Background
ယခုအပတ်နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းမှုလျော့ ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံး စက်သုံးဆီများကို ပင်လယ်ရေကြောင်းလမ်း ကနေ နိုဝင်ဘာ ၂၉ရက်မှ ဒီဇင်ဘာ ၅ ရက်တာကာလအတွင်း ဒီဇယ်ဆီပီပါ ၂၁၅၄၃၅ ဒသမ ၂၅ပီပါ၊ တန်ချိန်အားဖြင့် နှစ်သောင်းရှစ်ထောင်ကျော်ကို ပင်လယ် ရေကြောင်းလမ်းကနေ တင်သွင်းလာခဲ့ပါတယ်။ အောက်တိုဘာတစ်လလုံးရဲ့ ဒီဇယ် အဝင်တန်ချိန်မှာ ၁၁၈ဝဝဝ ကျော်ဖြစ်ပြီး နိုဝင်ဘာလရဲ့အဝင်မှာ တန်ချိန် ၁၁၆ဝဝဝ ကျော်ဖြစ်တာကြောင့် နိုဝင်ဘာလမှာ တန်ချိန်၂၃၈ဝ လျော့နည်းတင်သွင်းလာတာ တွေ့ရပါတယ်။MIRT-DOT ယခုအပတ်နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းမှုလျော့ ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း တာချီလိတ်၊ ကန်ပိုက်တီးနဲ့ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဒီဇယ်ဆီံ ၂၁၄၃၇၈ ဂါလန်နဲ့ ဓာတ်ဆီ ၅၃၈ဝဝ ဂါလန် တင်သွင်းနိုင်ခဲ့ပါတယ်။ ဒီဇယ်ဆီကို တာချီလိတ်မှ ၁၄၂၁၈၉ ဂါလန်နဲ့ ကန်ပိုက်တီးမှ ၇၂၁၈၈ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၆၆၇ သန်းဖိုး တင်သွင်းခဲ့ပြီး ဓာတ်ဆီကိုတော့ တာချီလိတ် နယ်စပ်မှ ဓာတ်ဆီ ၃၄၅၅ဝ ဂါလန်နဲ့ ကော့သောင်းမှ ၅၃၈ဝဝ ဂါလန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၄၂ သန်းဖိုး တင်သွင်းခဲ့တာဖြစ်ပါတယ်။ တင်သွင်းမှုများလျော့နည်းခဲ့ သော်လည်း ယခင်အပတ်က တင်သွင်းခဲ့ခြင်းမရှိတဲ့ ကော့သောင်းနယ်စပ်က ယခု အပတ်မှ ဂါလန် ၁၉၂၅ဝ တင်သွင်းမှုတော့ရှိခဲ့ပါတယ်။ ကန်ပိုက်တီးစခန်းအနေနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီအပြင် စက်ဆီ၊ ချောဆီဖြစ်တဲ့ Hydraulic ဆီနဲ့ Lubricant ၁၃ တန်ကျော် တင်သွင်းမှုလည်း ရှိပါတယ်။ MIRT(DOBT) လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ဒီဇင်ဘာ ၂ဝ၁ဝ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်) ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၆ ၃၃ဝဝ ၃၄ဝဝ ၂၈ဝဝ ၃ဝဝဝ၇ ၃၃ဝဝ ၃၄ဝဝ ၂၈ဝဝ ၃ဝဝဝ၈ ၃၂ဝဝ ၃၄ဝဝ ၂၈ဝဝ ၃ဝဝဝ၉ ၃၂ဝဝ ၃၄ဝဝ ၂၈ဝဝ ၃ဝဝဝ၁ဝ ၃၁ဝဝ ၃၄ဝဝ ၂၈ဝဝ ၃ဝဝဝMIRT-DOT
