမူးနယ်စပ်များမှ ကန်ဒေါ်လာ ၄ ဒသမ ၅၂၃ သန်းဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၂၂၇၄၁ တန် တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေ ကတော့ တန် ၂၂၁၈၄ တန်၊ ချင်းရွှေဟော်မှ တန် ၁၅ဝ၊ တာချီလိတ်မှ တန် ၂ဝ ကျော်၊ ကော့သောင်းမှ ၄၅ တန်နဲ့ ရိဒ်မှ ၃၄၁ တန်ကျော် အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၂၅ဝဝ နီးပါး တင်သွင်းမှုပိုမိုခဲ့ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယားကွန်ပေါင်း၊ အမိုနီယမ်နိုက်ထရိတ်၊ နိုက်ထရိတ်ဖော့စဖိတ်နဲ့ စင်ဂဲလ် စူပါဖော့စဖိတ်တို့ဖြစ်ပြီး ချင်းရွှေဟော်နဲ့ ကော့သောင်းမှ ကွန်ပေါင်း၊ တာချီလိတ်မှ အမိုနီယမ်နိုက်ထရိတ်၊ ရိဒ်မှ ပိုတက်ရှ်၊ ယူရီးယားတို့ တင်သွင်းနေတာဖြစ်ပါတယ်။ ယခုနှစ် ဧပြီလမှ ဓာတ်မြေသြဇာတန် ၆၆၂၇ဝ ကျော်တင်သွင်းခဲ့ပြီး ယမန်နှစ် ဧပြီလမှာ ၅၈၈ဝဝ ကျော် တင်သွင်းခဲ့တဲ့အတွက် ယခုနှစ် ဧပြီလမှာ တန် ၇၅ဝဝ နီးပါး ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOBT )
အမိုးနီးယမ်နိုက်တြိတ်ကို တရုတ်မှ တင်သွင်း မေ ၁ ရက်မှ ၇ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ တန်ချိန် တစ်ထောင့်နှစ်ရာကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းနှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ဘရာဇီးလ်နိုင်ငံမှ ကောမတ် ဓာတ်မြေသြဇာ တန်ချိန် ၄ဝဝ နဲ့ တရုတ်နိုင်ငံမှ အမိုးနီးယမ်နိုက်တြိတ်အပါအဝင် ဓာတ်မြေသြဇာတန်ချိန် ရှစ်ရာ့နှစ်ဆယ်ကျော်တို့ ရေကြောင်းလမ်းကနေ မှာယူတင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတန်ချိန်မှာ တစ်ထောင်ကျော် တင်သွင်းခဲ့ပြီး ယခုသီတင်းပတ် ဓာတ်မြေသြဇာအဝင်တန်ချိန်မှာ တစ်ထောင့်နှစ်ရာ ကျော်ရှိခဲ့တဲ့အတွက် ဒီတစ်ပတ်မှာ အဝင်နည်းနည်းပိုခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz9-May 35.86 2167.87 2613.63 8986.66 1798.0010-May 37.87 2189.15 2605.34 9014.88 1793.0011-May 39.06 2168.77 2636.26 8948.58 1800.0012-May 33.75 2134.05 2565.70 8674.62 1857.0013-May 35.24 2187.36 2620.58 8960.00 1771.00Source:kitco.com
Energy NYMEX 13-5-2011 Price Change Change %Brent Crude Futr (USD/bbl) 114.18 1.20 1.06Gas Oil Fut (ICE) (USD/MT) 927.25 13.75 1.51Gasoline Rbob Fut (Cent/gal) 293.53 2.16 0.74Heating Oil Futr (Cent/gal) 4.19 -0.00 -0.10Natural Gas Futr (USD/MMBtu) 307.00 0.61 0.20WTI Crude Future (USD/bbl.) 99.62 0.65 0.66
နယ်စပ်ငွေလဲလှယ်နှုန်း မေ ၂ဝ၁၁ (1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)9 6 .50 30.21 73.25 44.6910 6.49 30.20 73.30 44.7111 6 .49 30.06 73.25 44.7012 6 .50 30.26 73.25 44.8713 6.50 30.22 73.25 44.90
World Gold Price May 2011 (USD/OZ)Date NY London Zurich9 1497 1498 149810 1509 1509 150911 1519 1519 152212 1487 1488 148913 1507 1508 1507Domestic Gold Price Kyats(Thousand)Date Yangon Mandalay9-5-2011 671.20 671.0010-5-2011 670.50 669.8011-5-2011 671.50 670.8012-5-2011 669.30 668.5013-5-2011 668.30 667.80
Currency Exchange Rate May 6, 2011 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 0.97BDT Bangladesh Taka 73.25CAD Canada Dollars 0.96CNY China Yuan Renminbi 6.50EUR Euro 0.70HKD Hong Kong Dollars 7.77INR India Rupees 44.90IDR Indonesia Rupiahs 8548.00JPY Japan Yen 80.66MYR Malaysia Ringgits 3.00PKR Pakistan Rupees 85.20PHP Philippines Pesos 43.18RUB Russia Rubles 27.84SGD Singapore Dollars 1.24KRW South Korea Won 1087.10LKR Sri Lanka Rupees 109.79THB Thailand Baht 30.22GBP United Kingdom Pounds 0.61VND Vietnam Dong 20590.00Source : xe.com