ဒီဇင်ဘာလကုန်မှာ အိန္ဒိယနနွင်းလက်ငင်းဈေး တစ်တန်ကို ကန်ဒေါ်လာ ၃၉၈၉ ထိ ရောက်ရှိနိုင် အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ နနွင်းလက်ကျန်နည်းလာပြီဖြစ်တာကြောင့် လာမယ့်သီတင်းပတ် ၃ ပတ်မှ ၄ ပတ်အတွင်း နနွင်းလက်ငင်းဈေး စံချိန်တင်ပမာဏထိ မြင့်တက်လာဖွယ်ရှိတယ်လို့ လေ့လာဆန်းစစ်သူများနဲ့ ကုန်သည်များက နိုဝင်ဘာလ ၃ဝ ရက်နေ့က ပြောကြားပါတယ်။ အခိုျ့ဒေသတွေမှာ စိုက်ပိုျးထားတဲ့ နနွင်းပျက်စီးမှု တွေနဲ့ ရောင်းလိုအားနည်း တာတွေကြောင့် အင်ဒရာပရာဒေ့ရှ်ပြည်နယ်တောင်ပိုင်းရဲ့ အဓိက ကုန်သွယ်မှုလုပ်တဲ့ နီဇမ်မာဘတ်မှာ လက်ငင်းဈေးဟာ လွန်ခဲ့တဲ့လထက် ၁၆ ရာခိုင်နှုန်းမြင့်တက်ပြီးတစ်တန်ကို ရူပီး ၁၇ဝ၁၆၆ ဒသမ ၅ဝ ကို အမြင့်ဆုံးရောက်ခဲ့တယ်လို့ သိရပါတယ်။ လေ့လာဆန်းစစ်သူတွေရဲ့ ပြောကြားချက်အရ ကမ္ဘာမှာအများဆုံးထုတ်လုပ်တဲ့ အိန္ဒိယရဲ့ နနွင်းဈေးဟာ နနွင်းအသစ်ရိတ်သိမ်းမှုစတင်မယ့် ဖေဖော်ဝါရီလတိုင်အောင် ဆက်လက်မြင့်တက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့ဟာ NCDEX မှာ နနွင်းအခြေခံစာခုျပ်ဈေးဟာ နိုဝင်ဘာလ ၁ ရက်နေ့နောက်ပိုင်း ၃၇ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရူပီး ၁၆၃၅ဝဝ (ကန်ဒေါ်လာ ၃၆၂၄) ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလကုန်မှာ လက်ငင်းဈေးဟာ တစ်တန်ကို ရူပီး ၁၈ဝဝဝဝ (ကန်ဒေါ်လာ ၃၉၈၉) ဈေးထိ ရောက်ရှိလာနိုင်တယ်လို့ ထိပ်တန်း လေ့လာဆန်းစစ်သူ Chawda Reddy က ပြောကြားပါတယ်။ ကုန်သည်တွေက ဈေးထပ်တက်မယ့် မျှော်လင့်ချက်နဲ့ လက်ကျန်တွေ ထိန်းထားတဲ့အတွက် ပြည်တွင်း ဝယ်လိုအားကောင်းပြီး ရောင်းလိုအားက နည်းနေတယ်လို့ Reddy က ဆက်လက်ပြောကြားပါတယ်။ နီဇမ်မာဘတ်မှ ကုန်သည် Poonam Chand Gupta က ခန့်မှန်းတာတော့ လက်ရှိနနွင်းလက်ကျန်ဟာ ၇ဝ ကီလိုဝင်အိတ် ပေါင်း ၄ သိန်း ဝန်းကျင်ရှိနိုင်လို့ ယခင်နှစ်များရဲ့ ကာလတူပျမ်းမျှလက်ကျန် အိတ် ၇ သိန်း- ၈ သိန်းထက် ထက်ဝက်လျော့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Angle Commodities မှ ထိပ်တန်းလေ့လာဆန်းစစ်သူ Nalini Rao ကတော့ နနွင်းဈေးနှုန်းအမြင့်မှာ ကြာရှည်မဖြစ်နိုင်ပါဘူးလို့ ဆိုပါတယ်။ နနွင်းစိုက်ဧရိယာပိုမိုလာခြင်းက အချိန်အခါမဲ့ မိုးရွာသွန်းလို့ အချို့နနွင်းတွေ ပျက်စီးတဲ့ တိုင် ၂ဝ၁၁ ဇွန်လအထိ ယခုရာသီအတွင်း နနွင်းအထွက်ဟာ အိတ်ပေါင်း ၆ ဒသမ ၅ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၃၅ ရာခိုင်နှုန်း ပိုမိုနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊ှSources: Dow Jones
အစောဆုံး ဒီဇင်ဘာလကုန်မှာပေါ်နိုင်မဲ့ ပင်လောင်းနနွင်း ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ပြည်ပပို့ကုန် တစ်မျိုးဖြစ်တဲ့ နနွင်းကို ပင်လောင်းမှာအများဆုံးစိုက်ပျိုးပြီး ဒုတိယစိုက်တာက ကျေးသီး၊ တတိယအများဆုံးက ဟိုပုံးနဲ့ စတုတ္ထအများဆုံးကတော့ ရပ်စောက်မြို့နယ်တို့ဖြစ်ပါတယ်။ အဲဒီ ၄ မြို့နယ်မှာ စိုက်ဧက ၂၃ဝ၂ ဧကရှိပြီး အထွက်တန်ကတော့ ၃၃၄၆ တန်ရှိပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ နနွင်းတက် တစ်ပိဿာကို အနိမ့်ဆုံး ၄၅ဝ ကျပ်မှ အမြင့်ဆုံး ၆ဝဝ ကျပ်ဈေးရှိခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှာ အနိမ့်ဆုံး ၄ဝဝ ကျပ်မှ အမြင့်ဆုံး ၇ဝဝ ကျပ်အထိ ဈေးရှိခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာတော့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဒူဘိုင်းစတဲ့နိုင်ငံတွေက ဝယ်ယူလာတာကြောင့် အနိမ့်ဆုံး ၄ဝဝ ကျပ်မှ အမြင့်ဆုံး ၂၂ဝဝ ကျပ်အထိဈေးတက်လာပါတယ်။ ၂ဝ၁ဝ ခုနှစ်မှာ ၅ နှစ်အတွင်း ဈေးအကောင်းဆုံး ရတဲ့နှစ်ဖြစ်ပြီး လွန်ခဲ့တဲ့ ၄ နှစ်၊ ၅ နှစ်ကလက်ကျန်တွေအများကြီး စုပုံနေတဲ့ နှစ်ချို့နနွင်းတွေလည်း ရောင်းထွက်ခဲ့ပါတယ်။ အထွက်အများဆုံးဖြစ်တဲ့ ပင်လောင်နနွင်းကတော့ အရည်အသွေးကြောင့် လက်ကျန်အနည်းငယ် ကျန်နေ သေးတယ်လို့ သိရပါတယ်။ ဇန်နဝါရီလလယ်လောက် ဒါမှမဟုတ် အစောဆုံးကတော့ ဒီဇင်ဘာလကုန်ပိုင်းလောက် မှာ နနွင်းအသစ်တွေဈေးကွက်ကို ပြန်ဝင်လာတော့မှာဖြစ်ပါတယ်။ ၂ဝ၁ဝ မှာနနွင်းတက်ရဲ့ အဖွင့်ဈေးကတော့ တစ်ပိဿာ ၁၄ဝဝ ကျပ်ဈေးနဲ့ စပြီးဖွင့်ခဲ့ပါတယ်။ တစ်လထက်တစ်လ ဈေးပိုကောင်းလာပြီး ယခုလက်ရှိ နနွင်းပေါက်ဈေးကတော့ နနွင်းသန့် တစ်ပိဿာ ၃၅ဝဝ ကျပ်၊ နနွင်းညံ့က တစ်ပိဿာ ၃ဝဝဝ ကျပ်-၃၂ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်
နနွင်းတက်တင်ပို့မှု ပိုလာ ယခုအပတ်မှာ စစ်တွေနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နနွင်းတက် ၄ တန်၊ တန်ဖိုးကန်ဒေါ်လာ ၆၄ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကတော့ ၁ တန်တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာ တင်ပို့မှု ၃ တန် ပိုမိုလာကြောင်း တွေ့ရပါတယ်။ကျောက်ဆည်၊ တောင်ကြီး၊ ကျောက်တော်ဒေသတွေ မှာ နနွင်းတက်တွေ ထွက်ရှိ နေပြီး ဝယ်လိုအား ကောင်းလာတဲ့အတွက် စစ်တွေနယ်စပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ တင်ပို့နေတာ တွေ့ရပါတယ်။ နနွင်းတက်တစ်တန် မိမိဘက်မြေပြင်ပေါက်ဈေး ၁၅၂၆၉၄ဝ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံ ပေါက်ဈေးကတော့ ၁၄ဝဝဝဝ တာကာဖြစ်ပါတယ်။ တင်တင်ထွန်း(MIRT)
နနွင်းတန်ချိန် ၄ဝ ကျော်တင်ပို့ ပင်လယ်ရေကြောင်းလမ်းကနေ နိုဝင်ဘာ ၂၂ ရက်မှ ၂၉ ရက်တာကာလအ တွင်း နနွင်းတန်ချိန် ၄၆ ဒသမ ၂၄ တန်ကိုတင်ပို့ခဲ့ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံကတော့ ရီမန်နိုင်ငံကို ၁၆ ဒသမ ၂၄ တန်နဲ့ စင်ကာပူနိုင်ငံကို တန်ချိန် ၃ဝ တင် ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီကန်ဒေါ်လာ ၁၅၆ဝ ဝန်းကျင်ခန့်နဲ့ တင်ပို့ ခဲ့တာဖြစ်ပြီး စုစုပေါင်းပို့ကုန်ဝင်ငွေ ၇၂၂၃၃ ဒသမ ၆ ကန်ဒေါ်လာရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၁ဝ တန်သာတင်ပို့နိုင်ခဲ့ပြီး ယခုသီတင်းပတ်တင်ပို့မှုနဲ့ ကြည့် ရင် တန်ချိန် ၃ဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
အဝင်သွက်ပြီး အရောင်းအဝယ်အေးနေတဲ့ ပြည်ငရုတ်ခြောက်ဈေးကွက် ပြည်ဈေးကွက်သို့ ယခုတစ်ပတ်မှာ မန္တလေးတိုင်းဒေသကြီးမှ ငရုတ်ခြောက်များ ပိဿာ ၂ဝ ဝင်အိတ် ၅ဝဝ ခန့်နှင့် အဝင်သွက်လာတယ်လို့ သိရပါတယ်။ မန္တလေးတိုင်းအတွင်းမှာ ငရုတ်ထွက်ချိန်ဖြစ်လို့ အဝင်များပေမယ့် ဈေးနှုန်းလည်း ပုံမှန်ရှိနေသလို အရောင်းအဝယ်လည်း အေးနေတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက် ပွဲရုံများမှာ ငရုတ်ရှည် တစ်ပိဿာ ၂၆ဝဝ ကျပ်၊ မိုးထောင် ၂၂ဝဝ ကျပ်တို့နဲ့ ရောင်းဝယ် နေကြပါတယ်။ ဝင်းလဲ့ဝါ
အောင်ပန်းချင်းအဝင်လှိုင် ကလောမြို့နယ်နဲ့ အောင်ပန်းမြို့နယ် တစ်ဝိုက်ကထွက်တဲ့ချင်း(စို) တွေက အောင်ပန်းဈေးကွက်ကို အများအပြား ဝင်လာပါပြီ၊ အများဆုံး ဝင်နေတာကတော့ အောင်ပန်းမြို့တောင်ဖက်က ရွာတွေဖြစ်တဲ့ ရေချို၊ ပင်မှီ၊ လွယ်မယ်၊ ဘုရားကုန်းစတဲ့ရွာတွေကလို့ သိရပါတယ်။ အောင်ပန်းချင်းတွေက အရင့်တွေဖြစ်ပြီး ဈေးကွက်မှာ အဝင်လှိုင်နေပေမဲ့ ဟိုပုံးနဲ့ နမ့်စန်ချင်းတွေကတော့ နုနေသေးတာကြောင့် ဖော်လို့မရသေးပါဘူး။ ချင်းအပင်တွေ မခြောက်သေးတာကြောင့် ဒီဇင်ဘာကုန်လောက်မှသာ ဈေးကွက်ကို ဝင်လာနိုင်တယ်လို့ ဒေသခံ ကုန်သည် တွေက ခန့်မှန်းကြပါတယ်။ ငွေလိုတဲ့ တောင်သူအချို့ကတော့ အနုလေး တွေကို ဖော်ပြီးရောင်းနေတာကြတာကြောင့် နမ်စန်မှာ ချင်း(စို) ဈေးက တစ်ပိဿာ ၅ဝဝ ကျပ်-၆ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာ အောင်ပန်းမြို့တောင်ဖက်ကထွက်တဲ့ ချင်းစိုမှာအခက်ကြီးပြီး လှတဲ့ချင်းတွေက တစ်ပိဿာ ၇ဝဝ ကျပ်-၈ဝဝ ကျပ်ဈေးရှိပြီး၊ နန်းထိုင်နယ်ကထွက်တဲ့ ချင်းကတော့ အခက်သေးတာကြောင့် ၆၅ဝ ကျပ်ဈေးရှိပါ တယ်။ ဈေးကွက်မှာချင်းအဝင်က တစ်ရက်ကို ပိဿာချိန် တစ်သောင်းခွဲခန့် ပုံမှန်ဝင်နေပြီး ပြည်တွင်းသုံး အတွက်သာ ဝယ်ယူနေကြပါတယ်။ ချင်းခြောက်ဈေး ကတော့ တစ်ပိဿာ ၂၆ဝဝ ကျပ်-၂၇ဝဝ ကျပ် ဈေးရှိတယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
အဝင်သွက်ပြီး အရောင်းအဝယ်အေးနေတဲ့ ပြည်ချင်းဈေးကွက် ဒီတစ်ပတ်ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ အဝင်များလာပြီး တစ်ပတ်အတွင်း ပိဿာ ၃ဝ ဝင်အိတ် ၃၅ဝ ခန့် အဝင်ရှိနေတယ်လို့ သိရပါတယ်။ အဝင်များပေမဲ့ အရောင်းအဝယ်မှာအေးနေပြီး ယခင်တစ်နေ့ကို အိတ် ၅ဝ ခန့် အရောင်းအဝယ်ဖြစ်ရာမှ ယခု ၁၅ အိတ်ခန့်သာ ရောင်းဝယ်မှုဖြစ်တယ်လို့ သိရပါတယ်။ ချင်းကြီးတစ်ပိဿာ ၁၃ဝဝ ကျပ်၊ လတ် ၁၂ဝဝ ကျပ်၊ သေး ၁ဝဝဝ ကျပ်တို့ဖြင့် ရောင်းဝယ်နေတာကြောင့် ယခင်အပတ်ထက် တစ်ပိဿာ ၂ဝဝ ကျပ်ခန့် ဈေးကျသွားတယ်လို့ သိရပါတယ်။ ဝင်းလဲ့ဝါ
ပြန်လည်တင်ပို့နိုင်ခဲ့သည့်ချင်း နိုဝင်ဘာ ၂၂ ရက်မှ ၂၉ ရက်တာကာလအတွင်း ချင်းတန်ချိန် ၁ဝ တန်၊ ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံကတော့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီကန်ဒေါ်လာ ၁၄၅ဝ နဲ့ စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ ၁၄၅ဝဝ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ချင်းအပို့ မရှိဘဲ ယခုတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ MIRT (DOT)
်ပဲစင်း ငုံဈေး သိသိသာသာဆင်း အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲခွဲစက်များက အဝယ် မရှိတာကြောင့် ပဲစင်းငုံဈေး သိသိသာသာဆင်းခဲ့ပါတယ်။ ဂူဘာကာ နဲ့ ရိုင်ချာဈေးကွက်များကို ပဲအသစ် အိတ် ၄ဝဝ-၅ဝဝ ခန့် ဝင်ရောက် လာပြီလို့ သိရပါတယ်။ ယခုရာသီ ပဲစင်းငုံတန်ချိန် ၃ သန်းကျော် ထွက်ရှိမယ်လို့ မျှော်လင့်နေကြတဲ့အပြင် လက်ကျန်ပဲဟောင်းများ လည်း ကျန်ရှိနေခြင်းက ဈေးနှုန်းကို ပိုမိုကျဆင်းစေပါတယ်။ ဒါ့အပြင် ပဲအသစ်များမှာ အစိုဓာတ်ပါဝင်နေခြင်းကြောင့် ဈေးလျှော့ရောင်းချ နေကြတယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာဒေသက ပဲအသစ်များ လည်း ဒီဇင်ဘာလလယ်မှာ ဝင်ရောက်လာဖွယ်ရှိလို့ လာမယ့်ရက် တွေမှာ ဈေးဆက်လက်ဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေး ကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၂၇ .၁၁ .၁ဝ ၂၉ .၁၁ .၁ဝ ၃ဝ .၁၁ .၁ဝ ၁ .၁၂ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၇ဝ၂ ၆၉၉-၇ဝ၁ ၆၉ဝ-၆၉၅ ၆၇၈ဒေလီ(မြန်မာပဲစင်းငုံ) ၇၁၁ ၆၉၉-၇ဝ၄ ၆၉ဝ-၆၉၅ ၆၇၈ချန်နိုင်း(မြန်မာပဲစင်းငုံ) ၇၁၁ ၇ဝ၉ ၆၉ဝ ၆၉၅